Tuesday, October 6, 2009

သိလား ? ( ၃ )

ကြယ်ကလေးကို ကြည့် တော့ မည်ဆိုကာမှ.. ရာသီက အရာရာ ပြောင်းလဲသွားပါတော့ သည်။
မနက်ကတဲက ဝန်းကျင်တစ်ခုလုံး မြူ မှုံ တို့ ဖြင့်  ပိတ်ပိတ်မှောင်နေအောင် လွှမ်းခြုံထားသည်မှာ သိလား ? (၂)
ကိုတင်ခဲ့ ပြီးသည့် ညဦးအချိန်ထိ၊ ဘယ်ကိုကြည့် ကြည့်  စိုစွတ်စွတ်နှင့် ၊ ဘဝင်နှင့် အပြင်မှာ အေးနေပေမဲ့ 
အရာရာမှာ မလန်းပဲ၊ ထိုင်းမှိုင်း လေးလံနေသလိုပါ။ယနေ့ တော့  တဖြည်းဖြည်းနိမ့် ဝင်သွားသော နေလုံးနီနီကြီး၊
့စွတ်စွတ်ဖြူသောလမင်းကြီးနှင့် တလက်လက်တောက်ပနေတတ်သော ကြယ်ကလေးများကို မြင်နိုင်ဖွယ် မရှိ
တော့ ပါ။

ဝါးရံတာလေးတွင်ခဏထွက်ရပ်နေရင်း တဖြည်းဖြည်းစိမ့် လာသလို ရှိလာ၍ အခန်းထဲပြန်ဝင်၊ သေတ္တာပုံးထဲ
သုံးလလောက် ခေါက်သိမ်းထားရသော အနွေးထည်ကို ထုပ်ယူဝတ်မိပါသည်။ပရုတ်နံ့မွှေးမွှေးလေးက အပြင်
မှ မြူနှင်းရနံ့တို့ ကို အနိုင်ယူသွားသလိုပါ။

အခန်းထဲပြန်ဝင်ဆိုတော့ လဲ... ကျဉ်းတဲ့ အခန်းထဲမှာ သွားစရာ၊ထိစရာဆိုလို့  ကွန်ပြူတာလေးတစ်လုံးပဲရှိ
နေတော့ တယ်ပေါ့ ဗျာ။ ခဏခဏကိုက်လာသောမျက်လုံးတို့ ကြောင့်  သူ့ကို ရှောင်ချင်၊မသိချင်ရောင်ဆောင်
နေပေမဲ့  သူကဖြဲစပ်စပ်နဲ့ အခန်းထဲမှာ ခန့် ထည်ထည်နေရာကြီးယူထားတော့ နောက်ဆုံး သူ့ ရှေ့မှာပဲ ဝတ်
ဆင်းရတာပေါ့ နော်...။
သူ့ ရှေ့ ထိုင်ရင်၊ သူ့ ထဲမှာရေးရတော့ မှာမို့ ..ရေးစရာကလဲစ ထားမိသမို့ ၊ ရေးရန်ရှိနေသေးသော(၃) အတွက်
ရေးရန် ရင်ဘတ်ကြီးကိုဖွင့် ရပြန်ပါတယ်လို့ ။

လောကမှာ သတ္တိရှိသူတို့ သာ တစ်ယောက်ထဲနေကြပါတယ်တဲ့ ၊ ပျော့ ညံ့နေတတ်သူတွေသာ လူတွေကြားထဲ
တိုးခွေ့ ခိုဝင်ပြီး၊ရောနေ ပုန်းခိုနေတတ်တာပါတဲ့ ၊ ဘုရားကဟောခဲ့ တာပါနော်။
ဒီအကြောင်းအရာလေးကို မိတ်ဆွေတစ်ယောက်နဲ့ အကျယ်ပဲဆွေးနွေးခဲ့ ဘူးပါတယ်၊ကျွန်တော်က သူ့ ကို
ဆွေးနွေးခဲ့ တာပါ။

