Monday, August 29, 2011

ဘလော့ ဂ်ဒေး အမှတ်တရ ..

“ ကိုအောင် ( ပျူနိုင်ငံ ) ” မှ ကျွန်တော့် အား ဘလော့ ဂါဒေး အတွက် ပို့ (စ)တစ်ပုဒ် ရေးရန် တောင်းဆိုလာ
သည့် အခါ ဟိုး .. ယခင်တဂ်ပို့ (စ) ရေးခိုင်းခံခဲ့ ရတုံးကလိုပဲ “ လန့် ” သွားရပါသည်။ မထင်မှတ်သည့် အချိန်၊
အလစ်အငိုက် အလှန့် ခံ လိုက်ရသလိုမျိုး ဖြစ်ပါသည်။

ကျွန်တော်တို့  ရွာကြီးထဲတွင် ခေတ်စားခဲ့ ဘူးသော “ တဂ်ပို့ (စ) ” ဟူသည့် ခေါင်းစဉ်မျိုးနှင့် မဟုတ်တော့ ပဲ
“ ဘလော့ ဂ် ဒေး ” ဟူသည့်  တစ်မျိုးဆန်းနေသည့်  ခေါင်းစဉ်ကြောင့် လည်း တှုန်လှုပ်မိသွားတာ ဖြစ်၏။
ထို့ ကြောင့်  မမရွှေစင်ကိုပဲ ကျွန်တော် လှန်းမေးရပါတော့ သည်။ ဖြစ်ချင်တော့  ထိုနေ့ က “သူ” လည်း အစ်ကို
အောင်၏ တောင်းဆိုမှုကြောင့် “ ဘလော့ ဂ် ဒေး ” တဂ်ပို့ (စ)လေးရေးတင်ထားတာ သုံးနာရီသာ ရှိသေးသည့် 
အချိန်ပိုင်းလေးဖြစ်သည့် အတွက် ကျွန်တော်လည်း မမရွှေစင်၏ ပို့ (စ)လေးကို ဝင်ရောက် လေ့ လာဖတ်ရှု့ ရ
ပါတော့ သည်။

အရင်တုံးက တဂ်ပို့ (စ) ရေးခိုင်းကြရာတွင် ရေးစေချင်သည့် ပုံစံနှင့် ဖြေစေချင်သည့်  မေးခွန်းလေးများကို
ထည့် သွင်းပေးထားတတ်ကြပေမယ့်  ယခု ဘလော့ ဂ် ဒေးကျတော့  တစ်မျိုးဆန်းနေသလို ဖြစ်ရပြန်သည်။
စာအရေးမသန်ပဲ အရေးကျဲ သူ ကျွန်တော့်အတွက် “ ဆန်း” နေတာဟု ဆိုလိုခြင်းဖြစ်ပါ၏။

ကျွန်တော့်ကို ပထမဦးဆုံး တဂ်ပို့ (စ) ရေးခိုင်းသူမှာ “ ချိုကိုသဇင် ” ဖြစ်ပါသည်။ အဲ့ ဒီတုံးကတော့  သူ ပေးထား
သည့် ကန့် သတ်မေးခွန်းလေးများကိုပဲ ဖြေရင်း ပြန်ရေးခဲ့ သည်။

ဒုတိယ တဂ်ပို့ (စ) ရေးခိုင်းသူမှာ “ မမရွှေစင် ” ဖြစ်ပါသည်။ သည်အခေါက်တွင်တော့ ကျွန်တော့် အကျင့် ပေါ်
လာတော့ သည်။ သူ ရေးခိုင်းသလို မရေးတော့ ပဲ ကျွန်တော် ထိုအချိန်က လက်ယားနေအောင် ရေးချင်နေသည့်  “ အို့ ဟိုး၊ ဒါ့ .. ကြောင့် ကိုး ” ဆိုသည့် ပို့ (စ)ကလေးကိုပဲ ဇွတ်အတင်း ရေးမိတော့ ၏။ လေးစားရသော အစ်မ
ဖြစ်နေရတာမို့  ရေးချင်သည့် ပုံစံနှင့်  ရေးခွင့် တော့  ကျိုတင်တောင်းခဲ့ မိသည်။

တပ်တိယအကြိမ် ရေးခိုင်းသူမှာ “ ကိုဇော် ” ပါပဲ။
သည်အခါတွင်လည်း ကျွန်တော့် စတိုင်အတိုင်း တုန့် ပြန်ခဲ့ ပြန်ပါသည်။
ကျွန်တော် စ,တင်လေ့ လာနေမိသော “ ဖြစ်၊ပျက် ” တို့ အကြောင်း၊ ရုပ်၊နမ်တို့  ချုပ်ပျောက် ဆိုတော့  မရှိတော့ 
ဘူးလို့  ထင်နေရတဲ့  “ နိဗ္ဗာန်ဘုံ” ဆိုတာ၊ တကယ်ပဲ ရှိနေပါကြောင်း ဆိုသည့်  ကြီးကြီးကျယ်ကျယ် အကြောင်း
အရာကို မနိုင်မနင်းနှင့် ပဲ ကျွန်တော် ကိုဇော့် အတွက် တဂ်ပို့ (စ)အဖြစ် ရေးမိပြန်ပါသည်။

သည်အခါတွင်တော့ “ ကိုအောင်” က “ ဘလော့ ဂ်ဒေး ” တဲ့ ။
အထက်က ပြောတဲ့ အတိုင်း မကြားဖူးတော့  “ ရှိန် ” သွားရတယ်ပေါ့ ဗျာ..။

ထိုစဉ်က ထိုအချိန်တွင် ကျွန်တော့် မှာ ရှိနေသော လက်တစ်ဆုပ်စာသော စာဖတ်သူတို့ ကို ပေးလိုက်ချင်သည့် 
အကြောင်းအရာရှားရှားပါးပါးလေးတွေကိုပဲ ကျွန်တော် ဇွတ်အတင်း ပြန်ပေးမိခဲ့ သလို စာဖတ်သူ တစ်စုတို့ က
လည်း ဘယ်လိုမှ မဝေဖန်ပဲ စိတ်ရှည်ရှည်နှင့်  ဆက်လက်အားပေးနေခဲ့ ပါသည်။

တကယ်တော့  ကျွန်တော်က ဘလော့ ရွာကြီးထဲတွင် ဝန်းကျင်ကို ဂရုမထားပဲ ကိုယ်နေချင်သလို နေ နေသည့် 
သူ ၊ မိတ်ဆွေတစ်ယောက် ပြောသလို “ ကျွဲခြေရာခွက်ထဲက ဖားကလေးတစ်ကောင် ” သာ ဖြစ်နေသည်ဆိုတာ
ကိုတော့ မိတ်ဆွေ ညီအစ်ကို မောင်နှမအားလုံးအား ဝန်ခံရင်း ပဲ တောင်းပန်လိုက်ရပါသည်။

“ ကိုအောင် ( ပျူနိုင်ငံ ) ” သည် ကျွန်တော်တို့ ရွာကြီးထဲတွင်၊ “ အစ်ကိုကြီးကျောက် ”၊ “ မမရွှေစင်”၊
“ ချော ( အစိမ်းရောင်လွင်ပြင် ) ၊ “ မမကီ ” တို့ လို လူချစ်လူခင် မိတ်ဆွေအပေါင်းအသင်းများလှပြီး စာရေးအား
အလွန်ကောင်း၍ “ စာ ” ကိုလည်း ရိုးသားစွာပဲ ရေးနေသည့်  စီနီယာဘလော့ ဂါ ကြီးတစ်ယောက် ဖြစ်ပါသည်။
( ကျွန်တော် မသိသေးသော အခြားစီနီယာဘလော့ ဂါကြီးတွေ အများအပြား ရှိနေပါသေးသည်)။

“ စာကို ရိုးသားစွာ ရေးနေသူများ ” ဟု ဆိုလိုက်၍ တစ်ခြားသော အကြောင်းအရာများတော့  မထင်စေချင်၊
မတွေးလိုက်စေချင်ပါ။ ကျွန်တော်နှင့် ယှဉ်၍ ပြောလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်က စာကို မရိုးသားစွာ ရေးနေ
ခဲ့ မိလို့ ပါပဲ .. လို့ ။

အွန်လိုင်းပေါ်တွင် စာတွေရေးသားနေသော ဘလော့ ဂါအားလုံးတို့ သည် နောက်ခံမတူသော အကြောင်းအရာ
အမျိုးမျိုးဖြင့် စာရေးသူများအဖြစ် ရပ်တည်နေကြသော်လည်း ၊ နောက်ခံ တူနေသည့် အကြောင်းနှင့် ဘလော့ ဂါ
အားလုံးမှာ တူနေသည့်  အရာ တစ်ခုကတော့ “ စာကိုပဲ ရေးနေချင်သည့် ၊ စာရေးချင်သည့် ဝါသနာ ” ပါပဲဟု
ကျွန်တော် ရဲရဲတင်းတင်း ဆိုလိုက်ချင်ပါသည်။ ဘယ်လို အကြောင်းအရာနှင့် ပဲ ရောက်လာကြသည်ဖြစ်စေ ...
ဝါသနာတူချင်းတော့  ရိုင်းပင်းနေမိကြပါ၏။ ချစ်ခင်နေမိကြပါ၏။ အလွန်ကြည်နူးဖွယ် မြင်ကွင်းတစ်ခုဖြစ်နေပါ၏။

တူခဲ့ သော ဝါသနာအရ စာတွေ ရေးနေကြပေမယ့်  မတူခဲ့ သော နောက်ခံ အကြောင်းအရာတွေကြောင့်  ရေးခဲ့ ၊
ဖန်တီးခဲ့ သည့် စာတွေကလည်း မတူပဲ ခြားနားလျက် အရောင်အသွေးတို့ စုံလင်၊ အလှ ဆင်နေသည့် ဘလော့ 
ရွာ ကြီးဖြစ်ခဲ့ ရတော့ သည်။

ကျွန်တော်က ဘယ်လို မရိုးသားစွာ စာတွေရေးခဲ့ မိပါသလဲ ..။
ကိုယ်ပိုင်ခံစားချက်တွေပဲ ဖွင့် အန် ရေးချနေခဲ့ မိခြင်း ဖြစ်ခဲ့ သည်။ စာလာဖတ်နေသူများကိုမှ အားမနာပဲ ကိုယ့် 
တစ်ကိုယ်ရေ ခံစားမှုတွေ၊ ထင်ရာ၊ မြင်ရာတွေကိုပဲ အမျိုးမျိုးတန်ဆာဆင်၍ ကာလ အတန်ကြာ ရေးဖွဲ့ နေခဲ့ မိ
ပါ၏။ ပရိတ်သတ်ကိုမှ ဂရုမစိုက်ခဲ့ ပဲ ကိုယ်ရေးနေချင်သည့် ပုံစံတွေသာ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးနေခဲ့ သော
မဖြူသေးသည့် “ အဖြူလေး ” ဖြစ်ခဲ့ ရပါသည်။

ကိုယ်က မဟုတ်သည့် စာတွေ ရေးနေပေမယ့်  ဖတ်ချင်နေမိ၊ ဖတ်နေမိတာတွေကတော့  ဟုတ်သည့် စာတွေပဲ
ဖြစ်ခဲ့ ရသည်။ ဖတ်မိသလောက်လည်း ကိုယ့် စီနီယာ ဘလော့ ဂါကြီးတွေကို လေးစားအားကျလာခဲ့ မိသည်။
သူတို့ လိုပဲ ပရိတ်သတ်ကို လတ်ဆတ်သော အတွေ့ လေးတွေ၊ တစ်ခုခု အမြဲကျန်နေခဲ့ စေချင်တာလေးတွေ
ပေးခဲ့ ၊ ထားခဲ့ ၊ ပြခဲ့ ချင်သည့် ဆန္ဒလေးတွေ ဖြစ်ပေါ်လာခဲ့ ရပါသည်။ ( “ ရသစာပေ ” ဟု ယနေ့ အချိန်ထိ မဖွဲ့ 
နိုင်သေး၍ မဆိုရဲသေးပါ )

“ အဖြူလေး ” ဘဝရောက်အောင် ဟိုးတစ်ချိန်က ရေးခဲ့ ဘူးသည့် “ ဝိုင်းကလေး ” ထဲမှ၊ သူငယ်ချင်းတစ်စုက
ဝိုင်းဝန်းပန့် ပိုးခဲ့ ပါသည်။ ထို “ ဝိုင်းကလေး ” အကြောင်းကိုလည်း အဖြူလေးဘွဲ့ ခံယူပြီး မကြာခင်ပဲ ရေးတင်ပြီး
ခဲ့ ပြီး ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့  ဝိုင်းကလေးသည် မြစ်ကျိုးအင်း၊ ညောင်ရမ်း၊ မျိုးကြီး၊ ဂျစ်တူးလေး၊
ပုလင်းဖင် ဆိုသည့် အထင်ကရ ပုဂ္ဂိုလ်တို့ ဖြင့်  ဖွဲ့ စည်းထားခဲ့ ပါသည်။ အပတ်စဉ် အလုပ်အားရက် တနင်္ဂနွေနေ့ 
တိုင်း စုဖွဲ့ ကြပြီး ချက်ပြုတ်စားသောက်ခြင်း၊ “ ပိုကာ ” ကစားခြင်း များကို ပြုလုပ်လေ့ ရှိသည်။ အင်မတန်မှ ပျော်
ရွှင်ကြည်နူးဖွယ် ကောင်းသော ဝိုင်းကလေး ဖြစ်ခဲ့ ရသည်။ ဘဝ၏ မေ့ မရသော စွတ်ပျံ့ ဖွယ် အစိတ်အပိုင်းတစ်ခု
လည်း ဖြစ်ခဲ့ ပါသည်။

ယခုတော့  ထိုဝိုင်းကလေးသည်လည်း အတိတ်မှာ ကျန်နေခဲ့ ရသည့်  အရိပ်တစ်ခုလိုပဲ ဖြစ်ခဲ့ ရပြီးဖြစ်ပါသည်။
အရာရာက အမြဲတန်းပဲ မမြဲပဲ ပြောင်းလဲနေတတ်သည် မဟုတ်ပါလား ။

အဲ့ ဒီအချိန်တုံးက ကျွန်တော်သည် ဂျာနယ်၊စာစောင်များကို အလွန်ဖတ်တတ်ပြီး၊ အိမ်နှင့်လှမ်းရာ ဗမာဆိုင်သို့ 
သွားသွားဝယ်နေတာကို မြင်နေသော ညီမငယ် ဂျစ်တူးလေးမှ မျက်စေ့ နောက်လာ၍ အိမ်မှာပဲ အင်တာနက်
လိုင်းဆင်ကာ လွှင့် တင်ထားသော ဂျာနယ်များကို ဒေါင်းလွတ်လုပ်ထားပြီး ဖတ်ရန် တိုက်တိုက်တွန်းတွန်းပြောခဲ့ 
သည်မှ စ, ပါတော့ သည်။ ကျွန်တော် “ လိုင်း ” ပေါ် စ,ရောက်ခဲ့ ပါသည်။ စာတွေကို ဖတ်တတ်ရုံလေးပါပဲ။
ဗမာလိုပဲ ရေးထားတာကိုး ..။ ထိုမှတစ်ဆင့်  ဂွင် တွေကျယ်လာပြီး ဘလော့ တွေထဲပါ ရောက်လာတော့ ၏။
စာကိုမရိုက်တတ်သေးပေမယ့် ထိုအချိန်က အရှိန်ရ,စ ပြုနေပြီဖြစ်သော “ ကိုမြစ်ကျိုးအင်း ” ၏ စာတွေ၊ သူ့ 
မိတ်ဆွေ တို့ ၏ စာတွေကိုပါ လိုက်ဖတ်လာရင်း၊ ဒါမျိုးတွေ ငါလည်း ရေးရရင် ကောင်းမှာပဲ..၊ ရေးလို့ ရတာပဲဟု
ကြီးကျယ်သော ဆန္ဒတွေ တဖွားဖွားပေါ်ပေါက်လာခဲ့ ရပြီး၊ ကီးဘုတ်ပေါ်မှ အင်္ဂလိပ်စာလုံးများကို ဗမာလိုပေါ်လာ
စေရန် ဒေါင်းလွတ် လုပ်ထားသော “ အယ်လ်ဖာဇော်ဂျီ လက်ကွက် ” ဖြင့် မရပ်မနား တစ်ဖျောင်းဖျောင်းရိုက်ရင်း
လေ့ ကျင့် လိုက်သည်မှာ .. အလုပ်တစ်ရက်ပျက်၍ တစ်ရက်နှင့် တမနက်သော အချိန်နှင့် ပဲ အင်္ဂလိပ်ကီးဘုတ်
ဖြင့် ကကြီးမှ အ အထိ အလွတ် ရိုက်တတ်သွားလေတော့ သတည်း။ ထိုစဉ်က “ ဆန္ဒ” က အဓိပတိ ဖြစ်နေခဲ့ သောကြောင့် ပါပဲ။ ဗမာလို အွန်လိုင်းပေါ်မှာ စာရေးချင်သည့် “ ဆန္ဒမီး” က၊ တစ်ကိုယ်လုံး တရဲရဲနေအောင်
တောက်လောင်နေခဲ့ သောကြောင့် ပါပဲ။

“အဖြူလေး”ဟူသော အမည်ကို ကျေကျေနပ်နပ်ခံယူရသည်မှာလည်း ကျွန်တော်တို့ ဝိုင်းကလေးတွင် ကျွန်တော်
က အားလုံးကို ပျော်စေ၊ ရယ်စေရန် ခပ်တည်တည်နှင့် သိပြီးသားအကြောင်းအရာတွေ အမျိုးမျိုးကို တကယ်ပဲ
မသိသေးသည့် မျက်နှာငယ်ပုံစံလေးဖြင့် ခပ်တည်တည် မေးတတ်၊ ပြောတတ် ၊ နေတတ်လွန်းသောကြောင့် 
“ ဖြူ ” ပြနေသော ကျွန်တော့်ကို ကိုမြစ်ကျိုးအင်းက “ အဖြူလေး ” ဟု ခေါ်ဝေါ်သမုတ်ခဲ့ သည်မှ စ,ခဲ့ ပါသည်။
ဘာကြောင့် ဆို သူ ပင်လျှင် လျှာ အမြုပ်ထွက်အောင် တစ်ကြိမ်မက၊ အကြိမ်ကြိမ် ရှင်းပြခဲ့ ရသောကြောင့်ပါပဲ။
အားလုံးက ကျွန်တော့်ကို ဝိုင်းရယ်နေပေမယ့် ကျွန်တော်ကတော့  လိုက်မရယ်ပါ။ ကိုယ်က တကယ်ပဲ မသိသလို
ပုံစံပါပဲ။ ကြာတော့ လည်း ကျွန်တော့် အထာကို ယဉ်ပါးလာကြပြီဆိုတော့  ဘယ်သူမှ အထူးအဆန်းမဖြစ်တော့ 
ပေမယ့် ၊အထူးအဆန်း ဖြစ်ခဲ့ ရသည်က ကျွန်တော် “ အဖြူလေး ” ဖြစ်ခဲ့ ရခြင်းပါပဲလို့  ။

“ အဖြူလေး ” အဖြစ် ဘလော့ တစ်ခုကို ကိုမြစ်ကျိုးအင်း အကူအညီဖြင့်  စတင်ခဲ့ ပြီးသည့်  နောက်ပိုင်း
ကျွန်တော်တွယ်တာခဲ့ မိသော “ ဝိုင်းကလေး ” နှင့်  ကျွန်တော် ကွာလာ၊ ခွာလာမိခဲ့ တော့ သည်။ ကျွန်တော်က
တစ်ခုခုရေးစရာ၊တွေးစရာ ရှိလာလျှင် မိုးမမြင်၊လေမမြင်၊ ဝန်းကျင်ကိုပင်မမြင်တော့ အောင်ပဲ တွေးနေ၊ ရေးနေ
တတ်လေတော့ ...၊ “ ဝိုင်းကလေး” ထက် တွယ်တာရတော့ မယ့်  ဘလော့ ကလေးလည်းရှိလာပြီကိုး..။

ထိုစဉ်က ကျွန်တော်သည် မြင်းလှည်းကို ဆွဲနေရသော မြင်းတစ်ကောင်လိုပဲ စာတွေ ရေးနေခဲ့ မိသည်။
လှည်းဆွဲမြင်းတစ်ကောင်သည် သူ့ မျက်လုံးနှစ်ဖက်ကို ဘေးဝန်းကျင်အား မမြင်မိစေရန်အတွက် ရှေ့ တည့် 
တည့် သာ လှပ်ပေးထားပြီး သူ့ မျက်လုံးဘယ်ညာ နှစ်ဖက်လုံးကို အပိတ်နှစ်ခုဖြင့် ကာရံထားခြင်းခံရပါ၏။
ဘေးကိုမမြင်တော့  ဘေးက ပုံရိပ်တွေကြောင့်  သူ့ အာရုံတို့ သည်လည်း လန့် ဖျတ် ရှုပ်ထွေးခြင်း မရှိတော့ ပဲ
ရှေ့ တည့် တည့်  မြင်နေရသည့်  မြင်ကွင်းကျဉ်းကျဉ်းလေးအတိုင်း တရှုးထိုး ပြေးနေရသည့် သဘောကို ဆိုခြင်း
ဖြစ်ပါ၏။ တစ်ခုခုကို လုပ်ချင်နေလျှင် ဘာကိုမှ မသိတတ်၊ မကြည့် တတ်ပဲ ဇွတ်တရွတ် လုပ်တတ်သည့် အကျင့် 
ဆိုး တစ်ခုပါပဲ။

ယခုတော့  ထိုမြင်းလို ဖြစ်နေသော ကျွန်တော့်ဘဝကို ကျွန်တော် စ,တင် ပြောင်းလဲချင်နေပါပြီ။
စာဖတ်သူများကိုလည်း တန်ဖိုးထားရပါတော့ မည်။ ကိုယ်ထင်ရာ၊မြင်ရာ၊ ကိုယ့် တစ်ကိုယ်ရေ ခံစားချက်တွေကို
ပဲ အန်ထုပ် မနေသင့် တော့ ကြောင်းလည်း သဘောပေါက်ခဲ့ ပြီ။ တစ်ခုခု ပေးလိုက်ချင်သည်ဟု ကြီးကျယ်စွာ
မဆိုလိုက်ချင်သော်လည်း ကောင်းသည့် စာ၊ ကျန်မည့် စာလေးတေပွဲ ရွေး၍တင်ပါတော့ မည်။ ယခုလောလော
ဆယ် ဆရာမာန်၏ ခွင့် ပြုချက်ဖြင့် သူ့ ဝတ္ထုတစ်ပုဒ်ကို ရေးတင်နေခဲ့ သည်မှာ ပြီးဆုံးခါနီးထိ ရောက်ခဲ့ ပြီ။
အမတန်မှ ခက်ခဲသည့် “ ဖြစ်၊ပျက် ” အကြောင်းကိုလည်း မနိုင်သည့် ကြားက လေ့ လာရင်း၊ ရေးရင်းဖြင့် ပဲ
ဖြစ်ပျက် (တစ်) မှ (လေး) သို့  တိုင်ခဲ့ ပြီ။

သို့ သော် ... ကျွန်တော်သည် “ စာ ” ကို ရေးသည့် နေရာမှာ “ ဆရာ ” တစ်ယောက် အဆင့် ဖြစ်နေသည့် 
“ စာရေးဆရာ ” တစ်ယောက်မဟုတ်ပဲ၊ “ စာ ”တွေကို ရေးသားနေသည့် “ စာရေးသူ ” တစ်ယောက်သာ
ဖြစ်နေသည့် အတွက် ရေးသည့် စာတိုင်းမှာ ပုံစံမကျသေးတာ၊ မှားနေ လွဲနေတာတွေတော့  အမြဲ ရှိနေမှာပဲ
ဖြစ်ပါသည်။ သို့ အတွက်လည်း ဖြည့်စွက် ဖတ်ပေးနေရတာ အကျင့် ပါနေသော ကျွန်တော့် စာဖတ်သူများကိုပဲ
ဆက်လက်ပြီး တောင်းပန်သွားချင်ပါသည်။

နေရာပေး၍ ရေးသားရန် ဖိတ်ကြားခဲ့ သော “ကိုအောင် ( ပျူနိုင်ငံ ) ” နှင့် တကွ၊ အဖြူလေးဘဝရောက်အောင်
ဖန်တီးပေးခဲ့ သော တစ်ချိန်က ဝိုင်းတော်သားများ၊ လိုအပ်သော ဘလော့ နှင့် ပတ်သက်သည့်  အခက်အခဲ
ပြဿနာတိုင်းကို ကြုံရင်၊ ကြုံသလို ဖြေရှင်း ပေးနေခဲ့ သော “ မမရွှေစင် ”၊ “ မမကီ ”၊ “ စည်းစိမ်ရှင်”၊ “ လရိပ်
အိမ် ” တို့ နှင့် ရေးဖက်များဖြစ်သော Jasmine ( တောင်ကြီး )၊ မ ချော( အစိမ်းရောင်လွင်ပြင် )၊ အန်တီတင့် ၊
Sosegado၊ အလင်းစက်များ၊ ကိုဇော် ၊ ချယ်ရီမြေ၊ အကိုဟန်ကြည်၊ Anglehlaing ၊ သိင်္ဂါကျော်၊ သဒ္ဒာလှိုင်း၊ မြတ်
မွန်၊ ချမ်းလင်းနေ၊ မမကေ၊ အနော်၊ ရီနိုမန် စ,သည့် ဘလော့ ကာများ၊ တစ်ခြား ကျွန်တော်မသိသေးသော ရေး
ဖက်များ၊ ကျွန်တော်ရေးချင်တာ လျှောက်ရေးနေသည်ကို စိတ်ရှည်ရှည် လိုက်ဖတ်ပေးနေသော စာဖတ်သူများ
လုံးကို ကျေးဇူးဥပကာရ အထူးတင်ရှိနေပါကြောင်း ဤပို့ (စ)လေးနှင့် အတူ ပြောခွင့်ပြုစေချင်ပါသည်။

စာရေးဆရာနှင့် ဘလော့ ကာ တူပါသလား ...။
သိလျှင်ဖြေပေးကြစေလိုပါသည်ခင်ဗျား...။
လေးစားခင်မင်စွာဖြင့် ....

