Thursday, August 4, 2011

လွတ်လပ်ရေးနေ့  မွေးတဲ့  နှင်းဦးရဝေ


ဤဝတ္ထုသည် တကယ့် အဖြစ်ကို တကယ့် အဖြစ်အတိုင်း ပြန်ရေးထားသည့်  ဝတ္ထုဆန်နေသော ဝတ္ထုတစ်ပုဒ်
ဖြစ်ခဲ့ ပါသည်။ အချစ်တစ်ခုတည်းကို ရှု့ ဒေါင့်  အမျိုးမျိုးမှ ဖေါ်ပြနိုင်သလို အကွေ့ အကောက် အနိမ့် အမြင့် များ
လှသည့်  လူ့ ဘဝဇာတ်ခုံကြီးအကြောင်းကိုလည်း သူ ပြချင်သော “ အချစ် ” အကြောင်းနှင့်  အပြိုင် ပြ နိုင်ခဲ့ ပါ
သည်။ ထို့ ကြောင့်  ကျွန်တော် အလွန်ကြိုက်သောကြောင့်  တဆင့်  ပြန်တင်မိခဲ့ ပါသည်။ ဘဝကတော့  ရုန်းကန်
ကူးခတ်နေရင်း ကုန်ဆုံးသွားရသလို ကိုထွေး၏ ဇာတ်လမ်းကလည်း ရေးနေရင်း ပြီးဆုံးခါနီးသို့  ရောက်ခဲ့ ရပြီ။
ဒါဆို , ချစ်တတ်လွန်းသည့် “ အချစ် ” ကရော ..... ။

.............................................................................................................................


ကျွန်တော် ရုပ်ရှင်ရုံမှ ထွက်လာချိန်မှာပင် အဖျားဝင်ပြီဆိုတာ ချက်ခြင်း ရိပ်မိလိုက်ပါသည်။ ရုပ်ရှင်ရုံထဲမှာ
နှစ်နာရီနီးပါး အအေးခံခဲ့ သော ကိုယ်ခန္ဓာက နေ့ လည်နှစ်နာရီကျော် ဘန်ကောက်နေ၏ အပူဒဏ်ကို မခံနိုင်ရှာ။
ကြက်သီး ဖြန်းဖြန်းထရင်း အိမ်ပြန်လာခဲ့ ရသည်။ ကျွန်တော့် အိမ်တွင် ဇနီးအေး၏ မောင်ဖြစ်သူ ကိုနိုင်လည်း
ရောက်နေ၏။ ကျွန်တော် အိမ်မရောက်ခင် လမ်းသွယ်ထိပ်မှ ဆိုင်တွင် “ ကွေ့ တီအို ” ဝင်စားကြည့် သည်။ ပါးစပ်
က လက်မခံတော့ ။ အသားလုံးများကို ဝါးနေရင်းကပင် ခံတွင်းက အန်ချင်နေ၏။ ကိုယ်ပူရှိန်က တရိပ်ရိပ် တက်
လာပြန်သည်။

အိမ်ရောက်တော့  ကိုနိုင့် ကို ဆဲဗင်းအီလဲဗင်းဆိုင်တွင် ဆေးသွားဝယ်ခိုင်းသည်။ ကိုနိုင် သွားဝယ်၏။ သို့ သော်
မရခဲ့ ။ သူက ယိုးဒယားစကားမှ မတတ်ပဲကိုး။ ဆေးများက ကောင်တာမှာသာ ရှိသည်မို့ မပြောတတ်လျှင် ဝယ်
၍ မရ။ ယိုးဒယားဆေး “ တစ်ဖီ ” ကိုပင် ကိုနိုင် မပြောတတ်။ ကိုနိုင်ဆေးဝယ်မရသဖြင့်  ကျွန်တော် ခေါင်းမြီးခြုံ
အိပ်နေရာမှ ကပျာကယာ ထပြီး ဖိုင်တို့  အိမ်ဖက် ထွက်လာခဲ့ မိပါသည်။

