Saturday, May 14, 2011

တဂ်ပို့  ( စ )

ကိုဇော်မှ သူ ခင်သော မိတ်ဆွေများကို စီတန်းပြီး တဂ်ပို့ (စ) ရေးပေးဖို့  စာရင်းလုပ်ပြီး တောင်းဆိုထားသည်ကို
ကျွန်တော်တွေ့ လိုက်ရပါသည်။ သူ့ စာရင်းကို ကြည့် လိုက်မိတော့  ကျွန်တော့်နားထင်ကို တင်းပုတ်ကြီးနှင့် 
မကွဲမချင်း ထုလိုက်သလို၊ မိုးကြိုးကြီး ဒဲ့  မှန်လိုက်သလို၊ ဦးခေါင်းကို ဆင် တက်ဖိ အဲ ဆင်တက်နင်းလိုက်သလို
အဲ့ ဒိ လိုလိုတွေ တပြိုင်နက် ဖြစ်သွားရပါသည်။

သူ့ စာရင်းကို ကြည့် ပါအုံး ...။
ကျွန်တော်က ထိပ်ဆုံး ရောက်နေသည်။ ထိပ်မှာကိုမတန်မရာ တင်ထားသည်။

Tag ပို့စ်ရဲ့ ထုံးစံ အတိုင်း နောက်ထပ် ခင်မင်သူများကိုလည်း ဆက်တဂ် လိုက်ပါဦးမယ်။ စိတ်ထဲ ရှိတာလေးကို ရေးပေးကြပါဦး . . . . ပျော်ပျော်ရွှင်ရွှင်လေးပေါ့ ။

၁။ ကိုအဖြူလေး
၂။ မရွှေစင်ဦး
၃။ မကိကိ
၎။ မိုးယံ
၅။ အုပ်ကြီး
၆။ ခနွဲ
၇။ ဝက်ဝံလေး
၈။ ရဲထွန်းဇော်

လေးစားစွာဖြင့်
ကိုဇော်

မမရွှေစင်ကတော့  ရေးပြီးသွားပြီ။ မမကီ ကတော့  ကိုယ့် ပေါင်ကို လှန်ထောင်းသလို ဖြစ်တော့ မဟဲ့ .. လို့ ၊
သူ့ မောင်ကို အော်ထားတာတွေ့ တော့  ကျွန်တော် ပြုံးမိသည်။ ကျွန်တော်ကတော့  အခု ခေါင်းကို အထောင်း
ခံ ရပြီ။

ကျွန်တော် အဖြူလေးဘဝဖြင့် မထင်မရှားရပ်တည်နေစဉ်အတောအတွင်း “ ချိုကိုသဇင် ”၊ “ မမရွှေစင်”၊ “ နန်း
လေပြေနု” စ သော ဘလော့ ဂါ ညီအမများက တဂ်ပို့ (စ)လေးတွေ ရေးခိုင်းခဲ့ ဖူးတုံးကလည်း ယခုလိုပင် တုန်
လှုပ်ခဲ့ ရပါသည်။

ခင်မင်နေရသော ဝါသနာတူ ရေးဖက် မောင်နှမချင်း အပြန်အလှန် တဂ်ပို့ (စ)လေးတွေ တောင်းဆိုနေကြသည်
မှာ ချစ်ခင်စဖွယ် ဖြစ်သော်လည်း ကျွန်တော်ကတော့  အဲ့ လို ရေးရမှာကို အတော်လန့် ပါသည်။ အဆင်သင့် 
မဖြစ်လို့ ဖြစ်ပါသည်။ သူတို့ ရေးသော တဂ်ပို့ (စ)လေးတွေက သူ့ ခေါင်းစဉ်လေးတွေနှင့် ဆိုတော့  ပေါ့ပေါ့ ပါးပါး
နှင့်  ချစ်ဖို့ တော့ အလွန်ကောင်းပါသည်။ ဒါပေမယ့်  ကျွန်တော် အဲ့ လို မရေးချင်ပါ။ ကိုယ့် ကို တူတူတန်တန်
နေရာ ထားဖိတ်ကြားခဲ့ သည်မို့  ကိုယ်ကလည်း နေရာပေး၍ ရေးရပါတော့ မည်။ “ ကိုဇော့် ” အတွက် ဖြစ်သလို
ကိုဇော်ကလည်း ဘလော့ ရွာတစ်ခုလုံးကို ကိုယ်စားပြုနေသူမို့  ကျွန်တော်ရေးသော ယခု “ တဂ်ပို့ (စ) ” လေး
သည် ဘလော့ ရွာ တစ်ခုလုံးအတွက်လည်း ကိုယ်စားပြုနိုင်လိမ့် မည်ဟု မရဲတရဲပဲ မျှော်လင့်မိပါတော့ သည်။