( အဖြေးလူ )

............................................................................................................






Wednesday, August 24, 2011

ဘန်ကောက် ( ၂ )

ကျွန်တော် ကံကောင်းပြီဟု ထင်နေစဉ်မှာပင် နောက်ကျောကို ဓားဖြင့် ထိုးသူတစ်ဦး ပေါ်လာခဲ့ ပါသည်။
တခြားသူ မဟုတ်။ အညာမှ ကျွန်တော်နှင့် အတူ စင်္ကာပူသို့  အလုပ်လုပ်ရန် လိုက်လာသည့်  ငယ်သူငယ်ချင်း
ဖိုးကျော့ ၏ အစ်ကို အရင်းပင် ဖြစ်ပါသည်။

သူ့ ခမျာ မိဘက ယာသမားဖြစ်၍ တောထဲ တောင်ထဲတွင် လယ်ယာကိုင်းကျွန်း အလုပ်ကို ရိုးသားစွာ လုပ်ကိုင်
နေသူ ဖြစ်ပါကြောင်း၊ ကျွန်တော်က နိုင်ငံခြားပို့ ပေးမည် ကြီးပွားစေရမည်ဟု ဆိုသဖြင့် ယုံစားကာ လယ်ကို
ရောင်း၍ လိုက်လာခဲ့ ပါကြောင်း၊ သူ့ အား သနားညှာတာစေလိုကြောင်း၊ ယခု ရောက်သည်မှာ ရက်ပိုင်းမျှသာ
ရှိသေးကြောင်း စကားပြန်မှတစ်ဆင့်  ငိုချင်းချပါတော့ သည်။

အမှုစစ်ရဲက ကျွန်တော့် ကို ခေါ်၍ စွဲချက်တင်သောအခါ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ အံ့ သြထိတ်လန့် 
သွားသည်။ မကြုံဘူးသော ဖြစ်ရပ်မို့  တုန်လှုပ်ချောက်ချားမိတော့ သည်။ သူနှင့် ကျွန်တော်သည် ထမင်းအတူ
စား၊ ခရီး အတူသွား၊ ပွဲအတူ တက်ခဲ့ ကြဖူးသည့်  ဇာတိနယ်မှ မိတ်ဆွေရင်းများ ဖြစ်ကြသည်။ သူ့ ညီ ဖိုးကျော်နှင့် 
ကျွန်တော်က ကျောင်းနေဖက်။ သူ့ မိဘများက ကျွန်တော့် ကို သားလို ချစ်သည်။ သူ စင်္ကာပူ ရောက်တာ တစ်နှစ်
ကျော်ခဲ့ ပြီ။ ငွေပင် သိန်းနှစ်ဆယ်ကျော် ပို့ ပေးခဲ့ ပြီးပြီ။ သူ ဘာကြောင့်  ကျွန်တော့် အား ချောက်တွန်းရသနည်း။

ကျွန်တော် ငုံ့ ခံနေ၍ မဖြစ်။ စကားပြန် မိန်းမကြီးကို ဖြစ်ကြောင်းကုန်စင် ပြောပြသည့် အပြင် ယခု ရောက်နေသူ
များအား ကျွန်တော့် ဖက်က မှန်သည်၊ မှားသည်ကို သက်သေ ပြနိုင်ကြောင်း ပြောပြမိတော့ သည်။ နောက်ဆုံး
သူ ငွေလွှဲခဲ့ သည့်  ရက်စွဲကိုပါ ပြောပြလိုက်သည်။ ရဲက ပြုံး၍ နားထောင်နေသည်။ စင်စစ် ရဲက သူ့ အား သူလျှို
မွေးလိုက်ခြင်းသာ ဖြစ်မှန်း တရားရုံးရောက်မှ ကျွန်တော် သိတော့ သည်။ သူ ဖော်ကောင် လုပ်သွားသည်ကိုး။
ကိစ္စမရှိ။ ကမ္ဘာမြေက ကျဉ်းပါသည်။ ကျွန်တော် အလွန်ဆုံး ထောင်ကျလျှင် သုံးနှစ်သာ ကျမည်။ ဒါတောင်
သက်သေ ခိုင်လုံပါမှ ကျနိုင်မည်။

ယခု ကျွန်တော့် အား လူမှောင်ခိုအဖြစ် စွဲချက်တင်ရန် ကြိုးစားနေသည်မှာ ဘာမှ မခိုင်လုံ။ လူမှောင်ခို ဟူသည်
တရားမဝင်သော နည်းလမ်းဖြင့် တခြားနိုင်ငံသို့  ခိုးဝင်နိုင်အောင် ဆောင်ရွက်ပေးသူကို ဆိုလိုသည်။ ယခု အဖမ်း
ခံရသူများမှာ တရားဝင်ပတ်(စ)ပို့ များဖြင့်  ထွက်လာကြပြီး၊ တရားဝင်ဗီဇာဖြင့် စင်္ကာပူသို့  ဝင်လာကြရင်း၊
ဒီရောက်မှ ( Overstay ) နေကြသူများ ဖြစ်သည်။ နယ်စပ်က ခိုးဝင်လာသူ မရှိ။

နောက်ဆုံး ကျွန်တော့်အား ကျောင်းသားကဒ် ငှားရမ်းကိုင်ဆောင်မှု၊ ပတ်(စ)ပို့  မရှိမှု၊ တရားမဝင် နေထိုင်မှုများ
ဖြင့်  စွဲချက် တင်တော့ သည်။ တစ်မှုချင်းသာ ဆိုလျှင် ကျွန်တော်သည် တစ်နှစ်နီးပါး အပြစ်ဒဏ် ခံရတော့ မည်။

အချုပ်၌ ရက်နှစ်ဆယ်ကျော် နေရချိန်တွင် ကျွန်တော့် အတွေး၌ “ ငါ ကတိပျက်လို့  လောကပါလ နတ်တွေက
သတိပေးတာ ဖြစ်မယ် ” ဟူသော အတွေးတို့ က ဆင့် ကာဆင့် ကာ ဝင်လာပါတော့ သည်။ လွန်ခဲ့ သော ရှစ်နှစ်
လောက်က ယိုးဒယားနိုင်ငံရှိ ကြံခင်းထဲတွင် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးရင်း၊ ကျွန်တော် သစ္စာဆို
ခဲ့ ဘူးသည်။

“ မြတ်စွာဘုရားနှင့် တကွ လောကပါလနတ်အပေါင်းတို့ အား တိုင်တည်ပါ၏။ ကျွန်တော် ယခု ကြုံတွေ့ နေရ
သော အသက်ဘေးမှ လွတ်မြောက်ပါလျှင် အများအတွက် အသက်ရှင်သူ ဖြစ်ရပါစေမည် ” ဟူသောကတိစကား
ကို ယနေ့ အချိန်ထိ ကျွန်တော် မလုပ်နိုင်ခဲ့ သေးပါ။

ယခုတော့  ကျွန်တော် ကတိမတည်၍ မဖြစ်တော့ ။ လောကပါလနတ်များသည် ကျွန်တော့် အား ဒဏ်ခတ်နေပြီ။
ကျွန်တော် ဆက်၍ ကတိပျက်ယွင်းနေလျှင် အသက်ပါ နုတ်ချင် နုတ်သွားမည်လားမသိ။ ထို့ ကြောင့် တည်ငြိမ်စွာ
ကျွန်တော် ဆုံးဖြတ်ရလေပြီ။

သားသမီး၊ ဇနီးမယားဟူသည်က ကိုယ်စီ ကံတရား ရှိကြသည်။
မိဘ၊ ညီအစ်ကိုမောင်နှမသည်လည်း ကိုယ်စီ ကံတရား ရှိကြသည်။
မိမိသည်သာ မိမိ ကတိတရားအတိုင်း အများအတွက် ကြိုးစားမှ ဖြစ်တော့ မည်။ မည်သူက လက်ခံခံ မခံခံ၊
နားလည်ပေးပေး မပေးပေး လောကအပေါ် ထားသည့်  ကတိကို တည်ဖို့ လိုပြီ။
ကျွန်တော် အချုပ်နံရံကို မှီ၍ ကတိစကား ဆိုပါတော့ သည်။ ဤအပြစ်ဒဏ်မှ လွတ်လျှင် တကယ်ပင် ကတိတည်
ပါတော့ မည့်  အကြောင်း လောကပါလနတ်များအား ကတိပေးရပါတော့ သည်။

သည်တစ်ချီမှာလည်း လောကပါလနတ်များက ကျွန်တော့် ကို ငဲ့ ညှာပြန်သည်။ တရားသူကြီးမင်းက ကျွန်တော့် 
အား ပြစ်မှုများနှင့်  ပတ်သက်၍ ဘာပြောလိုပါသနည်းဟု နောက်ဆုံး မေးခွန်းကို မေးလာချိန်တွင် ကျွန်တော်က
စကားပြန် အမျိုးသမီးက တဆင့်  “ ကျွန်တော် နောက်နောင် ဘယ်တရားဥပဒေကိုမှ မဖောက်ဖျက်တော့ ပါမည့် 
အကြောင်း ” ပြောခိုင်းလိုက်၏။ စကားပြန် ရှေ့ နေမကြီးက ကျွန်တော့် ကို ငေးကြည့် လာ၏။ ထိုစကားကိုပင်
ကျွန်တော်က တရားသူကြီးမင်းအား ပြောပြပေးပါဟု တောင်းဆိုသောကြောင့် ရှေ့ နေမကြီးက အင်္ဂလိပ်လို
တဆင့် ပြောပြလိုက်တော့ သည်။
ထို တဒင်္ဂကို ကျွန်တော့် တစ်သက်တွင် ဘယ်တော့ မှ မေ့ တော့ မည်မဟုတ်တော့ ။

တရားသူကြီးမင်းက ကျွန်တော့် မျက်လုံးများကို စူးစိုက် အကဲခတ်နေသဖြင့်  ကျွန်တော် ရဲရင့် တည်ကြည်စွာပင်
သူ့ ကို ပြန်ငေးကြည့်နေမိသည်။ မျက်လုံးချင်း ဆုံနေကြသည်မှာ အနည်းငယ်ကြာသည်။ ထို့ နောက် တရားသူ
ကြီးမင်းက ကျွန်တော့် ပြစ်မှုများကို ပြန်ကြည့် ရင်း အမိန့် ချသည်။

စုစုပေါင်း သုံးလနှင့်  ဆယ်ရက်သာ။ ကြိမ်က သုံးချက်။
အချုပ်ရက်ကို နုတ်ခွင့် ပေးပြန်တော့ ကျွန်တော် ထောင်ကျမည့် ရက်မှာ နှစ်လနှင့် ရက်နှစ်ဆယ်။ ကျွန်တော့် 
နားကိုပင် ကျွန်တော် မယုံ။ တရားသူကြီးမှ အမိန့်  ချမှတ်လိုက်ပြီးလျှင် ထိုတရားခံမှာ တရားခွင်၌ ဆက်နေခွင့် 
မရှိ။ ဘေးပေါက် လှေကားမှတစ်ဆင့်  လှေကားထစ်တွင် စောင့် နေရသည်။ ယနေ့ အဖို့  အချုပ်ဆောင်သို့ 
မသွားရတော့ ။ ထောင်သို့  တိုက်ရိုက်သွားရတော့ မည်။ ကျွန်တော်တို့  အုပ်စုထဲတွင် များများစားစား ပြစ်ဒဏ်
ကျသူက နှစ်ဦး သုံးဦးသာ ရှိသည်။ ပထမဆုံး အဖမ်းခံရသော မောင်ကျော်က တစ်နှစ်ခွဲ၊ သူ လက်ညှိုးထိုး၍
တရားခံလုပ်ခဲ့ သူ လင်မယားနှစ်ဦးမှ ယောင်္ကျားဖြစ်သူက သုံးနှစ်၊ ဖြူဖြူက သုံးနှစ် အသီးသီး ပြစ်ဒဏ် ကျခံရ၏။

ကျွန်တော် ကျခံရသော ပြစ်ဒဏ်ကို ကြားရသောအခါ မည်သူမှ မယုံ။
လူအပို့ အကြို၊ အိမ်ငှားစားမှု၊ ပတ်(စ)ပို့  ရောင်းဝယ်မှု၊ စာရွက်စာတန်း အတုပြုလုပ်မှု၊ သူတစ်ပါး ကျောင်းသား
ကဒ် လက်ဝယ်တွေ့ ရှိမှု၊ သူတစ်ပါး ပတ်(စ)ပို့  နှစ်ခုအား လက်ဝယ် တွေ့ ရှိမှု စ,သည့်  အပြစ်များကြောင့်  ထောင်
ဒဏ် နည်းလိမ့် မည်မဟုတ်ဟု ကျွန်တော့် ကိုယ် ကျွန်တော်လည်း တွက်ထားခဲ့ ပြီး ဖြစ်သည်။

သို့ ရာတွင် ကျွန်တော် တကယ်ရင်ဆိုင်ရသည်က တရားမဝင် နေထိုင်မှုနှင့် သူတစ်ပါး ကျောင်းသားကဒ် လက်
ဝယ်တွေ့ ရှိမှု နှစ်ခုသာ ဖြစ်သည်။ ကျွန်တော့် အား သစ္စာဖေါက်သော မိတ်ဆွေကြီးမှာမူ ထောင်ဒဏ် နှစ်ရက်
သာ ကျခံခဲ့ ရပြီး မြန်မာပြည်သို့  ပြန်ခွင့် ပြုခဲ့ သည်။ သူထင်ထားသည်က အစိုးရ သက်သေအဖြစ် နောက်နှစ်နှစ်
သုံးနှစ် ဆက်လက် နေထိုင်ခွင့် ရလိမ့် မည်ဟူ၍ ဖြစ်သည်။ သူ တွက်ဆထားသလို ကျွန်တော်တို့ အမှုက မရှည်
ဝေး။ ရက်နှစ်ဆယ် ဖြင့်ပင် စီရင်ချက် ချနိုင်ခဲ့ သောကြောင့် သူလည်း အစိုးရ သက်သေ မဖြစ်တော့ ။

ကျွန်တော့် ကို ချန်ဂီထောင်သို့  ပို့ သည်။
ထောင်အဝင်တွင် တလာစီကြသည်။ စုစုပေါင်း လူငါးဆယ် ကျော်သဖြင့် ဆယ်ယောက်လျှင် တစ်တန်းနှုန်း
တန်းစီကြရသည်။ နေက ပူရသည့် အထဲ ကိုယ်လုံးတီးဖြင့် ဖိနပ်ပင် စီးခွင့် မရပဲ ကွန်ကရစ်အပေါ်၌ တန်းစီကြ
ရသည်။ လူတစ်ကိုယ်လုံး အပေါက်အစ မကျန် ရှာသည်။ ပြေးခိုင်းသည်။ ကုန်းခိုင်း၊ကွခိုင်းသည်။ ထို့ နောက်
ပစ္စည်းစာရင်းအလိုက် နာမည်ခေါ်၍ ကိုယ့် ပစ္စည်းကိုယ် အစစ်ခံကြရသည်။ အဝတ်အစား ပြန်ဝတ်ကြရသည်။
ပိုက်ဆံများကို စနစ်တကျ လက်ခံ သိမ်းပေး၏။ ဟမ်းဖုန်းများကိုလည်း ပိုက်ဆံအိတ်နှင့် တကွ ပလတ်စတစ်
ဇစ်ဆွဲအိတ်လေးဖြင့် သိမ်းပေး၏။ လက်သည်းညှပ်၊ နားဖာကလော် စသည်များကိုတော့  အမှိုက်ပုံးတွင်းသို့ 
ချက်ခြင်း ပစ်ထည့် သည်။

ထောင်ဝတ်စုံများ ဝတ်ပြီးကြသည့် အခါ လက်၌ ကော်ကြိုးအမာစားလေးဖြင့်  ထောင်ကျနံပါတ်ပါ တစ်ခါတည်း
တွဲပေးရင်း မဖြုတ်ရ၊ မပြုတ်စေရဟု ပြင်းပြင်းထန်ထန် သတိပေးကာ ဝတ်ထားစေသည်။ ထို့ နောက် မြက်ဖျာ
တစ်ချပ်နှင့် စောင်နှစ်ထည်၊ စတီးခွက်တစ်ခွက်၊ တဘက်၊ ဆပ်ပြာများ ပေးပြီး အတွဲလိုက် အတွဲလိုက် မိမိတို့ 
နေရမည့် အချုပ်ခန်းဆောင်သို့  ပို့ ပေးသည်။

ထောင်ကတော့  ကျပြန်လေပြီ တစ်ချီ။
ရောက်ရောက်ချင်းနေ့ တွင် ကျွန်တော့်အား တစ်ခြားထောင်ကျ မြန်မာတစ်ဦး၊ အန္ဒိယသားနှစ်ဦးနှင့် တွဲကာ
အချုပ်ခန်း“ လေး ” ၌ နေရသည်။ အလျားကိုးပေ၊ အနံခုနှစ်ပေခန့် သာ ရှိသော အခန်းကျဉ်းလေးဖြစ်ပြီး
နေရောင်မမြင်ရ။ အထဲ၌ ဟင်းလင်းဖွင့် ထားသော ရေအိမ် ရှိသည်။ မျက်နှာပဲ သစ်သစ်၊ အပေါ့ အလေးပဲသွား
သွား ကျန်လူများက မျက်နှာလွှဲနေပေးရသည်။ အနုစား တိုက်ပိတ်ခံရခြင်း ဖြစ်သည်။ ထိုအခန်းတွင် နှစ်ရက်
လောက်နေရပြီး ခေါင်းတုံးပုံစံ ဆံပင်ညှပ်ပေးသည်။

နောက်ရက်များတွင် ကျွန်တော် ပြောင်းရွှေ့ ရသော အဆောင်ကြီးမှာ အချုပ်ဆောင် အကြီးစားကြီး ဖြစ်သည်။
စုစုပေါင်း လူလေးဆယ်ကျော် ဆန့် သည်။ မနက်ဆိုလျှင် လက်ဖက်ရည်နှင့် ပေါင်မုန့် ကြမ်းများကို လိုက်ဝေ၏။
ကိုယ့် ခွက်ကို သွား၍ စီချထားရုံသာ။ မနက်စာ လက်ဖက်ရည်တိုက်ပြီးလျှင် တန်းစီထိုင်ရသည်။ ထို့ နောက်
ကိုယ့် အစုနှင့် ကိုယ် စကားပြောနိုင်သည်။ ခဏကြာလျှင် အပြင်သို့ ထုတ်၍ ရေချိုးခွင့် ၊ ဘောလုံး၊ ခြင်းလုံး ကစား
ခွင့် ပေးသည်။

ထိုအဆောင်မှာ နေရသည်မှာ သိပ်မကြာလိုက်။ အလုပ်သမား စာရင်းတွင် ကျွန်တော့်နာမည် ပါလာသဖြင့် 
အလုပ်ထွက်လုပ်ရန် ပြောင်းရွှေ့ ခဲ့ ရတော့ သည်။ ကျွန်တော် မလိုက်ချင်၍ ငြင်းကြည့် သေးသည်။ အချုပ်ဆောင်
မှ စင်္ကာပူလူမျိုး လူကြီးများက လိုက်သွားစေလိုကြောင်း၊ အလုပ်သမားဖြစ်လျှင် အနေ၊အစား သက်သာကြောင်း
တစ်နေ့ လျှင် သုံးကြိမ် အပြင်ထွက်ခွင့် ရကြောင်း၊ အလုပ်မလိုက်လျှင် ပို့ စ်ဒေါင်းထောင်သို့  ပို့ တတ်ကြောင်း
ဝိုင်းပြောသဖြင့် အလုပ် လာခေါ်သူများနှင့် လိုက်ဖြစ်ခဲ့ သည်။

အလုပ်သမားမို့  အနေအစားချောင်သော်လည်း အလုပ်မှာ မချောင်။
ကျွန်တော် တာဝန်ကျသည့် အလုပ်မှာ ထောင်ကျများအား မနက် လက်ဖက်ရည်၊ နေ့ လည်ထမင်း၊ ညနေထမင်း
ကြားတွင် လက်ဖက်ရည် တစ်ကြိမ် လိုက်လံပို့ ပေးရသည့်  အလုပ်ဖြစ်သည်။ ကိုယ့်အဆောင်နှင့်ကိုယ် တာဝန်ယူ
ရသည်။ ကျွန်တော်တို့  အုပ်စု တာဝန်ယူရသော အဆောင်၌ အခန်းရှိသမျှ အပေါ်ထပ်ရော အောက်ပါ လူစေ့ 
အခန်းစေ့ ပုံစံခွက်ထမင်းပန်းကန်များ လိုက်ဝေပေးရသည်။ စုစုပေါင်း အလုပ်သမား နှစ်ဆယ်ကျော် ရှိသည့် 
တိုင် အမောဆို့ အောင် လုပ်ရခြင်း ဖြစ်သည်။ လှေကား အတက်အဆင်း၊ ထမင်းပန်းကန်စေ့ မစေ့ ၊ စားပြီးလျှင်
ပြန်သိမ်း၊ ရေနွေးလိုက် စ,သော အလုပ်များကို ခေါက်တုံ့ ခေါက်ပြန် လုပ်ကြရသည်။ အလုပ်မစခင် တီဗွီ ကြည့်
ခွင့် ရ သည်။ ပြီးလျှင် ရေမိုးချိုးခွင့် ပေး၏။ ရေမချိုးခင် ခြင်းလုံးကစားခွင့် ပေး၏။ ထိုအလုပ်များမှာလည်း
ကျွန်တော် ဆယ်ရက်ကျော်သာ လုပ်ခဲ့ ရသည်။


