Thursday, August 18, 2011

ဘန်ကောက်ကို သစ္စာဖောက်မိသူ ..။

ကျွန်တော်တို့ အား သက်ဆိုင်ရာမှ နှစ်ကြိမ်နှစ်ခါ ခေါ်ယူ စစ်ဆေးပြီးချိန်တွင် ဘန်ကောက်ကို ကျွန်တော် အမုန်း
စိတ်ဝင်လာသည်။ နှစ်ခေါက်လုံးမှာ နိုင်ငံရေးနှင့် ဆက်သွယ်ပတ်သက်မှု ရှိ၊မရှိ ခေါ်ယူစစ်ဆေးခြင်း ဖြစ်၍ ပိုပြီး
စိတ်ပျက်လာသည်။ သူတို့ က ရိုးရိုးစစ်တာမဟုတ်။ မှတ်တမ်းမှတ်ရာ အချက်အလက်များ၊ ပတ်(စ)ပို့  မိတ္တူများ
ဓါတ်ပုံများဖြင့်  ဖိုင်လုပ်ပြီး စစ်ချက်ယူထားကြသည်။ ဤပြဿနာက မလွယ်လှ။ ကျွန်တော်တို့ က ပတ်(စ)ပို့ 
အတည်တကျ ကိုင်သူများ မဟုတ်။ စင်္ကာပူဗီဇာရှိသည့် စာအုပ်ကို အဓိက ကိုင်သူများဖြစ်၍ မကြာခဏ နာမည်
လွဲနေတတ်၏။ နောက်တစ်ကြိမ် လာစစ်ပါက ပတ်(စ)ပို့  မတူလျှင် သေဖို့ သာ ရှိတော့ မည်။ ဤအမှုကား
မသေးလှ ။

နောက်အပူတစ်ခုက ဖိုင့် ကို ဇနီးအေးကိစ္စ ဖွင့်ပြောရမည့်  အပူ ဖြစ်သည်။
ဖိုင်၏ ကြီးမားသော သစ္စာတရားကို ကျွန်တော် ဥပေက္ခာမပြုခဲ့ ။ ကျွန်တော် မိန်းမယူလျှင် သူ့ ကို ဖွင့်ပြောပါဟု
ကတိတောင်းခဲ့ သည်မှာ ကြာခဲ့ ပြီ။ ကျွန်တော် မည်သို့  ပြောရမည်ကို မသိသေး။ ဝေ့ လည်ကြောင်ပတ် လုပ်နေ
မိသည်မှာ ကြာပြီ။ ကျွန်တော် အဖျားတက်ပြီးချိန်တွင် ဖိုင်၏ သစ္စာတရားက ကျွန်တော့် ကို မရမက နှိုးဆော်
လေပြီ။ ဖိုင်၏ ဖြူစင်သော သစ္စာတရားကို ကျွန်တော် တုန်လှုပ်လာ၏။

