Sunday, October 11, 2009

သိလား ? (၄)

ကျွန်တော်တို့ .. အခုလဲ အသက်ရှုနေကြတာ မဟုတ်လားကိုကျော်၊ ဘာတွေ ရှောက်ပြောနေတာလဲ "
သူ.. မကျေနပ်သံနှင့်  စောဒက တက်လာတော့ သည်။ " ဟုတ်တယ်လေ၊ သိပ်ဟုတ်နေတာပေါ့ ၊ ဒါပေမဲ့  ခင်များ
သိလို့ လား၊ သိနေလို့ လား.." လို့  ကပျာပဲ သူ့ စောဒကလေးကို ချေပမိလိုက်တော့ သူ ခဏတာ နှုတ် ဆိတ်သွား
တော့ သည်။ မိုးမှုန်၊မိုးစက်ပွင့် တို့  တဖြည်းဖြည်းစိပ်လာ၍ သူဝတ်လာသော ဂျာကင်ကော်လံထဲမှ ခေါင်းစွပ်အစ
ကို ဆွဲထုပ်နေသည်။ မကျေနပ်သေးသော သူ့ မျက်နှာပေးကို ကျွန်တော် ဖတ်မိနေသည်။

ရှည်လျားလွန်းသော သံသယာတစ်လျှောက်လုံး၊ဖြစ်လေရာ ဘဝတိုင်းမှာကို ရှုနေမှန်းမသိ ရှုနေမိသော အသက်
ရှုခြင်းလေးကို ယ္ခုဘဝ၊ ယ္ခုအချိန်လေးကျမှ မသိပါ ဆိုသည်မှာ လွန်အံ့ မထင်ပါ။

ရှုနေတာလေးကို သိ မပေးနိုင်ခဲ့ ၍၊ ခဏ ဆိုသော အချိန် လေးတောင် သိအောင်လုပ်ရကောင်းမှန်းမသိခဲ့ ကြ၍
တွေ့ သမျှ၊ဆုံမိခဲ့ သမျှသော အာရုံအမျိုးမျိုးတို့ ရဲ့  ဖန်းစားခြင်း၊ချုပ်ကိုင်စေစားခြင်းတို့ ခံခဲ့ ရရင်းနဲ့ ပဲ နွမ်းနယ်ခဲ့ 
ရသော ဘဝတွေနဲ့ ပဲ လောကကြီးကို အကြိမ်ကြိမ် အရှုံးပေးခဲ့ ရရင်း ဘဝရဲ့ နောက်ဆုံးအချိန်တွေ၊နေဝင်ချိန်တွေ
ကို ကျော်ဖြတ်ခဲ့ ကြရတာပါ။ ကိုယ့် ရဲ့ စိတ်ကလေးက အာရုံတို့ ရဲ့  အမျိုးမျိုးသော စေခိုင်းမှုတွေအတိုင်း လိုက်က
နေရင်းကပဲ နေ့စဉ် နွမ်းလျနေတဲ့  ဘဝလေးတွေနဲ့ ပဲ ဇာတ်တွေအကြိမ်ကြိမ်သိမ်းခဲ့ ကြရတာ၊အမောတွေ
ဇောတွေ နဲ့ ပဲ စုစောင်းနေခဲ့ မိကြတာပါ။ ကိုယ့် အလိုလေးတွေနဲ့ ကိုက်လို့  ပျော်ခဲ့ ရတာလေးတွေ ရှိခဲ့ ပေမဲ့ လဲ
မမြဲတတ်တဲ့ အပျော်လေးတွေပဲ ဖြစ်ဖြစ်နေတတ်တာပါလို့ ။ ပျော်ဖို့ ပြင်ရတာ ကြာခဲ့ သလောက် ပျော်လိုက်ရတာ
လေးကတော့  မကြာတတ်ပဲ လျှင်မြန်စွာပဲ ပျောက်ဆုံးသွားနေတတ်ပြန်ပါတယ်။

နေ့ စဉ်ပဲ ပျင်းလာရင် ပျော်ဖို့ ကြိုးစားလိုက်၊ ပျော်တာလေးပျောက်သွားလို့  ပြန်ပျင်းသွားလိုက် တစ်ခါတလေ
များ ပျော်မှန်းမသိ၊ပြင်းမှန်းမသိ၊ခံစားချက်မဲ့ ပြီး ငေးမိငေးရာငေးနေတတ်သလို၊ တခါတလေ စိတ်ရောကိုယ်ပါ
တက်ကြွလန်းဆန်းနေတတ်သလောက် တစ်ခါ လေးလံ ထိုင်းမှိုင်းသွားတတ်ပြန်ပါတယ်။ အားငယ်နေခြင်းပါ။

