Thursday, November 12, 2009

ခေတ်သစ် ပဒုမ

မိုးက အခုတလော ဖျောက်ဆိပ်မိုး သာရွာရွာ နေပါသည်။ အိမ်ရှေ့  ဂဝံ မြေနီလမ်းညက်ညက် ပေါ် တဖေါက်
ဖေါက် ကျဆင်းနေသော မိုးစက်ပွင့်  တို့ ကြောင့်  မြေသင်းရနံ့ သင်းသင်းတို့ က ကျွန်တော့်  အိမ်ဝိုင်း လေးထဲ
သို့  ပြန့်လွင့် ဝင်ရောက်လာနေပါသည်။ မဟေသီရဲ့ အာရုဏ်ဆွမ်း ထ ချက်သည့်  ထမင်းနံ့ မွှေးမွှေးလေးကလည်း
မြေရနံ့ သင်းသင်းလေးနှင့်  ရောပြွန်း နေပြီး တစ်အိမ်လုံး ပြန့် နုံ့ လာနေသောကြောင့် သွတ်မိုးတို့ အပေါ်
တဖျောက်ဖျောက်ထိမှန်နေသော မိုးစက်တို့  အသံကို နာခံရင်း တစ်ခါပြန်နှပ်ဖို့  ကြိုးစားနေသော ကျွန်တော့်မှာ
ဆက်ပြီး ဇွဲ မခတ်နိုင်တော့ ပဲ အိပ်ယာ ထဲမှ ထ ထွက်လာရတော့ သည်။ အပြင်မှာ အလင်းတို့  ကောင်းစွာ မပွင့် 
သေးပါ။

"ဟော့ ..ဒီက... ပဲပြုတ်............"
ပဲပြုတ်သည်ကြီး ဒေါ်အေး ရဲ့  အသံ ပါ။
"ကိုရေ.... လုပ်ပါအုံး.. ဒေါ်အေးကြီးလာနေပြီ.."
နောက်ဖေးမှ မဟေသီ လှန်းအော်လိုက်သောကြောင့်  ကျွန်တော်လဲ ပဲပြုတ်ယူရန် အိမ်ပြင် ထွက်ခဲ့ ပါသည်။

အိမ်တံစက်မြိတ်အောက်ရောက်တော့  ခြေနင်း အုပ်ခုံပေါ်တွင် အငွေ့ တထောင်းထောင်း ထ နေသော ပဲပြုတ်
တောင်း လေးကို ဖွင့် ၍ ချိန်ခွင်ထဲ ပဲပြုတ် ခတ်ထည့် နေသော ဒေါ်အေးကို သနပ်ခါး ပါးကွက် အဖွေးသားနှင့် 
တွေ့ ရပါသည်။ သူ့ ပါးကွက်တို့ က သွားပွတ်တံ နှင့်  တညီ၊တညာ ဆွဲထားပုံရပါသည်။ပါးကွက်ပေါ်ကခြစ်ကြောင်း
တို့ က တိကျ၍ အတန်းလိုက်လေးတွေနှင့် ပဲ စီစီ ရီရီ မို့  တစ်မျိုးတော့ ကြည့် လို့ ကောင်းနေပြန်ပါသည်။