ဖိုင်တို့ အိမ်၌ စူဒါနမ်( နမ်ရို့  ) အား သူ့ အဖွားက ချော့ သိပ်နေပါသည်။ ကျွန်တော့် ကို တွေ့ တော့  မေးလာသည်။
နေမကောင်း ဖြစ်နေပုံကို ရိပ်မိ၍ ဘာဖြစ်နေတာလဲဟု မေးခြင်းပင်။ ကျွန်တော် စကားမဆိုနိုင်။ နေမကောင်း
ကြောင်း ခေါင်းညိတ်ပြ၍ စောင်နှင့် ခေါင်းအုန်းတောင်းကာ ကြမ်းပြင်ပေါ်တွင်ပဲ ထိုးလှဲချလိုက်မိတော့ ၏။ ထို့ 
နောက် ကျွန်တော် ခြောက်နာရီနီးပါး သတိလစ်သွားခဲ့ သည်။

ဖိုင်လည်း အချိန်ပိုင်းမဆင်းတော့ ပဲ ပြန်လာပြီး ကျွန်တော့် ကို ပြုစုရှာသည်။ ဆေးခေါ်ထိုးပေးသည်။ စားဆေး
တွေ တိုက်၏။ အဖျားက မကျ။ သတိက မရတစ်ချက်၊ ရ တစ်ချက်။ နောက်တော့  ရေပတ်တိုက်ဖို့  သတိရပြီး
ဖိုင့် ကို ရေပတ်တိုက်ခိုင်းလိုက်သည်။ ဖိုင်က ချက်ခြင်းမလုပ်ရဲ။ ကျွန်တော် အတန်တန် ပြောတော့ မှ မျက်နှာကို
အရင် တိုက်ပေးသည်။ နောက်တော့  ကိုယ်လက်များကို တိုက်ပေးသည်။ ကျွန်တော် အပူချိန်ကျသွားသဖြင့် 
သုံးလေးခါ တိုက်ပေးပါတော့ သည်။ ဖိုင်က ကျွန်တော့်ကို ပွေ့ ထားရင်း ငေးငိုင်နေပါ၏။

မနက်ပိုင်းမှာ အဖျားက ပြန်တက်ချင်သေးသော်ငြား ဆယ့် တစ်နာရီလောက်မှာတော့  အဖျား မရှိတော့ ။ ဖိုင်က
မေးသည်။
“ ရှင်ဘာဖြစ်တာလဲဟင်၊ တစ်ညလုံး ... အို .. တစ်ညလုံးပဲရှင်၊ ကျွန်မ ကြောက်နေတယ် ”
“ ဟုတ်တယ် ဖိုင်.. ကျွန်တော် တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ရုပ်ရှင်ရုံက ထွက်လာကတည်းက ဖျားတာပဲ ”
“ တစ်ညလုံးပဲ .. အခုကျတော့ လည်း အံ့ သြစရာပဲ၊ ရှင်ဘာမှ မဖြစ်သလိုပဲ၊ တကယ်နော် ”
ဖိုင်က သူဘယ်လောက် ပြုစုယုယခဲ့ သည်ကို ဖွင့် မပြော။ သို့ သော် ဖိုင့် အမေက ပြောပြ၍ ကျွန်တော် သိပြီး
လေပြီ။ ဖိုင့် အမေကလည်း ကျွန်တော်ချက်ခြင်း နေပြန်ကောင်းလာပုံကို မယုံနိုင်။ တစ်နေ့ လုံး၊ တစ်ညလုံး
သေလုမြောပါး သတိလက်လွတ် ဖြစ်နေသည်မို့  ဆေးရုံတင်ရန်ကိုပင် တိုင်ပင်နေကြ၏။ ယခု ကျွန်တော် ပြန်
နာလန်ထလာပုံက ယုံချင်စရာ မရှိ။ ကျွန်တော် တွေးလိုက်သည်က ဇနီး အေး ကို ဖြစ်ပါသည်။ “ အေး ” သည်
နေ့ စေ့  လစေ့ ဖြင့်  မီးဖွားချိန် ရောက်နေပြီ။ ကျွန်တော် သက်သာလာခြင်းသည် သူ့ အတွက် ဥပါဒ် ဖြစ်စေမည်
လားဟု တွေးကာ ဖုန်းဆက်မိ၏။