ဒုတိယအပူဖြစ်သည့်  ဇနီးအေးကိစ္စကို ဖွင့် ပြောရန်အတွက် ဖိုင့် ထံမှ အားနည်းချက်ကို ကျွန်တော် အကွက်
ချောင်းနေသည်။ ဘာမှ မတွေ့ ရသေး။ စင်္ကာပူ ပြန်တက်ရန် ရက်မှာလည်း နီး၍လာချေပြီ။ တစ်ရက်မှာတော့ 
“နမ့် ရို” နေမကောင်းချိန်မှာ ဖိုင်တစ်ယောက် အချိန်ပို ဆင်းနေသည့် အတွက် ကျွန်တော် ဆူရင်း၊ငေါက်ရင်း
ကိုယ့် အပူကိုပါ တစ်ခွန်းတစ်စ ပြောချလိုက်သည်။ ဖိုင်က ရုတ်တရက် ခွန်းတုံ့ မပြန်။ နောက်နေသည်ပဲ ထင်၏။
ကျွန်တော်နှင့် လိုက်လာပြီး ထပ်ခါထပ်ခါ မေးလာတော့ မှ ...
“ ကျွန်တော် မတောင်းပန်ချင်ဘူး၊ ကျွန်တော် မိန်းမ ရခဲ့ ပြီ ”
“ တကယ်လားရှင် ..”
“ တကယ်ပါဖိုင်၊ ကျွန်တော် ဖျားတဲ့ နေ့ က သမီးလေး မွေးတယ်တဲ့ ၊ မနက်အစောကြီး ဖုန်းခေါ်တာလေ ”
“ ကျွန်မ မယုံဘူး ”
“ မယုံလို့  မရဘူး ဖိုင်၊ ကျွန်တော် ပြောနေတာကို ယုံရမယ်၊ မြန်မာပြည်မှာ ရှိတယ် ”
“ ဟင့် အင်း .. ရှင့် မိန်းမ ဒီမှာပဲ မဟုတ်လား၊ ဘယ်မှာ ထားလဲ ပြော ”
ဖိုင်က ပြောပြောဆိုဆို ကျွန်တော့်အိမ်မှာ ရောက်နေသော မိန်းခလေးနှစ်ယောက်ဟု ထင်ကာ ချက်ခြင်း သွား
တွေ့ ရန် ပြင်သည်။
“ မဟုတ်ဖူး ဖိုင်..၊ သူတို့ က ဧည့် သည်တွေပါ၊ အစ်ကို့  ဧည့် သည်တွေ ဖိုင်၊ ကျွန်တော် ပြောတာ မယုံရင် ဆက်
မပြောတော့ ဘူး ”
ကျွန်တော့် စကားကြောင့် တိုက်ခန်း လှေကားတွင် အမုန်းခွန်အားကို ဖိုင် တည်ဆောက်သည်။
ကျွန်တော် သိလိုက်ပါပြီ။ သူ့ နှလုံးသားမှ ကျွန်တော့်ကို နှင်ထုပ်ရန် အမုန်းခွန်အားကို ဖိုင်ထူထောင်ပါတော့ မည်။
ဖိုင်သည် သံယောဇဉ်အပူကို ဘယ်သူ့ အကူမှ မပါပဲ ငြှိမ်းပါတော့ မည်။

ကျွန်တော် အခန်းထဲသို့  မနဲခေါ်ယူ၍ ဓါးတစ်ချောင်း ချပေးလိုက်သည်။ ဖိုင်က ဓါးကို ဆတ်ကနဲ ကောက်ကိုင်
လိုက်သည်။ ထိုးလိမ့် မည်ဟုပင် ကျွန်တော် ထင်၍ ခေါင်းငုံ့ ကာ ငြိမ်နေလိုက်သည်။ ခဏအကြာမှာ ဖိုင် ထွက်
သွားသည်။ လှေကားဝတွင် သွားပြန်ထိုင်နေသည်။

ကျွန်တော် ဖိုင့်ကို မချော့ ချင်၊ ပေးတဲ့ အပစ်ကိုသာ ခံယူလိုက်ချင်သည်။ ခက်သည်က ဖိုင်က ဘာအပစ်မှ မပြော။
သူ့ ကိုယ်သူပင် အပစ်တင်ရင်း သူ့ ဝေဒနာကို သူ ကုစားနေပြန်သည်။ နောက်နှစ်ရက်ကျော်အထိ ဖိုင် ပေါ်မလာ
တော့ ပေ။

ကျွန်တော် ဖိုင့်အိမ်ကို ရောက်သွားချိန်တွင် ဖိုင် ဖျားနေသည်။
ကျွန်တော် ထွေးပွေ့ သောအခါ ဖိုင် ရှိုက်ကြီးတငင် ငိုပါတော့ သည်။ နမ့် ရို မရှိ၍သာ တော်တော့ သည်။ ဖိုင်က
ကျွန်တော့်နှုတ်မှ တောင်းပန်စကား ထွက်လာမလားဟု ငေးကြည့် သည်။ ကျွန်တော် မတောင်းပန်ရက်တော့ ပါ။
ဤဖြစ်ရပ်များကို စိတ် အားလပ်သော နေ့ တစ်နေ့ တွင် ကျွန်တော် ငိုချရင်း ပြန်စဉ်းစားချင်၍ ဖြစ်သည်။ ငိုချရင်း
အောက်ပါ စကားတွေကို တစ်ယောက်ထဲ ပြောလိုက်ချင်သည်။