( ဆက်ရန် )

..........................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။



Thursday, August 18, 2011

ဘန်ကောက်ကို သစ္စာဖောက်မိသူ ..။

ကျွန်တော်တို့ အား သက်ဆိုင်ရာမှ နှစ်ကြိမ်နှစ်ခါ ခေါ်ယူ စစ်ဆေးပြီးချိန်တွင် ဘန်ကောက်ကို ကျွန်တော် အမုန်း
စိတ်ဝင်လာသည်။ နှစ်ခေါက်လုံးမှာ နိုင်ငံရေးနှင့် ဆက်သွယ်ပတ်သက်မှု ရှိ၊မရှိ ခေါ်ယူစစ်ဆေးခြင်း ဖြစ်၍ ပိုပြီး
စိတ်ပျက်လာသည်။ သူတို့ က ရိုးရိုးစစ်တာမဟုတ်။ မှတ်တမ်းမှတ်ရာ အချက်အလက်များ၊ ပတ်(စ)ပို့  မိတ္တူများ
ဓါတ်ပုံများဖြင့်  ဖိုင်လုပ်ပြီး စစ်ချက်ယူထားကြသည်။ ဤပြဿနာက မလွယ်လှ။ ကျွန်တော်တို့ က ပတ်(စ)ပို့ 
အတည်တကျ ကိုင်သူများ မဟုတ်။ စင်္ကာပူဗီဇာရှိသည့် စာအုပ်ကို အဓိက ကိုင်သူများဖြစ်၍ မကြာခဏ နာမည်
လွဲနေတတ်၏။ နောက်တစ်ကြိမ် လာစစ်ပါက ပတ်(စ)ပို့  မတူလျှင် သေဖို့ သာ ရှိတော့ မည်။ ဤအမှုကား
မသေးလှ ။

နောက်အပူတစ်ခုက ဖိုင့် ကို ဇနီးအေးကိစ္စ ဖွင့်ပြောရမည့်  အပူ ဖြစ်သည်။
ဖိုင်၏ ကြီးမားသော သစ္စာတရားကို ကျွန်တော် ဥပေက္ခာမပြုခဲ့ ။ ကျွန်တော် မိန်းမယူလျှင် သူ့ ကို ဖွင့်ပြောပါဟု
ကတိတောင်းခဲ့ သည်မှာ ကြာခဲ့ ပြီ။ ကျွန်တော် မည်သို့  ပြောရမည်ကို မသိသေး။ ဝေ့ လည်ကြောင်ပတ် လုပ်နေ
မိသည်မှာ ကြာပြီ။ ကျွန်တော် အဖျားတက်ပြီးချိန်တွင် ဖိုင်၏ သစ္စာတရားက ကျွန်တော့် ကို မရမက နှိုးဆော်
လေပြီ။ ဖိုင်၏ ဖြူစင်သော သစ္စာတရားကို ကျွန်တော် တုန်လှုပ်လာ၏။

ဒုတိယအပူဖြစ်သည့်  ဇနီးအေးကိစ္စကို ဖွင့် ပြောရန်အတွက် ဖိုင့် ထံမှ အားနည်းချက်ကို ကျွန်တော် အကွက်
ချောင်းနေသည်။ ဘာမှ မတွေ့ ရသေး။ စင်္ကာပူ ပြန်တက်ရန် ရက်မှာလည်း နီး၍လာချေပြီ။ တစ်ရက်မှာတော့ 
“နမ့် ရို” နေမကောင်းချိန်မှာ ဖိုင်တစ်ယောက် အချိန်ပို ဆင်းနေသည့် အတွက် ကျွန်တော် ဆူရင်း၊ငေါက်ရင်း
ကိုယ့် အပူကိုပါ တစ်ခွန်းတစ်စ ပြောချလိုက်သည်။ ဖိုင်က ရုတ်တရက် ခွန်းတုံ့ မပြန်။ နောက်နေသည်ပဲ ထင်၏။
ကျွန်တော်နှင့် လိုက်လာပြီး ထပ်ခါထပ်ခါ မေးလာတော့ မှ ...
“ ကျွန်တော် မတောင်းပန်ချင်ဘူး၊ ကျွန်တော် မိန်းမ ရခဲ့ ပြီ ”
“ တကယ်လားရှင် ..”
“ တကယ်ပါဖိုင်၊ ကျွန်တော် ဖျားတဲ့ နေ့ က သမီးလေး မွေးတယ်တဲ့ ၊ မနက်အစောကြီး ဖုန်းခေါ်တာလေ ”
“ ကျွန်မ မယုံဘူး ”
“ မယုံလို့  မရဘူး ဖိုင်၊ ကျွန်တော် ပြောနေတာကို ယုံရမယ်၊ မြန်မာပြည်မှာ ရှိတယ် ”
“ ဟင့် အင်း .. ရှင့် မိန်းမ ဒီမှာပဲ မဟုတ်လား၊ ဘယ်မှာ ထားလဲ ပြော ”
ဖိုင်က ပြောပြောဆိုဆို ကျွန်တော့်အိမ်မှာ ရောက်နေသော မိန်းခလေးနှစ်ယောက်ဟု ထင်ကာ ချက်ခြင်း သွား
တွေ့ ရန် ပြင်သည်။
“ မဟုတ်ဖူး ဖိုင်..၊ သူတို့ က ဧည့် သည်တွေပါ၊ အစ်ကို့  ဧည့် သည်တွေ ဖိုင်၊ ကျွန်တော် ပြောတာ မယုံရင် ဆက်
မပြောတော့ ဘူး ”
ကျွန်တော့် စကားကြောင့် တိုက်ခန်း လှေကားတွင် အမုန်းခွန်အားကို ဖိုင် တည်ဆောက်သည်။
ကျွန်တော် သိလိုက်ပါပြီ။ သူ့ နှလုံးသားမှ ကျွန်တော့်ကို နှင်ထုပ်ရန် အမုန်းခွန်အားကို ဖိုင်ထူထောင်ပါတော့ မည်။
ဖိုင်သည် သံယောဇဉ်အပူကို ဘယ်သူ့ အကူမှ မပါပဲ ငြှိမ်းပါတော့ မည်။

ကျွန်တော် အခန်းထဲသို့  မနဲခေါ်ယူ၍ ဓါးတစ်ချောင်း ချပေးလိုက်သည်။ ဖိုင်က ဓါးကို ဆတ်ကနဲ ကောက်ကိုင်
လိုက်သည်။ ထိုးလိမ့် မည်ဟုပင် ကျွန်တော် ထင်၍ ခေါင်းငုံ့ ကာ ငြိမ်နေလိုက်သည်။ ခဏအကြာမှာ ဖိုင် ထွက်
သွားသည်။ လှေကားဝတွင် သွားပြန်ထိုင်နေသည်။

ကျွန်တော် ဖိုင့်ကို မချော့ ချင်၊ ပေးတဲ့ အပစ်ကိုသာ ခံယူလိုက်ချင်သည်။ ခက်သည်က ဖိုင်က ဘာအပစ်မှ မပြော။
သူ့ ကိုယ်သူပင် အပစ်တင်ရင်း သူ့ ဝေဒနာကို သူ ကုစားနေပြန်သည်။ နောက်နှစ်ရက်ကျော်အထိ ဖိုင် ပေါ်မလာ
တော့ ပေ။

ကျွန်တော် ဖိုင့်အိမ်ကို ရောက်သွားချိန်တွင် ဖိုင် ဖျားနေသည်။
ကျွန်တော် ထွေးပွေ့ သောအခါ ဖိုင် ရှိုက်ကြီးတငင် ငိုပါတော့ သည်။ နမ့် ရို မရှိ၍သာ တော်တော့ သည်။ ဖိုင်က
ကျွန်တော့်နှုတ်မှ တောင်းပန်စကား ထွက်လာမလားဟု ငေးကြည့် သည်။ ကျွန်တော် မတောင်းပန်ရက်တော့ ပါ။
ဤဖြစ်ရပ်များကို စိတ် အားလပ်သော နေ့ တစ်နေ့ တွင် ကျွန်တော် ငိုချရင်း ပြန်စဉ်းစားချင်၍ ဖြစ်သည်။ ငိုချရင်း
အောက်ပါ စကားတွေကို တစ်ယောက်ထဲ ပြောလိုက်ချင်သည်။

“ ကျွန်တော့် နှလုံးသားထဲမှာ ဖိုင် ဘယ်နေရာအထိ တိုးဝင်ရှိနေတယ် ဆိုတာ ကျွန်တော့် ဖာသာ ငိုချရင်း
တမ်းတမ်းတတ တွေးမိဦးမှာပါ ဖိုင်ရယ်၊ နှလုံးသားထဲက အပစ်တွေကို ဘဝတစ်လျှောက်လုံး သိမ်းထားရင်း
လောကဓံလှိုင်းကြောင့်  စိတ်ပန်းနွမ်းရိလေတိုင်း ကျွန်တော် မှားခဲ့ လေခြင်းလို့  အောက်မေ့ နေမှာပါ ”
“ ဖိုင်တို့ ၊ နမ့် ရိုတို့ ၊ ဇနီးအေးတို့ ၊ ရဝေ တို့ ကအစ တစ်ချိန်မှာ ကျွန်တော့်ရဲ့  အပြစ် မြောက်များစွာအတွက်
နာကြည်းဒေါသ ဝင်ကြမှာပါ၊ ဘယ်သူ့ ကိုမှ ကျွန်တော် မတောင်းပန်ဘူး ဖိုင်၊ ဒါဟာ “ အဒါ ” ရဲ့  မာနတရား
အစစ်ပဲ၊ နှလုံးသားက မခံနိုင်လို့  ငိုချသည့် တိုင် ကျွန်တော့်  ဝေဒနာ၊ ကျွန်တော့် ခံယူချက်၊ ကျွန်တော့် အတ္တ
တရားတွေ အတွက် ဒူးမညွတ်ချင်တော့ ဘူး၊ အားလုံးကို တတ်နိုင်သရွေ့  ကျွန်တော် ချစ်ပြခဲ့ တာပါပဲ ဖိုင်၊
တစ်ဦးတစ်ယောက်ထဲအတွက် ပုံမပေးနိုင်တဲ့ အပြစ်ကြောင့်  ဥပေက္ခာတရားကိုယ်စီနဲ့  ကျွန်တော့် ကို မုန်းတီး
ကြရင်လည်း တောင်းပန်ဖို့  ကျွန်တော် ဆန္ဒ မရှိဘူး။ ငိုချခွင့်  ကြုံတဲ့ နေ့ မှာတောင် တစ်ယောက်ထဲ ကျိတ်ငိုပစ်
မယ်။ ကျွန်တော့် အပြစ်ကို ကျေပါစေလို့  ဘယ်သူ့ ကိုမှ တောင်းပန်တိုးလျှိုးပြီး ဝေဒနာကို မဖြေသိမ့် ဘူး။
ကျွန်တော့် ဘာသာပဲ ခံစားယူမယ်။ ဖိုင့် ခံစားချက်ကို စာနာမိရင်လည်း ကျွန်တော် ငိုချင်တယ်။ ဇနီးအေးရဲ့ 
ခံစားချက်ကို ငဲ့ ကြည့် မိရင်လည်း ကျွန်တော် ငိုချချင်တယ်။ တတ်နိုင်သရွေ့  တော့  ခံနိုင်ဦးမှာပါ ”

ဖိုင့် ကို ဖွင့် ပြောပြီးချိန်က စ,ပြီး ဘန်ကောက်ဟာ ကျွန်တော့် ကို မပျော်ရွှင်စေတော့ ပါ။
ဘန်ကောက်မနက်၊ ဘန်ကောက် ညနေ၊ ဘန်ကောက် ညအခြေ မြို့ တော်ကြီးဟာ ကျွန်တော့် အတွက် ပိုလို့ 
ပျင်းရိစေခဲ့ ပါပြီ။ ဘန်ကောက်မှာ ကျွန်တော် မပျော်တော့ ။

ဘန်ကောက်ဟာ ပျော်စရာ မရှိဘူးလို့  သစ္စာဖောက်စကား ကျွန်တော် ပြောခဲ့ မိပါပြီ။
ဘန်ကောက်ကိုမှ မဟုတ်။ ဖိုင့် ကိုလည်း သစ္စာဖောက်ပြခဲ့ ပြီ။ ထို့ အတူ ဖြောင့် မတ်ရဲရင့် သော“အဒါ”ဟူသည့် 
ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ကိုယ်ပွားတစ်ခုလုံးကိုလည်း သစ္စာဖောက်ခဲ့ ပြီ။

ကျွန်တော် ဘန်ကောက်မှ မစွန့် ခွာမှီ ဖိုင့် ကို လေးနက်သော ကတိစကားနှင့် တကွ စာတစ်စောင် ပေးထား
ဖြစ်သည်။ “ နမ့် ရို” အသက်နှစ်ဆယ်ပြည့် ချိန်တွင် ကျွန်တော် ပြန်လာမည်ဟု။ ဤသည်မှာ ဘဝ၏ တိုက်ပွဲ
တစ်ခုကို လှမ်းမျှော်စဉ်းစားရင်း ကျွန်တော် ကတိပေးခဲ့ ခြင်းဖြစ်သည်။ ထိုကာလတွင် ကျွန်တော် ကျဆုံးပါက
ဖိုင့် အား ကျွန်တော်သည် လူရူးတစ်ယောက်သာ ဖြစ်ကြောင်းအား သမီးကို ကတိပေးနိုင်ကြောင်း ကတိခံခဲ့ 
သည်။ ကျွန်တော် ဖိုင့် ဆီကို ပြန်မလာချင်၍ မဟုတ်။ ကျွန်တော့် ဘဝခရီးအတွက် ရုတ်တရက် ပြန်လာနိုင်လိမ့် 
ဦးမည်မဟုတ်ဟု တွက်ဆထား၍ ဖြစ်သည်။ လာတွေ့ သည်မှာတော့  ဘာမှ မခက်။ သို့ သော် ဖိုင်နှင့်  နမ်ရို့ တို့ 
အတွက် သာမန်ဧည့် သည်တစ်ဦးအဖြစ် ကျွန်တော် မလာချင်တော့ ပြီ။

စိုးရိမ် ထိတ်လန့် နေသော လူနေမှုဘဝများ၊ စည်းမျဉ်းများ၊ သောကကို ဖုံး၍ ပြုံးနေရသည့် ဒုက္ခများကို ကျွန်တော်
မလိုတော့ ပြီ။ ဤဒုက္ခများကို ကျော်လွှားဖို့ အတွက် ကျွန်တော် အောင်မြင်မှ ဖြစ်မည်။ ငွေသာရှိလျှင် ထိပရိဒေဝ
များ ကွယ်ပျောက်သွားလိမ့် မည်။ သာမန်ဘဝလေးဖြင့်  ရုန်းကန်လှုပ်ရှားရင်း သူ့ အပူ ကိုယ်မကယ်နိုင်၊ ကိုယ့် 
အပူ သူမကယ်နိုင်သည့်  ဖြစ်ရပ်မျိုးတွေ ကျွန်တော် မလိုလားတော့ ပြီ။

အနှစ်နှစ်ဆယ် စိန်ခေါ်ပွဲကို နွှဲရန်အတွက် ပထမဦးဆုံးခြေလှမ်းမှာပင် ကျွန်တော်သည် အထိနာစွာ စင်္ကာပူ
ထောင်တွင်းသို့ ကျဆင်းခဲ့ ရပါတော့ သည်။

ဖြစ်ရပ်က ဆန်းလှသည်တော့  မဟုတ်။ သစ္စာပျက်ခဲ့ သော ကျွန်တော့် အား သစ္စာဖောက်သော မိတ်ဆွေသည်
နောက်မှာရပ်၍ ချောက်တွန်းခဲ့ ခြင်းပင် ဖြစ်သည်။ သစ္စာဖောက်က ကိုယ့် နောက်မှာ ရပ်နေသည်ကို ကျွန်တော်
နောက်ကျစွာ သိခဲ့ ရချိန်၌ အချုပ်ဆောင်တွင် မျက်နှာနှင့်  သမံတလင်း အပ်ကာ နာကျဉ်း ဒေါသ ဖြစ်ရုံမှတစ်ပါး။

အဖမ်းခံရသည့် ကိစ္စကို ကျွန်တော် အပစ်မတင်လိုသော်ငြား အဖမ်းခံရပုံ ဆန်းကြယ်လှသည်ကို ကျွန်တော်
အံ့ သြနေပါသည်။ ကျွန်တော် ကိုင်ဆောင်လာသော ပတ်(စ)ပို့ အား ကာယကံရှင်ဖြစ်သူအား လွှဲပြောင်းပေး
အပြီး နာရီပိုင်းအတွင်းမှာတင် ရဲ ဖမ်းမိခြင်းဖြစ်သည်။ ပြောရလျှင် မိမိ မိတ်ဆွေအိမ်သို့  သွားလည်ရင်း ကျွန်တော်
အဖမ်းခံရခြင်း ဖြစ်ပါသည်။

ထိုအိမ်ကို ရဲဝင်နေမှန်း ကျွန်တော်မသိ။ လက်ထဲမှာ ကိုင်၍ ဖတ်လာသည့် မောင်ထွန်းသူ၏ “ ရှမ်ဂရီလာ”
ဘာသာပြန်စာအုပ်၏ အရှိန်ကြောင့်  အိမ်ထဲရောက်မှပင် ရဲဝင်စီးတော့ မည့် အခြေအနေကို သိရတော့ သည်။

ကိစ္စမရှိ။
လ.ဝ.က များ ဝင်လာချိန်တွင် ကျွန်တော့် မှာ ကျောင်းသားကဒ် အစစ်တစ်ခု ရှိနေသေးသဖြင့် ထိုကဒ်ကို ထိုးပြ
လိုက်သည်။ ပြဿနာက ထိုကဒ်သည် အတုကဒ် အပွား လုပ်ထားသဖြင့် လ.ဝ.က က ချက်ချင်းပင် ကျွန်တော့် 
အား ထိုကျောင်းသားကဒ်၏ မူရင်း ပတ်(စ)ပို့ ကို တောင်းတော့ သည်။ နောက်ဆုံး ကျွန်တော် ဝန်ခံရပြီ။ ငှား၍
ကိုင်လာမိကြောင်း ဖြောင့်ချက်ပေးရတော့ ၏။ ကျွန်တော့် အတွက် တစ်ခု သက်သာစေသည်မှာ ထိုကျောင်း
သားကဒ်နှင့် အတူ တခြားကျောင်းစာအုပ်နှင့်  ပတ်(စ)ပို့  တစ်ခုအား ထိုင်းဗီဇာ သွားရောက် လျှောက်ထားခဲ့ 
သည့်  စလစ်စာရွက်များ ရှိနေ၍ပင်။ ရဲစခန်းကို မရောက်မီတော့  ကျွန်တော့် မှာ ထိုအကြံဥာဏ် ဝင်မလာခဲ့ 
သေး။ လ.ဝ.က များက ရိုင်းလှသည်။ ကျွန်တော်တို့  လေးယောက်စလုံးအား လက်နောက်ပြန်ဖြင့် လက်ထိပ်
ခတ်၍ အမျိုးမျိုးစစ်သည်။ ထိုးသည်။ ရိုက်သည်။ ကျွန်တော့်  ဝမ်းဗိုက် မခံမရပ်နိုင်အောင် ဖြစ်လာ၍ ဝမ်းသွားချင်
ပါသည်ဟု ခွင့်တောင်းသည်ကိုပင် ခွင့်မပြု။

ထိုအချိန်မှာပင် ကျောင်းသားကဒ် ပိုင်ရှင် အစစ်ဖြစ်သူ တောင်ကြီးမှ ကိုစိုင်း ရောက်လာပါသည်။ သူ့ ကိုတော့ 
လက်ထိပ်မခတ်။ ကျွန်တော့် ကို သိသလားဟု မေးသည်။ ကိုစိုင်းက ကျွန်တော့် ကိုသာ သိကြောင်း၊ မနက်ကပင်
ထိုင်းဗီဇာ လျှောက်ရန် ကတ်ပြားများ ပေးခဲ့ ကြောင်း၊ ယခု ပတ်(စ)ပို့ စာအုပ် လာယူရန် ချိန်းထားကြောင်း
ပြောပြသည်။

လ.ဝ.က တစ်ဦးက ခေါင်းတညိတ်ညိတ်လုပ်ကာ ကျွန်တော့် ကို ဂုတ်ပိုးမှ ဆွဲမ,၍ ဝမ်းဗိုက်သို့  လက်သီးကျွေးပြန်
သည်။ သည်တစ်ချက်ကိုတော့  ကျွန်တော်မခံနိုင်တော့ ပြီ။ ကျွန်တော် ဝမ်းပျက်ပြီဖြစ်ကြောင်း ကိုစိုင်းအား ပြော
ပြ၍ ကိုစိုင်းက အပြင်လ.ဝ.က အား သွားပြောသောကြောင့် သူတို့  အပြေးအလွှား ဝင်လာကြသည်။ စောစောက
ထိုးသည့်  လ.ဝ.က အား ဆူကြ ငေါက်ကြပြီး ကျွန်တော့် ကို ရေအိမ်သို့  ဝင်ခွင့် ပြုသည်။ တစ်ဦးတည်း ဝင်ခွင့် ပြု
ခြင်းမဟုတ်။ ကိုစိုင်းနှင့်  လက်ထိပ်ခတ်၍ ဝင်ခွင့် ပေးခြင်း ဖြစ်သည်။ ဝမ်းပျက်သွားသည့်  ဘောင်းဘီရှည်အား
လဲခွင့် ပေးရန်အတွက် ထပ်ပြောရသည်။ ထိုအခါမှာတော့  ကိုစိုင်းကို လက်ထိပ်ဖြုတ်ပေးပြီး ကျွန်တော့် အား
အိမ်သာဘောင်နှင့်  တွဲ၍ ခတ်ထားပြန်သည်။ ထပ်ပြီး မေးမြန်းစစ်ဆေးခြင်းတော့  မရှိတော့ ။

ထို့ နောက် တစ်အိမ်လုံးအား မွှေနှောက်ရှာဖွေရင်း သူတို့  လိုချင်နေသည့်  ကျောင်းသားကဒ်အတု လုပ်သည့် 
စီဒီပြားအား မေးမြန်းရှာဖွေပြန်သည်။ မရှိကြောင်းယုံကြည်တော့ မှ ရဲစခန်းသို့  ခေါ်ဆောင်သွားတော့ သည်။
စုစုပေါင်း ကျွန်တော်တို့  အဖမ်းခံရသည်က လေးဦး ဖြစ်သည်။ လင်မယားစုံတွဲ တစ်တွဲ ပါသည်။ လမ်း၌ ကျောင်း
သားကဒ်အတုနှင့် အဖမ်းခံလာရသူ မောင်ကျော် ဆိုသော ကရင်တစ်ဦး၊ ပြီးတော့  ကျွန်တော်တို့  ဖြစ်သည်။

အဓိက တရားခံမှာ မောင်ကျော် ဖြစ်၏။
စင်စစ် သူက ဒီအိမ်မှာ နေသူလည်း မဟုတ်။ သူ့ အိမ်ကို ပြရမည့် အစား အလည်အပတ် လာဖူးသော ဤအိမ်
သို့  ခေါ်လာသဖြင့်  ကျွန်တော်တို့ မှာ နေရင်း ထိုင်ရင်း အကုသိုလ် ဝင်ခြင်းပင် ဖြစ်၏။ အိမ်အလည်လာရင်း
အဖမ်းခံရသူမို့  ဆွမ်းခံရင်း ငှက်သင့် သည့်  ကိန်းပင်။

