Sunday, April 24, 2011

စိတ်ကလေး ...( ဆောင်းပါး )

မီးဝါ ခုနှစ်ခုကို ဖြတ်မောင်းလာပြီးမှ ဒီနေ့  ပုံမှန်လေး မောင်းဘို့  သတိရမိတော့ သည်။
ရှေ့ နားမှ ဗြုန်းကနဲ မြင်လိုက်မိသော ရှစ်ခုမြောက်မီးပွိုင့် ၏ ရုတ်တရက် ဝါ သွားတာကို ဖြတ် ကနဲ မြင်လိုက်မိ၍
ကျွန်တော့် ဆိုင်ကယ်ဘရိတ်ကို အတင်း ညှစ်လိုက်မိသည်။ ဒီနေ့ လည်း ငါပုံမှန်လေး မောင်းဘို့  မေ့ သွားပြန်ပြီ
ဟု တွေးမိရင်း နီသွားသော မီးနီခွက်ထဲမှ စ,တင်ရေတွက်သော ကောင်တာဂဏန်းကို ကြည့် မိတော့  စက္ကန့် ၉၀
ဖြစ်နေသည်။ မြို့ လယ်ခေါင် ခြောက်လမ်းသွားလမ်းကျယ်ကြီးကို ဖြတ်ထွက်ရမည့်  အကြာဆုံးမီးပွိုင့်  ဖြစ်ပါသည်။
ထိုင်ပေမြို့ တော်၏ အသဲနှလုံးတစ်နေရာဖြစ်သော “ ရှီးမန်သင်း ” စင်တာ တစ်ဝိုက်ဖြစ်သည်။ နောက်ထပ်ရထား
သည့်  အလုပ်နေရာက“ ရှီးမန်သင်း ” ကို နေ့ စဉ် အသွားအပြန် ဖြတ်နေရပါသည်။

အိပ်ဇောငွေ့ နှင့်  လေစိမ်းတို့ ကို ကာကွယ်ရန် တပ်ထားသော နှာခေါင်းစည်းထဲမှ မှုတ်ထုပ်နေသော နှာငွေ့ တို့ 
ကြောင့်  ချထားသော ဆိုင်ကယ်ဦးထုပ်၏ လေကာမှန်တစ်ပြင်လုံး အခိုးငွေ့ တို့ ဖြင့်  မှုန်ဝါးသွားသဖြင့်  မှန်ကို
ပင့်တင်လိုက်ရပါသည်။ မီးပွိုင့် ကို ဖြတ်ကူးနေသော ကျောင်းသူ၊ကျောင်းသားတွေကို မြင်ရသည်။ အာရုံတို့ က
မြန်မာပြည်မှ အိမ်စီးကားတို့ ကို ခြင်ထောင် ထောင်သိပ်မတတ် ရိုသေကြသည်ကို သွားသတိရမိသည်။ တစ်နေ့ 
က “ ကောက်စုကုန်း ” ဟု ခေါ်သော အမြန်လမ်းမကြီးပေါ် ကားဖြင့်ခဏတက်ရစဉ် မြင်လိုက်မိသော ကားတစ်စီး
ကြောင့် ဖြစ်သည်။ မော်ဒယ်က ဘီအမ်ဒဘလျူအမျိုးအစား၊ သည်နိုင်ငံ အနေနှင့် တော့  နိမ့် နေပေမယ့်  မြန်မာ
ပြည်အနေနှင့်ဆိုလျင်တော့  အတော်မြင့်ပါ၏။ နောက်ကကြည့်တော့  ပြုတ်ကျလုဖြစ်နေသော အိပ်ဇောပိုက်ကို
ဖရိမ်မှာ သံကြိုးနှင့်  ပြန်တွယ်ချီထားသည်။ ဘေးတစ်ခါး နဲနဲ ချိုင့် ဝင်နေသည်။ အော် .. ကားလေး ပြင်ဘို့ ပင်
အချိန်မရနိုင်အောင် အလုပ်များနေသည်ဟု ထင်မိခဲ့ သည်။