“ ကျွန်တော့် နှလုံးသားထဲမှာ ဖိုင် ဘယ်နေရာအထိ တိုးဝင်ရှိနေတယ် ဆိုတာ ကျွန်တော့် ဖာသာ ငိုချရင်း
တမ်းတမ်းတတ တွေးမိဦးမှာပါ ဖိုင်ရယ်၊ နှလုံးသားထဲက အပစ်တွေကို ဘဝတစ်လျှောက်လုံး သိမ်းထားရင်း
လောကဓံလှိုင်းကြောင့်  စိတ်ပန်းနွမ်းရိလေတိုင်း ကျွန်တော် မှားခဲ့ လေခြင်းလို့  အောက်မေ့ နေမှာပါ ”
“ ဖိုင်တို့ ၊ နမ့် ရိုတို့ ၊ ဇနီးအေးတို့ ၊ ရဝေ တို့ ကအစ တစ်ချိန်မှာ ကျွန်တော့်ရဲ့  အပြစ် မြောက်များစွာအတွက်
နာကြည်းဒေါသ ဝင်ကြမှာပါ၊ ဘယ်သူ့ ကိုမှ ကျွန်တော် မတောင်းပန်ဘူး ဖိုင်၊ ဒါဟာ “ အဒါ ” ရဲ့  မာနတရား
အစစ်ပဲ၊ နှလုံးသားက မခံနိုင်လို့  ငိုချသည့် တိုင် ကျွန်တော့်  ဝေဒနာ၊ ကျွန်တော့် ခံယူချက်၊ ကျွန်တော့် အတ္တ
တရားတွေ အတွက် ဒူးမညွတ်ချင်တော့ ဘူး၊ အားလုံးကို တတ်နိုင်သရွေ့  ကျွန်တော် ချစ်ပြခဲ့ တာပါပဲ ဖိုင်၊
တစ်ဦးတစ်ယောက်ထဲအတွက် ပုံမပေးနိုင်တဲ့ အပြစ်ကြောင့်  ဥပေက္ခာတရားကိုယ်စီနဲ့  ကျွန်တော့် ကို မုန်းတီး
ကြရင်လည်း တောင်းပန်ဖို့  ကျွန်တော် ဆန္ဒ မရှိဘူး။ ငိုချခွင့်  ကြုံတဲ့ နေ့ မှာတောင် တစ်ယောက်ထဲ ကျိတ်ငိုပစ်
မယ်။ ကျွန်တော့် အပြစ်ကို ကျေပါစေလို့  ဘယ်သူ့ ကိုမှ တောင်းပန်တိုးလျှိုးပြီး ဝေဒနာကို မဖြေသိမ့် ဘူး။
ကျွန်တော့် ဘာသာပဲ ခံစားယူမယ်။ ဖိုင့် ခံစားချက်ကို စာနာမိရင်လည်း ကျွန်တော် ငိုချင်တယ်။ ဇနီးအေးရဲ့ 
ခံစားချက်ကို ငဲ့ ကြည့် မိရင်လည်း ကျွန်တော် ငိုချချင်တယ်။ တတ်နိုင်သရွေ့  တော့  ခံနိုင်ဦးမှာပါ ”

ဖိုင့် ကို ဖွင့် ပြောပြီးချိန်က စ,ပြီး ဘန်ကောက်ဟာ ကျွန်တော့် ကို မပျော်ရွှင်စေတော့ ပါ။
ဘန်ကောက်မနက်၊ ဘန်ကောက် ညနေ၊ ဘန်ကောက် ညအခြေ မြို့ တော်ကြီးဟာ ကျွန်တော့် အတွက် ပိုလို့ 
ပျင်းရိစေခဲ့ ပါပြီ။ ဘန်ကောက်မှာ ကျွန်တော် မပျော်တော့ ။

ဘန်ကောက်ဟာ ပျော်စရာ မရှိဘူးလို့  သစ္စာဖောက်စကား ကျွန်တော် ပြောခဲ့ မိပါပြီ။
ဘန်ကောက်ကိုမှ မဟုတ်။ ဖိုင့် ကိုလည်း သစ္စာဖောက်ပြခဲ့ ပြီ။ ထို့ အတူ ဖြောင့် မတ်ရဲရင့် သော“အဒါ”ဟူသည့် 
ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ကိုယ်ပွားတစ်ခုလုံးကိုလည်း သစ္စာဖောက်ခဲ့ ပြီ။