လတ်ဆတ်၊လန်းဆန်းနေတဲ့ အချိန်တွေက များသောအားဖြင့်  ကိုယ့် ရဲ့  ရည်မှန်းချက်၊အနာဂတ် လမ်းမကြီးများ
ကို မမှိတ်မသုန် ကြည့် မိတဲ့ အခါတွေမှာဖြစ်တတ်သလို၊ ထိုင်းမှိုင်းအားငယ်နေတတ်တဲ့  အချိန်တွေကတော့ 
အဲဒီ အနာဂတ် လမ်းမကြီးများကိုပင်လျင် ယုံကြည်မှုတွေ ကင်းမဲ့ လာတတ်တဲ့  အခါသမယတွေမှာပါ။ အမြဲတန်း
ပဲ မငြိမ်တတ်၊ မခိုင်တတ်တဲ့  ကိုယ့် စိတ်ကလေးရဲ့ သဘော၊ ထောက်တည်ရာ၊ဆောက်တည်ရာ တို့  မဲ့ နေတတ်
တဲ့ သဘောပါ။ ပျော်ပျော်နေလာတတ်သူ၊ ပေါ့ ပေါ့ ပဲ နေခြင်တတ်သူ၊နေလာတတ်သူ တွေ ဟာလဲ ပျက်ပျက်
တွေနဲ့  များရုတ်တရက် ကြုံလိုက်၊ဆုံလိုက်ရပြီဟေ့ .. ဆိုရင်တော့ အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက် ဆိုသလို
ထူမတ်ပေးလို့ မရတော့ လောက်အောင်ကိုပဲ လူးလူးလိမ့် လိမ့် ၊ကွဲကွဲ ကြေကြေ ခံစားရပါတော့ တယ်။

နှလုံးသည်းပွတ်တို့  ကွဲကြေခဲ့ ရတယ်ဆိုသလိုပါနော်။
တချို့  ဖြစ်တတ်တယ်၊ ရင်ကွဲနာ.. တဲ့ ။ နှလုံးသွေးတို့ တောင် တကယ်ပဲ ရပ်တန့် သွားနိုင်ပါတယ်နော...။

ဘာဖြစ်လို့ .. ဒါတွေ ဖြစ်နေရပါသလဲ လို့ ။
ကိုယ့် ဆီမှာ၊ ကိုယ့် ရင်မှာ၊ ကိုယ့် နှလုံးသားထဲမှာ၊ ခံနိုင်ရည်ရှိတဲ့ ၊သက်လုံကောင်းလွန်းတဲ ဘဝရဲ့  အမောတွေ
ကို ခံနိုင်ရည်ရှိမဲ့ ၊ ရောင်စုံသော အာရုံတို့ ရဲ့  စွန်းထင်းလာမှုတွေကို မမှိတ်မသုန် ခံနိုင်ရည် ရှိနေနိုင်တဲ့  အား
ကလေး ရှိမနေလို့ ပါ ။ တနည်းပြောရရင် အပြင်က အတင်းထိုးဝင်လာမဲ့  အိုဗာလုတ် များကို ခေတ္တ ဖြတ်တောက်
ထားနိုင်တဲ့  ဖြူ့ (စ) ကလေးပေါ့ ဗျာ။ အဲဒီ ဖြူ့ (စ) ကလေး မတတ်မိသေးလို့ ပါလို့ ပြောချင်တာ။

ကျွန်တော် စကားတွေ ဆက်တိုက်လွှတ်နေ၍ သူ မျက်မှောင်ကြုံ့ ပြီး ကျွန်တော့် ကို ကြည့် နေတော့ သည်။
" ကဲ.. ကဲ.. ကော်ဖီ အမြှုပ်လေး သွားငုံရအောင်ပါ၊ ဘယ်လိုလဲ..." သူ ခေါင်းဆတ်ပြတော့ မှ ကော်ဖီဆိုင်ကလေး
ဖက် နှစ်ယောက်သားချီတက်ခဲ့ ကြတော့ သည်။ လမ်းဘေး ကဖေးဆိုင်ထဲတွင် ကိုယ့် အဖော်နှင့်  ကော်ဖီမြူပ်
လေးကို တစိမ့် စိမ့် ငုံရင်းက စိမ့် ပြီးအေးသောလေတို့ ကို တရှိုက်မက်မက်ခံစားနေရင်းက မိုးစက်မှုန်၊မိုးစက်ပွင့် 
တွေကို ငေးမောနေရခြင်းကလဲ ချိုမိန်နေသော ဘဝရဲ့  အချိန်တွေပါလို့ ။