ကျွန်တော့်  အကုသိုလ်က ဤမျှနှင့် မရပ်သေး။
ကိုစိုင်းအား ရဲများက ရဲစခန်း၌ စစ်ချက်ယူပြီး ပြန်လွှတ်ချိန်တွင် ကိုစိုင်း၏ မလိမ္မာမှုကြောင့်  ကျွန်တော့် အစ်ကို
အိမ်ရော၊ ကျွန်တော် တည်းသော အိမ်ပါ အဖမ်းခံရပြန်သည်။ ကိုစိုင်းက ရဲစခန်းမှ ထွက်ထွက်ချင်း အစ်ကို့ အိမ်
သို့  ဝင်တည်း၏။ ထိုအိမ်က လက်မခံသောအခါ ကျွန်တော်တည်းသော အိမ်သို့  သွားတည်းသည်။ ရဲများက
တစ်ပတ်အတွင်း နှစ်အိမ်စလုံးကို ဝင်ဖမ်းပါတော့ သည်။ စုစုပေါင်း လူသုံးဆယ်ကျော် အဖမ်းခံရလေပြီ။
ကျွန်တော့် အစ်ကိုက ရန်ကုန်ပြန်သွားသဖြင့်  အဖမ်းမခံရ။

ထိုပြဿနာများအားလုံးသည် ကျွန်တော့် အစ်ကို၏ ရည်းစားဖြစ်သူ ဖြူဖြူ့  အပေါ်၌ ပုံကျလာပါတော့ သည်။
ကျွန်တော့် အား အိမ်ရှင်အဖြစ် စွပ်စွဲသူ တစ်ယောက်မှ မရှိ။ ဖြူ့ ဖြူ့ ကိုတော့  သူ့ အိမ်သားများက အိမ်ရှင်အဖြစ်
စွပ်စွဲကြတော့ သည်။ တစ်ဦးမိလျှင်ပင် အိမ်ရှင်မှာ ခြောက်လ အပြစ်ဒဏ်ခံရမည် ဖြစ်၍ ဖြူ့ ဖြူ့  အဖြစ်မှာ
မသက်သာ။ အိမ်သုံးအိမ် အဖမ်းခံရသည်တွင် နှစ်အိမ်မှာ အိမ်ရှင် မရှိ။ စုပေါင်း နေကြပါသည်ဟု ထွက်ဆိုသော်
ငြား ဖြူ့ ဖြူ့ ကိုတော့  အိမ်မှာ နေသူများက သူတို့  လစဉ်၊လစဉ် လစာ ပေးရပါသည်။ ဖြူဖြူနှင့်  အစ်ကိုမှာ
အိမ်ရှင်ပါဟု စွပ်စွဲကြလေတော့ သည်။


( ဆက်ရန် )

................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

Thursday, August 11, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၄ )

မိုးထစ်ချုန်းသံကို “ သိမ့် ”ကနဲ ကြားလိုက်ရ၏။
အဝေးကပင် ထစ်ချုန်းလိုက်သော်လည်း ကျွန်တော့် အခန်းလေး၏ ပြူတင်းပေါက် မှန်ချပ်များပင် တဖြတ်ဖြတ်
ခါသွားရပါသည်။ ကောင်းကင်တခွင်လုံးလည်း သွက်သွက်ခါတုန်ဟီးနေသည်။ လျှပ်စီးတို့ လည်း လင်းကနဲ
လက် နေသည်။ မိုးတိမ်တို့ အုန့် မှိုင်းနေသောကြောင့် မဲညို့ သော တိမ်တိုက်ကြီးတွင် ဒေါင်လိုက်၊ အလျားလိုက်
သော လျှပ်စီးကြောင်းများကို တဖွေးဖွေး တွေ့ မြင်နေရပါသည်။ သည်ရာသီတွင် အဦးဆုံး ရွာမည့် မိုးပင်ဖြစ်
တော့ သည်။ ပူအိုက်လွန်းတော့် လည်း အမြဲဟန်ပြင်၍ မရွာနိုင်လွန်းသော မိုးကို အကြိမ်ကြိမ်မျှော်နေမိခဲ့ သည်။
မိုးရွာမှပဲ အေးတော့ မှာ ဖြစ်သည်။

မနေ့ ထဲက အလုပ်ထဲတွင် ဒီနေ့ တိုင်ဖုန်းဝင်နိုင်သည့် အတွက် အလုပ်နားကြမည်ဟု သူဌေးက ပြောထားသဖြင့် 
တစ်ညလုံး ဖြစ်ပျက်(၄)ကို အစပြု၍ ဆက်ရေးရန် စဉ်းစားနေမိခဲ့ သည်။ “ အစ ” ကို ရှာမရနိုင်ခဲ့ ။ အဆုံးတစ်ခု
သို့  ရောက်ဖို့  အစတစ်ခုတော့  ရှိရမည်ဖြစ်သောကြောင့်  ဆုံးချင်သည့် အစကို ရှာရင်း မိုးစင်စင်လင်းခဲ့ ရပါ၏။
အော် .. ငါလည်း အခုချိန်ထိ ဖြစ်သမျှတို့  မပျက်နိုင်သေးပါပဲလားဟု စဉ်းစားမိလာသည်။ “ ဟေ့ လူ .. ဖြစ်သမျှ
တို့  မပျက်နိုင်တဲ့ အထဲမှာလည်း သံယောဇဉ်တွေလည်းပါတယ်နော် ..” ဟု နောက်ပြောင်ပြောခဲ့ သော ကိုထွန်း
၏ စကားတို့ ကိုလည်း သတိရမိလိုက်ပါသည်။

“ သံယောဇဉ်” ဆိုရာတွင် လူကိုလူချင်း ခင်မင်တွယ်တာနှောင်ဖွဲ့ ခြင်းမှစ၍ မိမိ ပိုင်ဆိုင်ထိတွေ့ ခဲ့ ရသည့် 
လောကဝန်းကျင်၊အရာဝတ္ထု အားလုံးအား မခွဲနိုင်မခွာရက် ရစ်ပတ်ဖွဲ့ နှောင်မိသည့် သံယောဇဉ်အစဉ်အတန်း
တို့ ကို ဆိုလိုသည်ဟု ကျွန်တော်ထင်ပါသည်။

........................................................................................................................

အမိုးပေါ်သို့  တဖြောင်းဖြောင်းဆက်တိုက်ကျလာသော မိုးပေါက်သံတို့ ကြောင့်  တွန့် ကြေနေသော အိပ်ယာထဲမှ
အပြင်ဖက် ဝါးရံတာသို့  အမြန်ထွက်ကြည့် လိုက်မိသည်။ အော် .. မျှော်နေရသော မိုးစက်ပွင့် တို့ ပါလား ...။
မိုးငွေ့ ပါသော လေသင်းရနံ့ တို့ ကို အဆုပ်တစ်ခုလုံး လတ်ဆတ်သွားအောင် တအားကုန် တစ်ဝကြီး ရှုရှိုက်သွင်း
လိုက်မိသည်။ ကောင်းကင်တစ်ခွင် အုန့် မှိုင်းနေပေမယ့်  တိုင်ဖုန်းကတော့  မဝင်ပဲ ရှောင်ကွင်း သွားပြန်လေပြီ။
ကိုယ်လက်သန့် စင်ပြီးတာနှင့်  အရင်ဆုံး ကော်ဖီတစ်ခွက်ကို ဖျော်ရင်း ကွန်ပြူတာစားပွဲလေးကို ထိုင်ဖြစ်သည်။

စက်ဖွင့် လိုက်သည်နှင့်  ဝင်နေပြီးသောမေးလ်များကို ဖတ်ဖြစ်သည်။ တစ်ချို့ မေးလ်များကို ခင်မင်ရသူများထံသို့ 
ဖော်ဝပ်မေးလ်အဖြစ် ထပ်ပို့ သည်။ ကိုယ့် ဘလော့ ထဲ ခဏဝင်ကြည့် ဖြစ်သည်။ အသစ်တို့ မမြင်သေးသဖြင့် 
ဘာသာရေးလင့် တွေဖက် လှည့်ကြည့် ဖြစ်သည်။“ မျက်ရည်မကျခင် သိစေချင် ..” မှ စ၍ ကျွန်တော် အလွန်
နှစ်ခြိုက်လာခဲ့ မိသော မေတ္တာရှင်ဆရာတော် အရှင်ဇဝန( ရွှေပြည်သာ ) ၏ ဝက်ဆိုဒ်ကိုပဲ ဝင်ကြည့် မိ၏။
ထိုဇာတ်ကလေးကိုလည်း ကျွန်တော် ခေါင်းစဉ်မပြောင်းပဲ ဆောင်းပါးတစ်ပုဒ်အဖြစ် သိပ်မကြာခင် ပြန်ရေးတင်
ခဲ့ ပြီးဖြစ်ပါသည်။ ၁၀တန်းကျ၍ ဖခင်က လူကြားထဲ မာန်မဲလိုက်သောကြောင့်  အဆိပ်သောက်ပြီး ကိုယ့် ကိုယ်ကို
သတ်သေမိခဲ့ သော ကျောင်းသူလေး တစ်ယောက်အကြောင်းဖြစ်သည်။

မေတ္တာရှင်ဆရာတော်အရှင်ဇဝန၏ ခွေကို ပြန်ဖွင့် ၍ နားထောင်ကြည့် မိတော့ မှ ရေးချင်သေးသည့်  ဖြစ်၍
မပျက်ခြင်းများ( ၄ ) အတွက် “အစ” ကို တွေ့ တော့ သည်။

.......................................................................................................................

ကျွန်တော်တို့ အားလုံး မပျက်ပဲနှင့် ထပ်ခါထပ်ခါ ဖြစ်နေရခြင်းမှာ တကယ်ရှိနေသည့် အမှန်တရားနှင့် မရှိပဲနှင့် 
ရှိနေသည်ဟု ထင်နေရသည့်  အခေါ်သာရှိသည့် အမည်တို့ သာရှိသည့် အမှားတရားတို့ ကို နားမလည်နေခြင်း၊
နားလည်အောင်လည်း သင်ကြားပေးမည့် သူမရှိခြင်းနှင့် ကိုယ်တိုင်လည်း ဘယ်တုံးကမှ နားလည်လက်ခံလာ
အောင် မကြိုးစားမိ မလေ့ လာမိခြင်းတို့ ကြောင့် ပဲ ဖြစ်နိုင်ပါ၏။

လူပီပီ လူမှုကျင့် ဝတ်၊ လူမှုစီးပွားကြီးပွားရေးများကို ရှာဖွေလုပ်ကိုင်နေချိန်တို့ တွင် မဆိုသာပေမယ့် ကိုယ့် ရဲ့ 
တစ်နေ့ တာ( အမှန်တော့ နေ့ တစ်နေ့ ကို ဘဝတစ်ခုလို့  သတ်မှတ်နိုင်ပါ၏ )ကုန်ခါနီးလို့  အားတော့ မဲ့ အချိန်၊
အိပ်တော့ မဲ့  မအိပ်ခင်တစ်ချိန်လေးတွင်တော့ မရှိသဘောနှင့်  ရှိသဘောတို့ ကိုတော့ ဖြင့်  အကျင့်လေးလုပ်၍
တခုတ်တရ တွေးတောဆင်ခြင်မိဖို့ လိုပါသည်။ တစ်နေ့ ကို တစ်ခါလောက်ပဲ တွေးပေးသွားခြင်းဖြင့် နေ့ တွေ
များလာသလောက် အကြိမ်တွေများလာရင်ဖြင့်  ကိုယ့် အတွက် တစ်ကယ်ပဲ အကျိုးများလာမည့် အရေးပါ..ဟု
ဘုန်းဘုန်း၏ တရားတော်တို့ ကို နာနေရင်း ပြန်ပြောပြချင်လာမိပါတော့ သည်။ ဘယ်လို အကျိုးများပါသလဲ ....
ဆိုရသော် မိမိတို့ ရှင်စဉ်ကာလတလျှောက်လုံး ငါ့ အတွက်၊ ငါ့ ဘဝ၊ ငါ့ မိသားစု .. စသော “ ငါ ” နှင့် 
“ ငါ့ အနာဂတ် ” တို့ အတွက် စီမံကိန်းမျိုးစုံဖြင့်  ကြိုးစားတည်ဆောက်ရင်း ရ, လာခဲ့ သော အကျိုးစီးပွားတို့ နှင့် 
မတူပဲ၊ တစ်နေ့ “ ငါ ” တစ်ယောက်ထဲ ပြန်ထွက်သွားရတော့ မည့်  “ ငါ့ သံသရာခရီး ” အတွက် ရရှိမည့် အကျိုး
အမြတ်ပင် ဖြစ်တော့ သည်။ “ ငါ ” ထားခဲ့ ရမည့် အကျိုးအမြတ်တို့ မဟုတ်ပဲ “ ငါ့ တစ်ယောက်ထဲအတွက် ”
တကယ်ပဲ ပါလာတော့ မည့် အမြတ်ပါ ဟုလည်း ဆိုချင်ပါ၏။

ဘုန်းဘုန်းပြောနေသည်က ကျွန်တော်တို့  သိသယောင်ယောင်နှင့် တကယ်မသိသေးသည့် “ ပညတ် ” နှင့် 
“ ပရမတ် ” သဘောတွေပဲဖြစ်ပါသည်။ ထိုသဘောနှစ်ခုကို ရှင်းရန်အတွက် ဘုန်းဘုန်းက ကြေးနာရီဥပမာလေး
ဖြင့် အကျယ်ရှင်းပြတော့ သည်။ ကြားဘူးနားဝရှိနေသည့် ဒိဋ္ဌိအယူ “ ငါ ” ကို ပယ်ခွာနိုင်ရန်အတွက်လည်း
များစွာ အထောက်အကူ ဖြစ်နိုင်သလို ဖြစ်၍မပျက်ခြင်းတို့ အတွက်လည်း များစွာပဲ အကျိုးသက်ရောက်မည်ဟု
ထင်မိပါတော့ သည်။ ချက်ခြင်းပဲ လက်ခံနိုင်ဘို့  ခဲယဉ်းသော အကြောင်းအရာများ ဖြစ်၍လည်း သည်းငြီးခံ၍
ရ,သလောက်တော့  ဖတ်သွားစေချင်ပါသည်။

.................................................................................................................

“ ပထဝီဓါတ် ” ကို ကျွန်တော်တို့  သိထားသည်မှာ “ မြေကြီးဓါတ် ” ဟုပဲ ဖြစ်ပါသည်။
အမှန်ကတော့  ပထဝီဓါတ်ဟူသည် “ မာသဘော ” “ ပျော့ သဘော ” ဟုလည်း ဖွင့် ဆိုချက်အမှန်ရှိနေပါ၏။
ကျွန်တော်တို့ လို အန္တပုထုဇဉ်တစ်ယောက်နှင့် စူဠသောတပန်ပုထုဇဉ် တစ်ယောက်အား ကြေးနာရီတစ်လုံးကို
ပြ၍ ပထဝီဓါတ်က မာတာလား၊ ကြေးနာရီက မာတာလားဟု မေးပြရင်း “ ပညတ် ” နှင့်  “ ပရမတ် ” တို့ ၏
သဘောကိုပါ ထင်သာ မြင်သာစေရန် ဖွင့် ဆိုပြသည့် ဇာတ် ဖြစ်ပါသည်။

စာ တိုစေရန် တရားတော်လာအတိုင်း ကျွန်တော်ရေးတော့ မည်။
အန္တပုထုဇဉ် ။ ။ “ ကြေးနာရီက မာတာပါ ..” ( ဥာဏ်မျက်စေ့ မရှိသော အကန်းပုထုဇဉ် )
စူဠသောတာပန်။ ။ “ ပထဝီဓါတ်က မာတာပါ ” ( သောတပန် အငယ်စား၊ နောက်လာမည့်  ဘဝ ကြိမ်းသေ
လူ၊နတ်ဖြစ်တော့ မည့်သူ )
“ ကိုင်း..ဒါဆို ကြေးနာရီပျောက်ရင် ကြေးနာရီရဲ့  မာသဘောလေး ပျောက်ရမှာပေါ့  ”
“ မှန်ပါ .. ”
ကြေးနာရီလေးကို ထုခွဲရိုက်ဖိ၍ ကြေးပြားဘဝရောက်စေပြီးသောအခါ ကြေးနာရီမှ ကြေးပြားဟူသောပညတ်
ချက်ပါပြောင်းသွားသော်လည်း အငြင်းသန်သော ပုထုဇဉ်က “ ကြေးပြားက မာနေတာပါ ” ဟု ငြင်းပြန်၏။
ထိုအခါ ယင်းကြေးပြားကိုပင် အရည်ကျိုစေ၍ ပုံစံခွက်လုံကလေးထဲထည့် ၊ အအေးခံပြီး ကြေးခဲဘဝရောက်စေ
ပြီးမှ မေးပြန်သော်လည်း “ကြေးခဲ ကပင် မာတာပါ ” ဟု ဖြေပြန်သည်။ အမှန်က ဤအဆင့်တွင် အခေါ်ပညတ်
ဖြစ်သော ကြေးနာရီ၊ ကြေးပြား၊ ကြေးတုန်းကြေးခဲ အဆင့် ဆင့် ပြောင်းလဲခဲ့ ပြီးသော်လည်း ပရမတ်ဖြစ်သော
ပထဝီဓါတ်၏ “ မာသဘော၊ ပျော့ သဘော ” တို့ ကတော့  မပြောင်းလဲပဲ ရှိမြဲ ရှိနေသည်ကို ပြနေခြင်းဖြစ်၏။

“ ဒါဆိုရင် .. အဲ့ ဒီ ကြေးတုံး၊ ကြေးခဲ ပျောက်သွားရင် ကြေးခဲရဲ့  မာသဘော၊ ပျော့ သဘောလည်း ပျောက်ရမယ်”
ဟု ဆိုပြီး ထိုကြေးခဲကို လုံထဲ ပြန်ထည့် ၊ စပ်သင့် သည့် ဓါတ်များထည့် စပ်၍ ကျိုချက်ပြီး “ ပြာ” အဖြစ်သို့ 
ရောက်စေလျက် ထိုအန္တပုထုဇဉ်အား ကိုင်စမ်းစေသောအခါ နူးညံ့ သော၊ ပျော့ သည့် သဘောလေးကိုသာ စမ်း
သပ်မိတော့ သည်။ ထိုပြာကိုပဲ မြေကြီးထဲထည့် မြုပ်၍ နောက်လေးငါးနှစ်ကြာမှ ဖေါ်ထုပ်ကိုင်စမ်းပြန်လျှင်လည်း
ပထဝီဓါတ်၏ ပင်ကိုယ်သဘောဖြစ်သော “ မာသဘော၊ ပျော့ သဘော ” တို့ ကိုသာလျှင် တွေ့ ရအုံးမည်ဖြစ်၏။

ကြေးနာရီမှ မြေကြီးခဲ ဘဝ ကူးပြောင်းရောက်ရှိသွားသည့် တိုင် ပထဓီဓါတ်ကတော့ မပြောင်းလဲပဲ ရှိနေသည်ကို
ရှင်းလင်းစွာ မြင်စေလို၍ ဘုန်းဘုန်းက ဟောကြားခဲ့ ပါသည်။ မမြဲ၍ တကယ်မရှိသော အခေါ် ပညတ်သဘော
နှင့် အမြဲတည်ရှိနေသည့်  ပရမတ်( ထာဝရအမှန်တရား ) တို့ ကို ခွဲထုပ်ပြခဲ့ ခြင်းလည်း ဖြစ်ပါ၏။

ကြေးနာရီ တစ်ခုလုံးကို အကြားအလပ်မရှိ လိုက်စမ်းကြည့် လျှင် “ မာသဘော” တစ်ခုသာ ရှိနေပြီး၊ “ကြေးနာရီ”
က တကယ်ပဲမရှိသည်ကို ဥာဏ်ကလေး ကွန့် ၍ စဉ်းစားစေချင်သည့် သဘောဟု ထင်ပါ၏။ အမှန်ကတော့ 
“ကြေးနာရီ ” က “ ... ခေါ်စေ ” ဟု “အမည်”ပေးထားခြင်း၊ “ပညတ်” ထားခြင်းပဲ မဟုတ်ပါလော။

သည်အဆင့် သည် “ ဝိပဿနာဥာဏ်အဆင့် ” သို့  မရောက်သေးကြောင်း၊ ဤသဘောကို “ ငါ ” ဟု စွဲထင်နေ
သော ကိုယ့် ခန္ဓာအိမ်ကြီးပေါ်သို့  တင်နိုင်မှသာလျှင် ဝိပဿနာအဆင့် သို့  ရောက်မည်ဟု မိန့် ၍ “ ငါ ” မရှိ
သည့် သဘောကို ဆက်ဟောပြန်လေသည်။

................................................................................................................

“ လူ ” ဟု ခေါ်တွင်နေသည့်  ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို အကြားအလပ်မရှိ လိုက်လံစမ်းသပ်ပြန်လျှင်လည်း၊
အရိုးလိုနေရာ၊ ဦးခေါင်းလိုနေရာတို့ တွင် မာသဘောတို့ ကို တွေ့ ရမှာ ဖြစ်ပြီး၊ ကျန်အစာအိမ်၊ အူသိမ်၊အူမ၊နှလုံး
အရေပြား၊ အသားစ စသည့်နေရာ အားလုံးတို့ တွင် ပျော့ သည့်  သဘော တို့ ကို တွေ့ ရှိရမည်ဖြစ်၏။

သည်နေရာတွင်လည်း “ လူ ” ပညတ် ပျောက်သွားလျှင်၊ ထို လူ၏ မာသဘော၊ ပျော့ သဘောတို့ ပါ ပျောက်ရ
မည်ဆို၍ စိတ်ကူးလေးဖြင့်  လူ့ ခန္ဓာအိမ်ကြီးကို ငရုပ်ဆုံကြီးထဲထည့် ထောင်းပစ်ကာ အသားလုံးကြီးဘဝသို့ 
ရောက်စေလျှက် ကိုင်စမ်းစေပြန်လျှင်လည်း၊ လူပညတ်မှ အသားလုံးပညတ်သို့  ပြောင်းသွားသည့် တိုင် ပထဝီ
ဓါတ်၏ “ မာသဘော၊ ပျော့ သဘော ” က မပြောင်းလဲပဲ ရှိနေမှာကို သိမြင်နိုင်သည်ဟု ဆို၏။ အသားလုံးကပဲ
မာနေတာ၊ ပျော့ နေတာပါ ဆိုနေလျှင် ထိုအသားလုံးပျောက်လျှင်၊ အသားလုံး၏ မာသဘော ပျော့ သဘော
တို့ လည်း ပျောက်သွားရမည်ဖြစ်ပါသည်။

အထက်ကအတိုင်းအသားလုံးကြီးက မာတာ၊ ပျော့ တာ ဆိုပြန်လျှင်လည်း၊ထိုအသားလုံးကြီးကိုပဲ မီးရှို့ ၊ ပြာ ချစေ
ပြီးမှ စမ်းသပ် ကိုင်တွယ်ပြန်သော် ပထဝီဓါတ်၏ နူးညံ့ ပျော့ ပြောင်းသော အတွေ့ အထိ တို့ ရှိနေဦးမှာပဲ ဖြစ်၏။
“ ပြာက ပျော့ ပြောင်းနူးညံ့ တာပါ ” ဆိုလျှင်၊ ထိုပြာကို မြေကြီးထဲ ထည့် မြုပ်ပြီး နောင်လေးငါးနှစ် ကြာမှ တူးဖေါ်
ကိုင်တွယ်စေပြန်သော် လူမှ မြေကြီးဘဝသို့  အဆင့် ဆင့် ကူးပြောင်း ရောက်ရှိသွားသည့် တိုင် ပထဝီဓါတ်
သဘောဖြစ်သော “ မာသဘော၊ ပျော့ သဘော ” ကတော့ ဖြင့်  ရှိနေမြဲသာဖြစ်သည်ဟု မိန့် တော်မူပါသည်။

................................................................................................................


