Wednesday, August 24, 2011

ဘန်ကောက် ( ၂ )

ကျွန်တော် ကံကောင်းပြီဟု ထင်နေစဉ်မှာပင် နောက်ကျောကို ဓားဖြင့် ထိုးသူတစ်ဦး ပေါ်လာခဲ့ ပါသည်။
တခြားသူ မဟုတ်။ အညာမှ ကျွန်တော်နှင့် အတူ စင်္ကာပူသို့  အလုပ်လုပ်ရန် လိုက်လာသည့်  ငယ်သူငယ်ချင်း
ဖိုးကျော့ ၏ အစ်ကို အရင်းပင် ဖြစ်ပါသည်။

သူ့ ခမျာ မိဘက ယာသမားဖြစ်၍ တောထဲ တောင်ထဲတွင် လယ်ယာကိုင်းကျွန်း အလုပ်ကို ရိုးသားစွာ လုပ်ကိုင်
နေသူ ဖြစ်ပါကြောင်း၊ ကျွန်တော်က နိုင်ငံခြားပို့ ပေးမည် ကြီးပွားစေရမည်ဟု ဆိုသဖြင့် ယုံစားကာ လယ်ကို
ရောင်း၍ လိုက်လာခဲ့ ပါကြောင်း၊ သူ့ အား သနားညှာတာစေလိုကြောင်း၊ ယခု ရောက်သည်မှာ ရက်ပိုင်းမျှသာ
ရှိသေးကြောင်း စကားပြန်မှတစ်ဆင့်  ငိုချင်းချပါတော့ သည်။

အမှုစစ်ရဲက ကျွန်တော့် ကို ခေါ်၍ စွဲချက်တင်သောအခါ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ အံ့ သြထိတ်လန့် 
သွားသည်။ မကြုံဘူးသော ဖြစ်ရပ်မို့  တုန်လှုပ်ချောက်ချားမိတော့ သည်။ သူနှင့် ကျွန်တော်သည် ထမင်းအတူ
စား၊ ခရီး အတူသွား၊ ပွဲအတူ တက်ခဲ့ ကြဖူးသည့်  ဇာတိနယ်မှ မိတ်ဆွေရင်းများ ဖြစ်ကြသည်။ သူ့ ညီ ဖိုးကျော်နှင့် 
ကျွန်တော်က ကျောင်းနေဖက်။ သူ့ မိဘများက ကျွန်တော့် ကို သားလို ချစ်သည်။ သူ စင်္ကာပူ ရောက်တာ တစ်နှစ်
ကျော်ခဲ့ ပြီ။ ငွေပင် သိန်းနှစ်ဆယ်ကျော် ပို့ ပေးခဲ့ ပြီးပြီ။ သူ ဘာကြောင့်  ကျွန်တော့် အား ချောက်တွန်းရသနည်း။

ကျွန်တော် ငုံ့ ခံနေ၍ မဖြစ်။ စကားပြန် မိန်းမကြီးကို ဖြစ်ကြောင်းကုန်စင် ပြောပြသည့် အပြင် ယခု ရောက်နေသူ
များအား ကျွန်တော့် ဖက်က မှန်သည်၊ မှားသည်ကို သက်သေ ပြနိုင်ကြောင်း ပြောပြမိတော့ သည်။ နောက်ဆုံး
သူ ငွေလွှဲခဲ့ သည့်  ရက်စွဲကိုပါ ပြောပြလိုက်သည်။ ရဲက ပြုံး၍ နားထောင်နေသည်။ စင်စစ် ရဲက သူ့ အား သူလျှို
မွေးလိုက်ခြင်းသာ ဖြစ်မှန်း တရားရုံးရောက်မှ ကျွန်တော် သိတော့ သည်။ သူ ဖော်ကောင် လုပ်သွားသည်ကိုး။
ကိစ္စမရှိ။ ကမ္ဘာမြေက ကျဉ်းပါသည်။ ကျွန်တော် အလွန်ဆုံး ထောင်ကျလျှင် သုံးနှစ်သာ ကျမည်။ ဒါတောင်
သက်သေ ခိုင်လုံပါမှ ကျနိုင်မည်။