" ထုံး စံ အတိုင်းပဲပေါ့  ဒေါ်အေးရာ.. နှစ်ဆယ်သား၊ ပို ထည့် ပေးအုံးနော...."
" အေးပါ..တော်..." ဟု သူပြောပြီး ချိန်ခွင်လေး ဆွဲ မလိုက်တော့  တကယ်ပဲ ပဲပြုတ် ထည့် သည့် ဗန်းဖက်က
အောက်နိမ့် ကျန်ခဲ့ ပြီး ချိန်ခွင် လျှာကလည်း ပဲပြုတ် ဗန်းဖက် ငိုက် ကျနေတော့ သည်။
" ဒေါ်အေးကြီး.. အဒေါ့် အုန်းဆီလေးက မွှေး လိုက်တာနော်.. ရော့ ..အဒေါ့် အတွက်.."
ဘယ်အချိန်က ရောက်လာမှန်းမသိသော ကျွန်တော့်  မဟေသီက ဒေါ်အေးကို သနပ်ခါးပန်းလေးတွေ လာပေး
တာပါ။ "ကျေးဇူးပါတော်... ဒီနေ့  ဝက်သား ယူအုံးမလား ညီမလေးရေ.." ဒေါ်အေးက မိုးလင်း၍ ဈေးချိန် ရောက်
ပြန်လျှင်လည်း ဒိုင်မှ လာချသော ဝက်သားတွဲ များကို ယူပြီး မနက်ဈေးထဲ ဆက်ရောင်းပါသည်။
" ယူမယ်လေ.. အဒေါ့်တူ ကိုကျော့်  ကိုလွှတ်လိုက်မယ်လေ"
"အေး..အေး.. " ဟု ပြောပြီး ပဲပြုတ်တောင်းလေး ပြန်အုပ်ရင်း ဆက်ထွက်ဖို့  ပြင်နေသော ဒေါ်အေးကို မဟေသီ
ကပင် ဆက်၍ " သြော်.. မေ့ တော့ မလို့ .. ဒေါ်အေးရေ... ဆန်ကွဲလေးလဲ နိုင်သလောက် တစ်ခါထဲ ယူသွားအုံး
သမီး တစ်ခါထဲ ထည့် ပေးလိုက်မလို့ " ဟု ပြောပြီး နောက်ဖေးဘက် ကပျာ ပြန်ဝင် သွားတော့ သည်။

"ဒေါ်အေး.... ဦးမောင် တို့ အိမ်ကို ဈေးကွဲရင် လှည့် ဝင်သွားဦးနော်၊ ခြင်ထောင် တွေ လျှော်ဖို့  စုထားတယ်လို့ 
ပြောတယ်ဗျ။"ကျွန်တော်က ဒေါ်အေးကို ပြောလိုက်သည်။
"အော်..အေးပါ.." ဟု သူပြန်ပြောပါသည်။

ဒေါ်အေးက တစ်ခြားသူမဟုတ်ပါ။
မြင်းပျံ မကောက် ဆေးလိပ်ခုံ ပိုင်ရှင် ရဲ့ ချွေးမ တစ်ယောက်ပါလေ။
သိတဲ့ အတိုင်း မြင်းပျံ ဆေးလိပ် ဆိုတာက တိုင်းကျော်ပြည်ကျော် လူသိများ ကျော်ကြား သည့် ဆေးလိပ် တစ်မျိုး
ပါ။ ဆိုတော့  ..... ချမ်း သာ ကြသည် ဆိုပါတော့ ။

ဆေးလိပ်ခုံပိုင်ရှင်၏ မွေးချင်းတွေထဲက သားတစ်ယောက်ဖြစ်သည့်  ဦးဝင်းနှင့်  ဒေါ်အေး တို့ က ငယ်သူငယ်ချင်း
ငယ်ကျွမ်းဆွေ ဘဝ မှ သမီးရည်းစားဖြစ်ပြီး အိမ်ထောင်ကျ လာခဲ့ ခြင်းဖြစ်သည်။ ဥိးဝင်းက ဒေါ်အေးကို ငယ်ငယ်
ထဲက နိုင်ခဲ့ ရသည့်  ငယ်နိုင်ဟု သိရသည်။ သူကသူဌေးသားဆိုတော့ လဲ ခြေလက်တို့ ရှိ အမွှေးတို့ မှ မီးမလောင်
ဘူးခဲ့ အောင် ယောင်္ကျားနုနု ဘဝနှင့်  နေခဲ့ ရသူဆိုတော့ ဒေါ်အေးနှင့်  အိမ်ထောင်ကျပြီးသည့် အချိန်အထိ အရှိန်
လွန် အကျင့် ပါပြီး အိမ်မှာ ငုတ်တုတ်ထိုင်၍ ရလိုက်သမျှသော အမွေပေါင်း များစွာကို လိုလေးသေးမရှိရအောင်
ကို တစ်ခုပြီးတစ်ခု ရောင်းချ ပေါင်နုံ ပြီး အပြောင် သုံးခဲ့ သည်မှာ မိန်းခလေး တစ်ယောက်၊ ယောင်္ကျားလေး
ဆယ့် နှစ်ယောက် တိတိ မွေးဖွား သန့် စင်ပြီးစီး သည့်  အချိန်အထိ ပါပဲ။
တိုက်တာ အိမ်ခြံတွေ၊ ကားတွေ ကုန်ပြီး ကျွန်တော်တို့ ရပ်ကွက်ထဲရောက်လာ၍ အရပ်နှင့်  ရ.ဝ.တ အဖွဲ့ က
ဒေါ်အေးကို သနားပြီး ရေစင်ကြီးအောက် အဖီလေး ဆွဲချပြီး ဆောက်လုပ်နေထိုင်ခွင့်  ပေးခဲ့ ရသည်အထိ ပြောင်း
လဲသွားသော်လည်း မပြောင်းလဲပဲ ထူးမခြားနား အဖြစ်နဲ့  သစ္စာရှိရှိနေခဲ့ သည်မှာ ဒေါ်အေး၏ လောင်တော်မင်
ဦးဝင်းပါ။
ဘာကို သစ္စာရှိပါသလဲဆိုတော့  ဘောလုံး တစ်သင်းစာ မွေးထုပ်နိုင်လောက်အောင် အိမ်ထောင်တစ်ခုကို
အတည်တကျ ထူထောင်နိုင်ခဲ့ ခြင်းနှင့်  အရက်ကို သူဌေး သားဘဝက သောက်သည့် ပုံစံ အတိုင်း နဲနဲလေးမှ
မရော့ ပဲ သောက်နေခဲ့ ခြင်းတို့ ပါ။