အခန်းထဲမှာ တစ်ယောက်ထဲ အနေ ကြာလာတော့ ၊ ငြီးငွေ့ လာတတ်ပြီး ကြာလာရင်ကိုယ့် အခန်းကိုတောင်
ကိုယ်မပြန်ချင်၊မဝင်ချင်ဖြစ်လာတတ်ပါတယ်။ စိတ်တွေလဲ အလိုလိုနေရင်းတိုလာတတ်ပါတယ်။ မိတ်ဆွေက
ပစ္စည်းတွေတောင် ဟိုပစ်၊ဒိပစ် ပစ်မိတဲ့ အထိ ဖြစ်တတ်လာပါတယ်တဲ့ ။
လောကရဲ့  သဘာဝကိုက ကိုယ်ဖြစ်ချင်သလိုဖြစ်မလာတတ်ပဲ၊ သူ့ သဘောအတိုင်းပဲ တရွေ့ရွေ့ ပြောင်းလဲဖြစ်
ပေါ်နေတတ်တာလေ၊ ကိုယ်က ကိုယ့် နေရာလေးမှာပဲရပ်နေရင်းက သူ့ သဘောအတိုင်းပဲ တရိပ်ရိပ်နဲ့ ခင်းကျင်း
ပြောင်းလဲနေတာကို ကိုယ့် သဘောနဲ့ မကိုက်ပဲမတူညီပဲဖြစ်ပါများလာတော့  အလိုမကျလာမှုတွေကနေ ဒေါသ
တွေ ပေါက်ကွဲမှုတွေဖြစ်ဖြစ်လာတတ်တဲ့  သဘောလေးကိုပဲ ကျွန်တော်မြင်မိသလို သူ့ ကိုလဲမြင်လာအောင်
ခပ်ဖြေးဖြေးပဲပြောပြနေတုံးတော့  သူက အဝေးတစ်နေရာကိုငေးနေသလိုပါပဲ။
သူက... သူ့ စိတ်တွေက ဘယ်တော့ မှ မညိမ်တတ်ပဲ တစ်ခုခုကိုပဲ လုပ်နေချင်တာပဲတဲ့ ။ သူ.. အဲလိုပြောနေတုံး
ပဲ ကျွန်တော် အတွေးထဲ ပေါ်နေတာက ခင်ဗျားတစ်ယောက်ထဲမဟုတ်ပါဘူးဗျာ။ ဒါကတော့ လူတိုင်းမှာပါလို့ ။
သတိပြုမိသူနဲ့ မပြုမိသူတို့ သာကွာကြမှာပါ။ လူ့ စိတ်ရဲ့  သဘော၊သဘာဝကိုက စက္ကန့်လေးရဲ့  အစိပ်အပိုင်းလေး
ထဲမှာကိုပဲ အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်နေတတ်တာပါ။
မှတ်ခဲ့၊နာခဲ့ ဘူးတဲ့ ဘုန်းဘုန်းပိုင်းလော့ ဆရာတော်ရဲ့ တရားတစ်ပုဒ်မှာ စက္ကန့်လေးအတွင်းထဲမှာပဲ မတူညီ
သော ဒြဗ်မှုန်တို့  အခြင်းခြင်းပဲ အပြန်အလှန် အကြိမ်ကြိမ် ရိုက်ခတ် လာပြီးမှ တီဗီဖန်သားပြင်ပေါ်ဝယ် ရောင်စုံ
ရုပ်သံတို့ ဖြစ်ပေါ်လာခဲ့ ရသလို၊ ဆန္ဒတစ်ခု၊ စိတ်တစ်ခု၊ ရုပ်တစ်ခု၊ ပုံရိပ်တစ်ခု တို့ ကလဲ ထိုသဘောမျှသာပဲ လို့ 
ပြောတော့  အဝေးကိုငေးသော အ ကြည့် တို့ က ကျွန်တော်စီ ပြန်ရောက်လာပါတယ်။