ခုနက ဖြူ့ (စ) လေးအကြောင်း မပြောခင် ရှုနေတဲ့ အကြောင်းလေး သိနေအောင်ဆိုတာလေး ပြောကြည့် မယ်
လေ။ ကိုယ့် ရဲ့ နှာခေါင်းလေးကို ငုံ့ ကြည့် နေစရာမလိုပဲ၊ စိတ်ထဲမှလဲ လိုက်ဆိုစရာမလိုပဲ နှာသီးဖျားလေးကို
တွန်းတိုက်တိုးဝင်သွားနေတဲ့  လေကလေးကိုပဲ စိတ်ထဲက ခံစားကြည့် နေ၊သိသိ ပေးနေတာကိုပါ။ တချို့ က
မှတ်နေရတယ်လို့  သုံးကြပါတယ်။ တကယ်တော့  မှတ်နေတာနဲ့  သိ သိ ပေးနေတာက မတူပါဘူးနော်။

မှတ်နေရတယ်ဆိုတာက တစုံတစ်ခုကို၊ မြဲနေအောင်မှတ်မိနေအောင်၊မလွတ်တန်း ဆုပ်ကိုင် ဖက်တွယ်နေရတဲ့ 
သဘောကိုဆိုချင်တာပါ။ကိုယ်က အချိန်တွေနဲ့ အမျှပဲ ဘယ်သောအခါမှ မြဲမနေပဲ ပြောင်းလဲနေပါတယ်ဆိုတဲ့ 
ကိုယ့် ကို အမြဲတန်းဖမ်းစားနေ၊ ဖိစီးနေတဲ့  အာရုံ တွေရဲ့  သဘောသဘာဝကို ပြတ်ပြတ်ထင်ထင်မြင်လာအောင်
စောင့် ကြည့် တော့ မှာဖြစ်တော့ တာမို့  မှတ်နေပါတယ်ဆိုတာကို မသုံးတော့ ပဲ သတိလေးကပ်ပြီး ကြည့် နေ
တတ်တဲ့  သိ သိ ပေးနေပါတယ်ဆိုတာလေးပဲရွေး သုံးရတာပါလို့ ။ ကဲ.. ခင်ဗျား..က ဘယ်သန်လေးဆိုတော့ 
သူများထက် ဥာဏ်ပိုကောင်းတတ်လို့  ပိုပြီး မြင်နိုင်ပါတယ်နော်.. လို့ ပြောတော့  အင်း နားလည်သလို၊မလည်
သလိုပါပဲ.. ဟု ပြုံးပြီး ကျွန်တော့် ကို ပြန်ပြောလာပါတယ်။

ကျွန်တော် အခုပြောနေတာလေးက ခြင်ထောင်ထောင်စရာ၊ ဖျာခင်းနေစရာ၊ အချိန်တွေ၊အခြေ အနေတွေ
အမျိုးမျိုးသော အကြောင်းပြချက်တွေပြနေစရာမလိုပဲ သတိရတိုင်းပဲ လုပ်လို့ ရတဲ့  သတိပဌာန်ကျတဲ့  အခြေခံ
အလုပ်လေးပါလို့ ။ အခုပြောနေဆဲ၊ ကြံနေဆဲ၊တွေးနေဆဲ၊ ကော်ဖီ သောက်နေဆဲ၊ အိုဗျာ.... ကျွန်တော်တို့  မကြာ
မကြာရိုက်နေတဲ့  ဖဲရိုက်နေရင်းနဲ့ တောင် သတိလေးတစ်ချက်ရရင် တစ်ချက်လုပ်လို့ ရတာကိုပါ။လုပ်လိုက်ဖြစ်
ဖို့ ပဲ အဓိကကျတာပါ။

" အဲဒါကြောင့် .. အမြဲတန်း ရှုံးနေတာပေါ့ ၊ ကဲ .. ဆက်ပါအုံး..စကားကို " သူ ကော်ဖီ ငုံ လိုက်ရင်း ကျွန်တော့် ကို
ပြောသည်။