ကိုဇော်က သူအသွားချင်ဆုံးနေရာသည် “ နိဗ္ဗာန် ” ဟု ပြောခဲ့ သည်မှ စ,ပါသည်။

စာဖတ်သူများရော သူ့ လိုပင် တကယ်ပဲ “ နိဗ္ဗာန် ” ကိုသွားချင်ပါသလား ဟု နဲနဲ လျှာရှည်ချင်ပါ၏။
ကျွန်တော်ကတော့  အခုမှ တကယ်ပင် သွားချင်သလို ဖြစ်ခဲ့ ရပါသည်။ အရင်တုန်းကရော ... ဟု မေးစရာရှိလာ
သည့် မေးခွန်းကို “ မသွားချင်သလိုပါပဲ ” ဟု ရိုးသားစွာပဲ ဖြေရပါမည်။

ဘာဖြစ်လို့ လဲ ဆိုတော့  ကျွန်တော်ကြားဖူးနေသော “ နိဗ္ဗာန်” သည် ကျွန်တော်အမတန်မှ ခင်တွယ်မိရပြီး
အမေက မွေးပေးထားသည့် သည်ခန္ဒာအိမ်ကြီးကို ဖွဲ့ စည်းထားသော ရုပ်၊ နာမ် တို့  ချုပ်ပျောက်သွားသွားပါသည်
ဆိုသောကြောင့် ဖြစ်ပါသည်။ ကိုဇော်လည်း စဉ်းစား ကြည့် စေချင်ပါသည်။ ရုပ်၊နာမ်တို့  ချုပ်ပျောက်သွားသည်
ဆိုတော့  ဘဝ မရှိတော့ သလို၊ ဘာဆို ဘာမှ မရှိတော့ သလို၊ “ သုည ” ဖြစ်သွားသလိုကြီး ဖြစ်နေသည်။ ဒါဆိုရင် ကိုဇော်တို့ ၊ အဖြူလေးတို့ က ဒီသံသယာကြီးထဲက လုံးလုံး ပျောက်သွားသလို ဖြစ်မနေဘူးလားလို့  ..။

အဲ့ လိုတော့  ကျွန်တော် မဖြစ်ချင်သေးပါကိုဇော်..၊ ကျွန်တော်လည်း အတ္တသား၊ အတ္တသမား တစ်ယောက်ဖြစ်
နေလို့ ပါပဲ ။ သံသယာထဲမှာတော့  ရပ်တည်ခွင့်လေး ရချင်ပါသေးသည်။

ဘုန်းဘုန်းက ကျွန်တော်တို့  မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရားရှိခိုးထဲတွင် အမြဲထည့် ဆိုဖို့  ပါဝင်နေသော
ကြောင့်သာ “ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ” ဟု၊ အကြိမ်ကြိမ်ဆုတောင်းနေမိရသော်လည်း တကယ်တွင်
မူကား ... ကျွန်တော်တို့  အားလုံးတို့ သည် “ နိဗ္ဗာန်” ကို လူကို လူချင်း လိုချင်သလောက် မလိုချင်ကြပါဘူး ” ဟု
ကွက်ကွက်ကွင်းကွင်း ထောက်ပြခဲ့ ပါ၏။