ကျွန်တော် ဘန်ကောက်မှ မစွန့် ခွာမှီ ဖိုင့် ကို လေးနက်သော ကတိစကားနှင့် တကွ စာတစ်စောင် ပေးထား
ဖြစ်သည်။ “ နမ့် ရို” အသက်နှစ်ဆယ်ပြည့် ချိန်တွင် ကျွန်တော် ပြန်လာမည်ဟု။ ဤသည်မှာ ဘဝ၏ တိုက်ပွဲ
တစ်ခုကို လှမ်းမျှော်စဉ်းစားရင်း ကျွန်တော် ကတိပေးခဲ့ ခြင်းဖြစ်သည်။ ထိုကာလတွင် ကျွန်တော် ကျဆုံးပါက
ဖိုင့် အား ကျွန်တော်သည် လူရူးတစ်ယောက်သာ ဖြစ်ကြောင်းအား သမီးကို ကတိပေးနိုင်ကြောင်း ကတိခံခဲ့ 
သည်။ ကျွန်တော် ဖိုင့် ဆီကို ပြန်မလာချင်၍ မဟုတ်။ ကျွန်တော့် ဘဝခရီးအတွက် ရုတ်တရက် ပြန်လာနိုင်လိမ့် 
ဦးမည်မဟုတ်ဟု တွက်ဆထား၍ ဖြစ်သည်။ လာတွေ့ သည်မှာတော့  ဘာမှ မခက်။ သို့ သော် ဖိုင်နှင့်  နမ်ရို့ တို့ 
အတွက် သာမန်ဧည့် သည်တစ်ဦးအဖြစ် ကျွန်တော် မလာချင်တော့ ပြီ။

စိုးရိမ် ထိတ်လန့် နေသော လူနေမှုဘဝများ၊ စည်းမျဉ်းများ၊ သောကကို ဖုံး၍ ပြုံးနေရသည့် ဒုက္ခများကို ကျွန်တော်
မလိုတော့ ပြီ။ ဤဒုက္ခများကို ကျော်လွှားဖို့ အတွက် ကျွန်တော် အောင်မြင်မှ ဖြစ်မည်။ ငွေသာရှိလျှင် ထိပရိဒေဝ
များ ကွယ်ပျောက်သွားလိမ့် မည်။ သာမန်ဘဝလေးဖြင့်  ရုန်းကန်လှုပ်ရှားရင်း သူ့ အပူ ကိုယ်မကယ်နိုင်၊ ကိုယ့် 
အပူ သူမကယ်နိုင်သည့်  ဖြစ်ရပ်မျိုးတွေ ကျွန်တော် မလိုလားတော့ ပြီ။

အနှစ်နှစ်ဆယ် စိန်ခေါ်ပွဲကို နွှဲရန်အတွက် ပထမဦးဆုံးခြေလှမ်းမှာပင် ကျွန်တော်သည် အထိနာစွာ စင်္ကာပူ
ထောင်တွင်းသို့ ကျဆင်းခဲ့ ရပါတော့ သည်။

ဖြစ်ရပ်က ဆန်းလှသည်တော့  မဟုတ်။ သစ္စာပျက်ခဲ့ သော ကျွန်တော့် အား သစ္စာဖောက်သော မိတ်ဆွေသည်
နောက်မှာရပ်၍ ချောက်တွန်းခဲ့ ခြင်းပင် ဖြစ်သည်။ သစ္စာဖောက်က ကိုယ့် နောက်မှာ ရပ်နေသည်ကို ကျွန်တော်
နောက်ကျစွာ သိခဲ့ ရချိန်၌ အချုပ်ဆောင်တွင် မျက်နှာနှင့်  သမံတလင်း အပ်ကာ နာကျဉ်း ဒေါသ ဖြစ်ရုံမှတစ်ပါး။

အဖမ်းခံရသည့် ကိစ္စကို ကျွန်တော် အပစ်မတင်လိုသော်ငြား အဖမ်းခံရပုံ ဆန်းကြယ်လှသည်ကို ကျွန်တော်
အံ့ သြနေပါသည်။ ကျွန်တော် ကိုင်ဆောင်လာသော ပတ်(စ)ပို့ အား ကာယကံရှင်ဖြစ်သူအား လွှဲပြောင်းပေး
အပြီး နာရီပိုင်းအတွင်းမှာတင် ရဲ ဖမ်းမိခြင်းဖြစ်သည်။ ပြောရလျှင် မိမိ မိတ်ဆွေအိမ်သို့  သွားလည်ရင်း ကျွန်တော်
အဖမ်းခံရခြင်း ဖြစ်ပါသည်။