“ တေဇောဓါတ် ” ကိုလည်း အပူဓါတ် ဟုသာ ကျွန်တော်တို့ သိထားသော်လည်း တကယ့် အရှိတရားက
လောင်မြိုက်လှိုက်စားသည့် သဘော၊ ရင့် ကြက်ခြင်းသဘောတို့ လည်း ရှိနေသေးသည်ဟု သိရပြန်ပါသည်။
ရိုးစင်းသော ဥပမာလေးကတော့  ကျွန်တော်တို့ ခန္ဓာအိမ်ကြီးအတွင်းဝယ် “တေဇောဓါတ်” ရှိနေသောကြောင့် 
သာ အဟာရအားလုံးကို ခြေဖျက်ပြီး တစ်နေ့ ထက်တစ်နေ့ ကြီးရင့် လာရခြင်းဖြစ်ပါသည်။ နုပျိုခြင်းတို့ ကို တငွေ့ 
ငွေ့ လေးဖြင့် ပဲ လောင်မြိုက်လှိုက်စားနေသောကြောင့်  ကျွန်တော်တို့ ရင့် ထော် ( ရင့် ကြက် )လာရခြင်းဖြစ်
သည်။ အမှန်ကတော့  တဖြည်းဖြည်းပျက်စီးလာခြင်းဟု မြင်ပါ၏။ ဘယ်လိုပဲ နည်းမျိုးစုံဖြင့်  အရွယ်၏ အိုမင်းခြင်း
ကို ကျားကန်ဖြေရှင်းခြင်းငှာ မစွမ်းနိုင်လွန်းသော “ တေဇောဓါတ် ” ပင် ဖြစ်တော့ သည်။

“ အာဘောဓါတ် ” ပါတဲ့ ။
ယိုစီးခြင်း၊ ဖွဲ့ စည်းခြင်းသဘောရှိသည့်  ဓါတ်ဖြစ်သည်ဟု ဆိုထားပါသည်။ သက်မဲ့ အရာဝတ္ထုတိုင်းတွင် ရှိနေ
သလို သက်ရှိ လူ၊ သတ္တဝါ အားလုံးတွင်လည်း ဖွဲ့ စည်းထားသည့် သဘောတွေ၊ ယိုစီးနေသည့် သဘောတွေ
ရှိနေတာကိုလည်း ခံစားသိနိုင်ပါသေးသည်။

“ ဝါယောဓါတ် ” လေဓါတ် ဟု ဆိုပါသည်။
အရှင်းဆုံး အဖြစ်ကတော့  ကျွန်တော်တို့  ခန္ဓာအိမ်ကြီး ထ၊ ထိုင်၊ ရပ်သွား၊ လှုပ်ရှားနေနိုင်ရန်အတွက် ကိုယ်ခန္ဓာ
တစ်ခုလုံးရှိ မရေတွက်နိုင်အောင် များပြားပြည့် ကြပ်နေသော အကြောပေါင်းစုံထဲတွင် လေဓါတ်ကလေးက
အမြဲပဲ အပြည့် အဝ ရှိနေသောကြောင့် သာ ကျွန်တော်တို့ အားလုံး တောင့် တောင့် တင်းတင်း ဖြင့် ရှင်သန်နေ
နိုင်ခြင်း ဖြစ်ပါသည်တဲ့ ..။ ထိုလေဓါတ်ကလေးချို့ ယွင်းပါက၊ ထိုလေတို့ မစီးဆင်းတော့ ပဲ လေဖြတ်သွားပါက
ခန္ဓာအိမ်ကြီးလည်း၊ လေထွက်သွားသော ပူပေါင်းတစ်လုံးလို၊ ကြိုးပြတ်သွားသော အရုပ်တစ်ခုလိုပဲ၊ လဲပြို ကျ
သွားမှာ၊ ပျော့ ခွေ သွားမှာ ဖြစ်ပါသည်တဲ့ ။

ထို့ ကြောင့် သာ ခန္ဓာအိမ်တွေ ကျန်းမာဘို့ ၊ ဓါတ်ကြီးလေးပါး မဖောက်ပြန်ဘို့  လိုသည်ဟု ဆိုစကားရှိနေသည်
ဟု ထင်ပါသည်။

လောကကြီးတစ်ခုလုံး၏ သက်ရှိ၊သက်မဲ့  အရာအားလုံးတွင် အမြဲရှိနေသည့် “ ဓါတ်သဘော” တွေကို ဘုန်းဘုန်း
က ထည့် သွင်းရှင်းပြခဲ့ ခြင်းဖြစ်၏။ ထိုဓါတ်ကြီးလေးပါးထဲမှ တစ်ပါးပါးသာ စ,တင် ချို့ ယွင်းသွားပါက ဖြစ်တည်နေ
သော သက်ရှိသက်မဲ့ တို့ ၏ ဘဝ စ,တင်ပျက်စီးခြင်း၊ ပျက်ခြင်းဟု ဆိုပါသည်။

...................................................................................................................

ဖြစ်၍မပျက်နိုင်နေကြခြင်း၊ ခန္ဓာအိမ်ကြီးပေါ်တွင် ပေါ်သမျှသော ခံစားမှု ဝေဒနာအားလုံး မပျောက်ပျက်နေနိုင်
ကြခြင်းမှာ သည်ခန္ဓာအိမ်ကြီးကို “ ငါ ” ဟု တစ်သံသရာတစ်လျှောက်လုံး၊ အရိုးစွဲ အသဲစွဲအောင် စွဲမှတ်ခဲ့ သော
ကြောင့် ဟု “ ဗုဒ္ဓ ” က မှန်သောစကားကို ဆိုခဲ့ ပြီးဖြစ်သည်။ ထို “ ငါ ” မပျောက်တော့ ၊ ခန္ဓာအိမ်ကြီးပေါ်ရှိ
ပေါ်လာသမျှသော ဝေဒနာပေါင်းစုံနှင့် “ ငါ ” တို့  ရောချင်တိုင်းရော၍ ဖြစ်ချင်တိုင်းဖြစ်ပြီး မပျက်ချင်တိုင်းလည်း
မပျက် ဖြစ်နေကြခြင်း ဖြစ်သည်။

“ ငါ ” ကလေး ဖယ်ထားနိုင်သည့်  ထိုခဏဝယ် ဖြစ်ပေါ်နေသော ခံစားမှုဝေဒနာအားလုံး၏ “ သဘောသက်
သက် ” မှန်သမျှတို့ ကို သူ့ ချဉ်းသက်သက် ကြည့် နိုင်၊ သိနိုင်တော့ မည်ဟု ထင်မိပါသည်။ သူ့ သဘောလေး
တွေအတိုင်း ဖြစ်နေတာ၊ ပြောင်းသွားတာ၊ ပျက်သွားတာ၊ တိုးလာတာ၊ ရော့ သွားတာလေးတွေကို သိမြင်လာ
နိုင်မည်ဟုလည်း တွေးမိ၏။ ထိုသဘောလေးကို GHOST ရုပ်ရှင်ကားထဲကလိုပဲ ကိုယ့် ခန္ဓာအိမ်မှ ခွာ၍ ကိုယ့် 
ကိုယ်ကို ပြန်ကြည့် နေခြင်းဟု အနီးစပ်ဆုံး ဥပမာတစ်ခုဖြင့်  ရေးခဲ့ ဖူးပြီးလည်းဖြစ်သည်။

ယ္ခု ဘုန်းဘုန်းမှ ဘုရားဟောအတိုင်း ဓါတ်သဘော၊ ပညတ်၊ ပရမတ်သဘောတွေကို ပြ၍ ၊ ကျွန်တော်တို့ အား
“ ငါ ” ကို ဖျောက်နိုင်စေရန် သီအိုရီ တစ်ခုကို ပြခဲ့ ပြီ။ တကယ်လည်း ကိုယ့်ခန္ဓာအိမ်ကြီးတစ်ခုလုံးကို အကြား
အလပ်မရှိ တစ်ခုချင်း လိုက်လံ စမ်းသပ်၍ “ လူ ” ဟူသော အခေါ် ပညတ်ကိုရှာပါလျှင်လည်း၊ တွေ့ နိုင်ပါမည်
လား ...။ စဉ်းစားပါလေ၊ တစ်ကိုယ်လုံး သူ့ နေရာနှင့် သူ အခေါ်ပညတ်အစိပ်အပိုင်းတွေနှင့် ပဲ အပြည့်ရှိနေ
မည် ဖြစ်ပါ၏။ ထို ပညတ် အစိပ်အပိုင်းအားလုံး စုပေါင်းပြီးမှသာ “ လူ ” ဟူသော “ ပညတ်ကြီး ” ဖြစ်ရသည်
မဟုတ်ပါလော...။

...............................................................................................................

“ ငါ ” ဟု ထင်လိုက်သည်နှင့်  “ ငါ ” နှင့်  ထိစပ်နေရသောအရာအားလုံး ယောင်္ကျား၊မိန်းမ၊ တောတောင်ရေမြေ၊
တိရစ္ဆာန် .... စသည့်  အခေါ်ပညတ်အားလုံးကို ဖမ်းယူဆုပ်ကိုင် ခံစားမိလိုက်တော့ ၏။ တွယ်တာမိလိုက်တော့ 
၏။ မစွန့် ရက်၊ မထားရက်ခဲ့  နိုင်အောင် ဖြစ်ရတော့ ၏။

အသက်ထွက်အောင်ကို နာကျင်လွန်းမက နာကျင်ပြီး ကိုယ်တစ်ယောက်ထဲ “ သေ ” ရသောအခါ ... ထို တွယ်
တာမိခဲ့ သော သံယောဇဉ်အားလုံးကို မပြတ်နိုင်၊ မဖြတ်နိုင် ဖြစ်ရသလို၊ ထိုသံယောဇဉ် အားလုံးနှင့်  သေကွဲကွဲ
လိုက်ရသည့် အတွက် မကျေမနပ်ဖြင့်  သေပွဲ ဝင်ရပြန်လေ၏။ နေရေးအတွက် စီမံကိန်းမျိုးစုံ ရေးစွဲရင်း၊ ကြိုးစား
ရုန်းကန်နေရင်း အချိန်တွေကုန်နေသော ကျွန်တော်တို့ က မသေချာတာတွေကြားထဲက သေခြင်းတရားကို
တော့ ဖြင့် မမေ့ စကောင်းဟု ထင်မိပါသည်။ တစ်နေ့ တစ်ခါလောက်တော့ ဖြင့် “ သေ ” ဘို့ ကို တွေးသင့် ၏။

................................................................................................................

ဘုရားရှင်က သူတွေ့ ရှိခဲ့ သော တစ်လောကလုံးတွင် တကယ်ပဲရှိနေသော လေးမျိုးသော ပရမတ်ဖြစ်သည့် 
“ စိတ်၊စေတစ်သိတ်၊ ရုပ်၊ နိဗ္ဗာန် ” တို့ သည် ၊ ပညတ်တို့ ကဲ့ သို့  အတုံး၊အလုံး၊ အဆိုင်အခဲ တို့ လို ကိုင်တွယ်ပြ
လို့  မရနိုင်ပဲ အမတန်ဥာဏ်ရည်ကောင်းပြီး၊ ပါရမီ ရင့် သန်ပါမှ ဥာဏ်မျက်စေ့ လေးဖြင့် မြင်နိုင်ခံစားနိုင်မှာကို
သိမြင်တော်မူခဲ့ ပြီးဖြစ်၏။

အစိုးရနှင့်  အမြင်မတူသူ၊ အစိုးရကို ဆန့် ကျင်သူများကို “ သူပုန် ” ဟု ခေါ်ဆိုကြပါ၏။
သို့ ဆိုလျှင်.. “ စိတ်၊စေတစ်သိပ်၊ရုပ်၊နိဗ္ဗာန်” တို့ ကသာ တစ်ကယ်ရှိနေပြီး၊ “ငါ”၊သူ၊ယေင်္ကျား၊ မိန်းမ၊ ရေ၊မြေ၊
တော၊တောင်၊တိရစ္ဆာန် ”..တို့ ဆိုတာ မရှိပါဘူးဟု ဟောကြားထားရက်နှင့်  ကျွန်တော်တို့ က “ စိတ်၊စေတစ်သိပ်
ရုပ်၊နိဗ္ဗာန်” ဆိုတာ တကယ်မရှိပါဘူး၊ “ ငါ ”၊သူ၊ယောင်္ကျား၊မိန်းမ၊တိရစ္ဆာန်၊ တော၊ တောင်၊ရေ၊မြေ.. ” တို့ သာ
တစ်ကယ်ရှိနေတာပါ..ဟု၊ ဗုဒ္ဓဘာသာ အမည်ခံပြီး၊ ဘုရားနှင့်  ကျောချင်းကပ်၍ ဘုရားကိုဆန့် ကျင်နေသော
ဘုရားရှင်၏ သူပုန် များ ဖြစ်မှန်းမသိ ဖြစ်နေပြီ ” ဟု ဘုန်းဘုန်းမှ ဂရုဏာဒေါသောနှင့်  ဟောရှာပါသည်။

ဘုရားရှင်က သူကိုယ်တိုင် ရှာဖွေကျင့် ကြံ တွေ့ ရှိခဲ့ သော ဝိပဿနာတရားတော်ကြီးသည် လူသာမာန်တို့ 
အတွက် နားလည်ရန် အလွန်ခဲယဉ်းပြီး၊ အာရုံငါးပါးတို့ တွင်သာ မွေ့ ပျော်နေတတ်သော လူသားအားလုံးအတွက်
ဓါတ်သဘော၊ ပရမတ်သဘော၊ ဖြစ်ပျက်သဘောတို့ ကို ဟောကြားချေချွတ်ရန် အမတန်မှ ခက်ခဲ ပင်ပန်း ဆင်းရဲ
တော့ မည်ကို သိတော်မူသောကြောင့်  တရားမဟောတော့ ဘူးဟု စိတ်ဖြစ်ပေါ်ခဲ့ ကြောင်း၊ ဤသည်ကို သိလိုက်
သော သဟံပတိဗြဟ္မာကြီးမှ ဘုရားရှင် ခြေတော်ရင်းတွင် ဦးခိုက်၍ အချက်သုံးချက်ဖြင့် ၃၁ဘုံသားအားလုံး
အတွက် တရားတော်ကို ဟောကြားပေးပါရန် လျှောက်ထားတောင်းပန်ခဲ့ သည်ဟု ဘုန်းဘုန်း၏ တရားပုဒ်ထဲတွင်
နာမိခဲ့ ပါသည်။

သဟံပတိဗြဟ္မာကြီး ဘုရားရှင်ကို တရားဟောရန်လျှောက်ထားပုံမှာ....
“ တစ်ချို့ က ဥာဏ်ရည် အလွန်နည်းပြီး ပါရမီ လုံးဝ မရှိသူ ဖြစ်ပါသော်လည်း၊ ဘုရားရှင်၏ တရားတော်ကို
နာပြီးမှသာ ဥာဏ်ရည်ထက်၍ ပါရမီ အသင့် အတင့်  ရှိလာနိုင်ပါကြောင်း၊ တစ်ချို့ က ပါရမီ အသင့် အတင့် ရှိပြီး
သားမို့  ဘုရားတရားတော်တို့ နာယူပြီး ပါရမီရင့် သန်လာနိုင်ပါကြောင်း၊ တစ်ချို့ က လူတွေကြားထဲမှာ နေနေကြ
ပေမယ့် ပါရမီဥာဏ် အလွန်ရင့် သန်နေသူများဖြစ်နေ၍ ဘုရားတရားတော်တို့  ကို နာယူပြီးလျှင်ပဲ သောတပန်၊
သဂဒါဂန်၊ အနာဂန် အဆင့် တို့ မှသည် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေရ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု ကျွတ်တန်း ဝင်
ကြပါမည့် အကြောင်း” တို့ ဖြင့်  လျှောက်ထားခဲ့ ကြောင်း ဗဟုသုတအဖြစ် နာကြားခဲ့ ရပါသည်။

........................................................................................................

အမှန်တော့  ပါရမီ ဆိုသည်မှ အလေ့ အကျင့် တစ်ခုပင်ဟု ကျွန်တော်ထင်ပါသည်။
ရိုးသားစွာ ဆိုရပါလျှင် ကျွန်တော်သည် “ ဝိပဿနာ ” အကြောင်းကို ကြီးကြီးကျယ်ကျယ် ရေးဖွဲ့ နေပေမယ့် 
ယနေ့ အချိန်ထိ ဖြစ်ပျက်ကိုမမြင်၊ “ ငါ ” ကိုလည်း မပျောက်သေးပဲ လုပ်ချင်တာတွေ လျှောက်လုပ်နေတုံးဟု
ဝန်ခံချင်ပါ၏။

သို့ သော် ကျွန်တော်တို့  ဝေးနေသေးသည်ဟု ထင်နေရသော၊ မေ့ ချင်ရောင်ဆောင်၍ အတင်းမေ့ ထားရသော
မတွေးချင်၊ မတွေ့ ချင်တော့ သည့်  မသေချင်သည့်  သေခြင်းတရားကို ရင်ဆိုင်ဘို့ အတွက်၊ ကျေကျေနပ်နပ်
သေ သွားတတ်ဖို့ အတွက် ဖြစ်ပျက်တွေကိုမြင်အောင်၊ “ ငါ ” ကို ခွာနိုင်အောင် တစ်နေ့  တစ်ရက်ကို အားတဲ့ 
အချိန်လေးမှ ဖဲ့ ၍ မိနစ်ပိုင်းလောက်မျှတွေး တွေး သွားခြင်းအားဖြင့် ပါရမီတို့  ရင့် သန်လာအောင် ကြိုးစားရင်း
နောက်ဆုံးတိုက်ပွဲကို အနိုင်တိုက်ဖို့  ပြင်ဆင်ထားသင့်လှပါကြောင်းဖြင့်  ...။

ကဲ .. မိတ်ဆွေရေ..၊
ဒီနေ့ က စ,ပြီး မအိမ်ခင် တစ်မိနစ်လေးလောက် “ ငါ ” မရှိ၊ မဟုတ်ကြောင်း စဉ်းစား သွားကြည့် ပါမည်လား..။
တစ်ရက်ကို တစ်ခါလေးပဲလေ၊ ကျန်တဲ့ အချိန်တွေကတော့  ကျွန်တော့် လို အမေမွေးထားတဲ့ ရုပ်နဲ့ ၊ အမေပေး
ထားတဲ့  နာမည်နဲ့  “ ငါ ” ပဲပေါ့ ..။

ကိုယ့် ချစ်တဲ့ ၊ ခင်တဲ့ လူတွေအားလုံး အတူလိုက်မလာနိုင်ဘူးနော်..၊ အဲ့ ဒီအချိန်ကျရင်..။
ဝေးနေတယ်ထင်ရတဲ့  အရာတွေ၊ အချိန်တွေအားလုံး တဖြည်းဖြည်းနီးလာရင်း တစ်ချို့ တွေကိုတောင် ဖြတ်
ကျော်ခဲ့ ပြီးပြီပဲ ..။

တစ်ရက်ကို တစ်ခါလေးနဲ့  ရက်တွေ၊ လတွေ၊ နှစ်တွေ များလာရင် “ ပါရမီ ” ဆိုတာ ဖြစ်လာမှမဟုတ်လား..လို့ ။

ခင်တဲ့  ...

( အဖြူလေး )

.......................................................................................................

ဖြစ်ပျက်( ၅ ) ကို ဆက်ရေးဘို့  ကြိုးစားသွားပါမည်။








Thursday, August 4, 2011

လွတ်လပ်ရေးနေ့  မွေးတဲ့  နှင်းဦးရဝေ


ဤဝတ္ထုသည် တကယ့် အဖြစ်ကို တကယ့် အဖြစ်အတိုင်း ပြန်ရေးထားသည့်  ဝတ္ထုဆန်နေသော ဝတ္ထုတစ်ပုဒ်
ဖြစ်ခဲ့ ပါသည်။ အချစ်တစ်ခုတည်းကို ရှု့ ဒေါင့်  အမျိုးမျိုးမှ ဖေါ်ပြနိုင်သလို အကွေ့ အကောက် အနိမ့် အမြင့် များ
လှသည့်  လူ့ ဘဝဇာတ်ခုံကြီးအကြောင်းကိုလည်း သူ ပြချင်သော “ အချစ် ” အကြောင်းနှင့်  အပြိုင် ပြ နိုင်ခဲ့ ပါ
သည်။ ထို့ ကြောင့်  ကျွန်တော် အလွန်ကြိုက်သောကြောင့်  တဆင့်  ပြန်တင်မိခဲ့ ပါသည်။ ဘဝကတော့  ရုန်းကန်
ကူးခတ်နေရင်း ကုန်ဆုံးသွားရသလို ကိုထွေး၏ ဇာတ်လမ်းကလည်း ရေးနေရင်း ပြီးဆုံးခါနီးသို့  ရောက်ခဲ့ ရပြီ။
ဒါဆို , ချစ်တတ်လွန်းသည့် “ အချစ် ” ကရော ..... ။

.............................................................................................................................