တရားတစ်ပုဒ်တွင် လူတစ်ယောက်သည် နေ့ စဉ်နေ့ တိုင်း ဘုရားတက်၍ ဘုရားရှိခိုးပြီးတိုင်း “ နိဗ္ဗာန်ကို မျက်
မှောက်ပြုရပါလို၏ ” ဟု အကြိမ်ကြိမ်ဆုတောင်းနေသည်ကို သူငယ်ချင်းက ကြားသွားပြီး တကယ်ရောက်ချင်
မရောက်ချင်ကို စမ်းလိုသဖြင့် သိကြားမင်းအဝတ်အစားဖြင့်  ဘုရားရုပ်ပွားတော်အနောက်မှ ကိုယ်ထင်ပြထွက်
လာ၍ “ မင်းတကယ်သွားလိုလျှင် အခုပင်ငါပို့ တော့ မအံ့  ” ဟု ဆိုသော်၊ ထိုသူလည်း “ ခဏ . . နေပါအုံး ..
ကျွန်တော် အိမ်ပြန်ပြီး .. မိန်းမနဲ့  တိုင်ပင်လိုက်ပါဦးမယ် ” ဆိုရင်း ဘုရားပေါ်မှ အမြန်ဆင်းလေတော့ သည်။
ထိုနေ့ နောက်ပိုင်းမှ စ၍ နိဗ္ဗာန်ကို လိုချင်လှပါသည်ဆိုသောသူလည်း ဘယ်တော့ မှ ဘုရားပေါ် ပြန်တက်မလာ
တော့ ကြောင်း ရယ်စရာပုံ ဆောင်၍ ဟောကြားခဲ့ ပါသည်။

အထက်တွင် ဆိုခဲ့ သော လူကိုလူချင်းလိုချင်သလောက်မလိုချင်ပါဘူး ဆိုရာတွင် အမျိုးသမီးအမျိုးသားတို့ 
သမီးရည်းစားဘာသာဘာဝ ချစ်ကြိုက်ပြီးမှ၊ ကွဲကြ ကွာကြ ဝေး ရကြလျှင် မပေါင်းဖက်ကြရလို့  အဆိပ်သောက်
သေတာတို့ ၊ ရေထဲ ခုန်ချ သေ တာတို့ ကဲ့ သို့  ပြင်းပြသော ဆန္ဒ မရှိကြတာကို ဆိုလိုရင်း ဖြစ်ပါ၏။

နိဗ္ဗာန်ကို တကယ်ပဲ မလိုချင်ခဲ့ ၍သာ ဘုရားရှင်တို့  ဂင်္ဂါဝါလု၊ သဲဆူမက ပွင့် ခဲ့ ကြသော်လည်း ယနေ့ အချိန်ထိ
မဂ်ဖိုလ်နိဗ္ဗာန်သို့  မရောက်နိုင်သေးခြင်းပဲဖြစ်ပါသည်။ ဘုရားပွင့်ရက်နှင့်  ဘုရားနှင့် ကျောခြင်း ကပ်နေသလို
ဖြစ်နေပါသည်ဟု ဘုန်းဘုန်းက ဂရုဏာဒေါသောနှင့်  မိန့် ပါ၏။

ဘုန်းဘုန်းဟောကြားရှင်းပြသော တရားတော်များကို အကြိမ်ကြိမ်ပဲ နာယူမိလာပြီးနောက်ပိုင်းမှ ကျွန်တော်
လည်း ကိုဇော်ပြောသလို အသွားချင်ဆုံးနေရာက “ နိဗ္ဗာန် ” ဖြစ်ခဲ့ ရပါတော့ သည်။

ဘာဖြစ်လို့ ဆို .. ဘုန်းဘုန်းက “ နိဗ္ဗာန် ” ဆိုတာ ဘာဆို ဘာမှ မဖြစ်၊ မရှိတော့ တာမဟုတ်ပဲ တကယ်ပဲ ရှိနေတာ
ဖြစ်ကြောင်းနှင့် နိဗ္ဗာန်ဂုဏ် ၃၁ ချက်ကို အကျယ်ဟောကြားတော်မူခဲ့ ပါသည်။ ဘုန်းဘုန်းက ပမာဆောင်၍ ရှင်း
ပြသည်မှာ အလွန်ရိုးသားပြီး သဘောကောင်းသော မောင်ဖြူ၏ ဂုဏ်သတင်း ကျော်ကြားနေလျှင်၊ မောင်ဖြူက
တကယ်ရှိရမည်ဖြစ်သလို နိဗ္ဗာန်ဘုံ၏ အင်္ဂါရပ်ပေါင်း ၃၁ ချက်ကို ဘုရားရှင် ဟောကြားခဲ့ လျှင် ထိုနိဗ္ဗာန်သည်
တကယ်ရှိမည်ဟူ၍ပင် ။ “ နိဗ္ဗာန် ” သည် “ လေ ” လို၊ “ မီးခိုး ” လိုသာ ကွယ်ပျောက် သွားပါက ဘုရားရှင်သည်
နိဗ္ဗာန်ဘုံအကြောင်း အကျယ်တဝင့် ဟောကြားခဲ့ မည်မဟုတ်ဟု ဘုန်းဘုန်းက မိန့် ပါသည်။