ထိုအိမ်ကို ရဲဝင်နေမှန်း ကျွန်တော်မသိ။ လက်ထဲမှာ ကိုင်၍ ဖတ်လာသည့် မောင်ထွန်းသူ၏ “ ရှမ်ဂရီလာ”
ဘာသာပြန်စာအုပ်၏ အရှိန်ကြောင့်  အိမ်ထဲရောက်မှပင် ရဲဝင်စီးတော့ မည့် အခြေအနေကို သိရတော့ သည်။

ကိစ္စမရှိ။
လ.ဝ.က များ ဝင်လာချိန်တွင် ကျွန်တော့် မှာ ကျောင်းသားကဒ် အစစ်တစ်ခု ရှိနေသေးသဖြင့် ထိုကဒ်ကို ထိုးပြ
လိုက်သည်။ ပြဿနာက ထိုကဒ်သည် အတုကဒ် အပွား လုပ်ထားသဖြင့် လ.ဝ.က က ချက်ချင်းပင် ကျွန်တော့် 
အား ထိုကျောင်းသားကဒ်၏ မူရင်း ပတ်(စ)ပို့ ကို တောင်းတော့ သည်။ နောက်ဆုံး ကျွန်တော် ဝန်ခံရပြီ။ ငှား၍
ကိုင်လာမိကြောင်း ဖြောင့်ချက်ပေးရတော့ ၏။ ကျွန်တော့် အတွက် တစ်ခု သက်သာစေသည်မှာ ထိုကျောင်း
သားကဒ်နှင့် အတူ တခြားကျောင်းစာအုပ်နှင့်  ပတ်(စ)ပို့  တစ်ခုအား ထိုင်းဗီဇာ သွားရောက် လျှောက်ထားခဲ့ 
သည့်  စလစ်စာရွက်များ ရှိနေ၍ပင်။ ရဲစခန်းကို မရောက်မီတော့  ကျွန်တော့် မှာ ထိုအကြံဥာဏ် ဝင်မလာခဲ့ 
သေး။ လ.ဝ.က များက ရိုင်းလှသည်။ ကျွန်တော်တို့  လေးယောက်စလုံးအား လက်နောက်ပြန်ဖြင့် လက်ထိပ်
ခတ်၍ အမျိုးမျိုးစစ်သည်။ ထိုးသည်။ ရိုက်သည်။ ကျွန်တော့်  ဝမ်းဗိုက် မခံမရပ်နိုင်အောင် ဖြစ်လာ၍ ဝမ်းသွားချင်
ပါသည်ဟု ခွင့်တောင်းသည်ကိုပင် ခွင့်မပြု။

ထိုအချိန်မှာပင် ကျောင်းသားကဒ် ပိုင်ရှင် အစစ်ဖြစ်သူ တောင်ကြီးမှ ကိုစိုင်း ရောက်လာပါသည်။ သူ့ ကိုတော့ 
လက်ထိပ်မခတ်။ ကျွန်တော့် ကို သိသလားဟု မေးသည်။ ကိုစိုင်းက ကျွန်တော့် ကိုသာ သိကြောင်း၊ မနက်ကပင်
ထိုင်းဗီဇာ လျှောက်ရန် ကတ်ပြားများ ပေးခဲ့ ကြောင်း၊ ယခု ပတ်(စ)ပို့ စာအုပ် လာယူရန် ချိန်းထားကြောင်း
ပြောပြသည်။