ယခု ကျွန်တော့် အား လူမှောင်ခိုအဖြစ် စွဲချက်တင်ရန် ကြိုးစားနေသည်မှာ ဘာမှ မခိုင်လုံ။ လူမှောင်ခို ဟူသည်
တရားမဝင်သော နည်းလမ်းဖြင့် တခြားနိုင်ငံသို့  ခိုးဝင်နိုင်အောင် ဆောင်ရွက်ပေးသူကို ဆိုလိုသည်။ ယခု အဖမ်း
ခံရသူများမှာ တရားဝင်ပတ်(စ)ပို့ များဖြင့်  ထွက်လာကြပြီး၊ တရားဝင်ဗီဇာဖြင့် စင်္ကာပူသို့  ဝင်လာကြရင်း၊
ဒီရောက်မှ ( Overstay ) နေကြသူများ ဖြစ်သည်။ နယ်စပ်က ခိုးဝင်လာသူ မရှိ။

နောက်ဆုံး ကျွန်တော့်အား ကျောင်းသားကဒ် ငှားရမ်းကိုင်ဆောင်မှု၊ ပတ်(စ)ပို့  မရှိမှု၊ တရားမဝင် နေထိုင်မှုများ
ဖြင့်  စွဲချက် တင်တော့ သည်။ တစ်မှုချင်းသာ ဆိုလျှင် ကျွန်တော်သည် တစ်နှစ်နီးပါး အပြစ်ဒဏ် ခံရတော့ မည်။

အချုပ်၌ ရက်နှစ်ဆယ်ကျော် နေရချိန်တွင် ကျွန်တော့် အတွေး၌ “ ငါ ကတိပျက်လို့  လောကပါလ နတ်တွေက
သတိပေးတာ ဖြစ်မယ် ” ဟူသော အတွေးတို့ က ဆင့် ကာဆင့် ကာ ဝင်လာပါတော့ သည်။ လွန်ခဲ့ သော ရှစ်နှစ်
လောက်က ယိုးဒယားနိုင်ငံရှိ ကြံခင်းထဲတွင် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးရင်း၊ ကျွန်တော် သစ္စာဆို
ခဲ့ ဘူးသည်။

“ မြတ်စွာဘုရားနှင့် တကွ လောကပါလနတ်အပေါင်းတို့ အား တိုင်တည်ပါ၏။ ကျွန်တော် ယခု ကြုံတွေ့ နေရ
သော အသက်ဘေးမှ လွတ်မြောက်ပါလျှင် အများအတွက် အသက်ရှင်သူ ဖြစ်ရပါစေမည် ” ဟူသောကတိစကား
ကို ယနေ့ အချိန်ထိ ကျွန်တော် မလုပ်နိုင်ခဲ့ သေးပါ။

ယခုတော့  ကျွန်တော် ကတိမတည်၍ မဖြစ်တော့ ။ လောကပါလနတ်များသည် ကျွန်တော့် အား ဒဏ်ခတ်နေပြီ။
ကျွန်တော် ဆက်၍ ကတိပျက်ယွင်းနေလျှင် အသက်ပါ နုတ်ချင် နုတ်သွားမည်လားမသိ။ ထို့ ကြောင့် တည်ငြိမ်စွာ
ကျွန်တော် ဆုံးဖြတ်ရလေပြီ။

သားသမီး၊ ဇနီးမယားဟူသည်က ကိုယ်စီ ကံတရား ရှိကြသည်။
မိဘ၊ ညီအစ်ကိုမောင်နှမသည်လည်း ကိုယ်စီ ကံတရား ရှိကြသည်။
မိမိသည်သာ မိမိ ကတိတရားအတိုင်း အများအတွက် ကြိုးစားမှ ဖြစ်တော့ မည်။ မည်သူက လက်ခံခံ မခံခံ၊
နားလည်ပေးပေး မပေးပေး လောကအပေါ် ထားသည့်  ကတိကို တည်ဖို့ လိုပြီ။
ကျွန်တော် အချုပ်နံရံကို မှီ၍ ကတိစကား ဆိုပါတော့ သည်။ ဤအပြစ်ဒဏ်မှ လွတ်လျှင် တကယ်ပင် ကတိတည်
ပါတော့ မည့်  အကြောင်း လောကပါလနတ်များအား ကတိပေးရပါတော့ သည်။