ကိုယ့် ရဲ့  သတိလေးနဲ့  ဝင်ထွက်နေတတ်တဲ့  လေကလေးအပေါ်မှာ အသာလေးကပ်ပေးလိုက်ရင်၊ အဲဒီ ကပ်ပေး
လိုက်တဲ့  ခဏလေးမှာပဲ အမျိုးမျိုးပြောင်းလဲနေလွန်းတဲ့  ပြင်ပအာရုံတွေကနေ ခတ္တဖြတ်တောက်၊ကင်းကွာနေ
လိုက်နိုင်တာကြောင့်  ခဏလေးမှာပဲ ရင်မှာရှင်းသွားတာ၊ အေးသွားတတ်တာပါ။ မြင်နေ၊ကြားနေ၊သိနေတာတွေ
အားလုံးဟာ ကိုယ့် ဆီကို လာမမှန်တော့ ပဲ၊အရောင်လာမဆိုးတော့ ပဲ၊ သူ့ သဘောအတိုင်း သူ ဖြစ်ဖြစ်ပြီး၊ပြောင်း
နေ ပျောက်နေတော့ တာပါ။ လုပ်ကြည့် ပါလေ။တကယ်လုပ်ရင်၊တကယ်ပဲ ခံစားရမှာပါ။

လူ ဆိုတာက မသိမှုတွေနဲ့  မောဟတောထဲမှာပဲ သံသယာတလျှောက်နေလာ၊ကျင်လည်လာရတာကြာလာ
တော့  မျောချင်တိုင်းမျော၊လေချင်တိုင်း လေလာတဲ့  ကိုယ့် စိတ်ကလေးကို အခုမှ ကောက်ခါငင်ကာပဲ ဖမ်းထိမ်း
လိုက်ဖို့  ချက်ခြင်းမဖြစ်နိုင်ပေမဲ့  စိတ်ကလေးရှည်ရှည်နဲ့ လုပ်သွားရင် ရလာမှာပါ။

ဖြစ်နိုင်ရင်လေ.. ခင်ဗျားကိုပြောချင်တာက ကိုယ့် အခန်းကိုပြန်ရောက်တိုင်း လုပ်ချင်တာတွေ တန်းစီလုပ်ပြီးသွား
တာနဲ့  အဲဒီ အသက်ရှုနေတဲ့ အလုပ်လေးအတွက် အချိန်ကလေးတစ်ချိန် သတ်မှတ်ပြီး၊သေသေချာချာလုပ်သွား
ဖို့ ပါ။ ဖြစ်ပေါ်နေတဲ့ ပရက်ရှာတွေ၊ဒီပရက်ရှင်တွေ၊ တစ်နေ့ တာအမောတွေ ပျောက်ပျောက်သွားနိုင်ပါတယ်လို့ ။
ဒါတွေက ကိုယ်ရလိုက်မဲ့  အနိမ့် ဆုံးအဆင့်  လေးတွေပါနော်။ နေ့ စဉ်ပဲ မိနစ်ပိုင်းလေးတွေကစပြီး တဖြည်းဖြည်း
တိုးလာတက်လာအောင် မပျက်တန်း အမြဲတန်းပဲ လုပ်သွားနိုင်ရင်လေ.. ကိုယ့် ဘဝ နေဝင်ချိန်ရောက်လို့ 
ကုတင်ပေါ်တက် ပက်လက်လှန်နေရတဲ့ အချိန်ရောက်ခဲ့ ရင်တောင်မှ ကိုယ့် ကိုစွဲချတော့ မဲ့ ကိုယ်တစ်သက်လုံး
အစွဲကြီးစွဲထားမိခဲ့ တဲ့  အာရုံတွေ၊ရောင်စုံ သံယောဇာဉ် တွေကို စိတ်ရှင်းရှင်းခိုင်ခိုင်နဲ့  ဖြတ်ခဲ့ ထားခဲ့ နိုင်တော့ 
မှာပါ။

နောက်ဆုံးအချိန်ကျမှ ကိုယ့် ဘေးနားက ကိုယ်စွဲထားခဲ့ တဲ့  ကိုယ့် ဝန်းကျင်တွေက ကိုယ့် ဘေးနားဝိုင်းနေခဲ့ 
ပေမဲ့  ကိုယ့် ကို ဘယ်လိုမှ မကူနိုင်တော့ ဘူးနော်..။ ကိုယ်တစ်ယောက်ထဲ ကိုယ့် ခရီးကိုယ်ထွင်ပြီး အမှောင်ထဲ
ကို ပြန်ထွက်ရပြန်အုံးတော့ မယ်ဆိုတော့  ကိုယ်အမြဲတန်းပဲ စွဲနေခဲ့ ရတဲ့ အစွဲလေးတွေကို အဲဒီတစ်ချိန်ထဲနဲ့ 
တိကနဲ ဖြတ်ပစ်ခဲ့ ဘို့  လုံးဝမဖြစ်နိုင်တော့ လို့ ပါ။