ဦးဝင်း မူးလာတိုင်းပြောပြောနေသည့် စကား တစ်ခွန်းက "အေးကို ချစ်သလို ထွေး(ထွေးညို) ကို လဲချစ်ပါတယ် "
တဲ့ လေ ။ သည်စကားလေးတစ်ခွန်း ထဲနှင့် ပင် ဆယ်သုံးယောက်မြောက်သော ခလေး တို့ မွေးဖွား ပြီးသည့် 
အချိန် အထိ ဒေါ်အေး တစ်ယောက် အမော မဖောက်ခဲ့ ပေမဲ့  ကျွန်တော်တို့  ပတ်ဝန်းကျင်ကတော့  ဒေါ်အေးကို
ကြည့် ပြီး အမောပေါက်ခဲ့ ရပါသည်။

" ကဲ..ရော့ ..ရော့ ..ဒေါ်အေး.. ဆန်ကွဲ ငါးလုံး လောလောဆယ်ရတယ် ယူသွားတော့ .." လို့  မဟေသီ့  အသံပေါ်
လာမှ ဒေါ်အေး အကြောင်း အတွေး တို့ ရပ်သွားရသည်။
"သာဓု..ပါတော်..သာဓု၊သာဓု..." ဟု သူပြောရင်း ပဲပြုတ်တောင်းကို ခေါင်းပေါ် စွေ့ ကနဲတင်၊ဆန်ကွဲ အိပ်ကလေး
တစ်ဖက်က ဆွဲပြီး ထွက်သွားသော ဒေါ်အေး နောက်ကျောကို ကျွန်တော်တို့  လင်မယား နှစ်ယောက်ကြည့် ၍
ကျန်ခဲ့ ပါတော့ သည်။ မြင်တိုင်း မောရသော ဒေါ်အေး ပါလို့ ။

...............................................................................................................................................

ကျွန်တော် အငယ်ကောင် ကျောင်းသွားပို့ ပြီး အိမ်ပြန်လာတော့  နောက်ဖက်လမ်းရှိ ဦးမောင် တို့ အိမ်ဖက်တွင်
လူတွေ ရုံးစု၊ရုံးစု ဖြစ်နေသောကြောင့်  သူတို့  အိမ်ဖက် ခပ်သွက်သွက် ဆက်သွားလိုက်မိသည်။
ဦးမောင်တို့  ရေကပြင်ရှိ ရေတိုင်ကီ ဘေးကို အသာမှေးစေ၍ နှာနှပ် ပေးနေရသော သတိ မလည်သေးသည့် 
ခြေလက်ဆင်းပြီး ပက်လက်ဖြစ်နေရှာသော ဒေါ်အေးကို တွေ့  လိုက်ရပါသည်။
ဦးမောင် ကတော် ဒေါ်ဌေး က သူခြင်ထောင် ကိုညှစ်နေတုံး ရုတ်တရက် ရှေ့ ကို ငိုက်ငိုက်နဲ့  ထိုးလဲသွားလို့  ငါလဲ
အိမ်ပေါ်က အမြန် ပြေးဆင်းပြီး ထူလိုက်ရတာလေ.. ဟု ဒေါ်အေး ရဲ့  ဆံစ လေးများကို အသာဖွရင်း ရပ်ခတ်ပေး
လျက်က ကျွန်တော့် ကို သူလှန်းပြောလာပါသည်။