ကျွန်တော် ရုပ်ရှင်ရုံမှ ထွက်လာချိန်မှာပင် အဖျားဝင်ပြီဆိုတာ ချက်ခြင်း ရိပ်မိလိုက်ပါသည်။ ရုပ်ရှင်ရုံထဲမှာ
နှစ်နာရီနီးပါး အအေးခံခဲ့ သော ကိုယ်ခန္ဓာက နေ့ လည်နှစ်နာရီကျော် ဘန်ကောက်နေ၏ အပူဒဏ်ကို မခံနိုင်ရှာ။
ကြက်သီး ဖြန်းဖြန်းထရင်း အိမ်ပြန်လာခဲ့ ရသည်။ ကျွန်တော့် အိမ်တွင် ဇနီးအေး၏ မောင်ဖြစ်သူ ကိုနိုင်လည်း
ရောက်နေ၏။ ကျွန်တော် အိမ်မရောက်ခင် လမ်းသွယ်ထိပ်မှ ဆိုင်တွင် “ ကွေ့ တီအို ” ဝင်စားကြည့် သည်။ ပါးစပ်
က လက်မခံတော့ ။ အသားလုံးများကို ဝါးနေရင်းကပင် ခံတွင်းက အန်ချင်နေ၏။ ကိုယ်ပူရှိန်က တရိပ်ရိပ် တက်
လာပြန်သည်။

အိမ်ရောက်တော့  ကိုနိုင့် ကို ဆဲဗင်းအီလဲဗင်းဆိုင်တွင် ဆေးသွားဝယ်ခိုင်းသည်။ ကိုနိုင် သွားဝယ်၏။ သို့ သော်
မရခဲ့ ။ သူက ယိုးဒယားစကားမှ မတတ်ပဲကိုး။ ဆေးများက ကောင်တာမှာသာ ရှိသည်မို့ မပြောတတ်လျှင် ဝယ်
၍ မရ။ ယိုးဒယားဆေး “ တစ်ဖီ ” ကိုပင် ကိုနိုင် မပြောတတ်။ ကိုနိုင်ဆေးဝယ်မရသဖြင့်  ကျွန်တော် ခေါင်းမြီးခြုံ
အိပ်နေရာမှ ကပျာကယာ ထပြီး ဖိုင်တို့  အိမ်ဖက် ထွက်လာခဲ့ မိပါသည်။

ဖိုင်တို့ အိမ်၌ စူဒါနမ်( နမ်ရို့  ) အား သူ့ အဖွားက ချော့ သိပ်နေပါသည်။ ကျွန်တော့် ကို တွေ့ တော့  မေးလာသည်။
နေမကောင်း ဖြစ်နေပုံကို ရိပ်မိ၍ ဘာဖြစ်နေတာလဲဟု မေးခြင်းပင်။ ကျွန်တော် စကားမဆိုနိုင်။ နေမကောင်း
ကြောင်း ခေါင်းညိတ်ပြ၍ စောင်နှင့် ခေါင်းအုန်းတောင်းကာ ကြမ်းပြင်ပေါ်တွင်ပဲ ထိုးလှဲချလိုက်မိတော့ ၏။ ထို့ 
နောက် ကျွန်တော် ခြောက်နာရီနီးပါး သတိလစ်သွားခဲ့ သည်။

ဖိုင်လည်း အချိန်ပိုင်းမဆင်းတော့ ပဲ ပြန်လာပြီး ကျွန်တော့် ကို ပြုစုရှာသည်။ ဆေးခေါ်ထိုးပေးသည်။ စားဆေး
တွေ တိုက်၏။ အဖျားက မကျ။ သတိက မရတစ်ချက်၊ ရ တစ်ချက်။ နောက်တော့  ရေပတ်တိုက်ဖို့  သတိရပြီး
ဖိုင့် ကို ရေပတ်တိုက်ခိုင်းလိုက်သည်။ ဖိုင်က ချက်ခြင်းမလုပ်ရဲ။ ကျွန်တော် အတန်တန် ပြောတော့ မှ မျက်နှာကို
အရင် တိုက်ပေးသည်။ နောက်တော့  ကိုယ်လက်များကို တိုက်ပေးသည်။ ကျွန်တော် အပူချိန်ကျသွားသဖြင့် 
သုံးလေးခါ တိုက်ပေးပါတော့ သည်။ ဖိုင်က ကျွန်တော့်ကို ပွေ့ ထားရင်း ငေးငိုင်နေပါ၏။

မနက်ပိုင်းမှာ အဖျားက ပြန်တက်ချင်သေးသော်ငြား ဆယ့် တစ်နာရီလောက်မှာတော့  အဖျား မရှိတော့ ။ ဖိုင်က
မေးသည်။
“ ရှင်ဘာဖြစ်တာလဲဟင်၊ တစ်ညလုံး ... အို .. တစ်ညလုံးပဲရှင်၊ ကျွန်မ ကြောက်နေတယ် ”
“ ဟုတ်တယ် ဖိုင်.. ကျွန်တော် တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ရုပ်ရှင်ရုံက ထွက်လာကတည်းက ဖျားတာပဲ ”
“ တစ်ညလုံးပဲ .. အခုကျတော့ လည်း အံ့ သြစရာပဲ၊ ရှင်ဘာမှ မဖြစ်သလိုပဲ၊ တကယ်နော် ”
ဖိုင်က သူဘယ်လောက် ပြုစုယုယခဲ့ သည်ကို ဖွင့် မပြော။ သို့ သော် ဖိုင့် အမေက ပြောပြ၍ ကျွန်တော် သိပြီး
လေပြီ။ ဖိုင့် အမေကလည်း ကျွန်တော်ချက်ခြင်း နေပြန်ကောင်းလာပုံကို မယုံနိုင်။ တစ်နေ့ လုံး၊ တစ်ညလုံး
သေလုမြောပါး သတိလက်လွတ် ဖြစ်နေသည်မို့  ဆေးရုံတင်ရန်ကိုပင် တိုင်ပင်နေကြ၏။ ယခု ကျွန်တော် ပြန်
နာလန်ထလာပုံက ယုံချင်စရာ မရှိ။ ကျွန်တော် တွေးလိုက်သည်က ဇနီး အေး ကို ဖြစ်ပါသည်။ “ အေး ” သည်
နေ့ စေ့  လစေ့ ဖြင့်  မီးဖွားချိန် ရောက်နေပြီ။ ကျွန်တော် သက်သာလာခြင်းသည် သူ့ အတွက် ဥပါဒ် ဖြစ်စေမည်
လားဟု တွေးကာ ဖုန်းဆက်မိ၏။

“ အေး ” ဘာမှ မဖြစ်။ လွန်ခဲ့ သော နှစ်ရက်ကပင် “ သမီးလေး ” မွေးဖွားပြီး ဖြစ်ကြောင်း အမေက ပြောပြသည်။
လွတ်လပ်ရေးနေ့ မှာ မွေးသည်ဟု ဆို၏။ ကျွန်တော် အံ့ သြမိသည်မှာ စူဒါနမ်(နမ့် ရို)သည် စနေနေ့  မွေး၍၊
ယခု သမီးသည် လွတ်လပ်ရေးနေ့  မွေး၏။ “ စူဒါနမ် ”ကို ၉၈ မှာ မွေးပြီး၊ “ နှင်းဦးရဝေ ” အား ၂၀၀၀ ပြည့် နှစ်
မှာ မွေးခဲ့ သည်။

“ စူဒါနမ် ” က စိတ်ကြီးသည်။ ငယ်တုံးမို့ လား မပြောတတ်။ သူ့ ပစ္စည်း၊ သူ့ ဥစ္စာကို အလွန်မှတ်သားတတ်၏။
အနိုင်ကျင့် တတ်သည့်  စိတ်ကလေးကိုမူ ကျွန်တော်မကြိုက်။ သူ့ အစ်မဝမ်းကွဲများ၏ ကျောင်းစာအုပ်များ၊ ကစား
စရာများ၊ အဝတ်အစားသစ်များကို မကြာခဏ လုယူတတ်၏။ တစ်အိမ်လုံးကလည်း သူ့ ဘက်ကဆိုတော့  ပို၍
အနိုင်ယူလိုစိတ်များ ကဲနေခြင်းဖြစ်သည်။ တစ်ချီမှာတော့  သူ့ အမဝမ်းကွဲပစ္စည်းကို လုယူသွားသဖြင့်  ကျွန်တော်
သူ့ ကို ရိုက်ဖို့ ပြင်သည်။ အာခေါင်ခြစ်၍ အော်လေသဖြင့် သူ့ အဘွားရော၊ ဘေးခန်းမှ လူများပါ ဒရောသောပါး
ရောက်လာကြ၏။ ကျွန်တော် မရိုက်ရသေးကြောင်း သူ့ အစ်မက သက်သေစကားဆိုသည့် တိုင် “ နမ့် ရို ” ဤမျှ
အထိ တစ်ခါမှ မကြောက်ခဲ့ ဖူးကြောင်း သူ့ အဖွားက ကျွန်တော့် ကို ပြစ်တင် ပြောဆို၏။ ဟုတ်တော့ နေပြီ။
စူဒါနမ်သည် အတော့် ကို ပုံသွင်းရ ခက်တော့ မည်။
ထိုကိစ္စနှင့်  ပတ်သက်၍ ဖိုင်နှင့် ကျွန်တော် ဆွေးနွေးရလေပြီ။
“ အမေတို့  မရဘူးရှင်၊ နမ့် ရိုမှ နမ့် ရိုဆိုတော့  ကျွန်မလည်း ရိုက်တာပဲ၊ မရဘူး ”
“ ကြာရင် ဖိုင့် ကို မကြောက်ပဲ နေမယ်နော် ”
“ မကြောက်တာတော့  အမှန်ပဲ၊ အမေက သူ့ ကို လသားကတည်းက ထိန်းကျောင်းခဲ့ တာ၊ ညဆို အဘိုး အဘွား
နဲ့ ပဲ အိပ်တယ်၊ ကျွန်မကို ကပ်တာမဟုတ်ဘူး ”
“ ဖိုင်က အပျိုလုပ်နေတာကိုး ”
“ ရူးပြန်ပြီ .. ဘာစကားပြောတာလဲ ”
“ ဖိုင် ... ဖိုင့် မှာ မိခင်စိတ်မရှိသလိုပဲ။ ကျွန်တော် အခုလာတယ်၊ ဖိုင်ဘာမှ မစဉ်းစားဘူး၊ ကျွန်တော်၊ဖိုင်၊ သမီး
လေးတို့  နှစ်ဆယ့် လေးနာရီ မဆုံသေးဘူး၊ ဖိုင်လုံးဝမပြောဘူး၊ ဖိုင့် အလုပ်ကိုပဲ ဖိုင်တွေးတယ်။ အချိန်ပိုတွေ
ဆင်းနေတယ်၊ ဖိုင် ... ”
သူ ခေါင်းငုံ့ သွားသည်မို့  ကျွန်တော် လေသံလျှော့ လိုက်ရ၏။
“ ရှင် ဘာမှ မသိဘူးနော်၊ တကယ်..တကယ်.. ရှင်ဘာမှ မသိဘူး”
“ ဘာဖြစ်လို့ လဲ ဖိုင်..”
“ ကျွန်မတို့ လေ ... ကျွန်မတို့  အဖေ့ အကြွေးတွေ ဆပ်နေရတယ်၊ ဖေဖေ ငွေတွေ အများကြီး ရှုံးခဲ့ တယ်၊ လူမိုက်
တွေဆီက ချေးတာ၊ မဆပ်ရင် ဒုက္ခရောက်မယ်၊ အဲ့ ဒါကြောင့် ပါ ”
“ ဘယ်လောက်လဲ ဖိုင်၊ လောင်းကစားကြောင့် လား”
“ ဟုတ်ပါ့  .. ဖိုင် ရှင့် ကို တောင်းပန်ပါတယ်နော် ”
“ ကိစ္စမရှိပါဘူးဖိုင်၊ ကျွန်တော် ဘာလုပ်ပေးရမလဲ နမ့် ရိုကို ... ”
“ အမေ့ ကိုတော့  နမ့် ရို စရိတ်အတွက် ကျွန်မ ပေးပါတယ်၊ ဟိုတစ်လောက ရှင်ပေးတဲ့  ဒေါ်လာတွေလည်း
အကြွေးဆပ်ထားတယ်၊ ကျွန်မမှာ လက်ကျန်မရှိတော့ ဘူး”
“ လေးငါးရက်နေရင် ကျွန်တော် ပေးမယ်နော်”
“ ရပါတယ် .. ကျွန်မ တောင်းပန်ပါတယ်နော် ”
“ ဖိုင်.. နမ့် ရိုကို ဘယ်မှာ ကျောင်းထားမလဲ။ ကျွန်တော် ဒီမှာ သိပ်ကြာမှာ မဟုတ်ဖူး။ ခရီး ထွက်ရအုံးမယ်။
တရုပ်ပြည်ဘက်ကို သွားဖြစ်ဦးမယ် ထင်တယ်။ ဗီဇာတော့  ရပြီးပြီ ”
“ သြော် .. သိပြီ... သိပြီ။ မိန်းမသွားရှာမလို့ လား.. ဟုတ်ပါတယ်လေ .. ”
ဖိုင်က ကျွန်တော် စိတ်မညစ်စေရန် စ,နေခြင်း ဖြစ်သည်။ ဖိုင်သည် ကျွန်တော် မိန်းမရသည့် ကိစ္စကို သေချာ
သော မနောစိတ်က သိပြီးနေရှာပြီထင်။ မိန်းမတို့ ၏ အသိစိတ်ကို ကျွန်တော် မခန့် မှန်းတတ်။ ဖိုင့် ကိုတော့ 
ဝန်ခံ၍ မဖြစ်သေး။ ဖိုင်သည် စစ်ရှုံးနေသူဖြစ်သည်။ သူ အပိုင်ရပြီဟု တွက်ထားသော သမီးနမ့် ရိုမှာလည်း
သူ့ ကို အသာစီးဖြင့်  သာချင်နေ၏။ ဖိုင့် ဘဝသည် ဘာဆို ဘာမှ ကိုယ်ကျိုးမရှိသော ဘဝပင်။ ကျွန်တော့် ပါးစပ်
ကသာ အများအတွက် အသက်ရှင်နေခြင်းဟု ကြိမ်းဝါးနေသော်လည်း ဖိုင့် လောက်ပင် ကိုယ်ကျိုးစွန့် နိုင်သူ
မဟုတ်။
ဖိုင့် ဘဝမှာ ဘာရှိသနည်း။
ကျွန်တော့် မှာက ဇနီးအေး ရှိ၏။ သမီးတစ်ဦးလည်း ရပြီ။ လောက သိုက်မြုံကို ကျွန်တော် တည်ဆောက်ခဲ့ ပြီးပြီ။
ဖိုင့်မှာ ဘာမျှမရှိ။ သမီး စူဒါနမ်၏ စရိုက်၊ အမူအကျင့် ၊ လူဖြစ်လာပုံ အစကိုက ဖိုင်နှင့် ခပ်ကွာကွာ ရှိလှ၏။ ဖိုင့် 
အမူအကျင့် မျိုး စူဒါနမ်မှာ မရှိ။ တစ်ချိန်တွင် စူဒါနမ်သည် ကျွန်တော့် လိုပင် လောကကို ထင်ရာစိုင်းချေဦးမည်။
သူ လူလားမြောက်ဖို့ အတွက်မူ ဖိုင့် ကို အသုံးချသွားလိမ့် မည်။ ဖိုင့် အချစ်၊ ဖိုင့်စွမ်းအား၊ ဖိုင့် မေတ္တာများကို
စားသုံးမှီဝဲပြီး ဖိုင့် ကို စွန့် မှာ သေချာနေ၏။ အဖေ့ သွေးက ချဉ်းနင်းခဲ့ ပြီကိုး။

ထိုစကားတွေ ဖိုင့်ကို ကျွန်တော် ပြောသောအခါ ဖိုင်က သည်းခံစွာ ပြုံးလျက် ခေါင်းငုံ့ ထားရှာသည်။ ကျွန်တော်
ဖိုင့်ကို ဂရုဏာသက်စွာဖြင့်  သူ့ လက်ကို ဆုပ်ကိုင်၍ ကျွန်တော် ပြန်လာမှာပါ၊ ကျွန်တော့် ကို ယုံပါပြောတော့ 
ဖိုင် ခေါင်းညိတ်၏။ ဖိုင့်ကို ကျွန်တော် ကြိမ်ဖန်များစွာ ခေါ်ခဲ့ သော်ငြား ဖိုင်က သူ့ မိဘကို မခွာနိုင်၊ ကျွန်တော်
ဖိုင့် ကို မတားချင်တော့ ။ ဖိုင်တည်ဆောက်ခဲ့ သော ဘဝသိုက်မြုံ၌ ဖိုင်သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်နေ၏။
သူ့ ဘဝ၊ သူ့ စွမ်းအား၊ သူ့ ပေးဆပ်မှုများကို ရယူသုံးစွဲသူများသည် သူတို့ အတွက် ဖိုင်မရှိ၍ မဖြစ်ပါ။ ဒါကတော့ 
မိသားစု ရေးရာသာ ဖြစ်၏။ မတရားမှုလည်းမဟုတ်။ မိသားစုတစ်ခု ရှင်သန်ကြီးထွားရန်အတွက် တစ်ဦးမဟုတ်
တစ်ဦးကတော့  ရုန်းကန်ရမြဲ ဖြစ်ပါ၏။ ဖိုင့် ဆိုလျှင် ဖိုင့် မိဘများက အားကိုးကြသည်။ ဖိုင့်ညီမနှစ်ယောက်က
ချစ်သည်။ ဖိုင့် တူမ နှစ်ယောက်က မရှိမဖြစ် တွယ်တာသည်။ စူဒါနမ်ကတော့  ဖိုင်သည် သူ့ မူပိုင်ပစ္စည်းဟု အပိုင်
တွက်ထား၏။ ကျွန်တော်ပင်လျှင် ဖိုင့် ဆီမှ ရယူခြင်းများစွာ ပိုင်ဆိုင်ခဲ့ သူ ဖြစ်သည်ကိုး။ ဖိုင့် ကို ဆိုလျှင်
ကျွန်တော်က အစ ပတ်သက်သမျှ အားလုံးက အပိုင်ဟု တွက်ထားကြသည်။ ဖိုင့် ကို ဘာမှ ပေးစရာမလို။ ဖိုင့်ဆီ
ကသာ ရသင့် ရထိုက်တာ မှန်သမျှ ယူကြမည့် သူတွေထဲတွင် ဖိုင်တစ်ယောက် လူသား စင်စစ် ဖြစ်နေ၏။
သို့ တိုင် ဖိုင်သည် ငြူစူခံရ၏။ အပြစ်တင်ခံရ၏။ ဝေဖန်ခံရ၏။ ချစ်သလိုလိုနှင့်  အနိုင်ကျင့် ခံရ၏။

ကျွန်တော် ဖိုင့် ကို ဘာချစ်ပါသနည်းဟု စေ့ စေ့ စဉ်းစားတိုင်း ကျွန်တော် ထင်တိုင်း ခြယ်လှယ်ခွင့် ရ၍ ချစ်ခြင်း
ဟု တဖြည်းဖြည်း ဝန်ခံ တွေးတောမိလာသည်။ ဖိုင် ကျွန်တော်နှင့်  ဝေးအောင် ဘယ်မျှ ပြေးပြေး မိပြီဆိုလျှင်
ဖိုင်သည် ကျွန်တော့် ကို ချစ်ရမြဲပင်။ ဤဖြစ်ရပ်အတွက် ကျွန်တော် ဖိုင့် ကို ဒူးထောက်ချင်သည့် တိုင် ဘယ်တော့ 
မှ ဒူးထောက်မည်မဟုတ်။ ဖိုင်သည် ကျွန်တော်၏ ရပိုင်ခွင့်  ဖြစ်သည်။ ကျွန်တော့်  နှလုံးသားတွင် နန်းစံနေသော
ကျွန်တော်၏ မူပိုင်မိဖုရားသာ ဖြစ်သည်။

သံသရာ ဟူသောဝေါဟာရကို ကျွန်တော် လွန်လွန်ကဲကဲ တွေးကြည့် မိပါသည်။
လွန်လေပြီးသော သံသရာတွင် ဖိုင်နှင့်  ကျွန်တော် ဆုံခဲ့ သည် ဆိုငြားအံ့ ။ ဖိုင်သည် ဤသဘောအတိုင်းသာ
ကျွန်တော့် ကို ချစ်ရှာပါလိမ့် မည်။

သမီး ရဝေ ကို ကျွန်တော် ရခဲ့ ပြီဆိုသောအခါ အိမ်ထောင်စု တာဝန်အား စတင်၍ တွေးတောလာခဲ့ မိသည်။ ဖိုင်၊
စူဒါနမ်နှင့် ကျွန်တော်တို့  သုံးဦးသား အိမ်ထောင်စုကလေးအဖြစ်ကို မဖန်တီးနိုင်။ ကြိမ်ဖန်များစွာ ကျွန်တော်ရော
ဖိုင်ပါ ကြိုးစားသည်။ မရ။ ၂၄နာရီမပြည့် သည့် အကြိမ်ပေါင်းများစွာဖြင့်  ခွဲခွာရသည်။ ဖိုင့် မိသားစု၌ ဖိုင်မရှိ၍
မဖြစ်။ စက်ယန္တယား၏ ပင်မအစိပ်အပိုင်းလို ဖြစ်နေသောကြောင့် ဖိုင်မရှိလျှင် လည်ပတ်ရာ၌ ကမောက်ကမ
ဖြစ်မည်။ ဖိုင့် တူမနှစ်ယောက်က အော်ကြ ငိုကြသည်။ ဖိုင့် အဖေက စိတ်ဓါတ်ကျသည်။ ဖိုင့် အမေက မြည်တွန်
သည်။ ဖိုင့် ညီမနှစ်ဦးက ဘာသိဘာသာ ဖြစ်ကုန်သည်။ ဖိုင်သည်လည်း စူဒါနမ်လိုပင် သူ့ အိမ်သို့ သာ လွမ်းနေ
ရှာသည်။

ကျွန်တော်နှင့် ဖိုင်သည် မိသားစုကိစ္စများအတွက် ကိုယ်ကျိုးရှာသော အတ္တပညာ မထွန်းကားကြ။ အချိန်တန်
လျှင် ဖိုင်သည် သူ့ မိသားစု အသိုက်အမြုံသို့ ပြန်၏။ ကျွန်တော်လည်း မိသားစုကိစ္စများထဲသို့  ပြန်ဝင်ပြေး၏။

လောက၌ ဖိုင်သည် ကျွန်တော်မရှိပဲ ဘာမျှမဖြစ်။
ဤသဘောတရားကို ကျွန်တော် ကောင်းစွာလက်ခံပြီး ဇနီးအေးနှင့်  မိသားစုသိုက်မြုံကို အကောင်အထည်
ဖေါ်ချင်လာမိသည်။ သို့ ရာတွင် ချက်ခြင်းမဟုတ်သေး။ ကျွန်တော် အမေရိကသို့  ထွက်သွားရန် အမျိုးမျိုးကြံ
သည်။ စိတ်က ပြင်းပြင်းပြပြ အာသီသ ဖြစ်မလာခဲ့ ။ ထို့ ကြောင့် စာပေအနုပညာနယ်ကို ကြံဆတွေးတောပြီး
အများနည်းတူပဲ စိတ်လျှော့ လိုက်မိတော့ သည်။

ဖိုင်နှင့် ကျွန်တော် နောက်ဆုံးဆွေးနွေးပွဲတစ်ခု ပြုရမည်ဟု တွေးရင်း စင်္ကာပူသို့  ပြန်ဝင်ပေးရမည့် ကိစ္စတစ်ခုကို
လက်ခံလိုက်မိသည်။

ထိုစင်္ကာပူခရီးသည် ကျွန်တော့် ဘဝအား သွေးထွက်အောင် ပြောင်းလဲစေခဲ့ သော ခရီး ဖြစ်တော့ သည်။
ကျွန်တော့် အား ကိုယ်ကျိုးရှာ ထင်ရာစိုင်းနေလျှင် လောကဥပဒေသက ဒဏ်ခတ်တော့ မည်ဟု တိတိကျကျ
သတိပေးလိုက်သော ခရီးစဉ် ဖြစ်တော့ သည်။ စင်္ကာပူထောင်၏ အရသာကို ဝဝလင်လင် ခံစားစေသည့် 
ခရီးပင်တည်း။


( ဆက်ရန် )

...............................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

Friday, July 29, 2011

သင်္ဘောသားမို့  စကားမတတ်ရှာ ..။

မဟာထိုင်လမ်းသွယ်ထဲမှာ ဆက်နေလို့  မဖြစ်တော့ လောက်အောင် နှစ်ကြိမ် နှစ်ခါ ခေါ်ယူစစ်ဆေးခံခဲ့ ရပြီး
နောက် ကိုဆန်နီက သူ့ ရည်းစား “ မျှောင် ” ဆိုသည့် ယိုးဒယားမလေးနေသော ရပ်ကွက်ထိပ်ရှိ တိုက်ခန်းကြီး
တွင် အခန်းငှားပေးသည်။ တိုက်ခန်းက သိပ်မကြီး။ ဟောခန်းပါသည်။ မီးဖိုချောင်၊ အိမ်သာ တွဲလျက် ပါရှိသည်။
လစာ ကလည်း မများလှ။ ဘတ်နှစ်ထောင်သာ ပေးရ၏။ မိုးပျံတံတားကြီးကို ကျော်ပြီးနောက် တစ်မှတ်တိုင်ဆို
လျှင် လမ်းထိပ်သို့  ရောက်ပြီ။ ထိုလမ်းထိပ်မှ ဆိုင်ကယ် ငါးဘတ်ပေး၍ စီးလျှင် ရောက်ပါသည်။ စီးလုံသို့  သွား
လျှင်လည်း လွယ်၏။ လေဆိပ်နှင့် တော့  အလှမ်းဝေးလှသည်။

စင်္ကာပူသို့  ဝင်ရသည်မှာလည်း အတော်ပင် ခက်ခဲလာပါသည်။ မြန်မာပြည်မှ ဗီဇာပါလာသူများကလည်း
ဘန်ကောက်မှာ ကြာကြာမနေကြတော့ ။ အဖမ်းအဆီး ထူပြော၍ ဖြစ်သည်။ ရန်ကုန်၊ စင်္ကာပူ တိုက်ရိုက် ဝင်ကြ
သူက များသည်။ ကျွန်တော်တို့ အတွက် အရင်ကလို ဗီဇာ လျှောက်ရသည်မှာ မလွယ်ကူတော့ ပြီ။ သို့ ရာတွင်
စားပေါက် တစ်မျိုး ထွင်ကြရပြန်သည်။