ခဏခြင်းပဲ အမျိုးမျိုးပြောင်းလဲနေတဲ့  စိတ်ကလေးတစ်ခုကို လက်ဖဝါးပေါ်တင်ပြီး သူ့ ကို သရုတ်ခွဲပြဘို့  ကြိုးစား
ကြည့် မိတာပါ။ ဘာဖြစ်လို့ ဆိုတော့  မိသားစုကိုပစ်ပြီး အချိန်အကြာကြီး အခုလိုအဝေးမှာအခန်းထဲ တစ်ယောက်
ထဲ အနေကြာလာလာလို့  ဖြစ်ပေါ်လာနေတဲ့  ခံစားမှုတွေကို စာနာစွာနဲ့ ပဲ အားပေးဘို့ ၊ဖေးမပေးဘို့  ကြိုးစား
ကြည့် မိတာပါ။ ဆရာလုပ်တာမဟုတ်ဘူးနော်.. လို့  ကပျာပြောမိတော့  သူ ကျွန်တော်ဆက်ပြောလာမှာကို
ငံ့လင့် နေဟန်၊စောင့် စားနေဟန် ပြုတော့ တာမို့  စကားစတို့ ဆက်ပြီးစုစည်းမိပါတယ်။

နေ့ တစ်နေ့ ရဲ့  အစကို ဘဝတစ်ခုရဲ့  အစတစ်ခုလို့ ပြောလို့ရမယ်ထင်ပါတယ်နော်၊ မျက်စေ့ နှစ်လုံး စပြီးပွင့် 
လိုက်ကတဲက ကိုယ့် ဝန်းကျင်က အမျိုးမျိုးသော အာရုံတို့ဟာ ကိုယ့်ရဲ့  စိတ်ကလေးကို စက္ကန့် လေးမျှပင်မလပ်
ပဲ လာရောက်ထိမှန်ကူးစက်တော့ တာပါ။ ဖြူနေတာလေးကို၊အရောင်စွန်းထင်းသွားသလို၊ တည်ညိမ်တဲ့ ကန်
ရေပြင်ထဲကို ဂဲ တစ်လုံးပြုတ်ကျသွားသလိုပေါ့ နော်။

အဲလိုနဲ့ ပဲ ဘဝရဲ့ နေ့ တစ်နေ့ ကို စွန်းထင်းနေတဲ့ အာရုံအမျိုးမျိုး၊ ဇောအမျိုးမျိုးတို့  တွေနဲ့ ပဲ နေကုန်သွားအောင်
ကိုပဲ ကိုယ့် ကိုယ်ကို အရှိန်ပြင်းပြင်းနဲ့  မောင်းနှင်လာလိုက်တာ၊ တစ်နေကုန်လာလို့  ကိုယ့် အခန်းကိုယ်ပြန်လဲ
ရောက်ရော.. ကိုယ်ခြေလက်တို့ တောင် မသယ်ချင်၊မလှုပ်ချင်တော့ လောက်အောင်ကို ဖြစ်လာတတ်ပါတယ်။
စိတ်ကလေးက နေကုန်သွားအောင်ကိုပဲ အမျိုးမျိုးသော အာရုံတို့ နဲ့ လိမ်းကြံထားခဲ့ ရတော့  စိတ်ထောင်းလို့ 
ကိုယ်ကြေဆိုသလို ပေါ့ လေ။ အဲလိုအခါများမှာဆိုရင်လေ ကိုယ့် ရဲ့  ရင်ဂျိုင့် ထဲမှာသာ ဖြစ်ထွန်းလေ့ ရှိတဲ့ ကိုယ့် 
ရဲ့  ဘဝင်စိတ်ကလေးကို စမ်းကြည့် ၊ခံစားကြည့် မိရင်လေ တငွေ့ ငွေ့ နဲ့  ပူနေသေးတဲ့  အပူဓါတ်လေးကို ခံစား
မိမှာနော်၊လုပ်ကြည့် ပါလား..လို့ ဆိုတော့ ၊ လှစ် ကနဲ ကျွန်တော့် ကိုလှန်းပြုံးကြည့် နေတယ်။ သူ့  မျက်နှာပေးက
ကြံကြံဖန်ဖန်ပြောတတ်ရန်ကော..ဆိုသလိုပါပဲ။ စကားစတို့  ရပ်နေလို့  ဆက်ပြောရန် သူ မေးငေါ့ ပြတော့ မှ
ကျွန်တော်လည်း ဆက်ရပြန်ပါတယ်။

