Saturday, November 20, 2010

မျှော်လင့်လျက်ပါ ...

ကျွန်းနိုင်ငံဆိုတော့ လည်း ရာသီအပြောင်းအလဲ သိပ်မြန်လွန်းတတ်သလို မှန်းဆပေးသည့်  မိုးလေဝသခန့် မှန်း
သတင်းများကလည်း ပေးလာသည့် ရာခိုင်နှုန်းများအတိုင်း ကွက်တိ ဖြစ်နေအောင်ကိုမှန်နေတတ်ပါသည်။
ပညာရှင်များကလည်း သူတို့  ထုပ်ပြန်နေသည့် သတင်းတိုင်းအတွက် အမြဲတာဝန်ယူနေလေ့ ရှိပါသည်။

ယနေ့  ခန့် မှန်းချက်ကတော့  ရွာရန်ရာခိုင်နှုန်း လေးဆယ်ဟုပြောထားသောကြောင့်  အေးစိမ့် တတ်သော
ဆောင်းရာသီမို့  ဝန်းကျင်တစ်ခုလုံး အုံ့ မှိုင်းနေပြီး ခဲသားရောင်တိမ်ခိုး၊ တိမ်ငွေ့  တို့ က ပြာမှိုင်းနေသော တောင်
ထွတ်တို့ ထိပ်ကို တဖြည်းဖြည်းချင်းပဲ ဖုံးအုပ် ပွတ်တိုက် သွားနေ၍ တောင်ကြော၊ တောင်ကြားတို့ ဆီမှတောင်ခိုး၊ မြူခိုး တို့ က ကျွန်တော်တို့  စကားပြောလိုက်တိုင်း ထိုးထွက်နေတတ်သော အာခိုး ၊ အာငွေ့ တွေလို ကြည့်နေရင်း ပဲ တရိပ်ရိပ် ထိုးတက်လျက်ရှိပါတော့ သည်။

မိုးမှုန်တို့ ကလည်း ညင်သာစွာ တိုက်ခတ်လာသော လေနုအေးတို့ နှင့် အတူ မျောပါကျဆင်းလာနေသော
ကြောင့်  ကျွန်တော့် နားနှစ်ဖက်နှင့် ပါးပြင်တစ်ခုလုံး စိုစွတ်စွတ်ဖြင့်  စိမ့်  အေးနေပါတော့ သည်။

“ ဒီနေ့  မိုးရွာနိုင်သလား ကိုကျော်... ”
“ မရွာပါဘူးဗျာ.. လေးဆယ်ပဲ ရှိပါတယ် .. ”
ဆောက်လက်စ ဆယ့် ခုနှစ်ထပ်တိုက်အပြင်ဘက်တွင် ကပ်ရက် တပ်ဆင်ထားသော လုပ်ငန်းသုံး ဓါတ်လှေကား
ပေါ်သို့  တက်တက်ချင်းလှန်းမေးလာသော“ ပုလင်းဖင်” ကို ကျွန်တော်က ပြန်ဖြေ လိုက်တာဖြစ်ပါသည်။
( အဆိုပါ ပုလင်းဖင်မှာ ကျွန်တော်ရေးခဲ့ ဘူးသော“ ကြယ်ကလေး ” ပို့ (စ) ထဲမှ အရပ်ပုပု ၊ စုတ်ချွန်းချွန်းသော
ကျွန်တော့် ထက်အလွန်ပုသော မိန်းခလေး တစ်ယောက်ဖြစ်ပြီး ၊ ယ္ခု လုပ်ငန်းသုံး ဓါတ်လှေကားကို သူ ပဲ မောင်း
နေခြင်းဖြစ်ပါသည်။ ကွန်ပြူတာ ကို အလွန်အကျွံ သုံးသောကြောင့် လည်း တရိပ်ရိပ်တိုးလာသော ဒီဂရီ တို့ ဖြင့် 
သူ့ မျက်မှန်က ပုလင်းတစ်လုံးရဲ့  ဖင် လိုပဲ ထူပိန်းနေခြင်းဖြစ်ပါသည်။ ခင်မင်လွန်းနေသောကြောင့် လည်း ဒီလို
ခေါ်နေတာကို သူ ခွင့်ပြု ထားတာဖြစ်ပါသည်။ )