သည်တစ်ချီမှာလည်း လောကပါလနတ်များက ကျွန်တော့် ကို ငဲ့ ညှာပြန်သည်။ တရားသူကြီးမင်းက ကျွန်တော့် 
အား ပြစ်မှုများနှင့်  ပတ်သက်၍ ဘာပြောလိုပါသနည်းဟု နောက်ဆုံး မေးခွန်းကို မေးလာချိန်တွင် ကျွန်တော်က
စကားပြန် အမျိုးသမီးက တဆင့်  “ ကျွန်တော် နောက်နောင် ဘယ်တရားဥပဒေကိုမှ မဖောက်ဖျက်တော့ ပါမည့် 
အကြောင်း ” ပြောခိုင်းလိုက်၏။ စကားပြန် ရှေ့ နေမကြီးက ကျွန်တော့် ကို ငေးကြည့် လာ၏။ ထိုစကားကိုပင်
ကျွန်တော်က တရားသူကြီးမင်းအား ပြောပြပေးပါဟု တောင်းဆိုသောကြောင့် ရှေ့ နေမကြီးက အင်္ဂလိပ်လို
တဆင့် ပြောပြလိုက်တော့ သည်။
ထို တဒင်္ဂကို ကျွန်တော့် တစ်သက်တွင် ဘယ်တော့ မှ မေ့ တော့ မည်မဟုတ်တော့ ။

တရားသူကြီးမင်းက ကျွန်တော့် မျက်လုံးများကို စူးစိုက် အကဲခတ်နေသဖြင့်  ကျွန်တော် ရဲရင့် တည်ကြည်စွာပင်
သူ့ ကို ပြန်ငေးကြည့်နေမိသည်။ မျက်လုံးချင်း ဆုံနေကြသည်မှာ အနည်းငယ်ကြာသည်။ ထို့ နောက် တရားသူ
ကြီးမင်းက ကျွန်တော့် ပြစ်မှုများကို ပြန်ကြည့် ရင်း အမိန့် ချသည်။

စုစုပေါင်း သုံးလနှင့်  ဆယ်ရက်သာ။ ကြိမ်က သုံးချက်။
အချုပ်ရက်ကို နုတ်ခွင့် ပေးပြန်တော့ ကျွန်တော် ထောင်ကျမည့် ရက်မှာ နှစ်လနှင့် ရက်နှစ်ဆယ်။ ကျွန်တော့် 
နားကိုပင် ကျွန်တော် မယုံ။ တရားသူကြီးမှ အမိန့်  ချမှတ်လိုက်ပြီးလျှင် ထိုတရားခံမှာ တရားခွင်၌ ဆက်နေခွင့် 
မရှိ။ ဘေးပေါက် လှေကားမှတစ်ဆင့်  လှေကားထစ်တွင် စောင့် နေရသည်။ ယနေ့ အဖို့  အချုပ်ဆောင်သို့ 
မသွားရတော့ ။ ထောင်သို့  တိုက်ရိုက်သွားရတော့ မည်။ ကျွန်တော်တို့  အုပ်စုထဲတွင် များများစားစား ပြစ်ဒဏ်
ကျသူက နှစ်ဦး သုံးဦးသာ ရှိသည်။ ပထမဆုံး အဖမ်းခံရသော မောင်ကျော်က တစ်နှစ်ခွဲ၊ သူ လက်ညှိုးထိုး၍
တရားခံလုပ်ခဲ့ သူ လင်မယားနှစ်ဦးမှ ယောင်္ကျားဖြစ်သူက သုံးနှစ်၊ ဖြူဖြူက သုံးနှစ် အသီးသီး ပြစ်ဒဏ် ကျခံရ၏။

ကျွန်တော် ကျခံရသော ပြစ်ဒဏ်ကို ကြားရသောအခါ မည်သူမှ မယုံ။
လူအပို့ အကြို၊ အိမ်ငှားစားမှု၊ ပတ်(စ)ပို့  ရောင်းဝယ်မှု၊ စာရွက်စာတန်း အတုပြုလုပ်မှု၊ သူတစ်ပါး ကျောင်းသား
ကဒ် လက်ဝယ်တွေ့ ရှိမှု၊ သူတစ်ပါး ပတ်(စ)ပို့  နှစ်ခုအား လက်ဝယ် တွေ့ ရှိမှု စ,သည့်  အပြစ်များကြောင့်  ထောင်
ဒဏ် နည်းလိမ့် မည်မဟုတ်ဟု ကျွန်တော့် ကိုယ် ကျွန်တော်လည်း တွက်ထားခဲ့ ပြီး ဖြစ်သည်။