ရည်မှန်းချက်တွေ၊ ဘဝစီမံကိန်းကြီးတွေ ကြောင့်  ပုံစံမျိုးစုံ၊စွန့်လွှတ်စွန့် စားမှု မျိုးစုံတို့ နဲ့ ပဲ ကြိုးစားရင်း၊တိုက်ပွဲ
တွေ အကြိမ်ကြိမ်ဆင်နွှဲနေရင်းနဲ့ ပဲ ဘယ်တော့ မှပြန်မရတော့ တဲ့  ရထားတဲ့  ဘဝရဲ့  တန်ဘိုးရှိလွန်းသော အချိန်
တွေကို ကျွန်တော်တို့  သုံးဆွဲကုန်လွန်လာခဲ့ လိုက်တာ ဘဝတွေရဲ့  နေဝင်တော့ မဲ့ ကိုယ်ပြန်ထွက်သွားရတော့ 
မဲ့  အချိန်တွေနားတောင် ရောက်လာပြီလေ။
ကိုယ်ဝိုင်းထားတဲ့  ရည်မှန်းချက်၊စီမံကိန်း အဝိုင်းကြီးတွေ ပြည့် သွားအောင် ပြေးနေရ တဲ့ အချိန်တွေတုံးကတော့ 
ကြာညောင်းနေခဲ့ သလောက် ကိုယ်ရလိုက်၊ခံစားလိုက်ရတဲ့  အချိန်ကာလလေးကျတော့  တိုတောင်းလိုက်တာ၊
မြန်လွန်းလိုက်တာလေ။ ခံစားဘို့ ပြင်တုံး၊ခံစားနေတုံးပဲ တစ်ရိပ်ရိပ်နဲ့ လျှင်မြန်စွာ ကုန်ဆုံးပျောက်ကွယ်ကုန်တာ။

" အမလေး.. ကိုကျော်ရေ.....အတွေးတွေ ခေါင်နေလိုက်တာ.... ဘာကိုမှစဉ်းစားမနေနဲ့  ပျော်ပျော်သာနေပေါ့ "
သူက ငြိမ်နေရာမှ ကျွန်တော့် ကို ပြန်ပြောလာတာပါ။
" အဲလိုပျော်ပျော်ပဲနေနေလာလို့  အပျော်လွန်ပြီး ပျက်လာတာတို့ ၊ ပျင်းလာငြီးငွေ့ လာတာတွေ ဖြစ်လာတာကြ
ရောဗျာ..။ တစ်ချို့ တွေဆိုရင် အစောကြီးပဲ လောကကို အရှုံးပေးသွားကြတာ၊တစ်ချို့ တွေကျတော့  တစ်ဖက်စွန်း
တွေရောက်ကုန်ကြတာတွေလေ၊ အရာရာကို ကြန့် ကြန့် ခံ ရင်ဆိုင်နေချင်စိတ်တွေ ပျောက်ကွယ်ကုန်တာ၊
ကိုယ့် စိတ်ရဲ့  ထွက်ပေါက်ကို အထိမ်းအကွတ်မဲ့ လွှတ်ပစ်လိုက်မိတာတွေကျေ၇ာတော့ ရောဗျာ.. ပြောပါအုံးဗျ။"
ကျွန်တော့်  စကားတွေ ဆုံးသွားတော့  ခွန်းတုံ့ မပြန်ပဲ ပြုံးပဲ ပြုံးကြည့် နေတော့ တယ်၊ ကျွန်တော့် ကိုလေ..။
ခဏလေးကြာသွားတော့ မှ... "ဒါဆိုရင်" ဆိုပြီး သူ စကားထောက်ပေးတော့  ပြောလက်စတို့ ကို ကျွန်တော်
ဆက်ရပါတယ်။