လ.ဝ.က တစ်ဦးက ခေါင်းတညိတ်ညိတ်လုပ်ကာ ကျွန်တော့် ကို ဂုတ်ပိုးမှ ဆွဲမ,၍ ဝမ်းဗိုက်သို့  လက်သီးကျွေးပြန်
သည်။ သည်တစ်ချက်ကိုတော့  ကျွန်တော်မခံနိုင်တော့ ပြီ။ ကျွန်တော် ဝမ်းပျက်ပြီဖြစ်ကြောင်း ကိုစိုင်းအား ပြော
ပြ၍ ကိုစိုင်းက အပြင်လ.ဝ.က အား သွားပြောသောကြောင့် သူတို့  အပြေးအလွှား ဝင်လာကြသည်။ စောစောက
ထိုးသည့်  လ.ဝ.က အား ဆူကြ ငေါက်ကြပြီး ကျွန်တော့် ကို ရေအိမ်သို့  ဝင်ခွင့် ပြုသည်။ တစ်ဦးတည်း ဝင်ခွင့် ပြု
ခြင်းမဟုတ်။ ကိုစိုင်းနှင့်  လက်ထိပ်ခတ်၍ ဝင်ခွင့် ပေးခြင်း ဖြစ်သည်။ ဝမ်းပျက်သွားသည့်  ဘောင်းဘီရှည်အား
လဲခွင့် ပေးရန်အတွက် ထပ်ပြောရသည်။ ထိုအခါမှာတော့  ကိုစိုင်းကို လက်ထိပ်ဖြုတ်ပေးပြီး ကျွန်တော့် အား
အိမ်သာဘောင်နှင့်  တွဲ၍ ခတ်ထားပြန်သည်။ ထပ်ပြီး မေးမြန်းစစ်ဆေးခြင်းတော့  မရှိတော့ ။

ထို့ နောက် တစ်အိမ်လုံးအား မွှေနှောက်ရှာဖွေရင်း သူတို့  လိုချင်နေသည့်  ကျောင်းသားကဒ်အတု လုပ်သည့် 
စီဒီပြားအား မေးမြန်းရှာဖွေပြန်သည်။ မရှိကြောင်းယုံကြည်တော့ မှ ရဲစခန်းသို့  ခေါ်ဆောင်သွားတော့ သည်။
စုစုပေါင်း ကျွန်တော်တို့  အဖမ်းခံရသည်က လေးဦး ဖြစ်သည်။ လင်မယားစုံတွဲ တစ်တွဲ ပါသည်။ လမ်း၌ ကျောင်း
သားကဒ်အတုနှင့် အဖမ်းခံလာရသူ မောင်ကျော် ဆိုသော ကရင်တစ်ဦး၊ ပြီးတော့  ကျွန်တော်တို့  ဖြစ်သည်။

အဓိက တရားခံမှာ မောင်ကျော် ဖြစ်၏။
စင်စစ် သူက ဒီအိမ်မှာ နေသူလည်း မဟုတ်။ သူ့ အိမ်ကို ပြရမည့် အစား အလည်အပတ် လာဖူးသော ဤအိမ်
သို့  ခေါ်လာသဖြင့်  ကျွန်တော်တို့ မှာ နေရင်း ထိုင်ရင်း အကုသိုလ် ဝင်ခြင်းပင် ဖြစ်၏။ အိမ်အလည်လာရင်း
အဖမ်းခံရသူမို့  ဆွမ်းခံရင်း ငှက်သင့် သည့်  ကိန်းပင်။

ကျွန်တော့်  အကုသိုလ်က ဤမျှနှင့် မရပ်သေး။
ကိုစိုင်းအား ရဲများက ရဲစခန်း၌ စစ်ချက်ယူပြီး ပြန်လွှတ်ချိန်တွင် ကိုစိုင်း၏ မလိမ္မာမှုကြောင့်  ကျွန်တော့် အစ်ကို
အိမ်ရော၊ ကျွန်တော် တည်းသော အိမ်ပါ အဖမ်းခံရပြန်သည်။ ကိုစိုင်းက ရဲစခန်းမှ ထွက်ထွက်ချင်း အစ်ကို့ အိမ်
သို့  ဝင်တည်း၏။ ထိုအိမ်က လက်မခံသောအခါ ကျွန်တော်တည်းသော အိမ်သို့  သွားတည်းသည်။ ရဲများက
တစ်ပတ်အတွင်း နှစ်အိမ်စလုံးကို ဝင်ဖမ်းပါတော့ သည်။ စုစုပေါင်း လူသုံးဆယ်ကျော် အဖမ်းခံရလေပြီ။
ကျွန်တော့် အစ်ကိုက ရန်ကုန်ပြန်သွားသဖြင့်  အဖမ်းမခံရ။