ကျွန်တော် ခင်ဗျားကို.. ဟိုး. တုံးထဲက ပြောခဲ့ ဘူးတဲ့  သုံးစွဲ ဆိုတဲ့  ဝေါဟာရလေး လေ။ သုံးတော့ သုံးပါ။ မစွဲပါနှင့်  ဆိုတာလေဗျာ။ အင်းပါ.. ဟု၊ သူ စကားထောက်ပေးပါသည်။ စွန့် ပစ်စရာ၊လွှင့် ပစ်စရာ မလိုပါလို့ ။
သုံးစရာ ကြုံလာလို့ သုံရတာ။ ချစ် စရာ ကြုံ လာရင် ချစ်ရမှာပါ။

အမြဲတန်း ငါနဲ့ ရှိနေမှာ။ ငါ ပဲ ပိုင်နေမှာ လို့  အလွတ်မကျက်မိဘို့ ၊ မစွဲမှတ်လိုက်မိဘို့  ကို အခု ကျွန်တော် ပြော
နေတဲ့  အသက်ရှုနေတာလေးနဲ့  နှိုင်းယှဉ် လေ့ ကျင့် နေဘို့ ပါ။ တစ်ရက်ထဲလုပ်လို့ မရပဲ တစ်သက်လုံးပဲ လုပ်
မှ ရမှာမို့ ပါ။

ကျွန်တော်တို့ က ကြိုးမိန့် ကျထားတဲ့ သူတွေမဟုတ်လို့  ကိုယ်သွားရတော့ မဲ့  အချိန်ကို ဘယ်လိုမှ သိနှိုင်စွမ်း
မရှိနိုင်လို့ ပါလေ။ ပြဇာတ် တစ်ခုနဲ့  တူတဲ့  လောကဇာတ်ခုံ ပေါ်မှာ ကကြိုးကကွက် အမျိုးမျိုးနဲ့  ကခဲ့ ရတဲ့  ခရီး
သည်တစ်ယောက်နဲ့ တူတာပေါ့ နော်။ ဝင်လာတုံးကလဲ တစ်ယောက်ထဲ၊ ပြန်ထွက်သွားရတော့ လဲ တစ်ယောက်
ထဲ ပဲ ဖြစ်နေမှာပါ။ ဇာတ် ရဲ့  သဘော သဘာဝ ကိုက ဇာတ်ကွက်၊ဇာတ်ဆောင် အမျိုးမျိုးနဲ့  တွဲခဲ့ ၊က ခဲ့ ရမှာပါ။
ဇာတ် ကို က နေရင်းက၊ ကနေရတဲ့  ဇာတ်ထဲမှာ နစ်မြော မသွားဖို့  အသက်ရှုတာလေးကို သတိရတိုင်းပဲ သိသိ
ပေးတတ်တဲ့  ဖြူ့ (စ)လေး ကို တပ်ပေးထားဘို့ ပါ။

နောက် တစ်ခုက.. ကိုယ်က သူများအတွက်ပဲ အမြတန်း လုပ်နေတတ်တော့  ကိုယ့် အတွက် ကိုယ်လုပ်တော့ 
မယ်ဆိုရင်တော့  လုပ်လုပ်ခြင်းပဲ ကြီးစွာ အနှောက်အယှက်နဲ့  ကြုံရမှာ အသေချာပါနော်။

ကိုယ့် ကိုယ်ကို တရားရဲ့  မူလ ပိုင်ရှင် အစစ်ဖြစ်တဲ့  ဘုရားရှင်ထံ ချစ်တဲ့ စိတ်၊ကြည်ညိုလွန်းတဲ့ စိတ်နဲ့  လုံးဝ
ဝ ကွက်အပ်ပြီး သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အားလုံးအပေါ်မှာပါ အမှားတွေရှိခဲ့ ရင်တောင်ခွင့် လွှတ်ပေးဖို့ 
စိတ်ကိုညွှတ်ပြီးတောင်းပန်ဘို့  ခွင့် ပြုပေးဖို့  လိုပါတယ်။ ငါးပါးသီလ လေးတော့  အနဲဆုံး ခံယူဘို့ လိုပါတယ်နော်။
အလင်း ဆောင်ဖို့ အတွက် အားတွေ ယူရတာပါ။