“ မနေ့  က အမေစုအတွက် ကျွန်တော် မဗေဒါ နာမည်နဲ့  ပို့ (စ) တစ်ပုဒ် တင်လိုက်ဖြစ်တယ်လေ ”
“ အင်း ..”
“ ဘယ်လို သဘောရလဲ ”
“ မဆိုးပါဘူး .. တင်စားတာလေး .. ”
“ ဝမ်းမသာဘူးလား .. ”
“ ဟာ.. ဘာလို့  ဝမ်းမသာရမှာလဲ ..၊ ဒါပေမဲ့  ဝေါ် က နိုင်ငံရေး စိတ်မဝင်စားပါဘူး ..”
ဗမာစကားဖြင့် ပဲ တတွတ်တွတ် ပြောလာနေသော ကျွန်တော်တို့  နှစ်ယောက်ကို ဘေးမှ ကိုတရုပ်ကြီးများက
ခဏတော့  စောင်းငဲ့  လှည့်  ကြည့်  လာကြပါသည်။ အားလုံးကတော့  ကျွန်တော့် နှစ်ယောက်ကို မြန်မာပြည်
ပေါက်တရုပ်နွယ်ဖွား မောင်နှမ နှစ်ယောက်အဖြစ် သိ ထားကြပါသည်။
“ အဲ့ ဒါပဲဗျ ... ၊ ကျွန်တော်ပြောချင်တာ .. ”
“ ကိုကျော်နော်..၊ စောစောစီးစီး လာမငြင်းချင်နဲ့  .. ၊ ကိုယ်လဲ ဘာမှ တတ်နိုင်တာမဟုတ်ဖဲနဲ့ .. ”
“ ဟေ့  .. ဟေ့  ..၊ မင်းတို့ နှစ်ယောက် ဘယ်လိုလဲကွ ၊ ဆူ လှချဉ်လား .. ”
အပေါက်ဝ မှ အလုပ်ကြပ် ကိုအားချန်က လှန်းဟန့်  လာပါတော့ သည်။
“ မင်းတို့  ဗမာလို ဘာတွေ ပြောနေတာလဲ .. ” သူ က ဆက်မေးလာပါသည်။
“ ဒေါ်အောင်ဆန်းစုကြည် အကြောင်း..... ”
“ အား.... သိပြီ ၊ မနေ့ က ဒို့ သတင်းမှာပါလာတယ်ကွ ၊ သိပ်တော် တာပဲ ..၊ မင်းတို့ အစိုးရက သူ့ ကို
မသုံးတတ်တာ နာ တာပဲ .. ” တဲ့ ။
“ ဟုတ် .. ” ကျွန်တော် သည်လောက်ပဲ ဖြေလိုက်နိုင်ပါသည်။

သည်နိုင်ငံကတော့  တရုပ်နိုင်ငံ တစ်ခု ဖြစ်နေပေမဲ့ “ တ လူ့ ” ခေါ် ပြည်ကြီးတရုပ်တို့ နှင့် တော့ အမြင်တွေ ၊ ခံယူ
ချက်တွေ ကွာလွန်း ပါသည်။ စနစ် က ဒီမိုကရေစီ စစ်စစ် ကို ကျင့် သုံးနေ သောကြောင့်  ပါပဲ ။ ကျွန်တော်တို့ က
ဆင်းရဲလွန်းသောတိုင်းပြည်မှ လာကြရသူများဖြစ်နေ၍ ရောက်လေရာမှာ မျက်နှာငယ်နေကြရသော်လည်း “ဒေါ်အောင်ဆန်းစုကြည် ” ၏ဂုဏ်ပုဒ်တို့ ကြောင့်  ငယ် သည့် မျက်နှာတို့  ပြန်မော် ကြရပြန်ပါသည်။
ပြောရင်း ဆိုရင်း ဆယ့် ခြောက်ထပ်သို့  ရောက်လာပါတော့ သည်။
“ ထမင်းစားချိန် ဘယ်မှာ ရှိမလဲ ... ”
ကျွန်တော် ပုလင်းဖင်ကို လှည့် မေးလိုက်ဖြစ်ပါသည်။
“ တစ်ထပ်မှာ .. ”
“ အိုကေ... ဘိုင် ..”
သူ့  ကို နှုတ်ဆက်၍ ဓါတ်လှေကားထဲမှ ကျွန်တော်ထွက်ခဲ့ တော့ သည်။
အတွေး စ တို့ ကတော့ မရပ်သေးပါ ။

..................................................................................