ထိုပြဿနာများအားလုံးသည် ကျွန်တော့် အစ်ကို၏ ရည်းစားဖြစ်သူ ဖြူဖြူ့  အပေါ်၌ ပုံကျလာပါတော့ သည်။
ကျွန်တော့် အား အိမ်ရှင်အဖြစ် စွပ်စွဲသူ တစ်ယောက်မှ မရှိ။ ဖြူ့ ဖြူ့ ကိုတော့  သူ့ အိမ်သားများက အိမ်ရှင်အဖြစ်
စွပ်စွဲကြတော့ သည်။ တစ်ဦးမိလျှင်ပင် အိမ်ရှင်မှာ ခြောက်လ အပြစ်ဒဏ်ခံရမည် ဖြစ်၍ ဖြူ့ ဖြူ့  အဖြစ်မှာ
မသက်သာ။ အိမ်သုံးအိမ် အဖမ်းခံရသည်တွင် နှစ်အိမ်မှာ အိမ်ရှင် မရှိ။ စုပေါင်း နေကြပါသည်ဟု ထွက်ဆိုသော်
ငြား ဖြူ့ ဖြူ့ ကိုတော့  အိမ်မှာ နေသူများက သူတို့  လစဉ်၊လစဉ် လစာ ပေးရပါသည်။ ဖြူဖြူနှင့်  အစ်ကိုမှာ
အိမ်ရှင်ပါဟု စွပ်စွဲကြလေတော့ သည်။


( ဆက်ရန် )

................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

9 comments:

Anonymous said...

သြ အဖြူလေး ရေ

ဘဝတွေ မလွယ်လိုက်တာနော် တကယ် ခံခဲ့ရတယ်ထင်တယ် စိတ်မကောင်းပါဘူး

ရွှေစင်ဦး

kiki said...

အို.. နာ ... သေ.. တဲ့ ။
အို ဆိုတဲ့အထဲမှာ အိုဗာစတေး တွေ ရဲ့ ဒုက္ခတွေကိုလည်း ထဲ့ထားရမယ်။
ကိုထွေး ရဲ့ ပြယုဂ် ဟာ ၊ ယောကျာင်္းတွေရဲ့ အတ္တ ကို ကိုယ်စားပြု နေ တယ် ထင်ပါ့..

ဇာတ်သိမ်း ခန်း လေး စိတ်ဝင်စား စွာ စောင့်မျှော် လျှက်..

မကိ

စံပယ်ချို said...

ဇာတ်လမ်းလေးကိုဖတ်ရတာအရမ်းကောင်းပါတယ်
ဇာတ်သိမ်းလေးကိုလဲ အမြန်တင်ပေးစေလိုပါတယ်
တခါထဲတင်လိုက်ပြီးရော...သူကကြိုက်နေတာလေ
အဆက်ဆိုတာကို...
ချမ်းမြေ့ပါစေရှင်။

mstint said...

မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့ သောကမုန်တိုင်းတွေ၊ သံသရာလည်နေသ၍ မပြောင်းမလဲ တည်မြဲနေအုံးမှာပဲနော်။ ဇာတ်လမ်းဆိုတာ တွေ့ကြုံရ ဆုံဆည်းကြရသမျှ ဘဝများရဲ့ တစ်စိတ်တစ်ဒေပါပဲ။
ဆက်ရန်ကို စောင့်မျှော်နေပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

အဲဒီအချိန်တုန်းက တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ်တွေပါ၊ စလုံးရောက်မြန်မာတွေရဲ့ အရွေ့တစ်ခုပါ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုထွေးရဲ့ ဘဝအကြောင်းဖတ်ရတာ လှိုင်းလုံးစီးနေရသလိုပါဘဲ
နိမ့်မြင့်တက်ကျ သဲထိတ်ရင်ဖို
တကယ့်ကို လောကဓံတရားပါဘဲ

...အလင်းစက်များ said...

ဒီတစ်ခါ ကိုထွေးဘ၀ က အဆိုးဆုံးပါပဲ.... သူချစ်တဲ့ ဖိုင်လည်း တော်တော် ခံစားရခက်မယ်လို့  ထင်ပါတယ်။ ဒီတစ်ခေါက် ဖတ်ရတဲ့ ရသက အတော်လေး ရင်နင့်သွားတယ်.... ဟူး။

ဘရဏီ said...

စာလာဖတ်သွားပါတယ်။

ကိုဇော် said...

ရန်ကုန်ပြန်တာ ဘာညာနဲ့ တော်တော် အဆက်ပြတ်သွားတယ်ဗျာ။ မှီရာကနေပဲ လိုက်လိုက်ရတော့တယ်။

နေကောင်းတယ် . . ဟုတ် ?