သည်လိုကားမျိုးမပြောနှင့် သည့်ထက်ကောင်းသည့် ကားများလည်း ဒီတိုင်းပါပဲ။ ရပ်စရာအလွန်ရှားတော့ ရတဲ့ 
နေရာမှာပဲ ဖြစ်သလို ပစ်ထားခဲ့ ရသည်။ ကားကို ကားနှင့်တူအောင်ကို သုံးကြသည်ဟု။ ကိုထွန်းထွန်းပြောသလို
ဗမာပြည်မှာတော့  ကားကို မယားနှင့်တူအောင်သုံးသည်ဆိုတာကိုလည်း သတိရသွားသည်။ ကားလေးတစ်စီး
ဖြစ်ဖို့ က စိတ်ကူးယဉ်အိမ်မက်ဘဝများကို ဖြတ်သန်းပြီး မဖြစ်နိုင်မှန်းသိရက်နှင့်ပင် ကြိုးစားရှာဖွေရင်း ဘဝကို
အဆုံးသတ်နေကြရတာကိုလည်း တွေးမိပြန်သည်။ အကြောင်းကြောင်းကြောင့် ကားလေးတစ်စီး ဖြစ်လာရပြီ
ဆိုလျှင်လည်း ခြင်ထောင်ထောင်ပြီး သိပ်လုမတတ် ဂရုစိုက်ကြရသည်ကိုး။ မိသားတစ်စုလုံးထက်တောင် တန်ဘိုး
ရှိနေတတ်သည်။ သည်မှာတော့  ပေါမှပေါ ။ မှတ်ပုံတင်ကိုင်ဆောင်သူ နိုင်ငံသားတိုင်း ကြိုက်သည့် ကားကို
တွေ့ ရာဆိုင်တွင် သွားဆွဲလို့ ရသည်။ အရစ်ကျကို အဆင်ပြေသလို ပေးသွားလို့ ရသည်။ ကားတွေပေါလွန်း
တော့ လည်း ကားရှိတာမဆန်းသလို ဖြစ်နေပြန်တော့  နောက်ဆုံးပေါ် မော်ဒယ်ချင်းပဲ အပြိုင်စီးနေကြတော့ ၏။

မနက် ကားထားရာ ကားပါကင်ကို သွားဖို့  ဆိုင်ကယ်လေးနှင့်  အိမ်အောက်မှ မောင်းထွက်ရသလို၊ ကားတွေ
ညပ်ပြီး လမ်းပိတ်လွန်းလို့  ဆိုင်ကယ်နဲ့ ပဲ သွားရတာတွေလည်း ရှိနေပြန်သည်။ MRT ဘူတာကို ဆိုင်ကယ်နှင့် 
သွား၍ ဘူတာထဲဆင်း ရထားဖြင့်  ရုံးတက်၊ အလုပ်တက်နေရတာတွေလည်း ရှိနေပြန်တော့  ရှိသမျှ လမ်းကြို
လမ်းကြား လမ်းမှန်သမျှ တို့ ပေါ် ယာဉ်တို့  အမြဲ ပြည့် နှက်နေရတော့ သည်။ စင်္ကာပူလို ကျွန်းနိုင်ငံ မှာတောင်
ယဉ်တွေ အဆမတန် များပြားလာမည့် အရေးကို ကာကွယ်သည့် အနေဖြင့် လိုင်စင်အရည်အတွက်ကို ထပ်တိုးမ
ပေးရုံမျှမက ကားဝယ်လျှင် အခွန်ကို အဆမတန် စည်းကြပ်ကောက်ခံ နေတော့ ရာ ထိုင်ဝမ်လို နိုင်ငံမှာလည်း
လမ်းပေါ် ယဉ်တွေများလာသည်ကို တနည်းနည်းဖြင့်  ထိန်းသင့် နေပြီဟု တွေးမိပါသည်။ တစ်ခါတစ်ရံ ကားတွေ
ဆိုင်ကယ်တွေမပြောနှင့် ၊ စက်ဘီးကလေးတောင် ရပ်စရာ နေရာ မရတတ်ပါ။ မိသားစုတိုင်းတွင် များသောအား
ဖြင့်  ကားတစ်စီးသာမက အိမ်ရှိလူကုန်ပါ ဆိုင်ကယ်တစ်စီးစီ ရှိနေတတ်ကြပါသည်။