သို့ ရာတွင် ကျွန်တော် တကယ်ရင်ဆိုင်ရသည်က တရားမဝင် နေထိုင်မှုနှင့် သူတစ်ပါး ကျောင်းသားကဒ် လက်
ဝယ်တွေ့ ရှိမှု နှစ်ခုသာ ဖြစ်သည်။ ကျွန်တော့် အား သစ္စာဖေါက်သော မိတ်ဆွေကြီးမှာမူ ထောင်ဒဏ် နှစ်ရက်
သာ ကျခံခဲ့ ရပြီး မြန်မာပြည်သို့  ပြန်ခွင့် ပြုခဲ့ သည်။ သူထင်ထားသည်က အစိုးရ သက်သေအဖြစ် နောက်နှစ်နှစ်
သုံးနှစ် ဆက်လက် နေထိုင်ခွင့် ရလိမ့် မည်ဟူ၍ ဖြစ်သည်။ သူ တွက်ဆထားသလို ကျွန်တော်တို့ အမှုက မရှည်
ဝေး။ ရက်နှစ်ဆယ် ဖြင့်ပင် စီရင်ချက် ချနိုင်ခဲ့ သောကြောင့် သူလည်း အစိုးရ သက်သေ မဖြစ်တော့ ။

ကျွန်တော့် ကို ချန်ဂီထောင်သို့  ပို့ သည်။
ထောင်အဝင်တွင် တလာစီကြသည်။ စုစုပေါင်း လူငါးဆယ် ကျော်သဖြင့် ဆယ်ယောက်လျှင် တစ်တန်းနှုန်း
တန်းစီကြရသည်။ နေက ပူရသည့် အထဲ ကိုယ်လုံးတီးဖြင့် ဖိနပ်ပင် စီးခွင့် မရပဲ ကွန်ကရစ်အပေါ်၌ တန်းစီကြ
ရသည်။ လူတစ်ကိုယ်လုံး အပေါက်အစ မကျန် ရှာသည်။ ပြေးခိုင်းသည်။ ကုန်းခိုင်း၊ကွခိုင်းသည်။ ထို့ နောက်
ပစ္စည်းစာရင်းအလိုက် နာမည်ခေါ်၍ ကိုယ့် ပစ္စည်းကိုယ် အစစ်ခံကြရသည်။ အဝတ်အစား ပြန်ဝတ်ကြရသည်။
ပိုက်ဆံများကို စနစ်တကျ လက်ခံ သိမ်းပေး၏။ ဟမ်းဖုန်းများကိုလည်း ပိုက်ဆံအိတ်နှင့် တကွ ပလတ်စတစ်
ဇစ်ဆွဲအိတ်လေးဖြင့် သိမ်းပေး၏။ လက်သည်းညှပ်၊ နားဖာကလော် စသည်များကိုတော့  အမှိုက်ပုံးတွင်းသို့ 
ချက်ခြင်း ပစ်ထည့် သည်။

ထောင်ဝတ်စုံများ ဝတ်ပြီးကြသည့် အခါ လက်၌ ကော်ကြိုးအမာစားလေးဖြင့်  ထောင်ကျနံပါတ်ပါ တစ်ခါတည်း
တွဲပေးရင်း မဖြုတ်ရ၊ မပြုတ်စေရဟု ပြင်းပြင်းထန်ထန် သတိပေးကာ ဝတ်ထားစေသည်။ ထို့ နောက် မြက်ဖျာ
တစ်ချပ်နှင့် စောင်နှစ်ထည်၊ စတီးခွက်တစ်ခွက်၊ တဘက်၊ ဆပ်ပြာများ ပေးပြီး အတွဲလိုက် အတွဲလိုက် မိမိတို့ 
နေရမည့် အချုပ်ခန်းဆောင်သို့  ပို့ ပေးသည်။