" သိလား " သိကြရဲ့ လား.. ထွက်ပေါက်ဆိုတာ၊ ပျော်ရတုံးခဏ၊အမြဲတရစ်ရစ်နဲ့ ညစ်ညစ်နေရတဲ့  ကိုယ့် စိတ်
ကလေးရဲ့  ထွက်ပေါက်လေး၊ ဖြေပေါက် ကလေးကိုလေ.. လို့ ။

ကျွန်တော့် စကားလေးခဏရပ်မိတုံး သူ တပ်ထားသော မျက်မှန်ကို ချွတ်၍ အိပ်ထဲ ခေါက်ထည့်  နေပါသည်။
" ဟေ့ ..ဟေ့ .. ခင်ဗျားက ဒီမျက်မှန်လေးနဲ့ လိုက်ပါတယ်..ဗျ ၊" လို့ ပြောတော့ .." ကျွန်တော် တစ်နေ့လုံး ကျောင်း
မှာ တပ်ခဲ့ ရလို့ ပါ "လို့  သူပြန်ပြောပါတယ်။

မျက်နှာခြင်းဆိုင်ရှိ အထပ်ထပ်သော တောင်ကြောတို့ ပေါ်မှ အုန့် ဆိုင်းနေသော တိမ်ခိုးမြူမှုန်တို့ သည် မိုးစက်
မှုန်မွှားတို့ အဖြစ်တဖြည်းဖြည်းပြောင်းလဲလာပြီး ဖျောက်ဆိပ်မိုးတို့  အဖြစ် ညင်သာစွာ ခုန်ဆင်းလာ၍ ကျွန်တော်
တို့ ကိုထိမှန်နေပါတော့ သည်။

သူကျွန်တော့် ကို လှန်းကြည့် နေသော်လည်း သူ့ ကို မကြည့် ပဲ မိုးစက်မှုန်တို့ သာကြည့် ၍ ပြောလိုက်မိပါသည်။
" အသက်ရှု နေပေါ့ ဗျာ..."
" ............"
သူ့ ဆီမှ အံ့သြ သွားသည့်  မျက်နှာကို ကျွန်တော် မကြည့် ပဲနှင့်  မြင်နေရပါသည်။

......................................................................................................................................................................

( ဆက်ရန် )

6 comments:

kiki said...

အင်းးးး
ကိုကျော်ဆိုတဲ့ ကျွန်တော် ရယ် ၊ သူဆိုတဲ့ လူတယောက်ရယ် ။။
ခက်တော့ ခက်နေကြပြီ ။
စိတ်ကူးထဲမှ စကားသံများလား ...
သိစိတ် နဲ့  မသိစိတ် တို့ ဆက်သွယ်ရေးလား...

ဘာမှန်းကို မသိတော့ သလို ဖြစ်သွားတယ် ..သိလားရေ ..

တယောက်တည်းနေ ၊ တစိတ်တည်း ထား ။။ လိုရင်းကတော့ ဒါပါဘဲ ။။
ဒါပေမဲ့  အတွေးတွေတော့ သိပ်မလွန်စေချင်ဖူးနော် အဖြူလေးရေ ...
တွေးတာတော့ တွေးပေါ့ ...
မလွန်စေ နဲ့  ။။ မလွတ် စေ နဲ့ ။
အခန်းထဲ မှာ တချိန်လုံး ပိတ်မနေပါနဲ့  ။ ထွက်ပေါက်တွေ အများကြီးရယ် ...
ဗမာပြည် က လူတွေ ထက်စာရင် ခု နေရတဲ့  ဘဝလေးတွေက အများကြီး နေပျော်ပါတယ် လေ...
ဟုတ် တယ် ဟုတ် .. သိတယ်ဟုတ်
( မသိဘဲ ဆရာ လုပ်သွားပါတယ် ... )

ခင်တဲ့  မကိ

thawzin said...