“ နိုင်ငံရေး ကို စိတ်မဝင်စားပါဘူး ” ဟူသော ပုလင်းဖင်ပြောသွားသည့် စကားကို ကျွန်တော် အကြေ အလည်
စဉ်းစားနေမိတာ တစ်နေ့ လုံးပဲ ဖြစ်ပါသည်။ သူ့ လို လူမျိုးတွေ ဘယ်လောက်များနေပြီလဲ ၊ သူတို့ ကိုလည်း အပစ်
ပြောလို့ မရ ဟုလည်းထင်ပါသည်။ သူ ပြောခဲ့ သလို ကိုယ်က ဘာလုပ်နိုင်မှာမို့ လို့ လဲ .. တဲ့  ။ ဒါလဲ ဟုတ်နေပြန်
ပါသည်။ ကျွန်တော်တို့ မမွေးခင်ကတဲက အာဏာရှင်စနစ်ကြီး စ ခဲ့ တာမဟုတ်လား ။ အခု ဆယ်စုနှစ်ဘယ်နှစ်ခု
ရှိခဲ့ ပြီလဲ ။ သာသနာ သာ ကောင်းကောင်းမထွန်းကားခဲ့ ပေမဲ့  အာဏာကတော့  ငွားငွားစွင့် စွင့်  ပဲ ထွန်းကား
အရှိန်ရ လို့ နေပါပြီ။ သာသနာရဲ့ အထက်မှာ အာဏာ က ပွင့် နေတော့ တာပါ ။

ဥပဒေတို့ အထက်မှာ အာဏာရှင်တို့  ထိုင်နေကြသောကြောင့်  ထုပ်သမျှသောဥပဒေအားလုံးတို့ သည် သူတို့ 
အလိုရှိသလို သရေကွင်းတစ်ပင်ကဲ့ သို့  အတိုး၊အလျှော့ ၊ အကျဉ်းအကျယ် လုပ်နေနိုင်ပါသည်။
သည်လို ဒီမိုကရေစီနိုင်ငံတို့ တွင်တော့  ဥပဒေအထက်တွင် ဘယ်သူမှ မရှိနိုင်ပါလေ ။
နိုင်ငံတော်သမ္မတသည်ပင်လျင် ပြည်သူ့ ဝန်ထမ်းတစ်ယောက်ဖြစ်လို့ နေပါတော့ သည်။

“ ဘာလုပ်နိုင်မှာမို့ လို့ လဲ ..” တဲ့  ။
သည်စကားလေးကိုလည်း ကျွန်တော် ဖြေဘို့  ရုတ်တရက် အဖြေရှာမရ ဖြစ်နေရပြန်ပါသည်။
ဒါဆို သူ့ ရင်ထဲမှာ လုပ်ချင်တာ ၊လုပ်နိုင်ချင်တာ ရှိနေလို့  သည်လို စိတ်ပျက်စကား ပြောလာတာပဲ ဖြစ်မည်ဟု
မြင်လာမိပြန်သည်။ လုပ်ချင် ၊ ဖြစ်ချင်တာတွေ မဖြစ်နိုင်၊ မလုပ်နိုင် လို့  သည်လို လက်မှိုင်ချစကား ၊ စိတ်ပျက်
စကားတို့  ပြော ထွက်လာတာ ပါလို့ လည်း ကျွန်တော် တွေးရင်းမြင်လာပါတော့ သည်။

ဒါဆို သူ့ ရင်ထဲမှာ နိုင်ငံ၏ အရေး တော့ ရှိနေမှာ အသေချာ ပါဟု တဆင့် တက် တွေး မိပြန်ပါသည်။
ဟုတ်သည်လေ ..၊ နိုင်ငံ အတွင်းမှာ နေထိုင်ကြသူ နိုင်ငံသားတိုင်း၏အရေးကို “ နိုင်ငံရေး ” ဟု ခေါ်တွင်နေတာ
မဟုတ်လား .. လို့  ။

အမေစုကလည်း သူ လွတ်လွတ်ချင်းပဲ ပြည်သူတွေကို မချင့်မရဲ ပြောခဲ့ ပါသေးသည်။ လတ်လတ်ဆတ်ဆတ်
ကြီးပါပဲ။

“ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး လို့  ပြောနေကြတဲ့ သူတွေဟာ ၊ တကယ်တော့  နိုင်ငံရေးကို တကယ်နား
မလည်လို့  ပါပဲ ”
“ ကိုယ့် မီးဖိုချောင်ကလေးထဲမှာ ထမင်း၊ ဟင်း ချက်နေတာက လဲ နိုင်ငံရေးပါပဲ ၊ ဘာဖြစ်လို့  ဆို နေ့ စဉ် ရ တာ
လေးနဲ့ ပဲ လောက်ငှ အောင် ချက်နေရတာလဲ နိုင်ငံရေးပါပဲ ”
“ ကျန်းမာရေး ကလဲ နိုင်ငံရေးပဲ ၊ ပညာရေးကလဲ နိုင်ငံရေး ပဲ ” တဲ့  လေ ။
အမေစုပြောခဲ့ သည့်  အဲဒီ့ ရဲရဲတောက်မိန့် ခွန်းများကို ထမင်းစားချိန်ကျ ကျွန်တော် ပုလင်းဖင်ကို အသေအချာ
ပြောရပါတော့ မည်။

..................................................................................


အာဏာရှင်စနစ်တို့  ထွန်းကားနေသောမြေတို့ တွင် နိုင်ငံရေးတို့  မထွန်းကားတတ်ဟု ကျွန်တော်မြင်ပါသည်။
အမှန်တရားတို့  နိုင်ငံရေးတို့  ကွယ်ပျောက်နေအောင် မလုပ်ရဲ တော့ လောက်အောင်၊ မလုပ်နိုင်အောင်လည်း
နည်းလမ်းပေါင်းစုံတို့ ဖြင့်  နှိပ်ကွတ် ထားတတ်ပါသည်။ သတင်းတို့  နှေးကွေး နေတတ်သလို၊ သတင်းမှန်တို့ 
လည်း မပေါ်တတ် ပါလေ။

အာဏာရှင်စနစ်နှင့်  နိုင်ငံရေး ဆိုတာက ပြဒါး နှင့်  သံ လိုပဲ ဘယ်လိုမှ ရောမရအောင် တစ်လမ်း စီ ဖြစ်နေလို့ 
ပါပဲ ။

အခုတော့  “ အမေစု ” က ၊ သူ့ မိသားစု တစ်ခုလုံး ၊ သူ့ ဘဝ တစ်ခုလုံးကို အစတေးခံပြီး အမှောင်ထဲမှာ နစ်မွန်း
နေသော မြန်မာပြည်သူတွေကို ဆွဲတင်ဘို့  အပြင်မှာ ရောက်နေတုံး ၊ နေနေရတုံး အချိန်လေး အတွင်းမှာပဲ ကြိုး
စားနေပြန်ပါပြီ ။ ကျွန်တော်တို့  မလုပ်တတ်သည့်  ၊ မလုပ်နိုင်သည့် ၊ မလုပ်ရဲသည့်  “ နိုင်ငံရေး ” ကိုပါပဲ ။

သူ့  ကို စာ ပြီး နာ ကြည့် မိပြန်တော့ လည်း မွန်းကြပ် လာမိပြန်ပါသည်။
သူ့  လို ကိုယ်မှ မလုပ်နိုင်ခဲ့ တာကိုး .. လို့  ။

လိုချင်ကြသည့်  “ ဒီမိုကရေစီ” ကတော့  လူတိုင်း လွတ်လပ်သည့် အခွင့် အရေး အပြည့် ရှိနေပေမဲ့  အလုပ် တော့  လုပ်ကြရမည့်  စနစ် ကြီးဖြစ်ပါသည်။ လုပ်သမှ ခါး ကြိုးနေအောင်ကို လုပ်ရ ပါမည် ဆိုတာကို သည်လို
နိုင်ငံ တွင်ရောက်နေသော ကျွန်တော်တို့ က အသိဆုံး ဖြစ်ပါသည်။

ဒီမိုကရေစီ ထွန်းကားနေသောမြေ တို့ တွင် အချောင်သမားတို့ အတွက် နေရာ တို့  မရှိတတ်ပါ ။
မှန်သောလူသာ မှန်သော နေရာကို ရ ရ ၊ ရောက်ရ ပါမည်။ တကယ်ပဲ လုပ်မှ တကယ် ရမည်ဖြစ်ပါသည်။