ထောင်ကတော့  ကျပြန်လေပြီ တစ်ချီ။
ရောက်ရောက်ချင်းနေ့ တွင် ကျွန်တော့်အား တစ်ခြားထောင်ကျ မြန်မာတစ်ဦး၊ အန္ဒိယသားနှစ်ဦးနှင့် တွဲကာ
အချုပ်ခန်း“ လေး ” ၌ နေရသည်။ အလျားကိုးပေ၊ အနံခုနှစ်ပေခန့် သာ ရှိသော အခန်းကျဉ်းလေးဖြစ်ပြီး
နေရောင်မမြင်ရ။ အထဲ၌ ဟင်းလင်းဖွင့် ထားသော ရေအိမ် ရှိသည်။ မျက်နှာပဲ သစ်သစ်၊ အပေါ့ အလေးပဲသွား
သွား ကျန်လူများက မျက်နှာလွှဲနေပေးရသည်။ အနုစား တိုက်ပိတ်ခံရခြင်း ဖြစ်သည်။ ထိုအခန်းတွင် နှစ်ရက်
လောက်နေရပြီး ခေါင်းတုံးပုံစံ ဆံပင်ညှပ်ပေးသည်။

နောက်ရက်များတွင် ကျွန်တော် ပြောင်းရွှေ့ ရသော အဆောင်ကြီးမှာ အချုပ်ဆောင် အကြီးစားကြီး ဖြစ်သည်။
စုစုပေါင်း လူလေးဆယ်ကျော် ဆန့် သည်။ မနက်ဆိုလျှင် လက်ဖက်ရည်နှင့် ပေါင်မုန့် ကြမ်းများကို လိုက်ဝေ၏။
ကိုယ့် ခွက်ကို သွား၍ စီချထားရုံသာ။ မနက်စာ လက်ဖက်ရည်တိုက်ပြီးလျှင် တန်းစီထိုင်ရသည်။ ထို့ နောက်
ကိုယ့် အစုနှင့် ကိုယ် စကားပြောနိုင်သည်။ ခဏကြာလျှင် အပြင်သို့ ထုတ်၍ ရေချိုးခွင့် ၊ ဘောလုံး၊ ခြင်းလုံး ကစား
ခွင့် ပေးသည်။

ထိုအဆောင်မှာ နေရသည်မှာ သိပ်မကြာလိုက်။ အလုပ်သမား စာရင်းတွင် ကျွန်တော့်နာမည် ပါလာသဖြင့် 
အလုပ်ထွက်လုပ်ရန် ပြောင်းရွှေ့ ခဲ့ ရတော့ သည်။ ကျွန်တော် မလိုက်ချင်၍ ငြင်းကြည့် သေးသည်။ အချုပ်ဆောင်
မှ စင်္ကာပူလူမျိုး လူကြီးများက လိုက်သွားစေလိုကြောင်း၊ အလုပ်သမားဖြစ်လျှင် အနေ၊အစား သက်သာကြောင်း
တစ်နေ့ လျှင် သုံးကြိမ် အပြင်ထွက်ခွင့် ရကြောင်း၊ အလုပ်မလိုက်လျှင် ပို့ စ်ဒေါင်းထောင်သို့  ပို့ တတ်ကြောင်း
ဝိုင်းပြောသဖြင့် အလုပ် လာခေါ်သူများနှင့် လိုက်ဖြစ်ခဲ့ သည်။