ဘယ်လိုပဲယူယူ ပထမဆုံး ရင်ဆိုင်ရမှာက အပြင်းစိတ်၊မောဟစိတ်ပါ။ သမာဓိလေး ထူထောင်ကာစရှိသေး.....
တစ်သက်လုံး အကျင့် ပါနေတဲ့  လုပ်ရအုံးမယ်၊ ရ.. အုံးမယ်ဆိုတဲ့  ကိုယ်မရှိတော့ တောင်မှ မပြီးဆုံးတဲ့  ကိစ္စတွေ
ပေါ်လာတတ်ပြီး ထိုင်နေရာကနေ ရုတ်တရက် ခုန် ထ ပြီး ထ ထွက်သွားချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ
နေအုံးမှာပါ။အရင်ဆုံးဖြတ်ကျော်ရမဲ့  အဆင့် လေးပါနော်။ အဲဒီ အဆင့် လေးကျော်သွားရင်ပဲ တော်တော်ဟုတ်
နေပါပြီလေ။

" ကဲပါ.. မောင်ကျော်ရေ...... ကော်ဖီတွေလဲ အေးနေပါပြီ၊ သောက်တော်မှုပါအုံးရှင်.... "
သူ ပြောမှ ကျွန်တော် သတိရပါတော့ သည်။ ကော်ဖီ ငုံ ဘို့ ပါ။ အမြူပ်တို့  တော့ မရှိတော့ ပါ။ တစ်သက်လုံးစွဲ
သောက်လာခဲ့ သည့်  ကော်ဖီလေးကတော့  ကျွန်တော့် အတွက်၊အေးအေး ပူ ပူ သောက်လို့ ကောင်းနေပါသည်။

အပြင်က မိုးတို့ က ပိုကျလာနေပါတော့ သည်။ မိုးစက် မှုန်တို့ က ဆိုင်ထဲကိုပါ လာစင်နေတော့ သည်။
မကြာခင်ပဲ ကျွန်တော်တို့  လမ်းခွဲကြတော့ မည်လေ။ ကျွန်တော့် ကို ကြည့် နေသောသူ့ ကိုပြန်မေးလိုက်မိသည်။

" ကျွန်တော်.. ဒီလောက် အာပေါက်အောင် ပြောလာတာ သိရောသိလို့ လား၊ နားရောနားလည်လို့ လားဗျာ.."
ဆရာ တစ်ယောက်က တပည့် တစ်ယောက်ကိုကြည့် သော အကြည့် ဖြင့် ပြုံး၍ ကြည့် ပြီး ကျွန်တော့် ကို သူ
ပြန်ပြောလာပါသည်။
" သိပါတယ်ရှင်..." တဲ့ ။
ဒါဆို ဘယ်လောက်က စ လုပ်မှာလဲ လို့ မေးတော့ .... " ငါးမိနစ် "လို့ ဖြေပါသည်။
မခွဲကြခင် နောက်တစ်ခု သူ့ ကို ထပ်မှာချင်၍ အေးသော ကော်ဖီလေးကိုပဲ ကြိုက် ကနဲ မော့ ချလိုက်မိသည်။
ပြီးသွားရင် မေတ္တာပြန်ဖြန့် ဘို့ မမေ့ နဲ့ နော်.. ကျွန်တော်ရှိနေတဲ့ အရပ်ကလွဲလို့  ကျန်တဲ့  အရပ်ကိုးမျက်နှာကို
လို့ ပြောတော့  သူ အပစ်ကင်းစွာပဲ ရယ်ပါတော့ သည်။

ဟေ့ ..ဟေ့ .. နေပါအုံး၊ မေတ္တာဆိုတာ ကိုယ့် မှာ အရင်ရှိအောင်လုပ်ရတာ၊ကိုယ့် မှာအေးတဲ့  အအေးဓါတ်
ကလေးကို အသက်ရှုတာလေးနဲ့  အရင်ထူထောင်ပြီးမှ တကယ်အေးတဲ့  မေတ္တာဓါတ်လေးကို ပို့ လွှတ်ရတာ
နော...၊ လို့  ပြောတော့ .. သိပါတယ်ကိုကျော်ရေ့  ....၊ သွားမှသာ သွားပါတော့  မိုးက စော်တော့ မယ်၊ မိုးကာ
လဲ မပါခဲ့ ပဲနဲ့ ။