ဇတ်တစ်ခုတွင် ဘုန်းတန်ခိုးအလွန်ကြီးမားသော စင်္ကြာဝတေးမင်းသည် နတ်ပြည်အထိ မြင့် မား၍ အလွန်ကြီး
ကျယ် ခန်းနားသော ပြသာဒ် ဘုံဗိမာန်ကြီးတစ်ခုကို ဆောက်လုပ်ပြီး “ နိဗ္ဗာန် ” ကို စံဝင်နေကြကုန်သော ဘုရား
ရှင်တို့ နှင့် ဂင်္ဂါဝါလု သဲဆူမကအောင် ပွင့်တော်မူပြီးသော ပစ္စေကာဗုဒ္ဓာတို့ နှင့်  ရဟန္တာတာ အရှင်သူမြတ်ကြီး
အားလုံးတို့ အား နဂိုမူလပုံစံအတိုင်း ကြွရောက်ဆွမ်းဖုန်းပေးတော်မူပါရန် အဓိဌာန်ဖြင့် ပင့် ဆောင်ရာ တကယ်
ပင် အရှင်သူမြတ်အားလုံး ကြွရောက်ဆွမ်းဖုန်းပေးတော် မူခဲ့ သည်ဟု ကြည်နူးပီတိ ဖြစ်ဖွယ် နာယူရပါသည်။

အဲ့ ဒီ မြင်ကွင်းလေးကို ကိုဇော့်အနေနှင့် စိတ်ကူးလေးနဲ့ ပဲ မှန်းဆ ပုံဖော် ကြည့်စေချင်လှပါသည်။
ကြက်သီးမွှေးညင်းတို့ တောင် ထလောက်အောင် ကြည်ညို မိမှာ အမှန်ပင်ဖြစ်ပါ၏။

ကျွန်တော် မှတ်မိသလောက် နိဗ္ဗာန်ဘုံ၏ အဓိက အင်္ဂါရပ် အချို့ ကို ပြောပြချင်ပါသည်။
နိဗ္ဗာန်ဘုံသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ မှ တကယ်ပင် ကင်းလွတ်နေရာဘုံတစ်ခုပင်ဖြစ်ကြောင်း၊
ကမ္ဘာ့ ပျက်ကပ်ကြီးများဘေးမှလည်း ကင်းဝေးနေရာဖြစ်ကြောင်း၊ သံသယာမှာ အလွန်ပင်ပေါ်ခဲ လှ ပြီး တစ်ခါ
ပေါ်ပြီးလျှင်လည်း ဘယ်တော့ မှ မပျောက်ပျက်တော့ ကြောင်း၊ တဏှာ၊ လောဘ၊ ဒေါသ တို့ လုံးဝ မဖြစ်ထွန်း
တော့ သည့်နေရာ ဘုံဌာန တစ်ခုဖြစ်ကြောင်း၊ ပညာရှိတို့ ပင်လျှင် မှန်းဆ မြင်နိုင်စွမ်း မရှိကြောင်း၊ နတ်မျက်
စေ့  တို့ ဖြင့်တောင် ကြည့် မြင်၍ မရ နိုင်ကြောင်း ၊ စံဝင် ပြီးသူတို့  အနေနှင့်  ဘယ်လိုမှ ခံစားလို့ မဝနိုင်တော့ 
လောက်အောင် အစစအရာရာ ပြည့်စုံပြီး အလွန်ပဲ ငြိမ်းချမ်းလွန်းသည့်  ဘုံဌာန တစ်ခုဖြစ်ကြောင်း စသည်
တို့  ဖြစ်ပါ၏။

ပညာရှိတို့ ၊ နတ်မျက်စေ့  တို့ တောင် မြင်နိုင်စွမ်းမရှိပေမယ့်  မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရရှိပြီးသူတို့ တော့  မြင်နိုင်
စွမ်းပါသည်ဟုလည်း မှတ်သားရပါသည်။