အလုပ်သမားမို့  အနေအစားချောင်သော်လည်း အလုပ်မှာ မချောင်။
ကျွန်တော် တာဝန်ကျသည့် အလုပ်မှာ ထောင်ကျများအား မနက် လက်ဖက်ရည်၊ နေ့ လည်ထမင်း၊ ညနေထမင်း
ကြားတွင် လက်ဖက်ရည် တစ်ကြိမ် လိုက်လံပို့ ပေးရသည့်  အလုပ်ဖြစ်သည်။ ကိုယ့်အဆောင်နှင့်ကိုယ် တာဝန်ယူ
ရသည်။ ကျွန်တော်တို့  အုပ်စု တာဝန်ယူရသော အဆောင်၌ အခန်းရှိသမျှ အပေါ်ထပ်ရော အောက်ပါ လူစေ့ 
အခန်းစေ့ ပုံစံခွက်ထမင်းပန်းကန်များ လိုက်ဝေပေးရသည်။ စုစုပေါင်း အလုပ်သမား နှစ်ဆယ်ကျော် ရှိသည့် 
တိုင် အမောဆို့ အောင် လုပ်ရခြင်း ဖြစ်သည်။ လှေကား အတက်အဆင်း၊ ထမင်းပန်းကန်စေ့ မစေ့ ၊ စားပြီးလျှင်
ပြန်သိမ်း၊ ရေနွေးလိုက် စ,သော အလုပ်များကို ခေါက်တုံ့ ခေါက်ပြန် လုပ်ကြရသည်။ အလုပ်မစခင် တီဗွီ ကြည့်
ခွင့် ရ သည်။ ပြီးလျှင် ရေမိုးချိုးခွင့် ပေး၏။ ရေမချိုးခင် ခြင်းလုံးကစားခွင့် ပေး၏။ ထိုအလုပ်များမှာလည်း
ကျွန်တော် ဆယ်ရက်ကျော်သာ လုပ်ခဲ့ ရသည်။


( ဆက်ရန် )

..........................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။



7 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေး အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ... :D

စံပယ်ချို said...

လူမှောင်ခိုတဲ့နော်....
ကြောက်စရာကြီးပေါ့။
ပြောရင်းဆိုရင်းနဲ့
မှောင်နခိုလိုက်ရဘူး
ထောင်ကျပြီ။
ကြိမ် ၃ ချက်ကတော့ အတော့်ကို
စိတ်မကောင်းဖြစ်မိပါတယ်...
ဒီမှာလဲ ကြိမ်ထိတဲ့သူတွေကိုမြင်ဖူးလို့ပါ၊
အဖြူလေး ချမ်းမြေ့စွာနဲ့ စာတွေ
ရေးနိုင်ပါစေရှင်။

IDIOT-Ki said...

စကာင်္ပူ ကြိမ်ဒါဏ်ကတော့ နာမည်ကြီး ပဲ နော်...
ကိုထွေးတယောက်လည်း ထောင် ကို အိမ်ဦးနဲ့ကြမ်းပြင်လို သဘောထားနေတော့သလား မသိဘူး။
လောကပါလနတ် ကို သစ္စာပြု ဆုတောင်းရင် တကယ်ပြည့်သလား..အံ့သြဘွယ်ရာ တိုက်ဆိုင်မှု ပါပဲ။။

ခင်တဲ့
မကိ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုထွေးရဲ့ ဘဝက တကယ့်ကိုကြမ်းတမ်းလိုက်တာ
ဒုက္ခဆင်းရဲ အမျိုးမျိုးပါဘဲ
လောကဓံကို ကြံ့ကြံ့ခံနိုင်တာတော့ ချီးကျူးမိပါတယ်

mstint said...

လူရယ်လို့ဖြစ်လာတာနဲ့အမျှ ကိုယ်စီတိုင်းမှာ ခေါင်းစဉ်မတူတဲ့ ဒုက္ခတွေ အနည်းနဲ့အများ ကပ်ပါလာပြီးသားမို့ ဖြစ်လာသမျှအကြောင်း အကောင်းချည်းပဲလို့သာ စိတ်ဖြေရင်း မိမိဖြတ်သန်းရတဲ့ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရုံမှာတစ်ပါး အခြားမရှိဘူးထင်ပါတယ် အဖြူလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

စာရေးဆရာရဲ့
ကိုယ်စီ ကံတရား ရှိကြသည်။
ဖေါ်ပြချက်ကတော့ မှဆ်သားမိပါတယ်။
ထောင် အဆက်က စလုံးထိပါလာတာကို၊ အပိုကြိမ်ပါရိုက်ခံရဦးမယ်၊
ကြိမ်ရိုက်ခံရတာကို စောင့်ဖတ်လျှက်၊

ဟန်ကြည် said...

ဖတ်ရင်းနဲ့ ဇာတ်က ပိုနာလာပြီ...စင်ကာပူထောင်က မညှာမတာ ကြိမ်ရိုက်တာနဲ့တွေ့ဦးတော့မှာပါကလား...နောက်တစ်ပိုင်း စောင့်ဖတ်ဦးမယ်ဗျာ...