“ အေး ” ဘာမှ မဖြစ်။ လွန်ခဲ့ သော နှစ်ရက်ကပင် “ သမီးလေး ” မွေးဖွားပြီး ဖြစ်ကြောင်း အမေက ပြောပြသည်။
လွတ်လပ်ရေးနေ့ မှာ မွေးသည်ဟု ဆို၏။ ကျွန်တော် အံ့ သြမိသည်မှာ စူဒါနမ်(နမ့် ရို)သည် စနေနေ့  မွေး၍၊
ယခု သမီးသည် လွတ်လပ်ရေးနေ့  မွေး၏။ “ စူဒါနမ် ”ကို ၉၈ မှာ မွေးပြီး၊ “ နှင်းဦးရဝေ ” အား ၂၀၀၀ ပြည့် နှစ်
မှာ မွေးခဲ့ သည်။

“ စူဒါနမ် ” က စိတ်ကြီးသည်။ ငယ်တုံးမို့ လား မပြောတတ်။ သူ့ ပစ္စည်း၊ သူ့ ဥစ္စာကို အလွန်မှတ်သားတတ်၏။
အနိုင်ကျင့် တတ်သည့်  စိတ်ကလေးကိုမူ ကျွန်တော်မကြိုက်။ သူ့ အစ်မဝမ်းကွဲများ၏ ကျောင်းစာအုပ်များ၊ ကစား
စရာများ၊ အဝတ်အစားသစ်များကို မကြာခဏ လုယူတတ်၏။ တစ်အိမ်လုံးကလည်း သူ့ ဘက်ကဆိုတော့  ပို၍
အနိုင်ယူလိုစိတ်များ ကဲနေခြင်းဖြစ်သည်။ တစ်ချီမှာတော့  သူ့ အမဝမ်းကွဲပစ္စည်းကို လုယူသွားသဖြင့်  ကျွန်တော်
သူ့ ကို ရိုက်ဖို့ ပြင်သည်။ အာခေါင်ခြစ်၍ အော်လေသဖြင့် သူ့ အဘွားရော၊ ဘေးခန်းမှ လူများပါ ဒရောသောပါး
ရောက်လာကြ၏။ ကျွန်တော် မရိုက်ရသေးကြောင်း သူ့ အစ်မက သက်သေစကားဆိုသည့် တိုင် “ နမ့် ရို ” ဤမျှ
အထိ တစ်ခါမှ မကြောက်ခဲ့ ဖူးကြောင်း သူ့ အဖွားက ကျွန်တော့် ကို ပြစ်တင် ပြောဆို၏။ ဟုတ်တော့ နေပြီ။
စူဒါနမ်သည် အတော့် ကို ပုံသွင်းရ ခက်တော့ မည်။
ထိုကိစ္စနှင့်  ပတ်သက်၍ ဖိုင်နှင့် ကျွန်တော် ဆွေးနွေးရလေပြီ။
“ အမေတို့  မရဘူးရှင်၊ နမ့် ရိုမှ နမ့် ရိုဆိုတော့  ကျွန်မလည်း ရိုက်တာပဲ၊ မရဘူး ”
“ ကြာရင် ဖိုင့် ကို မကြောက်ပဲ နေမယ်နော် ”
“ မကြောက်တာတော့  အမှန်ပဲ၊ အမေက သူ့ ကို လသားကတည်းက ထိန်းကျောင်းခဲ့ တာ၊ ညဆို အဘိုး အဘွား
နဲ့ ပဲ အိပ်တယ်၊ ကျွန်မကို ကပ်တာမဟုတ်ဘူး ”
“ ဖိုင်က အပျိုလုပ်နေတာကိုး ”
“ ရူးပြန်ပြီ .. ဘာစကားပြောတာလဲ ”
“ ဖိုင် ... ဖိုင့် မှာ မိခင်စိတ်မရှိသလိုပဲ။ ကျွန်တော် အခုလာတယ်၊ ဖိုင်ဘာမှ မစဉ်းစားဘူး၊ ကျွန်တော်၊ဖိုင်၊ သမီး
လေးတို့  နှစ်ဆယ့် လေးနာရီ မဆုံသေးဘူး၊ ဖိုင်လုံးဝမပြောဘူး၊ ဖိုင့် အလုပ်ကိုပဲ ဖိုင်တွေးတယ်။ အချိန်ပိုတွေ
ဆင်းနေတယ်၊ ဖိုင် ... ”
သူ ခေါင်းငုံ့ သွားသည်မို့  ကျွန်တော် လေသံလျှော့ လိုက်ရ၏။
“ ရှင် ဘာမှ မသိဘူးနော်၊ တကယ်..တကယ်.. ရှင်ဘာမှ မသိဘူး”
“ ဘာဖြစ်လို့ လဲ ဖိုင်..”