ကိုဇော်ရေ ...၊
ကျွန်တော်တို့ ကတော့  ဆန္ဒအရသာ နိဗ္ဗာန်ကို သွားချင်ပါသည်ဟု ဆိုရပေမယ့်  အခုဘဝ၊ နောက်ဘဝ
( ဒုတိယ ဘဝ ) မှာတော့  ဘယ်လိုမှ မရောက်နိုင်တော့ ဘူး ဆိုတာ ငြင်းလို့ မရပါဘူး ကိုဇော်ရေ့  ...၊
နိဗ္ဗာန်ကို တကယ်စံဝင်နေသည့်  ပုဂ္ဂိုလ်များကလည်း သမ္မာသဗုဒ္ဓဘုရားရှင်များနှင့်တကွ၊ ဂင်္ဂါဝါလု သဲဆူမက
အောင် ပွင့် နေကြတဲ့  ပစ္စေကာဗုဒ္ဓာ များနှင့် ရဟန္တာအရှင်သူမြတ်ကြီးများပဲ ဖြစ်ပါတယ်။

ကိုကိုဇော်...၊
ကျွန်တော်တို့  သွားချင်တဲ့  နိဗ္ဗာန်ကို အသာထားလို့  .. မသေချာတာတွေ ကြားထဲက သေချာတဲ့  သေခြင်း
တရားကြီးကို ရင်ဆိုင်ပြီးသွားရင် နောက်ဘဝ ဘယ်ရောက်ပါ့ မလဲ ( ဒါမှမဟုတ် ) နောက်ဘဝ လူ့ ဘဝ
ရပါအုံးမလား ဆိုတာလေး အရင် စဉ်းစားကြည့် ရင်ကောင်းမလားမသိဘူးနော်..။

ကျွန်တော်တို့ က သံသယာတစ်လျှောက်လုံးမှာ ဘဝတစ်ခုခုတော့  ဖြစ်နေ ရ နေအုံးမှာပဲ မဟုတ်လား..၊
၃၁ ဘုံ လေ ကိုဇော်ရဲ့  ၊ ကျွန်တော်တို့ က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေပဲ ဆိုတော့  ဒီလောက်တော့  ကြားဖူး
ပြီးသားလေဗျာ ၊

အနိမ့် ဆုံးတော့  နတ်မဖြစ်ရင်တောင်မှ လူဖြစ်ချင်သေးတယ်ဗျာ၊ ကျွန်တော့် သဘောဆို နတ် ထက်စာရင်
လူတော့  ပိုဖြစ်ချင်တယ်ဗျ၊ ဘာဖြစ်လို့ ဆို ဗြဟ္မာတွေ နတ်တွေ အသက်ကြွေရင် ငရဲကို ဒိုင်ဗင်ထိုးဆင်းရတာ
များတယ်လို့  ဘုန်းဘုန်းက ဟောထားပြီးပြီလေ ။ လူ့ ဘဝ ကမှ လမ်းစုံ လမ်းခွ တဲ့ ၊ စေ လိုရာစေ၊ သွားလိုရာ
သွားလို့ ရတာကိုး၊ အခု ကျန်တဲ့ အချိန်လေးမှာရော လူ ပြန်ဖြစ်အောင်လုပ်ဖို့  အချိန်ရပါအုံးမလားမသိ၊ လူဖြစ်ဖို့ 
ကိစ္စတဲ့  အရေးကြီးနေတဲ့  “ ရ ... အုံးမယ် .. ” ဆိုတဲ့  ကိစ္စတွေ က သိပ်များနေလွန်းတာကိုးဗျ၊