ဒေါ်အေး ရဲ့  အမောတွေက ဒါတင်ပဲလား ဆိုတော့  မဟုတ်ပါ။ တစ်နေကုန် အလုပ် မျိုးစုံ တို့  လျှောက်လုပ်ပြီး၍
နေညိုချိန် ရောက်လာပြန်တော့  ထွေးညိုနှင့် အေး ကိုပါ ချစ်လှပါသည် ဆိုသော သူ့ လောင်တော်မင် ဦးဝင်း
ကို ကျွန်တော်တို့  လမ်းထိပ်ရှိ ဘုံဆိုင်ရှေ့ တွင် ထီးတစ်ချောင်း ဂျိုင်းကြားညှပ်ပြီး မပြန်မခြင်း စောင့် ရခြင်းပါ။

တစ်ခါတလေ ဒေါ်အေးတစ်ယောက် ဖျားနာပြီး အလုပ်မလုပ်နိုင်သည့် ရက်များတွင် ဘောလုံး တစ်သင်းစာရှိ
သော ဦးဝင်းတို့ သားအဖ တွေ ဘာလုပ်ကြပါသနည်း ဆိုရပါသော်... အိမ်တွေက ပေးထားသည့်  ဆန်ကွဲ တို့ 
ဖြင့်  ဆန်ပြုပ်ပြုပ် သောက်ကြသည်တဲ့ ။

ပြုပ်စရာ ဆန်မျှပင် မရှိလျှင်ရော..တဲ့ ၊
ရေ သောက်၍ တညီ၊တညာ ထဲ အိပ်နေကြပါသည် တဲ့ .. ဗျာ။
ဒေါ်ထွေးကို ချော့ ပြီး မေးခဲ့ လို့  သိခဲ့ ရတာပါ။ သို့ မို့ ကြောင့်  သူ့ ကို ရင်းနီုးရာ အိမ်တိုင်းက သူ့ ယောင်္ကျားနှင့် 
သူ့ သားများ သမီးထွေး လေးတို့ ပါ ဝတ်နိုင်မည့်  တစ်ပတ်ရစ် အဝတ်၊အထည်၊ပဆိုး၊ဘောင်းဘီ တို့ ကို စုစောင်း
ပြီး သူ့ကို စုစု ပေးလေ့ ရှိခဲ့ ကြပါသည်။

ခလေးတွေကို သူကျောင်းတော့ ထားခဲ့ ပါသည်။မပြေလည်လွန်းတော့ လဲ...
ကိုမေတ္တာကြီး ပြောသလို ဆယ်တန်းနှင့်  ကျောင်းပြီးသည်အထိ မရောက်နိုင်တော့ ပဲ နှစ်တန်းသုံးတန်းတို့ နှင့် 
သာ အဆုံးသတ်ကုန်ကြတော့ သည်။

ခလေးတွေကလည်း တစ်နှစ်တစ်သားကျ မွေးမွေးနေတော့  တစ်ချို့ ခလေးများမွေးလျင် သူ့အိမ်က ဘယ်သူမှ
မလိုက်နိုင်။ဒေါ်အေး တစ်ယောက် သူ့ ဖာသာသူ အဝတ်ထုပ်ပြင်၍ ဆေးရုံကို တစ်ယောက်ထဲ ချီတက် လေတော့ 
သည်။

သူ့ ကို ကြည့် ၍ ကျွန်တော် ရင်မောလွန်းသောကြောင့်  ခင်ဗျား.. စစ်ကိုင်းချောင် သွားမလား ကျွန်တော် အားလုံး
တာဝန်ခံမယ်ဗျာ.. ခင်ဗျားအတွက်.. ဟုပြောရာ၊ မလုပ်ပါနဲ့ တော့  ငါ့ တူရယ်.. သူတို့ ကို အဒေါ် မပစ်ခဲ့ နိုင်ပါဘူး
တဲ့ ...။
ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒေါ်အေးတို့  တို့ နေကောင်းနေသရွေ့ ကတော့  လမ်းမပေါ်မှာ နေပူ၊မိုးရွာမရှောင်
မိုးလင်းမိုးချုပ် သနပ်ခါး အဖွေးသားနှင့်  တစ်အိမ်တက်ဆင်း ဇယ်ဆက်သလို မမောနိုင်၊မပန်းနိုင်အောင်ရှာဖွေ
ကောင်းနေတုံးပါ။