သည်လိုအမြဲတန်း ကြပ်ညပ်နေသည့်  လမ်းတွေပေါ်မှာ ကျွန်တော်က အမြဲတန်း အလျင်စလို ဖြစ်နေမိပါသည်။
နေ့ တိုင်း မလိုအပ်ပဲ ဆိုင်ကယ်ကို အလောသုံးဆယ် မောင်းနှင်နေမိသော ကျွန်တော့် ကို လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းများက သတိပေးလာသည့် အကြိမ်များလာတော့ ၊ ကိုယ့် စိတ်ကလေး အေးလာသည့်  အချိန်တွင်
ပြန်စဉ်းစားကြည့် မိသည်။ သူတို့  ပြောနေတာလည်း မှန်နေသည်။ မဖြစ်ရင်ကောင်း၏။ ဖြစ်လာလျှင် ရှင်းဖို့ 
မလွယ်တဲ့  ။ ကိုယ့်ကြောင့် သူများဖြစ်နိုင်သလို၊ သူများကြောင့် လည်း ကိုယ် တစ်ခုခု ဖြစ်နေနိုင်တော့ ကာ
သည်လို အမြဲရှုပ်ထွေးသည့်  လမ်းမကြီးများတွင် သတိလေးနှင့်  မှန်မှန်လေး မောင်းသင့်နေပါလျက်နှင့် 
ဘာကြောင့် သတိလက်လွတ် ဖြစ်နေရပါသလဲ ဆိုတာတော့  စဉ်းစားမရနိုင်ပါ။

တစ်နေ့ က ကိုထွန်းထွန်းအိမ်ကိုလာတော့  ကျွန်တော်ရထားသည့် “ လင့်” ကလေး တစ်ခုမှ၊ “ စိတ်နှင့် စေတ
သိတ် ” အကြောင်း ကို ဖွင့် ၍ နာကြရင်း စိတ်ကလေးအကြောင်းကို အကျယ်တဝင့်  ဆွေးနွေးဖြစ်ခဲ့ သည်။
“ ကိုထွန်းထွန်း .. ကျွန်တော်တို့ ရဲ့  စိတ်ကလေးတွေက တစ်စက္ကန့် အတွင်းမှာ ဘယ်နှစ်မျိုးလောက် ပြောင်းနေ
ဖြစ်နေတတ်သလဲ သိလား .. ”
“ အင်း .. မပြောနိုင်လောက်အောင် များတယ်ဗျ ”
“ အာ .. ကိုကျော်ကလည်း တစ် ဆိုတဲ့  စက္ကန့် လေးအတွင်းမှာတောင် ရုပ်ပေါင်း ကိုးဆယ်ဖြစ်ပြီး ပျက်ရတယ်လို့ 
ကျွန်တော် ကြားဘူးတယ်ဗျ၊ ဟုတ်မဟုတ်တော့ မသိဘူး ”
“ အင်း .. ကျွန်တော်ကတော့  စိတ်နောက်က၊ စေတသိတ် အကြောင်း အခုမှ သေချာနာဘူးတော့ တယ်”
ကိုထွန်းက ခေါင်းညိတ်ရင်း ရေနွေးကြမ်းကို ကောက်ငုံလိုက်သည်။ လက်ဆောင်ရထားသည့်  အကောင်းစား
ဆေးဖက်ဝင် တရုပ်လက်ဖက်ခြောက်နှင့် ခပ်ထားခြင်းဖြစ်သည်။ သူကပင်ဆက်ပြီး ..
“ လူတွေကြားထဲမှာ ပြောနေတဲ့  ဥပေက္ခာ ကတစ်မျိုး၊ ကျွန်တော်တို့  နာ ရတဲ့  ဥပေက္ခာက တစ်မျိုး ဖြစ်နေတယ်”
“ အင်းလေ ”
“ အခက်ဆုံး အလုပ်ကြီးပဲဗျ ၊ အပြောလွယ်သလောက် လုပ်ဖို့ မလွယ်ဘူးနော်...”
“ အေးဗျာ.. နောက်တစ်ခုက စိတ်အတွေးတစ်ခုပေါ့ ၊ ကိုယ်လုပ်နေတာတဲ့  အဓိက အလုပ်တစ်ခုကို အစီ
အစဉ်အတိုင်း လုပ်ဖြစ်နေပေမယ့်  အတွေးက တစ်ခုခုကို အဲ .. တစ်ခုပြီးတစ်ခု ဆက်တိုက်တွေးနေမိတာ
သေချာတယ်ဗျ၊ ရပ်တယ်မှ မရှိတာ ...”
“ လုပ်တဲ့  အလုပ်ပေါ်မှာ စိတ်က တည်မနေတာလား ”