သင်္ဘောသား ဗီဇာကို ရအောင် လျှောက်ကြပြန်လေပြီ။
စင်စစ် စင်္ကာပူ သံရုံးသည် သင်္ဘောတက်ရန်သွားမည့်  မည်သည့် သင်္ဘောသားကိုမှ ဗီဇာ မပေးပါ။ စင်္ကာပူမှ
သင်္ဘောအေးဂျင်းက ဖက်(စ)ဖြင့် ခေါ်စာ ပို့ ပေးသည်။ ထိုခေါ်စာဖြင့်  လေယဉ်လက်မှတ် ဝယ်ရသည်။ လေဆိပ်
ရောက်လျှင် သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ ခေါ်စာနှင့် လေယဉ်လက်မှတ် ပေးရပါသည်။ ထို့ ပြင် စင်္ကာပူရှိ
သင်္ဘောအေးဂျင်းက လေကြောင်းလိုင်းသို့  ခေါ်စာကို ဖက်(စ)ဖြင့် ထပ်မံ ပို့ ပေးရ၏။ ထိုအခါ လေကြောင်းလိုင်း
က သင်္ဘောသားကို သူ့ လေယဉ်ပေါ်သို့  တက်ခွင့် ပြုသည်။ စင်္ကာပူ လေဆိပ်ရောက်လျှင် လ.ဝ.က မှ သုံးရက်
ဗီဇာ ပေးလိုက်၏။ အေးဂျင့် က သင်္ဘောသားကို လေဆိပ်မှာ လူကြို လွှတ်ပေးပါသည်။ လိုအပ်လျှင် လ.ဝ.က
အရာရှိက လာကြိုသော အေးဂျင့်နှင့်  တိုက်ရိုက် စကားပြောနိုင်ရန် လာစောင့် ပေးရပြန်သည်။

တစ်ရက်မှာတော့  အစ်ကိုနှင့်အတူ ပါသွားသည့် သင်္ဘောသား တစ်ယောက်အား လေယဉ်လိုင်းက အပြန်လက်
မှတ်မပါ၍ လေယဉ်ပေါ် တက်ခွင့် မပြု။ အနည်းဆုံး သံရုံးဗီဇာပါမှ တက်ခွင့် ပြုမည်ဟု ဆိုလာပါ၏။ အစ်ကို ဘာ
လုပ်ပါသနည်း။ သူရော ထိုသင်္ဘောသားကိုပါ အဝတ်အစားအိပ်များ ကိုယ်စီ ဆွဲ၍ စင်္ကာပူ သံရုံးသို့  ချီတက်ပါ
တော့ သည်။ သံရုံးရောက်တော့ လေယဉ်လက်မှတ်တွေပြ၊ လေကြောင်းလိုင်းမှ ပြောလိုက်သည်များကို ရှင်းပြပြီး
ဗီဇာမပါလျှင် ဒီသင်္ဘောသား သင်္ဘောတက်ခွင့် မရတော့ ဟု တောင်းဆိုပါတော့ သည်။ သံရုံးကလည်း သုံးရက်
ဗီဇာ ပေးလိုက်ပါတော့ ၏။ နောက်ပိုင်းတွင်လည်း သင်္ဘောသားတိုင်းကို သုံးရက်ဗီဇာ ထုပ်ပေးပါတော့ သည်။

လေကြောင်းလိုင်းများနှင့်ပတ်သက်၍ ကျွန်တော်တို့  ဘက်က ချို့ ယွင်းချက်ကလေးများလည်း ရှိပါသည်။
လေကြောင်းလိုင်းများသည် စင်္ကာပူခရီးစဉ်၌ မြန်မာများကို တင်ရသည့် အခါတိုင်း ဗီဇာမပါပဲ မတင်ချင်ကြ။
ဗီဇာပါလျှင်လည်း အပြန်လက်မှတ်ကို မေးလာတတ်ပြန်သည်။ သူတို့ ကိုလည်း အပစ်မဆိုသာပါ။ သူတို့ လေယဉ်
ဖြင့်  ပါသွားသော ခရီးသည်အား စင်္ကာပူ လ.ဝ.က မှ ပြန်ပို့ ပါလျှင် အတော်ကို အလုပ်ရှုပ်ကြရသည်။ ထို့ ကြောင့် 
မြန်မာဆိုလျှင် သိပ်မတင်ချင်ကြ။ လေယဉ်လက်မှတ် သွားဝယ်လျှင် ဗီဇာကို မေးတတ်ကြသည်။ သင်္ဘောသား
ဗီဇာဖြင့်  ဝင်ရချိန်တိုင်း သက်ဆိုင်ရာ လေယဉ်လိုင်းနှင့်  ကျွန်တော်တို့  စကားမပြောရပဲ မပြီး ။ ကျွန်တော်တို့ 
ညီအစ်ကို၏ အဓိက အတားအဆီးသည် ပိစိဖိတ်အဲယားလိုင်း ဖြစ်သည်။

သူတို့ က ကျွန်တော်တို့  လိုက်ပို့ သူများကို သင်္ဘောသားဟု မယုံ ။ စကားပြောကြည့်တော့ လည်း ကိုယ့် လူများ
က စကားမကျွမ်းကျင်။ အင်္ဂလိပ်စကားကို တောင်တောင်အီအီ ဖြစ်နေ၏။ ဒါတောင် မနဲ သင်ထားရခြင်း ဖြစ်၏။
သူတို့ က သင်္ဘောသားတွေကိုမေးတိုင်း ကျွန်တော်က ဝင်ဖြေရင်း တစ်ခါတစ်လေတော့  စကားများကြရသည်။
သင်္ဘောသားတွင် အပြန်လေယဉ်လက်မှတ်မလို၊ ရှိုးမန်းနီး မလို။ ပတ်(စ)ပို့ နှင့်  CDC ပါလျှင် ပြည့် စုံပြီမှန်း
ကျွန်တော်တို့ က ဆုပ်ကိုင်ပြောရသည်။ ထိုအခါ ဂျူတီမန်နေဂျာကို သူတို့ က ခေါ်လေပြီ။ ဂျူတီမန်နေဂျာက
စင်္ကာပူ အေးဂျင်းသို့  ဖက်(စ)ဖြင့် လှမ်းမေးသည်။ အေးဂျင်းက လက်ခံအတည်ပြုမှ လေယဉ်ပေါ် တက်ခွင့် ပြု
တော့ သည်။ နောက်ပိုင်း ဗီဇာ ယူလာသောအခါ သူတို့  ပို၍ပင် အခံရခက်ရှာသည်။ ဤလူများသည် တကယ်
သဘောင်္ာတက်မည့်သူများ မဟုတ်မှန်း သိပါလျက်နှင့်  သူတို့  လေယဉ်လိုင်းအား အသုံးချနေခြင်းကို အခံရခက်
နေရှာ၏။ သို့ သော် ဘာမှ မတတ်နိုင်။ သူတို့ ဘက်က တတ်နိုင်သည်မှာ သင်္ဘောသားအား နောက်ဆုံးပါဆင်ဂျာ
အဖြစ် ချန်လှပ်ပြီး ပညာပြခြင်းပင်ဖြစ်ပါ၏။

ဘင်္ဂလားဒေ့ ရှ်အဲယားလိုင်း ( ဘီမန်း ) နှင့်  အန္ဒိယအဲယားလိုင်းတို့ မှာတော့  နှစ်ပတ်ဗီဇာသမားများကို ဈေး
သက်သက်သာသာဖြင့် ကျွန်တော်တို့  တင်ပို့ ပေးနေသော ဖောက်သည်အဲယားလိုင်းများဖြစ်ပါသည်။ ထိုလေ
ကြောင်းလိုင်းများက အဲယားလိုင်းကြီးများနှင့်  စာလျှင် ဒေါ်လာတစ်ရာကျော် ဈေးသက်သာ၏။ ဈေးသက်သာ
သည့်  နည်းတူ အချိန်လည်း မမှန်တတ်။ တစ်ခါတစ်ရံ အခြားလေကြောင်းလိုင်းများသို့  အကူအညီတောင်း၍
လွှဲပြောင်းပေးရတတ်၏။ ထိုအခါမျိုးတွင် အချောင်စီးရသော ခရီးသည်အဖို့  အစားကောင်းကောင်း စားရသည့် 
အပြင် ဟိုဘက်လေဆိပ်မှာလည်း ဝင်ခွင့်  လွယ်ပါသည်။ အကယ်၍ ဘန်ကောက်လေဆိပ်မှာပင် လာမည့်
လေယဉ်မှာ အကြောင်းကြောင်းကြောင့်  နာရီများစွာ နောက်ကျမည်ဆိုပါက လေယဉ်လိုင်းများက စားသောက်
စရိတ်ကတ်ပြားများ ထုတ်ပေး၏။ လေဆိပ်အတွင်းရှိ မည်သည့် ဆိုင်၌မဆို ဝဝလင်လင် စားနိုင်၏။ ဤအခွင့် 
အရေးမျိုးလည်း ကြုံရသေးသည်သာ ။

ကြာလာတော့  ဘန်ကောက်လေဆိပ်သည် ကျွန်တော် ကျင်လည် ကျက်စားရာ ကွင်းပြင်ကြီး ဖြစ်လာခဲ့ ပြီ။
တစ်လလျှင် ဆယ်ကြိမ်ထက်မနဲ ဝင်ထွက် သွားလာနေသူမို့  လေဆိပ်အတွင်း နှ့ံစပ်ခဲ့ သည်မှာ မဆန်းလှပါ။
ကားငှားလျှင် လမ်းမကြီးသို့  ပေါင်းကူးတံတားမှ ဆင်း၍ ထွက်ငှားတတ်ခဲ့ ပြီ။ ပြည်တွင်းခရီးစဉ်လိုင်းဘက်မှ
ထွက်လိုလျှင် ပေါင်းကူးတံတားမှ ဖြတ်ထွက်တတ်ခဲ့ ပြီ။ လေဆိပ်တယ်လီဖုန်း အိပ်ချိန်းရုံးထဲဝင်၍ ဖောင်ဖြည့် ကာ ဈေးသက်သက်သာသာဖြင့်  ဖုန်းဆက်တတ်ခဲ့ ပြီ။ KFC ကြက်ကြော်စား၍ အချိန်ဖြုန်းတတ်ခဲ့ ပြီ။ ပို့ ဆောင်
ခန်း အတွင်းဘက်မှ စားသောက်ဆိုင်သို့  သွား၍ လေယဉ်ပြေးလမ်းများ၊ ဂိတ်ပေါက်များမှ လေယဉ်များကို
သွားငေးတတ်ခဲ့ ပြီ။ ဂိတ်အမှတ်များကို ကြည့် ပြီး မည်သည့်  လ.ဝ.က အပေါက်မှ ဝင်လျှင် နီးမည့် အကြောင်း
လမ်းညွှန်တတ်ခဲ့ ပြီ။ ဘန်ကောက်လေဆိပ်သို့  ပထမဦးစွာ ရောက်လာမည့်  မြန်မာဧည့် သည်များ အပေါက်မှား
ထွက်တတ်သည့် တစ်ဖက်ခြမ်းကို သတိထား စောင့် ကြည့် နိုင်ခဲ့ လေပြီ။ လပ်ဂိတ်ဖြင့်  ပါမလာသော အဝတ်
အစားအိပ်များကို လပ်ဂိတ်ဌာနသို့  သွားအကြောင်းကြားကာ ရွေးယူတတ်ခဲ့ ပြီ ။

ဤပညာများကို သင်ကြားပေးသူမှာ ကိုဆန်နီ ဖြစ်ပါသည်။
သူက ဝါရင့်  သင်္ဘောသားမို့  လေဆိပ်မျိုးစုံကို ဝင်ထွက်သွားလာဖူး၏။ သူ့ အကြောင်း ပြောလျှင် သူ့ ရည်းစား
“ မျှောင် ” ကို ချန်ထား၍ မရပြန် ။ “ မျှောင် ” က မချော။ သွားလေး ခေါတတ်သေး၏။ သို့ ရာတွင် “ မျှောင် ” က
ရဲတင်းသည်။ ပွင့် လင်းသည်။ အကြံဥာဏ်ကောင်းများလည်း ပေးတတ်သည်။ ပြီးတော့  ငယ်သည်။ သူက
အသက်နှစ်ဆယ်ပင် မပြည့် တတ်သေး။
ကိုဆန်နီက ကျွန်တော့် လိုပင် ယိုးဒယားစကားကို ယိုးဒယားမလေးများနှင့်  ချစ်ကြွမ်းဝင်ပြီး သူတို့  ရင်ခွင်ထဲ
ဝင်ကာ စကားသင်ပါသည်။ ကိုဆန်နီက ယိုးဒယားစကားသာမက စာလဲ ဖတ်တတ်သည်။ များများစားစားတော့ 
မဟုတ်။ ကိုဆန်နီ့ မှာ အလုပ်အကိုင် သေသေချာချာ မရှိသည့် တိုင် ငွေတော့  မရှားတတ်။ သူ့ အစ်ကိုက
အမေရိကမှာ ရှိသည်။ မိဘများက ရန်ကင်းဘက်မှာ နေကြသည်။ ကိုဆန်နီ တတ်ကျွမ်းသည်က လေယဉ်လက်
မှတ်ကိစ္စ၊ ဗီဇာ ကိစ္စ၊ လေယဉ်ကွင်း အပို့ အကြိုကိစ္စအပြင် အသစ်ရောက်လာသူများကို သွားရေး၊ လာရေးနှင့် 
လိုအပ်သော အင်္ဂလိပ်စကား၊ ဝှိုက်ကတ် ဖြည့် သွင်းခြင်းများကို စိတ်ရှည် လက်ရှည် သင်ပေးတတ်၏။
သူ့ မျက်နှာက အမြဲ ပြုံးချိုနေတတ်သည်။ စကားပြောလျှင် ပျော့ ပျောင်းညင်သာသဖြင့်  လူခင်များ၏။ လူနိုင်
လည်းများ၏။ သူ့ ကို အနိုင်ဆုံးသူမှာ သူ့ ရည်းစားလေး “ မျှောင် ” ပင် ဖြစ်ပါသည်။

“ မျှောင့် ” မှာ စေ့ စပ်ထားသူ ရှိပြီးသား ဖြစ်သည်။
ကိုဆန်နီနှင့်  ဘယ်လိုတွေ့ ခဲ့ ကြသည်ကိုတော့  ကျွန်တော်မမေးမိ။ မျှောင်တို့ ဘက်က ကိုဆန်နီ့ ကို လုံးဝ
သဘောမကျ။ “မျှောင်” တို့ မိဘများက နယ်မှာ နေကြသည်။ ဒီမှာက “ မျှောင့် ” အမ လင်မယားရှိ၏။
“ မျှောင် ” က ရွာသို့ မပြန်။ ဟိုရောက်လျှင် လက်ထပ်ရမှာ လန့် နေ၏။ ကိုဆန်နီ့ ကိုလည်း ချစ်ရှာသည်။ ချစ်၍
ပါး မကြာခဏ ရိုက်သည်။ ဤသည်မှာ ဓမ္မတာပင်။ ယိုးဒယားမများ ချစ်လျှင် ထိုသို့  ပါးရိုက်တတ်ကြောင်း
နောင်တော့် နောင်တော် မြန်မာကြီးများက ကျွန်တော့် ကို ပြောပြထားခဲ့ ပြီး ဖြစ်၏။ ဖိုင် ကတော့  ကျွန်တော့် 
ကို တစ်ကြိမ် ရိုက်ဖူးသည်။ “ မျှောင့်  ” လို ခဏခဏ မရိုက်။ သိပ်မချစ်၍လားတော့  မပြောတတ်။

“မျှောင်” သည် ကိုဆန်နီ့ ကို အနိုင်ကျင့် တတ်သော်ငြား ကျွန်တော်တို့  လုငန်းများကိုတော့  အများကြီး အကူ
အညီ ပေးပါသည်။ ကျွန်တော် ချင်းမိုင်ကို နှစ်ကူးရက်ကြီး ခရီးထွက်ဖို့  ကြုံလာစဉ်က ကားဂိတ်ရော၊ ရထားဘူ
တာမှာပင် လက်မှတ်မရ ဖြစ်နေခိုက်၊ “ မျှောင် ” က လေဆိပ်သို့  အရေးပေါ်ဟန်ဖြင့်  ဖုန်းဆက်ကာ လေယဉ်
လက်မှတ် မှာပေးသည်။ နောက်တစ်နေ့ မနက်မှာ ထိုလေယဉ်ဖြင့်  ကျွန်တော် ခရီးထွက်နိုင်ခဲ့ ပါသည်။

တစ်ကြိမ်မှာတော့  ရနောင်းနယ်စပ်သို့  သွားရန်အတွက် ကားငှားဖို့ ကိစ္စ “မျှောင့် ”ကို ခေါင်းဆောင်တင်ရသည်။
ဖိုင်နှင့်  ဖိုင်တို့ အဖေလည်း လိုက်လည်ကြပါသည်။ ကားက “ တောင်းအေ့ (စ) ” အမျိုးအစားဖြစ်ပြီး မျှောင်တို့ 
ပါနေသဖြင့်  အသွားရော အပြန်ရော အဆင်ချောပါ၏။ စကားမစပ် ထိုခရီးတွင် မျှောင်တို့ အုပ်စု သရဲခြောက်ခံ
ရပုံလေး ပြောပြပါဦးမည်။

ရနောင်းမြို့  “ GREEN PEACE ” ဟိုတယ်တွင် ကျွန်တော်တို့  အခန်းသုံးခန်း ငှားကြပါသည်။ ကျွန်တော်၊ ဖိုင်
ကိုဆန်နီ၊ မျှောင်နှင့်  မိုးမိုးတို့ က တစ်ခန်း၊ ဖိုင့် အဖေတို့ နှင့်  ကားသမားများက တစ်ခန်း ဖြစ်သည်။ မိုးမိုးက
အလည်တွင် ကုတင်တစ်လုံး အစားထိုး၍ အိပ်သည်။ သရဲသည် ကျွန်တော်တို့ ကို ပုံတူဖမ်း၍ ခြောက်ခြင်းဖြစ်ပါ
သည်။ ရေချိုးပြီး ထမင်းစားထွက်ကြသည်။ ထမင်းစားပြီး အားလုံး ခရီးပန်းလာသဖြင့် စောစောပင် မီးမှိတ်၍
အိပ်ယာဝင်ကြပါသည်။ ကျွန်တော်က အိပ်မပျော်၍ ရေ ထ,ချိုးပါသည်။ ရေချိုးပြီးတော့  ဟိုတယ်သုံး တဘက်
ကြီးဖြင့် ကိုယ်ကို ပတ်၍ စားပွဲခုံရှေ့ ၌ ဆေးလိပ် ထိုင်သောက်နေ၏။
ခဏအကြာတွင် ဖိုင်တို့  အဖေအခန်းသို့ ကားသမားများနှင့်  မနက်ခရီးစဉ်အတွက် စကားပြောရန် ထွက်သွားခဲ့ 
သည်။ ထို့ နောက် နာရီဝက်ခန့်  အကြာတွင် အခန်းသို့  ကျွန်တော် ပြန်ဝင်ခဲ့ တော့ သည်။ ကျွန်တော် ဝင်လာ
သည်ကို မြင်တော့  အရင်ဆုံး ထ အော်သူမှာ မိုးမိုး၊ နောက် မျှောင် ဖြစ်သည်။ မျှောင် အော်ပုံက ရူးပါပြီ၊ ရူးပါပြီ
ဟု သုံးလေးငါးခွန်း ထအော်နေ၍ ကျွန်တော်တို့  မီးများဖွင့် လိုက်ကြသည်။ မျှောင် ကြောက်လန့် နေသလို၊ မိုးမိုး
လည်း ခေါင်းမြီးခြုံရင်း ဘုရားတ,နေပါ၏။
သရဲက ကျွန်တော် ထိုင်နေသလိုထိုင်၊ ကျွန်တော် ပတ်ထားသော တဘက်ကို ပတ်၍ မှန်တင်ခုံရှေ့ ၌ တစ်ချိန်လုံး
ဆေးလိပ်ဖွာနေရင်း မိုးမိုးမေးသမျှ ခေါင်းညိတ်၊ မျှောင်ပြောသမျှ လိုက်ရယ်သံ ပေးခဲ့ သည်တဲ့ ။ မျှောင်က စကား
ပြောခဲ့ သူမို့  ပို၍ ကြောက်နေ၏။ သရဲ၏ လုပ်ကွက်ပိုင်ပုံကို ကျွန်တော် အတော် အံ့ သြပါ၏။ ကျွန်တော်
ထွက်သွားချိန်လေးကို အမိအရ နေရာယူနိုင်ပုံလေးကို ချီးကျူးရမလိုပင်။ သို့ သော် မချီးကြူးနိုင်။ ဟော်တယ်
ဝန်ထမ်းခေါ်၍ ချက်ခြင်း အခန်းပြောင်းကြတော့ ၏။ ဝန်ထမ်းများက ဘာမျှမပြော၊ ရယ်၍သာနေလေသည်။ ထို
သရဲ ဝင်မွှေသွားသဖြင့်  ဖိုင်တို့  မိန်းမသားသုံးယောက် ခုတင်တစ်လုံးတွင် အိပ်ခွင့် ရယူ၍ ကျွန်တော်နှင့် ကိုဆန်
နီတို့  လက်ကျန်ပုလင်းကို ရှင်းရင်း သူတို့ နှင့်  ခပ်ခွာခွာ အိပ်ရပါလေ၏။

သရဲတစ္ဆေနှင့် ပတ်သက်လျှင် ကျွန်တော်မကြောက်တတ်ခြင်းက မျိုးရိုးလိုက်၍ ဖြစ်ပါလိမ့် မည်။ ကျွန်တော့်ထက်
သတ္တိကဲသူမှာ ကျွန်တော့်ဦးလေး ဦးတင်အေးပင်။ သန့် စင်တို့  အဖေပင် ဖြစ်ပါသည်။ သူငယ်စဉ်က တစ္ဆေနှင့် 
နပန်းလုံးဖူးသည်ဟု အဒေါ်က ပြောပြဖူးပါသည်။ သူတို့ နေသော ကံဘောက်ရွာသည် တစ်ခေတ်၊ တစ်ခါက ခဲမိုင်းတွင်းပေါင်းများစွာ တူးဖေါ်ထုပ်လုပ်ရင်း စီးပွားရှာကြသူများဖြစ်သည်။ ခဲမိုင်းများက အမျိုးအစား များလှ၏။
အများအားဖြင့် တရားမဝင် ခဲမိုင်းထောင်သူများက အများစု ဖြစ်သည်။ ကျွန်တော်တို့  အဖိုးလည်း ဖ.ဆ.ပ.လ
ခေတ်က ယောက်ဖဖြစ်သူ ပြည်နယ်အမတ် ဦးစံမြိုင်၏ အရှိန်အဝါကို သုံး၍ ခဲမိုင်းထောင်ဖူးသည်။ သူ့ သားသမီး
များ လက်ထက်ကျတော့ လည်း ဆက်လက်လုပ်ကိုင်ခဲ့ ကြ၏။ ထိုခေတ် ထိုအခါက ခဲမိုင်း ထောင်စားသည်မှာ
ဘာမှမဆန်းလှ။