ကဲ .. ကိုကိုဇော် ..၊
“ လူ ” ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ သိ လား ..၊
အမယ် .. ဒါန၊ သီလ၊ ဘာဝနာ အလုပ် တွေပဲ လို့  မပြောနဲ့ အုံးနော်၊ လုံးဝ မှားလိမ့် မယ်၊
အဲ့ ဒီ အလုပ်တွေရဲ့  အကျိုးပေးက ဘဝ ရွေးတယ်၊ အချိန်ရွေးတယ်တဲ့  ဘုန်းဘုန်းက သတိပေးထားတယ်နော်၊
နောက်ဘဝ၊ ဒုတိယဘဝ မှာ ခံစားရဘို့  အကျိုးပေးရဘို့  မလွယ်ဘူး၊ လူ မှ ပြန်မဖြစ်တာလေ ၊ ဘုရားရှင်က
ရ ခဲတဲ့  လူ့ ဘဝ အကြောင်းကို လက်သဲခွံ ပေါ်က မြေမှုန်လေးတွေနဲ့  ဟောဒီ ကမ္ဘာမြေကြီးရဲ့  ထုထည်ကြီးနဲ့ 
နှိုင်းယှဉ်ဟောကြားခဲ့ တာ ကျွန်တော်တို့  အမြဲ မေ့ နေကြတာမဟုတ်လား..။

ကျွန်တော်တို့  ရှင်စဉ် ဘဝတစ်လျှောက်လုံး ကောင်းမှု၊ မကောင်းမှု ဘာတွေပဲ လုပ်လုပ် တစ်ယောက်ထဲ
ပြန်ထွက်ရတော့ မဲ့  နောက်ဆုံးအချိန်က အရေးကြီးသလို၊ အဲ့ ဒီအချိန်ဟာလည်း “ လူ ” ဖြစ်၊ “နတ်” ဖြစ်ဖို့ 
အချိန်ပဲ ဖြစ်ပါတယ်တဲ့  ။ စဉ်းစားနေပြီလား ကိုဇော် ...။

တစ်လက်စထဲ ဆက်ပြောပြချင်တာက ... လူ၊ နတ် ကြိမ်းသေ ပြန်ဖြစ်မယ့် နည်းလေးကတော့  စူဠသောတပန်
ဖြစ်အောင် လုပ်တဲ့ နည်းပဲတဲ့ ။ စူဠ သောတပန်က နောက်တစ်ဘဝ လူ၊ နတ် ကြိမ်းသေ ပြန်ဖြစ်မယ်ဗျာ၊ မဟာ
သောတာပန်က နောက်ခုနှစ်ဘဝ လူ၊ နတ် ပြန်ဖြစ်ပြီးမှ ကိုဇော်တို့  ကျွန်တော်တို့  ပြောတဲ့ “ နိဗ္ဗာန် ” ကို မျက်
မှောက်ပြု စံဝင်မယ်တဲ့ ဗျာ..။ သကဓါဂမ် တို့ ၊ အနာဂမ်တို့ ၊ ရဟန္တာတို့ ကတော့  အင်း ... ကျွန်တော်တို့  မလှမ်း
နိုင်မမှီနိုင်ပေမယ့်  ခုန ပြောတဲ့  စူဠသောတပန်လေးအဆင့် ကတော့  ကိုဇော်တို့ ၊ ကျွန်တော်တို့ ၊ မမကီတို့ 
မမရွှေစင်တို့ .. အိုဗျာ... ဘလော့ လောကတစ်ခုလုံး၊ စာဖတ်ပရိတ်သတ်အားလုံး လုပ်လို့ ရတဲ့  ကပ်ကပ်ကလေး
ရှိနေတဲ့  နည်းကလေးပဲ ကိုကိုဇော် ..။

အဲ့ ဒီနည်းက အများကြီးမဟုတ်ဖူး။
အချက် လေးချက် ပဲ ရှိတယ် သိလား။
တောထဲ ပြေးဝင်ဖို့ ၊ ချွေးတစ်လုံးလုံးနဲ့  တရားတွေကြီးပဲ ဖိ ထိုင်နေတာမျိုးမဟုတ်ဖူးတဲ့ ။
အချေအနေ ပေးရင် ကျွန်တော်ဆက်ပြောပြမယ်နော်..။

ကျွန်တော်က ကိုဇော့် လို စာဖတ်အား၊ စာရေးအားနဲ့  ဗဟုသုတ အလွန်ကြွယ်တဲ့  သူတစ်ယောက်ကို ဘုန်းဘုန်း
အားကိုးနဲ့ ပဲ ကိုယ့်ပါးစပ်နဲ့  မဆန့် တဲ့  စကားလုံးကြီးတွေ သုံးပြီး ဆွေးနွေးနေမိပြီဗျာ..။