အတွေးစ တို့ ဖြင့်  နီနေသော မီးပွိုင့် ကို မော့ ကြည့် မိပြန်သည်။ ၈၀ စက္ကန့်  ပြနေသည်။

တစ်နေ့ နေ့ တော့  ကျွန်တော့်ဘလော့ လေးကို ကျွန်တော် အပြီးတိုင်စွန့် ခွာသွားရတော့ မည့် အရေးကိုလည်း
အတွေးတို့  ဝင်လာမိပြန်ပါသည်။ အင်းလေ ... ဘယ်အရာကိုမှ မြဲနေအောင်ဆုပ်ကိုင်ထားလို့ မှ မရတော့ တာ။

မီးပွီုင့် ၏ ထိပ်ဆုံး မျဉ်းကျားစည်းနေရာတွင် ဆိုင်ကယ်ပေါ်မှ ခြေနှစ်ဖက်ချထောက်၍ လက်ပိုက်ပြီး အတွေး
ကောင်းနေစဉ် ဆေးရုံကား၏ ဥသြဆွဲလာသံကို ကြားလိုက်မိသည်။ အပေါ်ဖက်မီးနီခွက်ထဲမှ တဖြည်းဖြည်းရော့ 
ကျနေသော ဂဏန်းအရေအတွက်ကို ကြည့်မိသည်။ ၆၉ စက္ကန့်  ရောက်နေသည်။ စောစောက ကျွန်တော်ကြား
လိုက်မိသော ဆေးရုံကားဥသြသံက ကျွန်တော့ နောက်ကျောဘက်မှ တဖြည်းဖြည်းနီးသထက်နီးလာသလို
ဖြစ်နေပြီး မီးပွိုင့် ဧရိယာအတွင်း စုပြုံရပ်နေသော ယဉ်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
လှည့် ကြည့် မိတော့  တလက်လက်လည်နေသော မီးနီတန်းလေးနှင့် ဆေးရုံကားက ကျွန်တော်တို့  ယဉ်ကြော
အတိုင်း အတင်း ထိုးဝင်လာနေသည်ကို တွေ့ လိုက်ရသည်။ ကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်ကို ရှေ့ ဖက်
လူကူးမျဉ်းကျားအကွက်ထဲ အသာထိုးကပ်ပေးလိုက်ရသည်။ ကျွန်တော့် ဘေးမှ ဖြတ်ထွက်သွားသော ဆေးရုံ
ကားနောက်ကျောကို ကြည့်မိပြီး ဗမာပြည်မှာတုံးက ကားတိုက်ခံခဲ့ ရတာကိုပါ သတိရမိသွားသည်။