အာဏာရှင်စနစ်တို့ တွင်တော့  အချောင်သမားတို့  နေရာကောင်းတွေ ရနေတတ်ပါသည်။
စီးပွားရေးကလည်း အာဏာရှင်ဆန်ဆန် ပြိုင်ဘက်ကင်းနေသည့်  စီးပွားရေး စနစ်ဖြစ်နေတတ်ပါသည်။
အာဏာရှင်တို့ နှင့်  ပြေလည်နေသမျှကာလတ်ပတ်လုံး ထို စီးပွားရေးသမားတို့ သာ အကြေအလည် ဖြစ်ထွန်းနေ
မည် ဖြစ်ပါသည်။

အခုတော့  ညောင်မြစ်ကြီး လို နှစ်ပေါင်းများစွာ အမြစ်တွယ်ခိုင်မာလာသော စနစ်ကြီးကို ဖြိုလှဲဘို့ အတွက် ၊ ရေ ဆန် မှာ အမျောမခံ ပဲ အန်တု ဆန်တက်နေသည့်  ဗေဒါလေးလို အမေစုက ရှေ့  မှ ဦးဆောင် ကြိုးစား ရုန်းကန်
ပြနေ ပြန်ပါပြီ။

“ .......... ”
စကားတို့  ဆုံးသွားတော့  ပုလင်းဖင်မှ သက်ပြင်းချပါတော့ သည်။
“ ဒါဆို အမေစု ပြန်အဖမ်းခံရရင်ဘယ်လိုလုပ်မလဲ ကော်ကျို...”
“ ဟင်.... ”
သူ က စကားကြီးစကားကျယ် ပြောနေသော ကျွန်တော့် ကို နောက်ပြောင်ခေါ်ဆိုလိုက်ပေမဲ့  ကျွန်တော်မပြုံးနိုင်
ခဲ့ ပါ။ ပြန်မဖြေလိုက်နိုင်သော သူ့  မေးခွန်း လေး ကြောင့် ပါပဲ ။
“ ကဲပါ ကိုကျော်ရယ်..၊ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ တော့ ၊ သူ့  အချိန်တန်တော့  ဖြစ်လာလိမ့် မယ် ”
“ ဘာလဲ ..၊ ပျော်ပျော်ပဲနေပါ လို့  ပြောအုံးမလို့ မဟုတ်လား ” လို့  ပြောတော့  သူ ရယ်လေသည်။

အပြင်ဘက်မှ လေအေးတို့ က ကျွန်တော်တို့  နှစ်ယောက်ထိုင်နေရာဆီသို့  တသောသော တိုးဝင်လာနေတော့ 
ကျွန်တော်လည်း လမ်းမဘက်ကိုသာ ငေးကြည့် နေလိုက်မိပါသည်။
ခန့် မှန်းထားသော လေးဆယ်ရာခိုင်နှုန်း ဆိုသည့်  မိုး က တကယ့် ကိုမှန်လွန်းပါသည်။
မိုးတို့  မှုန်မှုန်သာ ကျ ဆင်းနေသောကြောင့်  ဘယ်သူ မှ မိုးကာ ဝတ်ဖို့  မလိုကြပါလေ။
အချမ်းပြေ ဝတ်လာသည့်  ခေါင်းစွတ်အနွေးထည် တို့ နှင့် သာ လုံလောက်နေကြပါတော့ သည်။

ကျွန်တော်တို့  နိုင်ငံတွင်လည်း အခုလို တိကျသော ခန့် မှန်းချက်များ ထုပ်နိုင်လျင် သိပ်ကောင်းမှာပဲ ဟု တွေးမိ
ပါသည်။ တိုင်းပြည်ရဲ့  အချေအနေ ၊ အမေစု ရဲ့  အချေအနေ ၊ နိုင်ငံရေး ရဲ့  အချေအနေ တွေလေ .... ။
နှစ်ယောက်သား အပြင်ကို ကြည့်နေရင်း အအေးတို့  ပို လာသလိုဖြစ်လာပါသည်။ သည်အအေးလေးတွေကို
ကျွန်တော်တို့  မြေ ကို ရွှေ့  လို့ ရလျင်ရွှေ့  လိုက်ချင်ပါတော့ သည် လို့  ။