အတွေးတွေများလိုက်တဲ့ ပို့စ်ပဲဗျာ..... အဲလောက်ကြီး တွေးမနေနဲ့ဗျ ဂေါက်သွားမယ်.... ပေါ့ပေါ့လေးပြုံးပြီး လေးလေးကြီးတွေးနေတဲ့သူအချို့ကျတော့ တည်ငြိမ်ရင့်ကြပ်တယ်ပေါ့ တချို့ကျတော့လဲ ငဂေါတ်ပဲကွာလို့ ပြောခံရမယ်အကိုရေ.. အကိုပို့စ်ဖတ်တိုင်း ဂေါတ်ချင်လာတယ်... အရာအားလုံးကို အဲလိုကြီး ကြည့်ပြီး တွေးနေရင် သေချာတယ် ဂေါက်မှာ.... ရေးတဲ့အခါပဲ တွေးရင်တော့ စာဖတ်လာတဲ့သူ ဂေါက်လောက်တယ်

Unknown said...

အစအဆုံးတထိုင်ထဲဖတ်လိုက်တယ်။စာအရေးအသားက စွဲဆောင်မှုရှိတယ်ဗျာ။ အရေးအသားအဖွဲ့တွေက ပီပြင်တယ်။စာအရေးကောင်းတယ်လို့ ချီးကျူးပါတယ်ဗျာ။ဒဿနစာတွေအတော်ဖတ်ပုံရတယ်။အတွေးကောင်းလေးတွေလဲ ရသွားတယ်ဗျာ။ကိုယ့်ကိုယ်တောင် ပြန်တွေးရတော့မလိုလိုဖြစ်သွားတယ်။လင့်ယူသွားပါရစေဗျာ။နောက်ဆက်တွဲတွေရှိရင်လဲ လာအားပေးမယ်ဗျာ။:)ပျော်ရွှင်ပါစေဗျာ။

အနော် said...

အကို အဖြူလေးရေ သံယောဇဉ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ရစ်ပတ်ယူရတာဆိုတော့ အလေးအနက်ထားလွန်းရင် ကိုယ်ပဲ စိတ်သောက ခံစားရမှာ အကိုရ
သံယောဇဉ်ဆိုတာ အဖြူရောင်ပဲဖြစ်ချင်တဲ့ အကိုအဖြူလေး အတွက် သံယောဇဉ်အဖြူရောင်လေးတွေချည်း ပိုင်ဆိုင်နိုင်ပါစေ အကိုရေ စိတ်ထဲ သိပ်ပီး လေးလေးနက်နက်ကြီး မထားပါနဲ့ အကိုရေ ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလိုဖြစ်ခွင့်ရမယ်ဆိုရင် အကောင်းချည်းပဲဖြစ်နေမှာပေါ့
အလွမ်းတွေ အမုန်းတွေ ခွဲခွာရခြင်းတွေ ဘယ်ရှိတော့မလဲ
ကိုယ်က သံယောဇဉ်ကြိုး ရစ်ပတ်ချည်နှောင်မှုကို အတတ်နိုင်ဆုံး လျှော့ထားမှ ကိုယ့်ကို တုပ်နှောင်မယ့်ကြိုးတွေ လျော့နည်းမှာ မဟုတ်လား

လင်းကြယ်ဖြူ said...

ထွက်ပေါက်ဆိုတာ၊ ပျော်ရတုံးခဏ၊အမြဲတရစ်ရစ်နဲ့ ညစ်ညစ်နေရတဲ့  ကိုယ့် စိတ်
ကလေးရဲ့  ထွက်ပေါက်လေး၊ ဖြေပေါက် ကလေးကိုလေ...... ဆိုတာ လေး
က တော်တော် မှန်တယ်ထင်မိပါတယ်...
ဆက်လက်အောင်မြင် ပျော်ပါစေခင်ဗျာ
လေးစားစွာ

ရွှေ ယွန်း ဝါ said...

လာတာနောက်ကျသွားတယ်။ ကိုယ့်ကိုယ်ဖတ်တုန်းကတော့ဟုတ်နေတာဘဲ။ ကိုအဖြူလေးသူငယ်ချင်းနဲ့ ဆွေးနွေးနေတာဆို။ မကိကိ ပြောမှဘဲ အတွေးထဲကလူလားလို့ ဖြစ်သွားတယ်။ ဆက်ရန်ကိုလဲစောင့်နေပါတယ်။ ဘာတွေများဆက်ရေးလာမလဲလို့ ။