အင်း ... ငါလဲ သည်မီးပွိုင့် ပြီးသွားရင် မှန်မှန်ပဲ မောင်းသွားတော့ မယ်.. ဟု တွေးမိရင်း ကိုဇာဂနာကို သွားသတိ
ရမိပြန်သည်။ ပါရမီထူးပြီး ချစ်မွှေးပါလွန်းတော့ လည်း စင်ပေါ်တက်လာပြီး ဘာမှမလုပ်၊ မရယ်မပြုံးပဲ ဒီတိုင်းရပ်
နေရင်းတောင်မှ အောက်ကပရိတ်သတ်က တအုံးအုံးဖြစ်နေရသည်။ သူ့ ရဲ့  သူတောင်းစားညီလာခံကို သတိရ
လာရင်း ပြုံးမိပြန်သည်။ အမှန်တွေကိုပဲ တရစပ်ထေ့ လုံး ငေါ့ လုံးတို့ ဖြင့်  ဖေါ်ပြနေသော ကိုဇာဂနာလို လူမျိုးက
ကျွန်တော်တို့  လူ့ အသိုင်းအဝိုင်းထဲတွင် အမြဲရှိသင့် နေပါလျက်နှင့် ယခုချိန်ထိ သူက အထဲက မထွက်နိုင်သေး
တာကိုလည်း စိတ်မကောင်းဖြစ်လာမိသည်။ လွတ်လပ်ဖို့ အတွက် လွတ်လွတ်လပ်လပ် ပြောခဲ့ သူတစ်ယောက်
ကအခုချိန်ထိ မလွတ်လပ်တဲ့  ဘဝ ရောက်နေရပါ၏။

မမကီရေးသော မွေးမြူရေးကြက်အကြောင်း ရောက်သွားပြန်သည်။ ဓါတုဗေဒဆေးများဖြင့် လှလှပပကြီးထွား
လာသော ကြက်များကိုစားမိ၍ လူတွေ အမျိုးမျိုး ဒုက္ခရောက်ရပုံ ဖြစ်သည်။ သူက သဘာဝ အိမ်ကြက်၊ ပိန်ပိန်
ကြက်တို့ ကိုသာ စားသင့် ပါသည်ဟု အကြုံပြုထားပါသော်လည်း ထိုကြက်များက ဖောင်းကားနေသော
မွေးမြူရေးကြက်များထက် ဈေးကြီးနေပါသည်။ ကိုမိုးအောင်က ကျွန်တော့်ကို အိမ်ကြက်ချက်ခိုင်းရန် ညဈေးတွင်
တောကြက် ( တရုပ်လို ထူကြီး ) သွားရှာရာ မတွေ့ ပဲ တစ်ဝက်တောကြက် ( တရုပ်လို ပန့် ကြီး ) ဟု ဈေးသည်က
အတင်းထိုးရောင်းခဲ့ သည်ဟု သိရပါသည်။

ကျွန်တော်လည်း ပြီးခဲ့ သော တနင်္ဂနွေနေ့ က ဗမာဆိုင်တစ်ဆိုင်တွင် တို့ ဟူးသုပ် သွားစားပါသည်။ တိုက်တိုက်
ဆိုင်ဆိုင် တရုပ်စစ်စစ်တွေ ကြားထဲ မွေးကတဲက နေလာရရှာသော ဆိုင်ရှင်အမကြီးက “ နင်က .. စာရေးတယ်
ဆိုတော့  ငါ့ ကို တို့ ဘူးသုပ် ရေးပေးပါ ” ဟု ဆိုပြီး ဆော့ ပန် နှင့်  ကပ်ထူ စက္ကူ အဖြူတစ်ရွက် ထိုးပေးလာ၏။
သူပေးသော ကပ်ထူစက္ကူ အဖြူမှာ ရေးထားသည်က “ တို့ ဘူးသုပ် ” ပါ။ ကျွန်တော်က မှားနေတယ်ထင်တယ်ဟု
ပြောတော့  အဲ့ ဒါသူများရေးပေးတာ၊ လက်ရေးလည်းမလှတော့  နင့် ကိုတွေ့ တာနဲ့  .. ဟု ပြောသည်။ မနက်ဈေး
ထဲ သမီးကို သွားရောင်းခိုင်းမလို့  ဟု ပြောပါသည်။ ကျွန်တော်လည်း ထင်တဲ့ အတိုင်းပဲ “ တို့ ဟူးသုပ် ” ဟု
ခပ်ဝိုင်းဝိုင်း ဖြစ်အောင် ရေးပေးလိုက်သည်။ ကိုယ်က မလှပေမဲ့  သူတို့ က လှ သည်ဆိုတော့ လည်း ပြီးရောပေါ့ ။