ကဲ ... ကိုကိုဇော်ရေ့  ..။
အချိန်တွေ အများကြီး နှုတ်သွားပြီဗျာ..။
ကျွန်တော်ရေးတဲ့ စာ ကတော့  ရသ မြောက်ချင်မှ မြောက်ပေမယ့်  ကျွန်တော်တို့  ရ ထားတဲ့  လူ့ ဘဝ ကြီး
ကတော့  ရသ ပေါင်းစုံ ခ,ညောင်းနေလို့  ရသ တွေကိုမှ ခံစားချင်တဲ့  ကျွန်တော်တို့  ပြန်လိုချင်နေတာကတော့ 
မလွန်ဖူး ထင်ပါတယ်နော်။

ကိုဇော်က ကျွန်တော့် ကို ကြိုက်တာရေးပါ လို့  ခွင့်ပြုခဲ့ လို့  ကြိုက်တာပဲရေးခဲ့ တာကြောင့်  မကြိုက်တာများ
ဖြစ်သွားခဲ့ ရင် ဝန်တာမိ ပါပဲ ကိုဇော်ရေ့  ။

သည်ပို့ (စ) လေးကတော့  ပြီးခဲ့ သည့် လ ပိုင်းက ကျွန်တော်တင်ခဲ့ သော “ မျက်ရည်မကျခင် သိစေချင် ”
( ဆောင်းပါး ) ၏ အဆက် အပိုင်း ( ၂ ) ဖြစ်ပါသည်။ ဒါပေမယ့် ကိုဇော်က တဂ်ပို့ (စ)လေး ရေးပါရန် ပြော
လာသည်နှင့် ကြုံကြိုက်ပြီး မျက်ရည်မကျခင် သိစေချင် ( ၂ ) ကိုပဲ ကိုဇော့်အတွက် တဂ်ပို့ (စ)လေးအဖြစ်နှင့် 
ရေးလိုက်မိပါတော့ သည်။


...................................................................................................................

11 comments:

ရွှေစင်ဦး said...

အင်း အဖြူလေး ရေ

သာဓု.. သာဓု... သာဓု လို့ဘဲ သုံးကြိမ်ပြည့်အောင် ခေါ်ခဲ့ပါတယ်

နောက်ထပ်လည်း နိဗ္ဗါန်ရောက်ကြောင်း တရားလေး တွေ ဟောကြားနိုင်ပါစေလို့

ကိုဇော် said...

နိဗ္ဗာန်ကို သုည ကိစ္စနဲ့ နှိုင်းတာမှာ တကယ်လို့ တခြားလူ တစ်ယောက်ဆိုရင်တော့ ကျနော်က ကိုဖြူ့ကို ဘာသာခြားလို့ပဲ ထင်ရတော့မှာပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်ရှင်းထားတော့ နိဗ္ဗာန်ရှိတာကို ယုံပြန်တယ် ဆိုတော့ ဘာမှ မပြောတော့ပါဘူး။ လူတွေက ပြောတတ်ကြတယ်ဗျ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ် ဘာညာပေါ့။ ကောင်းတာ လုပ်ယုံနဲ့လည်း မပြီးသေးဘူးလေ။ ကောင်းတာကို လုပ်ရင်း သူများတွေကိုလည်း တကယ့် စိတ်ရင်းနဲ့ နှိုးဆော်ဖို့လည်း လိုပါသေးတယ်။

ရေးပေးတဲ့ အတွက် ကျေးဇူးပဲဗျာ။

မောင်စေတနာ said...

နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဝင်နာသွားပါတယ်ခင်ဗျား

ကျွန်တော်ကတော့ နိဗ္ဗာန်ကို မရောက်ချင်သေးပါဘူး

ဆက်လက် ဟောကြားနိုင်ပါစေဗျာ


လေးစားလျှက် ...

IDIOT-Ki said...

နိဗ္ဗာန်ဆော်ကြီး ဦးအဖြူလေး ရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဖတ်ရှုမှတ်သားသွားပါတယ် ၊
သာဓု သာဓု သာဓု ပါ.....

နိဗ္ဗာန်ရောက်ဖို့ အတွက် ဒါန သီလ ဘာဝနာ အပြင်
စုတိနဲ့ ပဋိသန္ဓေ အကြား .. ပေါ်လာတတ်တဲ့ ကံ ၊ကမ္မ၊ကတိနမိတ် ဆိုတဲ့ အာရုံတွေပေါ်ရော တည်နေပါသေးသလား....