“ ကျွန်မတို့ လေ ... ကျွန်မတို့  အဖေ့ အကြွေးတွေ ဆပ်နေရတယ်၊ ဖေဖေ ငွေတွေ အများကြီး ရှုံးခဲ့ တယ်၊ လူမိုက်
တွေဆီက ချေးတာ၊ မဆပ်ရင် ဒုက္ခရောက်မယ်၊ အဲ့ ဒါကြောင့် ပါ ”
“ ဘယ်လောက်လဲ ဖိုင်၊ လောင်းကစားကြောင့် လား”
“ ဟုတ်ပါ့  .. ဖိုင် ရှင့် ကို တောင်းပန်ပါတယ်နော် ”
“ ကိစ္စမရှိပါဘူးဖိုင်၊ ကျွန်တော် ဘာလုပ်ပေးရမလဲ နမ့် ရိုကို ... ”
“ အမေ့ ကိုတော့  နမ့် ရို စရိတ်အတွက် ကျွန်မ ပေးပါတယ်၊ ဟိုတစ်လောက ရှင်ပေးတဲ့  ဒေါ်လာတွေလည်း
အကြွေးဆပ်ထားတယ်၊ ကျွန်မမှာ လက်ကျန်မရှိတော့ ဘူး”
“ လေးငါးရက်နေရင် ကျွန်တော် ပေးမယ်နော်”
“ ရပါတယ် .. ကျွန်မ တောင်းပန်ပါတယ်နော် ”
“ ဖိုင်.. နမ့် ရိုကို ဘယ်မှာ ကျောင်းထားမလဲ။ ကျွန်တော် ဒီမှာ သိပ်ကြာမှာ မဟုတ်ဖူး။ ခရီး ထွက်ရအုံးမယ်။
တရုပ်ပြည်ဘက်ကို သွားဖြစ်ဦးမယ် ထင်တယ်။ ဗီဇာတော့  ရပြီးပြီ ”
“ သြော် .. သိပြီ... သိပြီ။ မိန်းမသွားရှာမလို့ လား.. ဟုတ်ပါတယ်လေ .. ”
ဖိုင်က ကျွန်တော် စိတ်မညစ်စေရန် စ,နေခြင်း ဖြစ်သည်။ ဖိုင်သည် ကျွန်တော် မိန်းမရသည့် ကိစ္စကို သေချာ
သော မနောစိတ်က သိပြီးနေရှာပြီထင်။ မိန်းမတို့ ၏ အသိစိတ်ကို ကျွန်တော် မခန့် မှန်းတတ်။ ဖိုင့် ကိုတော့ 
ဝန်ခံ၍ မဖြစ်သေး။ ဖိုင်သည် စစ်ရှုံးနေသူဖြစ်သည်။ သူ အပိုင်ရပြီဟု တွက်ထားသော သမီးနမ့် ရိုမှာလည်း
သူ့ ကို အသာစီးဖြင့်  သာချင်နေ၏။ ဖိုင့် ဘဝသည် ဘာဆို ဘာမှ ကိုယ်ကျိုးမရှိသော ဘဝပင်။ ကျွန်တော့် ပါးစပ်
ကသာ အများအတွက် အသက်ရှင်နေခြင်းဟု ကြိမ်းဝါးနေသော်လည်း ဖိုင့် လောက်ပင် ကိုယ်ကျိုးစွန့် နိုင်သူ
မဟုတ်။
ဖိုင့် ဘဝမှာ ဘာရှိသနည်း။
ကျွန်တော့် မှာက ဇနီးအေး ရှိ၏။ သမီးတစ်ဦးလည်း ရပြီ။ လောက သိုက်မြုံကို ကျွန်တော် တည်ဆောက်ခဲ့ ပြီးပြီ။
ဖိုင့်မှာ ဘာမျှမရှိ။ သမီး စူဒါနမ်၏ စရိုက်၊ အမူအကျင့် ၊ လူဖြစ်လာပုံ အစကိုက ဖိုင်နှင့် ခပ်ကွာကွာ ရှိလှ၏။ ဖိုင့် 
အမူအကျင့် မျိုး စူဒါနမ်မှာ မရှိ။ တစ်ချိန်တွင် စူဒါနမ်သည် ကျွန်တော့် လိုပင် လောကကို ထင်ရာစိုင်းချေဦးမည်။
သူ လူလားမြောက်ဖို့ အတွက်မူ ဖိုင့် ကို အသုံးချသွားလိမ့် မည်။ ဖိုင့် အချစ်၊ ဖိုင့်စွမ်းအား၊ ဖိုင့် မေတ္တာများကို
စားသုံးမှီဝဲပြီး ဖိုင့် ကို စွန့် မှာ သေချာနေ၏။ အဖေ့ သွေးက ချဉ်းနင်းခဲ့ ပြီကိုး။