သူ့ ကို ကျွန်တော် ကြည့် ၍ ကျောင်းသား ဘဝက ကြားဘူးခဲ့ သည့်  ကဗျာ တစ်ပုဒ်ကို သတိရလာမိပါသည်။
"လောကဓံ ၏ ရိုက်နှက် ပုတ်ခတ်မှုတို့ ကြောင့်  ငါ့ ဦးခေါင်းထက်တွင် သွေးတို့ ဖြင့်  ချင်းချင်းနီနေ၏ သို့ သော်
ဦး ကားမညွှတ်.." ဟုပါ။
ဒီကဗျာ လေးက ဒေါ်အေးအတွက် လို့ ကျွန်တော် ဆိုချင်ပေမဲ့  ဒိထက် ပိုသင့် တော်မည့်  ခိုင်းနိုင်း စရာလေးကို
ကျွန်တော့်  မဟေသီ ကိုမေးကြည့် မိတော့  အကိုကလဲ... ဒါများ အလွယ်လေး..တဲ့ ၊ ကဲ ..လင်းစမ်းပါအုံး...
ဘာများလဲလို့ ကွာ... လို့  သူ့ ကိုမေးတော့ .. သူ ကျွန်တော့် ကို ပြုံးပြီးပြန်ပြောလာပါသည်။

"ပဒုမ ပေါင်တို "တဲ့ ဗျာ..။
အင်း.. ဒေါ်အေးရဲ့ ဇာတ် က ပေါင်မတိုပေမဲ့  လိုက်တော့ လိုက်သား လို့ ကျွန်တော်ထင်မိပါတော့ သည် ခင်ဗျား။

......................................................................................................................................

( ပြီးသွားပါပြီ )

11 comments:

မြစ်ကျိုးအင်း said...

အချစ်ကြီးချစ်တာကြောင့်နဲ့တူပါတယ်

ကြောက်ရုံသက်သက်တော့ မဟုတ်နိင်ဘူး

ဦးစီးလုပ်တဲ့သူရဲ့ မိုက်မဲမှုကြောင့် တမိသားစုလုံး
ဒုက္ခပင်လယ်ဝေကြရတယ်။

ီဒီစာဖတ်ပြီး ဖေဖေ့ကို သတိတရနဲ့ ကျေးဇူးတင်မိတယ်

မြစ်ကျိုးအင်း said...

ရေးတာလေး ကောင်းတယ်

ဆက်ဆွဲပါ...။

ခြေလှမ်းသစ် said...

မယားကောင်းပီသတာနဲ့ အမိကောင်းပီသတာလည်း ဖြစ်နိုင်ပါတယ်ဗျာ ....

kiki said...

အချစ်မှာ မျက်စိမရှိပါဆိုတဲ့ ဒေါ်အေး တယောက် လည်း မျက်ကန်းတစ္ဆေမကြောက် သလိုပါပဲလား ။

ကုဋေ ရှစ်ဆယ် သူဌေးသား ဦးဝင်း ကတော့ ခွေးမြီးကောက် ကျည်တောာက်စွပ် တဲ့ အမျိုးအစားထဲ မှာ ထဲ့ လို့ ရမယ် ထင်ပါရဲ့နော် ။

အဖြူလေး နဲ့  မဟေသီ တို့ ကတော့ မောင်တထမ်း မယ်တရွက် ... လိုက်ဖက်ညီကြပါပေတယ် ...
( စိတ်ကူးထဲ က အိမ်မက်များ အမြန်ဆုံး အကောင်အထည် ပေါ်ပါစေသား.... )

အရေးအသားတွေ သွက်လာပြီ နော် ..
ဆက်လုပ်ပါ ရဲဘော်ကြီး ရေ ....
စပါးလင်လေးတွေ ဂရုစိုက်အုံးဗျိုးး..း))

မျက်မှန်လေး said...

ချစ်တာကိုးလို့....

အေးကိုအပြစ်ပြောလို့ဘယ်ရမလည်းနော်။။။

အေးက ၀င်းကို တကယ်ချစ်မိနေတာကိုးလို့။။
မိန်းကလေးတွေကဒီလိုပါဘဲ။
သူတို့ချစ်တဲ့သူအတွက်ဆိုရင် ဘာပဲပေးဆပ်ရပေးဆပ်ရ။။။

thawzin said...