ကျွန်တော် မိုးစက်မှုန်မွှားကြားထဲသို့  စက်ဘီးလေးကို တွန်း၍တိုးဝင်လိုက်မိတော့ သည်။
သူ ကျွန်တော့် ကို ကြည့် ၍ ကျန်ခဲ့ မည် ဆိုတာကိုတော့  မကြည့် ပဲနှင့် သိနေပါသည်။

အားလုံးက..... ခရီးသည်တွေပါပဲလေ။
အရာရာတွေကလဲ ... သူ့ သဘောနှင့် သူပါပဲ..။
ရင်ဝ ကို မီးစ လေးနဲ့ ကပ်ပြီးတမြိုက်မြိုက်၊တငွေ့ ငွေ့  လောင်ကြွမ်းနေတတ်တဲ့  .............. ။

...................................................................................................................................................................

သိလား ? (၁) မှ (၄) အထိ မပျင်းမရိ၊ ဖတ်ရှု့ မိသူ၊ ဖတ်ခဲ့ သူများ အားလုံးကိုလဲ ပြန့် လွင့် ခဲ့ သော
စိတ်တို့ ကို စုစည်းရင်းက အမြဲတန်းပဲ ကျေးဇူး တင်နေတော့ မှာပါ။

..................................................................................................................................................................

( ပြီးသွားပါပြီ )

10 comments:

thawzin said...

“အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက် ဆိုသလို
ထူမတ်ပေးလို့ မရတော့ လောက်အောင်ကိုပဲ လူးလူးလိမ့် လိမ့် ၊ကွဲကွဲ ကြေကြေ ခံစားရပါတော့ တယ်။” အဲဒီစာသားနဲ့ ဖွင့်ထားတဲ့ သီချင်းက တော်တော်လေး အဓိပ္ပါယ်တူနေသလိုပါပဲနော်... အနီးဆုံးဘယ်သူကို ရည်ညွန်းထားလဲမသိဘူး... အဲဒီလောက်အတွေးတွေရေးရင် စာဖတ်သူက ငြီးငွေ့မှာအမှန်ပဲဗျ....။ ပြီးတော့ သိမှုနဲ့ မှတ်မှုလေးရှင်းပြထားတာ သဘောကျတယ်။ မှတ်တယ်ဆိုတာကြီးက မဟုတ်ဘူး အဲလိုသိ သိသိနေတာလေးကမှ တကယ် အမှန် ၀င်လေထွက်လေရှုမှု့လို့ ကျွန်တော်လဲ ယူဆတယ်ဗျာ။ ကျေးဇူးပါဗျို့ ဖတ်လိုက်ရတာ ငြီးငွေ့ပေမယ် ဖတ်သူအတွက် အကုသိုလ်မဖြစ်စေတဲ့ ပိုစ်လေးပါဗျာ.....

kiki said...

လူတိုင်းမှာ ငါးပါးသီလ ကိုတော့ အမြဲတမ်းထိန်းသိမ်းလိုက်နာ နိုင်ရင် လောကကြီးမှာ ချမ်းမြေ့ စရာတွေချည်း ဖြစ်နေနိုင်မှာ မို့  ဒီအယူအဆလေးကို သဘောကျပါတယ် ကိုကျော်ရေ ..

သုံးသာသုံး ပါ ..မစွဲစေနဲ့  ဆိုတဲ့ စကားလုံးလေးက တွေးတတ်ရင် အတော်လေး တာသွား တာပဲ ။

(မှတ်နေရတယ်ဆိုတာက တစုံတစ်ခုကို၊ မြဲနေအောင်မှတ်မိနေအောင်၊မလွတ်တန်း ဆုပ်ကိုင် ဖက်တွယ်နေရတဲ့ သဘောကိုဆိုချင်တာပါ။.....
သတိလေးကပ်ပြီး ကြည့် နေ တတ်တဲ့  သိ သိ ပေးနေပါတယ် ........)

မှတ်နေတာ နဲ့ သတိလေးကပ်ပြီး ကြည့်ပေး နေတာ က မတူဘူးလား ကိုကျော်ရေ ..... သတိလက်လွတ် မဖြစ်အောင် ကြိုးစားနေကြတာချင်း ပဲ မဟုတ်လား ။

ပျော်ပျော် နေ တဲ့ သူတွေ တိုင်းလဲ ပေါ့ပေါ့ နေကြတာ မဟုတ်ဖူးလို့  ထင်တယ် နော် ...