ထိုစကားတွေ ဖိုင့်ကို ကျွန်တော် ပြောသောအခါ ဖိုင်က သည်းခံစွာ ပြုံးလျက် ခေါင်းငုံ့ ထားရှာသည်။ ကျွန်တော်
ဖိုင့်ကို ဂရုဏာသက်စွာဖြင့်  သူ့ လက်ကို ဆုပ်ကိုင်၍ ကျွန်တော် ပြန်လာမှာပါ၊ ကျွန်တော့် ကို ယုံပါပြောတော့ 
ဖိုင် ခေါင်းညိတ်၏။ ဖိုင့်ကို ကျွန်တော် ကြိမ်ဖန်များစွာ ခေါ်ခဲ့ သော်ငြား ဖိုင်က သူ့ မိဘကို မခွာနိုင်၊ ကျွန်တော်
ဖိုင့် ကို မတားချင်တော့ ။ ဖိုင်တည်ဆောက်ခဲ့ သော ဘဝသိုက်မြုံ၌ ဖိုင်သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်နေ၏။
သူ့ ဘဝ၊ သူ့ စွမ်းအား၊ သူ့ ပေးဆပ်မှုများကို ရယူသုံးစွဲသူများသည် သူတို့ အတွက် ဖိုင်မရှိ၍ မဖြစ်ပါ။ ဒါကတော့ 
မိသားစု ရေးရာသာ ဖြစ်၏။ မတရားမှုလည်းမဟုတ်။ မိသားစုတစ်ခု ရှင်သန်ကြီးထွားရန်အတွက် တစ်ဦးမဟုတ်
တစ်ဦးကတော့  ရုန်းကန်ရမြဲ ဖြစ်ပါ၏။ ဖိုင့် ဆိုလျှင် ဖိုင့် မိဘများက အားကိုးကြသည်။ ဖိုင့်ညီမနှစ်ယောက်က
ချစ်သည်။ ဖိုင့် တူမ နှစ်ယောက်က မရှိမဖြစ် တွယ်တာသည်။ စူဒါနမ်ကတော့  ဖိုင်သည် သူ့ မူပိုင်ပစ္စည်းဟု အပိုင်
တွက်ထား၏။ ကျွန်တော်ပင်လျှင် ဖိုင့် ဆီမှ ရယူခြင်းများစွာ ပိုင်ဆိုင်ခဲ့ သူ ဖြစ်သည်ကိုး။ ဖိုင့် ကို ဆိုလျှင်
ကျွန်တော်က အစ ပတ်သက်သမျှ အားလုံးက အပိုင်ဟု တွက်ထားကြသည်။ ဖိုင့် ကို ဘာမှ ပေးစရာမလို။ ဖိုင့်ဆီ
ကသာ ရသင့် ရထိုက်တာ မှန်သမျှ ယူကြမည့် သူတွေထဲတွင် ဖိုင်တစ်ယောက် လူသား စင်စစ် ဖြစ်နေ၏။
သို့ တိုင် ဖိုင်သည် ငြူစူခံရ၏။ အပြစ်တင်ခံရ၏။ ဝေဖန်ခံရ၏။ ချစ်သလိုလိုနှင့်  အနိုင်ကျင့် ခံရ၏။