အမျိုးသမီးကောင်းပဲ။ တော်လေးဝ မ၀င်ပေမယ့် စာဖတ်ရင်းနဲ့ အဲဒီ အမျိုးသမီးကို ဂရုဏာသက်မိပါတယ်။ အဲဒီလို လင်ယောက်ျားကို ပြုစုတဲ့ အမျိုးသမီးတွေက နောက်နောင်ဘ၀တွေမှာ အမျိုးကောင်းသားတွေ ဖြစ်လာမှာပါ။ ချစ်ခြင်းရဲ့ သတ္တိတွေလို့ပြောရင်လဲ မလွန်ပါဘူး။ ၀ဋ်ကြွေးလို့လဲပြောနိုင်ပါသေးတယ်။ လင်ဆိုးမယား တဖါးဖါး ဆိုသလိုပေါ့။ ဟုတ်ပ ခေတ်သစ်ပဒုမ ပါဗျာ။

Su said...

I don't think that reference is appropriate at all.
"ပဒုမ ပေါင်တို " usually refer to women who are unfaithful to the novel husband.

i know what u want to say, Daw Aye loves her husband even though he is a good for nothing. but i still think the reference is not good.

Unknown said...

အေ၇းသား ညက်ညောပြေပြစ်လာတယ် ဖတ်လို့ ကောင်းအောင်ရေးတတ်လာပြီ အံဝင်ဂွင်ကျဖြစ်တဲ့ အရေးသားလို့ ပြောရင်ရတယ် ကြိုးစားရေး ဆက်အား ပေးနေတယ် လောကမှာအဲဒီလိုလူမျိုး အများကြီး ဒါကြောင့်  အရက်သမားမယားချစ် လို့ စကားတွင်လာတာ(မယားကအရက်သမားကို ချစ်တာဟုဆိုလိုသည်) လူတွေကိုယ့် တာဝန်ကို ယူသင့် တယ် ကိုယ့် ဝတ္တရားကိုယ်ကြေရမယ် ဒီလို မှမဟုတ်ရင် ဒေါ်အေးတို့ လို ရင်မောစရာ အဖြစ်တွေက ဆက်ရန်ရှိ နေဦးမဲ့ ဇတ်လမ်းတွေလိုပါဘဲ ဆက်၍ဆက်၍ အားပေးနေမယ် သုဒြေ္န

နှင်းနဲ့မာယာ said...

ဒေါ်အေးရဲ့ စိတ်ဓါတ်ကို ချီးကျူးမိပါတယ်...
ပြီးတော့ သူ့ရဲ့ ကံအကျိုးပေးကြောင့် ပင်ပန်းနေတာကိုလဲ သနားမိတယ်..
ဒါပေမယ့် သူက
မိခင်ကောင်းတစ်ယောက် ပီသတယ်
ဇနီးမယား တာဝန်ကျေတယ်...
နောင်ဘဝတွေမှာ သူကံကောင်းမှာပါ....

kay said...

စာကို စာနဲ့တူအောင် ရေးတာ မှ ဖတ်ချင်တယ် ဆိုတဲ့ ဘလော့လေး ဆီ လာနှုတ်ဆက်ဖို့ ရောက်လာတော့..စာကို စာနဲ့ တူအောင်ရေးထားတဲ့ စာတပုဒ် ဖတ်လိုက်ရပါတယ်။ နောက်လဲ ထပ်လာ လည်ပါအုံးမယ်။

တို့စာတွေကို ဖတ်သွားတဲ့ အတွက်လဲ ကျေးဇူးပါ

ကျောပိုးအိတ် said...

ဖတ်ရတာ စိတ်မောလိုက်တာနော်။ ဒီလိုယောကျာင်္းမျိုးလဲ ရှိသေးသားနော်။ ဒေါ်အေးလိုမိန်းမမျိုးလဲရှိနေသေးတယ်။
တော်တော်ချစ်ပုံရတယ်။ သူ့ သားသမီးတွေက တစ်ဘက်တစ်လမ်းကသာ ကူမယ်ဆို တော်တော် သက်သာသွားမယ်နော်။

မွေးထားတာ ဘောလုံးတစ်သင်းစာထက်တောင် များနေသေးတယ်။
း(