တို့ ဟူးသုပ်နှင့် ပတ်သက်ပြီး တစ်ခုကို သွားသတိရမိပြန်သည်။
“ ရှောက်ရွက် ” ဖြစ်ပါသည်။ ရှောက်ရွက်ပါမှ တို့ ဟူးသုပ်က စားကောင်းသည်။ ထိုင်ဝမ်တွင် ရှောက်ရွက်က
လေယဉ်စီးပြီးလာရပါသည်။ တစ်ချို့ ဈေးသည်တွေက မျိုးယူပြီး ဆိုက်နေသည်ဟု ပြောသည်။ ထိုနေ့ က
တို့ ဟူးသုပ် စားမကောင်းခဲ့ ပါ။ “ ရှောက်ရွက် ” မဟုတ်သော “ ရှောက်ခါးရွက် ” ကြောင့်ဖြစ်ပါသည်။ ကြည့်လျင်
အစစအရာရာ အကုန်တူနေသော “ ရှောက်ခါးရွက် ” ကို ညှပ်ထည့်ပေးလိုက်၍ ဖြစ်သည်။ နို့ နံ့  လိုလို စိမ်းရွှေရွှေ
အနံ့  ကြီးပါ။ မမွှေးပဲ နံ နေသည်ကို ပြန်တွေးမိနေရင်း၊ မုန့် ဟင်းခါးဟင်းရည်အစစ်တောင်းသည့်  သည့် အတွက်
ကြောင့်  ပိုက်ဆံထပ်ပေးလိုက်ရသည့်  ဈေးသည်ကြီးကိုပါ တဆက်ထည်း မြင်ရောင်လာသည်။

ပြီးခဲ့ သည့်  ကိစ္စတစ်ခုအတွက် စိတ်ကူးထဲမှာပဲ ဈေးသည်နှင့်  စိတ်ကူးယဉ်ရင်း ရန်ဖြစ်နေမိပါသည်။
ကျွန်တော်က သူ့ ကို ဗမာပြည်မှာ မုန့် ဟင်းခါး မစားဘူးဘူးလားဟု မေးရင်း မုန့် ဟင်းရည်အစစ်အတွက် ပိုက်ဆံ
ထပ်ပေးရသည်ကို ပြောမိသည်။ ဗမာမုန့် ဟင်းခါးလို စားကောင်းနေရင်လည်း မဆိုသာပေမယ့်  မှန်ရောင်ဟင်း
ချိုလို ကျဲတောက်နေသော သူ့ မုန့် ဟင်းရည်ကြောင့်  စားနေသည့်  ကြွေပန်းကန်ကို ရိုက်ခွဲပစ်လိုက်ချင်စိတ်တို့ 
တဖွားဖွား ပေါ်ပေါက်ခဲ့ ရပါသည်။

ကျွန်တော့် အကြည့်က မီးပွိုင့် ကို ရောက်သွားသည်။
၆စက္ကန့် အထိ ရောက်နေပြီ။

ကျွန်တော့် ရင်ကြောတို့  တင်းလာသလိုဖြစ်သွားသည်။
ညာလက်မှ ဆိုင်ကယ်လီဗာကို တဆ,ဆ နှင့်  လှည့် နေမိသည်။ ဘယ်လက်က ဘရိတ်မလွှတ်သေး၍ ဆိုင်ကယ်
က ရုန်းမထွက်သေးပေမယ့်  အောက်က အင်ဂျင်သံကတော့  တဝုန်းဝုန်းနှင့်  ဗြောင်းဆန်နေပေပြီ။
တစ်မိနစ်ခွဲခန့်  အချိန်ယူထားသော မီးပွိုင့် မှ ကောင်တာဂဏန်းတို့ က ၃ စက္ကန့် သာ ကျန်တော့ သည်။
ဘေးနောက်ဝဲယာမှ ကားတွေ ၊ ဆိုင်ကယ်တွေလည်း စက်သံ တွေ ဆူညံလာပြီး ၊ တာထွက်ရန် လှုပ်ရွ လာကုန်
ကြသည်။