ခုလောလောဆယ်တော့ နိဗ္ဗာန်ရောက်မယ်ဆိုရင်တောင် သွားချင်သေးဘူး.. လောဘ ဒေါသ မောဟ ဇောတွေ နဲ့ မပြတ်နိုင်သေးလို့ပါ ..

နှင်းနိုင် said...

လာဖတ်သွားပါတယ် ကို အဖြူလေးရေ.... ပို့စ်ကောင်းလေး တပုဒ်ပါပဲ... အဖြေလေးကို ဘာလို့ ထည့်မရေးတာလဲ... နောက်တပုဒ်မှာ ပါမှာလား...း))

ခနွဲ said...

နိဗ္ဗာန်ကို တကယ်ရောက်ချင်လားဆိုတဲ့ မေးခွန်း နဲ့ ပုံပြင်လေးတစ်ခု ဖတ်ဖူးတယ်။ တကယ် သွားမယ်လိုက်ခဲ့လို့လည်း ပြောရော အိမ်က မိန်းမ ကိုပါ သွားပြောလိုက်ဦးမယ်ဖြစ်ရော။ ဒါကတော့ တစ်ဦးနဲ့တစ်ဦး မတူနိုင်ဘူးလို့ထင်ပါတယ်။ ကိုဇော် ရဲ့ နောက်ဆုံးသွားချင်တဲ့ နေရာက နိဗ္ဗာန်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောက်ချင်မှ ရောက်မှာပါ။ သွားချင်တဲ့ စိတ်ပါ။ နိဗ္ဗာန်ဟာ ဘာမှ မရှိတဲ့ သုညမဟုတ်ဘူးလို့ ဖတ်ဖူးပါကြောင်း။ သူ့ကို ပြောတဲ့အခါမှာ Absolute လို့ သုံးတယ်လို့ပြောပါတယ်။ ကျွန်တော်လည်း သေချာတော့ နားမလည်ပါ။ ဒါပေမယ့် တကယ်သွားချင်တဲ့ သူတွေလည်း ရှိမှာပါ။ နောက်ပြီး အပေါ်က ပုံပြင်ထဲကလို မိန်းမကို သွားပြောလိုက်ဦးမယ်ဆိုတဲ့ လူတွေလည်း ရှိမှာပဲလေ။ လောကကြီးမှာ ..လူမျိုးစုံစွာ..အတွေးမျိုးစုံးစွာနဲ့ ပေါ့။

ahphyulay said...

နောက်တစ်ပုဒ်တွင် အဖြေ ထည့် ရေးပါမည်။

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်အကျိုးရှိသော စာလေး ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ.....အကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

လရိပ်အိမ် said...

တရားဝင်နာသွားသည်။ အားအားရှိတရားဘဲဟောနေနော်။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်ကိုယ်တိုင် လုပ်သလို သူများတွေကိုလည်း လုပ်စေချင်တဲ့ ကိုအဖြူလေးရဲ့ စေတနာကို ရေရေရာရာ သိလိုက်ပါတယ်။
စေတနာ ဝေဖြာတတ်သော ကိုအဖြူလေး
စိတ်၏ငြိမ်းချမ်းရာကို အမြန်ဆုံး ရရှိပါစေ

sosegado said...

သံသရာက မလွတ်မြောက်နိုင်၍ လူပြန်ဖြစ်ခဲ့ရသောလည်း ဘယ်လိုလူမျိုးဖြစ်ချင်သလဲ၊ နတ်ဖြစ်ရသောလည်း ဘယ်လို နတ်မျိုးဖြစ်ချင်သလဲ၊ နေ့စံ ညခံ၊ ညစံနေခံ၊ ဆင်းရဲချမ်းသာ တရားဓမ္မာမှာ မွေ့လျှောနိုင်ဘို့သည်၎င်း ကျင့်ကြံခွင့်ရရန်သည်၎င်း အစုံစုံ တို့သည် နေ့စဉ် ကျနော်တို့ပြုလုပ်နေသော အကြောင်းအကျိုးတို့ပေါ် မှီခိုနေသည်…………

နိဗ္ဗာန်မရောက်ခင် စပ်ကြား…………….

ဘာလုပ်ကြမည်နည်း………