အမေစု ဘယ်လောက်လုပ်ခွင့်ရပါ့ မလဲ ..။
တွေးကြည့် မိတော့  စိုးရိမ်စရာ အပြည့် ပါပဲ ။
ဘာမဆိုလဲ သူ့  အတွက်ဖြစ်လာနိုင်သည် မဟုတ်လား ။
ဒါကြောင့်မို့ လို့ လေ .. ကျွန်တော်ကတော့  ...၊
အား လဲ ပေးနေပါမည် ။
ဆု လဲ တောင်းနေပါမည်။
မျှော်လဲ မျှော်လင့် လျက်ပါ ဗေဒါဆီ သို့ ပါ ပဲ လို့ ......... ။

............................................................................................................












7 comments:

ကိုဇော် said...

မျှော်လင့်နေယုံနဲ့ မပြီးဘူး..
လိုချင်တာကို ရအောင် ယူတတ်ဖို့လည်း လိုသေးတယ်။

ဆိုတဲ့ ဒေါ်စုပြောသွားတဲ့ စကားလေးကို ထပ်ဆင့်ပြီး ကြားယောင်မိသွားတယ် ကိုဖြူရေ။
ဘာပဲဖြစ်ဖြစ် မလုပ်နိုင်လို့ မျှော်လင့်ချက် ပျောက်သွားတယ် ဆိုတာထက်တော့ ရင်ထဲမှာ စိတ်ထဲမှာ မျှော်လင့်ချက်တွေ ထားတယ် ဆိုတာ အရမ်း ကောင်းတာပေါ့ဗျာ။ ကျနော်လည်း မျှော်လင့်လျက်ပါ။

မိုးယံ said...

ဘာမှကို မပြောတော့ဘူး။ ဖတ်ပြီးတော့ပဲ စဉ်းစားသွားတယ်။ တစ်ချိန်ချိန်မှာ များ....

Mg Mg Zaw Htet said...

အင်းပြောရရင်တော့ လူမုန်းများမှာတော့ သေချာတယ် ကိုအဖြူလေးရေ။ ဘာလုပ်နိုင်မှာမို့လဲဆိုပြီး ဝင်မပါဘဲ ကြားနေတာဟာ ဖိနှိပ်သူလူတန်းစား(စစ်အစိုးရ)ကို ထောက်ခံတာနဲ့ အတူတူပဲလို့ ကျွန်တော်က သတ်မှတ်တယ်။ နောက်ဆုံးဗျာ နိုင်ငံရေးကို ဘာမှ မသိဘူးဆိုတောင်ခေါင်းဆောင်ကောင်းတစ်ယောက် ရှိနေချိန်မှာနောက်လိုက်ကောင်းတစ်ယောက်တော့ပီသသင့်တယ် လို့ ကျွန်တော်တော့ခံယူချက်ရှိတယ်ဗျာ။
ခင်မင်စွာဖြင့်
mmzh

မိုးခါး said...

ပြည်သူတွေ ရာနှုန်းတော်တော်များများက မျှော်လင့်နေကြတာပါပဲ .. ကိုယ်တတ်နိုင်သလောက်လေး ၀ိုင်းကြ ၀န်းကြရင်တော့ အန်တီစုလည်း အားရှိမယ် ခရီးလည်း ပိုဖြစ်မယ်ထင်ပါရဲ့ ..

Anonymous said...

အဖြူလေး ရေ

မျှော်လင့်ချက်က ဒါဘဲရှိတယ်

ခင်မင်လျှက်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သူသာနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ရင် ဘယ်လောက်များကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားဖို့ကောင်းမလဲနော်
သူ့ဂုဏ်သတင်းကို ဘယ်သူတွေက ဘယ်လိုဖျက်ပါစေ
အမေဟာ ပန်းလေးတစ်ပွင့်လို မွှေးမြဲမွှေးဆဲပါ။
နှိုင်းကြည့်ရင် နံသာဆီနဲ့ ( ) လို အရာရာ ကွာခြားလွန်းပါတယ်..

သဒ္ဓါလှိုင်း said...

ကိုအဖြူလေးရဲ့.စာလေးကိုဖတ်ရတာ အားရှိလိုက်တာ..
အားလုံးရဲ့ ညီညွတ်မှုအားမာန်နဲ့ တွန်းကြတာပေါ့...

ခင်မင်စွာ
သဒ္ဓါ