ခရီးသည်ကြီး ကိုကျော်တယောက် လည်းးး
ရင်ဝ ကို မီးစ လေးနဲ့ ကပ်ပြီးတမြိုက်မြိုက်၊တငွေ့ ငွေ့  လောင်ကြွမ်း မနေပါစေ နဲ့ လို့ ဆုတောင်း ပေးပါတယ် ...

(တို့ တတွေလည်း ..ရှေးရေစက်ကြောင့် ဒီအချိန်ွအခိုက်အတန့်  တိုတို လေး အတွင်း တွေ့ ဆုံးခင်မင် ခဲ့ ကြရတယ် ... ဘဝရထားကြီး မှာ အချိန်တန်တော့လဲ ကိုယ်နဲ့ဆိုင်တဲ့  ဘူတာဆိုက်ရောက်ကြတော့ ခွဲခွာ ကြရ မှာ ပဲလေ ... ဒီတခရီးမှာ အတူသွား နေကြရတဲ့  အချိန်လေး ကို ပျော်ရွှင်ပြီး အပြစ်ကင်းစွာ နဲ့ ဖြတ်သန်းကြနိုင်ပါစေ )

ခင်မင်စွာဖြင့်
မကိ

ခြေလှမ်းသစ် said...

မှန်တာပေါ့ဗျာ ... အရာအားလုံးဟာ နောက်ဆုံးတော့ စွန့်လွှတ် လမ်းခွဲကြရမှာပါပဲ ... တည်မြဲခြင်းဆိုတာ ဘယ်အရာမှ မရှိပါဘူး....

Unknown said...

အပိုင်းလေးကိုဖတ်ပြိးတော့ ပိုလေးနက်လာတယ်လို့တော့ တွေးမိသွားတယ်ဗျာ။

ahphyulay said...

မြင်တဲ့ အတိုင်းပဲဝေဖန်ပေးသွားကြလို့ သိပ်
ကျေးဇူးတင်ပါတယ်။ ဘာပဲပြောပြောလေ
ကျွန်တော် ရေးရကျိုးလေးတော့ နပ်ပါပြီ။
တိုက်ရိုက်နဲ့ ဒဲ့ ရေးကြည့် ဘို့  ကျွန်တော့် ပါး
စပ်နဲ့ ၊နုလုံးသားတွေ၊ လက်တွေက မဆန့် လွန်း
မတန်လွန်းနေလို့ အခုလိုပဲ တန်ဆာဆင်၊အလှ
ဆင် ရေးကြည့် မိတာပါ။ ဘယ်သူ့ ကိုမှ ရည်
ရွယ်ခဲ့ ရိုးမရှိတာ အမှန်ပါ။ ပြောခဲ့ ချင်တာလေး
ကို စိတ်ရှည်ရှည်နဲ့  ရှာဖတ်ပေးခဲ့ ကြလို့ လဲ
ကျေးဇူးထပ်တင်နေမိမှာပါလို့ ။

ahphyulay said...
This comment has been removed by the author.
ahphyulay said...
This comment has been removed by the author.
မြစ်ကျိုးအင်း said...

ဘယ်သူနဲ့ပြောနေမှန်း အခုမှ သိတော့တယ်။

သိလားကို တစုတစည်းထဲ PDF ဖိုင်လေးနဲ့ လုပ်ထားရင် ကောင်းမယ် မိတ်ဆွေတွေကို အမှတ်တရ လက်ဆောင်ပေးလို့ရတာပေါ့။

(ရေးပြီးပြန်ဖျက်လိုက်တဲ့ ကွန်မန့်တွေပါ ဖတ်ချင်သေးတယ်)

ရွှေ ယွန်း ဝါ said...

မှန်လိုက်တာ ၊ ပျော်စရာလေးတွေဟာခဏတာပျောက်ဆုံးသွားတတ်တယ်ဆိုတာ။ ဒါကြောင့်လဲ မပျော်ချင်တော့ပါဘူးလေ။ အပိုင်း၎ကို ရေးထားတာ အကောင်းဆုံးဘဲ.။

m said...

စာတွေက ကောင်းပါတယ်။ ဒါပေမယ့် အနက်ခံမှာ အဖြူရောင်စာလုံးတွေက ပူးနေလို့ ကြာကြာမကြည့်နိုင်ဘူး။
template နည်းနည်းညှိဖို့ စေတနာအထူးနဲ့ ပြောပါရစေ...
(ကိုယ်တွေ့ကြုံဖူးလို့ပါ...)
အားပေးလျက်...