၃ စက္ကန့် ၊ ၂ စက္ကန့် ၊ ၁ စက္ကန့် ... သုံည မရောက်ခင်လေး ၊ “ စိမ်း ”ကနဲ ဖြစ်ခါစကလေးမှာပဲ“ ဝူး ” ကနဲ
ကျွန်တော် ဆောင့် ထွက်လိုက်မိတော့  တစ်ဖက်လမ်းကျယ်မှ “ မီးဝါ ” ကို လု ထွက်လာသော ကုန်တင်ကားကြီး
နှင့်  တိုက်လု၊ တိုက်ခင် ဖြစ်သွားရသည်။ ကားကြီး၏ လေအဟုန်တို့ တောင် ကျွန်တော့်ကို ဟပ် သွားပါသည်။
သူက ကျွန်တော့်ကို နင်းသွားမှာပါ။ သည်တော့ မှ သတိရမိသည်။

မှန်မှန်လေးပြန်မောင်းဘို့  “ စိတ်ကလေး ” ပါပဲ။


...................................................................................................................

( ဆက်ရန် )

13 comments:

Dream said...

hiding cam က speed check လုပ်ထားပါတယ်။
နောက်နေ့ ရုံးကနေ ဒဏ်ငွေဆောင်ဖို့ စာကို စောင့်နေပါ။
ဒါပဲ

Anonymous said...

ကိုအဖြူလေးရေ

ဘုရားဟောထားတာကို သိသလောက် ဝင်မျှခွင့်ပြုပါ။ ကျွန်တော့်ကိုယ်ပိုင်အသိ မဟုတ်ဘဲ ဘုရားရှင်ရဲ့ ဥာဏ်တော်မို့ပါ။

စိတ်က တစ်စက္ကန့် (မျက်စိတစ်မှိတ်လျှပ်တစ်ပြက်)ကို ကုဋေတစ်သိန်းကျော်၊ ရုပ်က တစ်စက္ကန့်ကို ကုဋေငါးထောင့်ရှစ်ရာကျော် ဖြစ်ပြီး ချုပ်ပျက်ပါတယ်။ စိတ် ၁၇ ကြိမ်ပျက်တိုင်း ရုပ်က တစ်ကြိမ် ပျက်ပါတယ်။

''စိတ်တစ်ခုယုတ်ကိုးဆယ်''ဆိုတာက စိတ် ၉၈ ပါးကို ကိုးဆယ်တစ်ခုလျော့ - ၈၉ ခု လို့ မှတ်ရလွယ်အောင် သုံးနှုန်းတာပါ။ ရုပ် ၉၀ လို့ ဆိုလိုတယ်ထင်ပြီး စာဖတ်သူတွေ အမှတ်လွဲကုန်မှာစိုးလို့ပါ။

တိုးတက်ကြီးပွားအောင်မြင်ပါစေခင်ဗျာ။

ahphyulay said...

အင်း...
အမှန်တစ်ခု ထပ်တိုးခဲ့ ရပြီဗျာ..။
ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော်ရေးချင်ပြောချင်တာကို မသိအောင်
သိုင်းဝိုင်းရင်းရေးခဲ့ မိပါတယ်။
အမြဲတန်းတစ်ခုခုကိုပေးနေချင်တာ..။
အကောင်းဆုံးထဲကအကောင်းဆုံးပေးဖို့ 
အမှန်ဆုံးဖြစ်ဖို့ လိုပါတယ်။
ဆက်လက်ဝေဖန် ဆွေးနွေးပေးကြပါ။

အဖြူလေး ..။

sosegado said...

ကျနော်လည်းခုတစ်လောကားမောင်းရတာအဆင်ပြေလို့ ရေးမယ်စိတ်ကူးတာ အဖြူလေးဦးသွားပြီကိုး၊းD

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကလေး မှန်မှန်မောင်းနင်နိုင်ဖို့ ကြိုးစားပါဦးမယ် ကိုအဖြူလေး..
အသိတရားပေးတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါနော်။
ပျော်ရွှင်နှစ်သစ်ဖြစ်ပါစေ..
နောက်ကျ ဆုတောင်းလေးပေါ့နော်

IDIOT-Ki said...