ကျွန်တော် ဖိုင့် ကို ဘာချစ်ပါသနည်းဟု စေ့ စေ့ စဉ်းစားတိုင်း ကျွန်တော် ထင်တိုင်း ခြယ်လှယ်ခွင့် ရ၍ ချစ်ခြင်း
ဟု တဖြည်းဖြည်း ဝန်ခံ တွေးတောမိလာသည်။ ဖိုင် ကျွန်တော်နှင့်  ဝေးအောင် ဘယ်မျှ ပြေးပြေး မိပြီဆိုလျှင်
ဖိုင်သည် ကျွန်တော့် ကို ချစ်ရမြဲပင်။ ဤဖြစ်ရပ်အတွက် ကျွန်တော် ဖိုင့် ကို ဒူးထောက်ချင်သည့် တိုင် ဘယ်တော့ 
မှ ဒူးထောက်မည်မဟုတ်။ ဖိုင်သည် ကျွန်တော်၏ ရပိုင်ခွင့်  ဖြစ်သည်။ ကျွန်တော့်  နှလုံးသားတွင် နန်းစံနေသော
ကျွန်တော်၏ မူပိုင်မိဖုရားသာ ဖြစ်သည်။

သံသရာ ဟူသောဝေါဟာရကို ကျွန်တော် လွန်လွန်ကဲကဲ တွေးကြည့် မိပါသည်။
လွန်လေပြီးသော သံသရာတွင် ဖိုင်နှင့်  ကျွန်တော် ဆုံခဲ့ သည် ဆိုငြားအံ့ ။ ဖိုင်သည် ဤသဘောအတိုင်းသာ
ကျွန်တော့် ကို ချစ်ရှာပါလိမ့် မည်။

သမီး ရဝေ ကို ကျွန်တော် ရခဲ့ ပြီဆိုသောအခါ အိမ်ထောင်စု တာဝန်အား စတင်၍ တွေးတောလာခဲ့ မိသည်။ ဖိုင်၊
စူဒါနမ်နှင့် ကျွန်တော်တို့  သုံးဦးသား အိမ်ထောင်စုကလေးအဖြစ်ကို မဖန်တီးနိုင်။ ကြိမ်ဖန်များစွာ ကျွန်တော်ရော
ဖိုင်ပါ ကြိုးစားသည်။ မရ။ ၂၄နာရီမပြည့် သည့် အကြိမ်ပေါင်းများစွာဖြင့်  ခွဲခွာရသည်။ ဖိုင့် မိသားစု၌ ဖိုင်မရှိ၍
မဖြစ်။ စက်ယန္တယား၏ ပင်မအစိပ်အပိုင်းလို ဖြစ်နေသောကြောင့် ဖိုင်မရှိလျှင် လည်ပတ်ရာ၌ ကမောက်ကမ
ဖြစ်မည်။ ဖိုင့် တူမနှစ်ယောက်က အော်ကြ ငိုကြသည်။ ဖိုင့် အဖေက စိတ်ဓါတ်ကျသည်။ ဖိုင့် အမေက မြည်တွန်
သည်။ ဖိုင့် ညီမနှစ်ဦးက ဘာသိဘာသာ ဖြစ်ကုန်သည်။ ဖိုင်သည်လည်း စူဒါနမ်လိုပင် သူ့ အိမ်သို့ သာ လွမ်းနေ
ရှာသည်။

ကျွန်တော်နှင့် ဖိုင်သည် မိသားစုကိစ္စများအတွက် ကိုယ်ကျိုးရှာသော အတ္တပညာ မထွန်းကားကြ။ အချိန်တန်
လျှင် ဖိုင်သည် သူ့ မိသားစု အသိုက်အမြုံသို့ ပြန်၏။ ကျွန်တော်လည်း မိသားစုကိစ္စများထဲသို့  ပြန်ဝင်ပြေး၏။

လောက၌ ဖိုင်သည် ကျွန်တော်မရှိပဲ ဘာမျှမဖြစ်။
ဤသဘောတရားကို ကျွန်တော် ကောင်းစွာလက်ခံပြီး ဇနီးအေးနှင့်  မိသားစုသိုက်မြုံကို အကောင်အထည်
ဖေါ်ချင်လာမိသည်။ သို့ ရာတွင် ချက်ခြင်းမဟုတ်သေး။ ကျွန်တော် အမေရိကသို့  ထွက်သွားရန် အမျိုးမျိုးကြံ
သည်။ စိတ်က ပြင်းပြင်းပြပြ အာသီသ ဖြစ်မလာခဲ့ ။ ထို့ ကြောင့် စာပေအနုပညာနယ်ကို ကြံဆတွေးတောပြီး
အများနည်းတူပဲ စိတ်လျှော့ လိုက်မိတော့ သည်။