စိတ်ကလေးကို သတိလေးနဲ့ ကပ်ပြီး မှတ်ပါအုံးလေ...
ကိုယ့်ဆိုင်ကယ်က over speed မဖြစ်ပေမဲ့ သတိလက်လွတ် မောင်းတဲ့ ကားတွေကြောင့် ဒုက္ခ ရောက်ရသူတွေ ဒု နဲ့ ဒေး ပဲ မလား...။ (လမ်း ထွက် နေတဲ့သူတွေ မပြော နဲ့ အုံး ။ဟိုးတခါက အမူးလွန်မောင်းတဲ့လူကြောင့် အိမ်ထဲ ကိုယ့်ဟာကိုယ်ထိုင် တီဗွီကြည့်နေတဲ့ လူ က မဆီမဆိုင် အချောင် သေ သွားရသေးတယ်။အကုသိုလ်ဝင်တယ် ပြောရမလား၊ ရှေးကပြုခဲ့ဖူးတဲ့အကုသိုလ်ကြောင့် ပြောရမလား ။
မျက်စိတမှိတ် လျှပ်တပြက် ထက်တောင်မြန် တဲ့ စိတ် နဲ့ ရုပ် ဖြစ်ပျက်တာ တွေ ခု မှ သေချာ မှတ်သားလိုက်ရတဲ့ အတွက် ကို ကျော် နဲ့ ရှင်းပြပေးသူတို့ ကို ကျေးဇူးတင်ပါတယ်။

ခင်တဲ့
မကိ..

ကျောက်၈၉ said...

ထိ...သိ..သတိ...တဲ့

မိုးခါး said...

ကျေးဇူး ကိုအဖြူလေးရေ
စိတ်လေး သတိလေးနဲ့ကပ်နေဖို့ ကြိုးစားမှ

Angelhlaing(May everybody be happy and healthy! said...

တန်ဖိုးရှိသော စာလေးအတွက်ကျေးဇူးပါကို....
ကောင်းသောနေ့လေးဖြစ်ပါစေ။

ကိုဇော် said...

ကျနော့် အဖေက ပြောဖူးတယ်ဗျာ။
၅ မိနစ် ပိုရောက်ချင်လို့ ၅ မိနစ် ပိုမြန်အောင် မမောင်းရဘူး။ ၅ မိနစ် ပိုစောထွက်လိုက်ပါတဲ့။
ဒီစကားလေးကို အမြဲကြားနေမိတော့ ဆိုင်ကယ် ၊ စက်ဘီး ၊ ကားမောင်းရင် ဘယ်တော့မှ မလောမိဘူး။ အဲဒီ ပြောထားတဲ့ စကားလေးကို အသိကပ်ထားမိတယ် လို့ ဆိုရမှာပဲ။
သတိထားဗျို့. . .

SHWE ZIN U said...

အဖြေးလူ ရေ

စိတ်လျှော့ စိတ်လျှော့ တော်ကြာ မြန်မာပြည်က မုန့်ဟင်းခါး လေး မစားလိုက်ရဘဲ နေအုန်းမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

အဖြေးလူ ရေ

စိတ်လျှော့ စိတ်လျှော့ တော်ကြာ မြန်မာပြည်က မုန့်ဟင်းခါး လေး မစားလိုက်ရဘဲ နေအုန်းမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်မွန် said...

အကိုရေ အစစ အရာရာ အထူး သတိထားပါ..
ညီမ လည်း ရှေ့က ကားကို ဝင်တိုက်ပြီး ကုန်ကားကြိတ်ခံရတော့မလို ဖြစ်ဘူးတယ်..။ လမ်းမ အလယ်မှာ ပက်လက်ဖြစ်နေတာလေ.. မျက်စိကို မှိတ် ဘုရားစာပဲ ရွတ်နေမိတာ....

အကိုရေ..တကယ် အရေးကြီးတယ်...သတိစိတ်ကလေး..အသိစိတ်ကလေးပါပဲ။
လုပ်ငန်းခွင်ရော..လုပ်ငန်းခွင်ကို သွားရာလမ်းရောနော်.. အထူးသတိထားပါ..။
ခင်မင်စွာ