ဖိုင်နှင့် ကျွန်တော် နောက်ဆုံးဆွေးနွေးပွဲတစ်ခု ပြုရမည်ဟု တွေးရင်း စင်္ကာပူသို့  ပြန်ဝင်ပေးရမည့် ကိစ္စတစ်ခုကို
လက်ခံလိုက်မိသည်။

ထိုစင်္ကာပူခရီးသည် ကျွန်တော့် ဘဝအား သွေးထွက်အောင် ပြောင်းလဲစေခဲ့ သော ခရီး ဖြစ်တော့ သည်။
ကျွန်တော့် အား ကိုယ်ကျိုးရှာ ထင်ရာစိုင်းနေလျှင် လောကဥပဒေသက ဒဏ်ခတ်တော့ မည်ဟု တိတိကျကျ
သတိပေးလိုက်သော ခရီးစဉ် ဖြစ်တော့ သည်။ စင်္ကာပူထောင်၏ အရသာကို ဝဝလင်လင် ခံစားစေသည့် 
ခရီးပင်တည်း။


( ဆက်ရန် )

...............................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

7 comments:

စံပယ်ချို said...

ကောင်းတဲ့(စိတ်ဝင်းစား)တဲ့နေရာဆိုရင်ဖြတ်လိုက်ပြီ
စဆုံးတင်မရဘူးလား။ အဲလိုမလုပ်ပါနဲ့လေ....

ဟန်ကြည် said...

အင်း...သူ့ခမျာမလည်း လှေနံနှစ်ဘက်နင်းထားရင်း ဘယ်အချိန် ရေထဲကျမလဲလို့ တွေးကြောက်နေရတဲ့ ဘ၀မျိုးပါလား...ကိုယ့်ကိုယ်ကို ပြန်ကြောက်နေရတာ ပိုဆိုးမယ်ထင်ပါရဲ့...ဇာတ်လမ်းကတော့ ဇာတ်ရှိန်တက်လာပြီ...

Angelhlaing(May everybody be happy and healthy! said...

သူတို့တွေ တော်တော်ဆိုးဆိုး ဟွန့် ကောင်းခန်းကျရင် လုပ်ပြီ.. :P ဆက်ရန်လေး မျှော်လင့်နေပါတယ်ဗျို့..:):)

IDIOT-Ki said...

မိန်းမ ၂ ယောက်ကြားမှာ ဗျာများနေရပြီ ဖြစ်တဲ့ ကိုထွေး တယောက် ကလေး ၂ယောက်သာ ရ လာတယ်.. ဘာမှအတည်တကျ မရှိနိုင်သေးပါလား၊ ကိုယ့်အပူ ကိုယ်ရှာ နေတာပါလား...
ဇာတ်သိမ်းကောင်းပါ့မလား...း)

mstint said...

ဖိုင်နဲ့ ဇနီးအေးကြားမှာ ဇာတ်သိမ်းလေးတော့ စိတ်ဝင်စားသား။
တစ်ခါတစ်လေ ဖိတ်ခေါ်ခြင်းမရှိပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တဲ့ အပြောပြရခက် အကြောင်းကိစ္စလေးတွေဆိုတာ ရှိတတ်စမြဲပါ။
ဆက်ရန်လေးမျှော်နေတယ် အဖြူလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

စူဒူနမ် ဘဝလေးကိုပဲ တွေးပြီး သနားနေမိတယ်၊
ဖြစ်တတ်တွေဖြစ်တတ်တဲ့ လောကကြီးမှာ ဘာတွေဖြစ်ဦးမလဲ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုထွေးက ဘဝစုံသလို ထောင်လဲစုံနေပြီနော်
ခက်ခဲကြမ်းတမ်းတဲ့ လူ့ဘဝကို ညွှန်ပြနေသလိုပါဘဲ
သူတို့ အိမ်ထောင်ရေးကလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်တယ်။