ကျွန်တော်တို့  မြို့ နေသူများအဖို့  လက်တွေ့  မဟုတ်၍ မယုံနိုင်သည်များက အဖေတို့ နယ်တွင် အများအပြား
ရှိလှပါသည်။ လူကြမ်းလျှင် နတ်ကြမ်း မခံနိုင်သည့် စကားကို သက်သေပြခဲ့ သူလည်း အဖေတို့ နယ်တွင် ရှိခဲ့ ဖူး
ပါ၏။

ကျွဲ၊ နွားများကို တစ်ဖက်နိုင်ငံသို့  ခိုးပို့ ကြရာတွင် လမ်း၌ နတ်စင်နှင့်  နတ်ကွန်း ရှိသော ညောင်ပင်ကြီးတစ်ပင်
ကို ဖြတ်သန်းသွားရပါသည်။ ထိုဒေသ၌ အလေ့ အထလုပ်ထားသည်မှာ ထိုညောင်ပင်၌ နားခို၍ထိုညောင်ပင်မှ
ဖြတ်သန်းသွားကြသည့်  ကျွဲ၊ နွား မှောင်ခိုသမားများ အနေဖြင့် ကျွဲ၊ နွား တစ်ကောင်ကောင်ကို ချန်ထားပေးခဲ့ ရသော ထုံးစံ ရှိ၏။ ထိုညောင်ပင်က နတ်ကလည်း အလွန်ကြမ်းလှသည်ဟု သတင်းကြီးလှသည်မို့  ထိုထုံးစံကို
ကျွဲ၊ နွား မှောင်ခိုသမားများ မဖျက်ရဲ။

တစ်ချီမှာတော့  ခပ်ရွတ်ရွတ်၊ ခပ်ကန်းကန်း၊ ကျွဲမှောင်ခိုသမားတစ်ယောက် သူ့ ကျွဲအုပ်နှင့် အတူ ညောင်ပင်
အောက် ရောက်လာကြတော့ သည်။ အချိန်တန်သည့် အခါ ကျွဲမှောင်ခိုသမားက ထုံးစံအတိုင်း သူ့ ကျွဲအုပ်ထဲမှ
ကျွဲတစ်ကောင်ကို ချန်ထားရစ်ပါ၏။ သို့ ရာတွင် သူချန်ထားပုံမှာ သူများတွေလို ညောင်ပင်နှင့် ချီနှောင်၍ ချန်
ထားသည်မဟုတ်။ နတ်စင်တိုင်နှင့်  ကျွဲကို ချဉ်နှောင်ထားခြင်း ဖြစ်၏။ ကျွဲအုပ်က ခရီးနှင်လေသောအခါ ကျန်ခဲ့ 
ရသော ကျွဲက ရုန်းပါလေတော့ သည်။ ခပ်မာမာ စောင့် အရုန်းတွင် နတ်စင်ခင်မျာလည်း ဒရွတ်တိုက်ကာ ကျွဲနှင့် 
ပါချေတော့ ၏။ ထိုအခါ ကျွဲမှောင်ခိုသမားက နတ်စင်ကို ဖြုတ်၍ “ ကိုင်း .. ရှင်ကြီးရေ၊ ငါတော့  ထားခဲ့ တာပဲ၊
ဒါပေမယ့်  ရှင်ကျွဲကြီးက မနေဘူး၊ ဒါကြောင့် ခေါ်သွားပြီဝှေ့  ” ဟု ဆိုကာ ကျွဲကို ပြန်ခေါ်သွားလေတော့ သည်။
ညတွင်ပဲ ထိုညောင်ပင်ထိပ်၌ မီး ထ လောင်တော့ သည်။

ထို့ နောက် ရွာသူကြီးထံ နတ်ဝင်ပူးသော လူတစ်ယောက် ရောက်လာ၍ အကျိုးအကြောင်း မေးမြန်းသည်တွင်
နတ်က တိုင်ချက်ဖွင့် ပါလေတော့ ၏။ သူကြီးက အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာ
လျှင် အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာလျှင် မည်သူ့ လက်ချက်မှန်း ပြောပါဟု
နှစ်သိမ့် ကာ နတ်စင်အသစ် ပြန်တည်ပေးရတော့ ၏။

ကျွဲ၊ နွား မှောင်ခိုသမားများ ပြန်လာချိန်တွင် လူစုစေပြီး ထိုနတ်ကြမ်းကို ပင့် ကာ မေးရပြန်လေတော့ သည်။
နတ်ကြမ်းက လူကို ဝင်ပူးပြီး တန်းစီရပ်နေသော ကျွဲ၊ နွား မှောင်ခိုသမားများကို စေ့ စေ့ ငှငှ လိုက်ကြည့် ၏။
ကိုလူရမ်းရှေ့  ရောက်သည့် အခါ ကိုလူရမ်းက မျက်ဒေါင့် နီကြီးဖြင့်  ကြည့် ကာ အံကြိတ်ပြလိုက်၊ နတ်ကြမ်းက
နောက်တစ်ယောက်ကို မျက်နှာလွှဲလိုက်နှင့် ၊ နောက်ဆုံး သူကြီး ရိပ်မိတော့ မှ ကိုလူကြမ်းက ဝန်ခံပါလေတော့ 
သည်။ သို့ ရာတွင် နတ်ကြမ်းက ဘာမှ မပြောဝံ့ ဟု ဆိုကြ၏။

ကျွန်တော်နှင့်  ဖိုင်တို့ အချစ်ကို အားကျကာ ကျွန်တော်တို့ ကဲ့ သို့  သားသမီးရရန် ကြိုးစားခဲ့ သော ကိုဆန်နီနှင့် 
မျှောင်တို့ ၏ ဇာတ်သိမ်းက ကြားရသည်မှာ မချိရှာပါ။ မျှောင်တစ်ယောက်၊ သူ့ အသိုင်းအဝိုင်း၊ သူ့  ဓလေ့ ထုံးစံ
များကို ဆန့် ကျင်၍ သားသမီးယူရင်း မီးတွင်းထဲမှာပင် ဆုံးပါးသွားရှာပါသည်။ ကိုဆန်နီလည်း မြန်မာပြည်သို့ 
ပြန်သွားသည်ဟု သိရပါသည်။ ကလေးကိုတော့  ဘာသတင်းမှ ဆက်၍ မကြားရတော့ ။ ကိုဆန်နီတစ်ယောက်
မျှောင်နှင့်  စကားများကြတိုင်း ပြောလေ့ ရှိသည့် စကားတစ်ခွန်းကို ကျွန်တော်ကြားယောင်နေမိသည်။
“ သင်္ဘောသားလေ၊ ထိုင်းစကား ဘယ်ကျွမ်းပါ့ မလဲ” ဟူသော စကား။ ကိုဆန်နီက ဆဲလျှင် မြန်မာလို ဆဲ၏။
မျှောင်ကမေးလျှင် ထိုစကားလေးဖြင့်  နှာနှပ်လွယ်တတ်ပါ၏။

ယခုတော့  “ မျှောင် ” လည်း မရှိရှာတော့ ပြီ။ သူ့ မိဘ များကတော့  ကျေနပ်ကြမည်မထင် ။


( ဆက်ရန် )

.................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။
မကြာခင် ကာလအတွင်း ကိုထွေး၏ ဇတ်ကို သိမ်းရပါတော့ မည်။
ရေးခွင့်  ပြုခဲ့ သော ဆရာ့ ကိုလည်း ကျေးဇူးတင်နေမိပါသည်။

Saturday, July 23, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၃ )

“ ကိုကျော်.. ခင်ဗျားဟာ စာလုံးပေါင်း မှားနေတယ်ဗျ .. ”
“ ဟင် .. ဘယ်မှာလဲ ”
“ ဖြစ်ပျက် ( ၂ ) မှာလေ၊ ခင်ဗျားကလည်းဗျာ..၊ ရေးချင်ပြောချင်လိုက်တာလည်း ပြာလို့ ၊ ရေးလိုက်တော့ လည်း
ချာ.. လို့  ဆိုသလိုဖြစ်နေပြီ.. ”
“ ကဲပါကွာ .. အထွန်းကလည်း၊ ဘယ်နေရာလည်းပြော... ”
“ အဓိက စကားလုံး သံသရာလေ ... ၊ ခင်ဗျား ယပလက်နဲ့  ယာ ထားတယ်၊ သံသယာ တဲ့  ၊ ဘာလဲ .. ထွင် တာ
လား ”
“ ဟား........... သွားပါပြီကွာ..၊ ခုမှ မင်းလာပြော ..”
“ ကျွန်တော်လည်း အခုမှ ရောက်တာကိုးဗျ ၊ ကိုကျော် ခင်ဗျားကတော့  စာကြီး ပေကြီးကို ကိုင်ပြီးတော့ 
ခေါင်းစဉ်က စ, မှားနေတော့ တယ်၊ ထွန်းအိန္ဒြာဗို ဆိုတဲ့  မချစ်ရရင် မနေနိုင်တာကလွဲ.. လို့ ဆိုသလို၊ ခင်ဗျားက
တော့ မမှားရရင် မနေနိုင်တာက လွဲ... လို့  ဖြစ်နေပြီ ”
“ အေးကွာ... ပြင်ရအုံးမယ် ”
“ ဟေ့ လူ .. ပြင်မနေနဲ့ တော့  ၊ ခုပဲ ခင်ဗျားရေးနေတာ ဆရာမာန်ရဲ့  လှပူရီ ( ၂ ) တောင်ရောက်သွားပြီ ”
“ အင်း .. ကျွန်တော် ဖြတ်ရေးချင်တာက ဖြစ်ပျက်( ၃ ) ဗျ ..၊ စာက အကြီးကြီး ဖြစ်နေတော့  .. ”
“ ဘာလဲ .. မနိုင်တော့ ဘူး ဆိုပါတော့ ၊ ဒါကြောင့်  ခင်ဗျားကို ဒေါ်ကြယ် ပြောတာ... ဆြာကြီးလို့ ၊ အသိနဲ
အကျင့်  တစ်ထပ်ထဲ ကျ, သွားတော့ မှ ရေးတဲ့  ရေးကွက်တွေလည်း... ”
“ ဟာ ... ကိုထွန်းထွန်း .. ဒီလိုလဲမဟုတ်ပါဘူး၊ မကျင့် နိုင်သေးပေမယ့်  ကိုယ် နာ,မိသလောက်လေးပဲ ရှိစုမဲ့ စု
ပရိတ်သတ်ကို ...”
“ ဆရာလုပ်တယ်ဆိုပါ ... ”
“ မဟုတ်ပါဘူးဗျာ... ကိုယ် သိ သလို သိသွားစေချင်တာပါ၊ တစ်ချို့  အကြောင်းအရာလေးတွေက ရိုးရိုးရှင်းရှင်း
လေးတွေလေ ...”
“ ဘယ်လို ဟာမျိုးလဲ .. ”
“ ဖြစ်ပျက်... ”
“ ဟာ... ခင်ဗျားက ပြောလေ ကဲလေ.. ”
“ မဟုတ်ဖူး အထွန်း၊ တကယ်ပြောတာ .. အရှင်ဇဝနရဲ့  အမှတ်( ၆ ) ခွေမှာပါ၊ ကျွန်တော်တို့  မပျက်နေတဲ့ 
အဖြစ်တွေကို ထပ်ရှင်းထားတာ... ”
“ အော် ... အဖြူလေးရေ ... ခင်များမလဲ ရေးစရာမရှိတော့ လို့  တွေ့ တာရှိတာရေးမိတော့ လည်း ဘလော့ 
လောကမှာ ဘယ်သူမှ မရေးဘူး၊ မရေးရဲတဲ့  အန္တရာယ်အလွန်များတဲ့  ဝိပဿနာ အကြောင်းကိုမှ ကိုင်ရေး
တော့ တယ်နော်၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်တဲ့  အဖြစ်မျိုး မြင်ယောင်မိသေးတယ် ”
“ မဟုတ်ရပါဘူးဗျာ...၊ ကျွန်တော်လည်း လေ့ လာနေရင်း သဘောကျမိတဲ့  အချက်လေးတွေ ရှိလာတာနဲ့ 
ကျွန်တော့် ဆီ မကြာခဏ လာလာဖတ်တတ်တဲ့  မိတ်ဆွေတွေကို အကောင်းဆုံးလေး ပေးမိအောင် ကြိုးစား
ကြည့် တာပါဗျာ... ”
“ ကဲပါဗျာ ... ဘယ်မလဲ အခု ( ၃ ) ကို ရေးပြီးပလား .. ”
“ အကြမ်းပဲ ရှိသေးတယ်၊ ဖတ်ကြည့် စမ်းပါအုံး ”

.............................................................................................................

ဖြစ်ပျက်( ၂ ) အဆုံးသတ်တွင် ဒေါ်ကြယ့် ကို နောက်ဘဝ ကြိမ်းသေ လူပြန်ဖြစ်ဖို့ နည်းလမ်းလေး ပြောပြဖို့ 
မေ့ သွားခဲ့ သည်ဟု “ အစ ” လေး ချန်ထားမိခဲ့ သည်။ ထိုအစ၏ အဆုံးကို ယခုပြောပြပါမည်။ မေတ္တာရှင်
ဆရာတော်အရှင်ဇဝန ( ရွှေပြည်သာ )၏ တရားတော်များထဲမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

( ၁ ) သူတော်ကောင်းကို ဆည်းကပ်ရပါမည်။
ဤနေရာတွင် ဘုန်းဘုန်း မိန့် ဆိုသည့်  “ သူတော်ကောင်း ” ဆိုသည်မှာ၊ ငါးပါးသီလလုံရုံ၊ အကြားအမြင်ရရုံ
စိတ်ပုတီးစိပ်၍ မေတ္တာပွားများတတ်ရုံ၊ မြေလျှိုးမိုးပျံတတ်သည့်  ဘိုးတော် ဝိဇ္ဇာ များကို မဆိုလိုပဲ ပညတ်၊ ဓါတ်
ပရမတ်တို့ ကို ကွဲပြားအောင် သင်နိုင် ရှင်းနိုင်သူ၊ “ ငါ ” ဆိုပြီး စွဲနေသော “ ဒဋ္ဌိ ” ကို ကွာသွားအောင် သင်ကြား
ပြသနိုင်သည့်  သူတော်ကောင်းပုဂ္ဂိုလ်တို့ ကို ဆိုလိုပါ၏။ “ ဒဋ္ဌိ” ကွာသွားအောင် ဟောနိုင်ပြောနိုင်သူ ဆိုလျှင်
သံဃာကို မဆိုထားနှင့် ၊ လူပုဂ္ဂိုလ်၊ သီလရှင်တို့  ဖြစ်နေလျှင်ပင် နာသင့် ကိုးကွယ်သင့် သည်ဟု တိုက်တွန်းထား
ပါသည်။ ဥာဏ်စခန်း ဖြစ်သော ဝိပဿနာနယ်တွင် “ ဆရာကောင်း ” အလွန်ရှား၍ တွေ့ နိုင်၊ ဆုံနိုင်ခဲ လွန်းသော
ကြောင့် ပါတည်း။

( ၂ ) တရား နာ ရပါမည်။
( ၃ ) နာပြီးသော တရားတော်တို့ ကို ထပ်ပြန်တလဲလဲ နှလုံးသွင်းနေရပါမည်။
( ၄ ) နှလုံးသွင်းထားမိသော တရားတော်တို့ အတိုင်းလည်း ကြိမ်ဖန် များစွာ ကျင့် ကြံ အားထုပ်နေရပါမည်။

အထက်ပါ အချက်လေးချက်ကို တကယ်ပဲ ပြီးပြည့် စုံနေအောင် ကြိုးစားနိုင်ပါလျှင် ယခုဘဝ သေလွန်ပြီး နောက်
ဘဝ ဘယ်ရောက်လို့ ၊ ဘာဖြစ်မှန်းမသိတော့ သည့်  အန္တပုထုဇဉ် ဘဝမှ လွတ်မြောက်၍ နောက်ဘဝတွင် အနိမ့် 
ဆုံး “ လူ ” ပြန်ဖြစ်မည့်  “ သောတပန် အငယ်စား ” အဆင့်ပင် ဖြစ်ပါကြောင်းလည်း ဗဟုသုတ အဖြစ် နာ မိခဲ့ 
ပါသည်။ သောတပန်အငယ်စားကို “ စူဠသောတေပန်” ဟုလည်း ခေါ်ဆိုပါသည်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်
ကြိုးစားနိုင်သည့် လက်တစ်ကမ်းတွင်ရှိနေသော အဆင့် ကလေးပါပဲ ။ အိမ်ယာစီးပွားတို့  စွန့် စရာမလိုပဲ၊ မိသားစု
ကိစ္စ၊ စီးပွားရေးကိစ္စ၊ အလုပ်အကိုင် လူမှုတာဝန်တွေ ကျေပွန်စွာ လုပ်နေရင်းပဲ လုပ်နိုင်သည့်  အလုပ်ကလေး
ဖြစ်ပါ၏။ သို့ ရာတွင် ကိုယ့် ကိုယ်ပိုင်အချိန်ကလေးတွေကိုတော့  ဖဲ့ သုံးရပါမည်။ ဗီဒီယို ကြည့်ချိန်၊ အွန်လိုင်း
တက်ချိန် အားလွန်း၍ ဟိုရောင်ရောင်၊ ဒီရောင်ရောင် လုပ်နေတတ်သော အချိန်တွေကို ထုပ်သုံးရပါမည်။
အာဇာနီစိတ်ဓါတ်၊ သံမဏိစိတ်ဓါတ်ဖြင့်  ထိုအဆင့် တွေကို ကျော်ဖြတ်ရပါမည်။ ရုန်းထ, ရပါမည်။ ကိုယ့် အစွမ်း
သတ္တိကို မှတ်ကျောက်အတင်ခံနိုင်ရပါမည်။

ကျွန်တော့် သူဌေးဆိုလျှင် အမျိုးသမီးက မြန်မာဖြစ်လျှက်နှင့်  ခရစ်ယန်ဘာသာဝင်ဖြစ်နေ၍ သူ့ ခင်မျာ တနင်္ဂနွေ
နေ့ တိုင်း သူ့ အမျိုးသမီးနှင့် လိုက်ပြီး ဘုရားကျောင်းတက်၊ ဝတ်ပြုဆုတောင်းနေရပါသည်။ သူ့ အိမ်မှာတော့ 
ဗုဒ္ဓဘာသာဘုရားစင် ရှိပါ၏။ ဘဝတစ်သက်တာလုံးလုံး ဆုတွေတောင်းရင်း သူ့ အချိန်တွေ ကုန်လွန်ခဲ့ ရရှာ၏။
တစ်လောက ဒယ်အိုးဆရာတော်၏ တရားပွဲရှိသည်ဆို၍ စိတ်ဝင်တစားဖြင့်  သူ့ ဘဝမှာ ဒီအသက်၊ဒီအရွယ်
ရောက်လာပြီးမှ တရားတစ်ပွဲကို တစ်ခါဘူးမှ ဖြစ်ဖြစ်မြောက်မြောက် မနာခဲ့ ဘူးပါဟု ဖွင့် ပြောရှာပါသည်။
သူက အလုပ်ထဲတွင် အလုပ်သမားအားလုံးကို စက်ရုပ်တွေလို တရစပ်အချိန်ပြည့်  ထိန်းကျောင်းမောင်းနှင်နေ
သလောက် သူကိုယ်တိုင်လည်း စက်ရုပ်တစ်လို ဖြစ်နေရှာသူ ဖြစ်သောကြောင့်  ဒီတစ်ခါတော့  သူ့ ကို ပြောင်း
လဲ နိုင်တော့ အံ့ ဟု ဆိုပြီး၊ တရားပွဲ၌ ကျွန်တော်သူ့ ကို စောင့် ခဲ့ ပါ၏။ ထိုနေ့ က သူမလာဖြစ်တော့ ပါ။
သူ့ အမျိုးသမီးနှင့်  ဘုရားကျောင်းလိုက်သွားရသောကြောင့် ဖြစ်ပါသည်။ သူ့ မိဘညီအစ်ကို မောင်နှမတွေအား
လုံးကတော့  ဗုဒ္ဓဘာသာစစ်များပင်ဖြစ်ကြပါသည်။

ထို့ ကြောင့်  ကျွန်တော်လည်း တွေးတော ဆင်ခြင်မိပါ၏။
တရားနာရခြင်းသည်လည်း အတိဒုလ္လဘန် ( အမတန်ရခဲခြင်း ) ပါပဲဟု..။
နာရမှာ ပျင်းခြင်းကနေ နောက်ဆုံး လုံးဝ မနာဖြစ်တော့ ခြင်းအထိ ရောက်ရှိသွားခဲ့ ခြင်းပဲဖြစ်သည်။
တစ်ချို့ က တရားထိုင်ရင် ပြီးတာပါပဲ။ တရားနာစရာမလိုပါဘူးဟု စောဒက တက်နေတတ်ကြသည်။
လုံးဝ မှားယွင်းနေသော အယူအဆ ဖြစ်ကြောင်း ဘုန်းဘုန်းမှ သတိပေးထားလေသည်။
လောကမှာ တရားမနာပဲ မဂ်၊ဖိုလ်၊ နိဗ္ဗာန်ရောက်နိုင်သူဟူ၍ ဘုရားရှင်တို့ နှင့် ပစ္စေကဗုဒ္ဓာတို့  နှစ်ဦးသာရှိသည်
ဟု ဆိုပါသည်။ ဘုရားငယ်နှင့်  ဘုရားကြီး ဖြစ်ပါသည်။ သူတို့ နှစ်ဦးက တရားတော်ကို ကိုယ်တော်တိုင်ပဲ ရှာတွေ့ 
ခဲ့ ကြသူများ ဖြစ်သောကြောင့် ပင်။

ထို့ ကြောင့် ထိုဘုရားရှင်တို့  နှစ်ဦးမှလွဲ၍ ဤလောကကြီးဝယ် မည်သူတစ်ဦးတစ်ယောက်မှ တရားမနာပဲ
သောတပန် မတည်နိုင်၊ မဂ်၊ဖိုလ်၊ နိဗ္ဗာန်မရောက်နိုင်ဟု မှန်သောအဆိုကို ကျွန်တော်တို့  မမေ့ စကောင်းပါပေ။
တစ်ချို့ ကတော့  ... “ ... ရအုံးမယ် ” ကိစ္စများမြောင်တွေနှင့်  နောက်မှ၊ နောက်မှ ... လုပ်နေရင်း၊ စနေကနေ
တနင်္ဂနွေ၊ ပြီးတော့  တနင်္လာ..၊ တနင်္လာကနေ... ဟော တစ်ပတ်ကုန်သွားပြီး နှစ်ပတ်ကနေ၊ လဝက် .. နောက်
လကုန်သွားပြီးတစ်လ၊နှစ်လကနေ တစ်နှစ်တောင် ကုန်သွားပြန်တော့ သည်။ မနာဖြစ်ခဲ့ ပါ တရားတစ်ပွဲကို...။
အဲ.. ပုတီးတော့  စိပ်ကြပါ၏။ “ နာ” ရမှာကို ကြောက်နေ၊ ပျင်းနေကြခြင်းပါပဲ ..။

အလွန်ခင်ရသော မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ကြိုက်၍ နာနေသော“ လင့် ” ကလေးကို မောက်(စ)
လေးထောက်၍ ဝင်ရုံမျှပေးလိုက်ပေမယ့်  သူ့ ခင်မျာ ယနေ့ အချိန်ထိ မနာဖြစ်ခဲ့ ပါတဲ့ ။ အမြဲတန်း “ နီ ”၍ ဘီးစီး
နေပါသည်။

“ ဟာ .. ကိုကျော်၊ ဒီလိုတွေတော့  မရေးနဲ့ ဗျာ..၊ ခင်များက အားလုံးနဲ့  ဆန့် ကျင်ဖက် ဖြစ်နေပြီ၊ လူတစ်ရာနဲ့ 
တစ်ယောက် ဖြစ်နေပြီ၊ ဒီအပိုဒ်လေး ဖြုတ်လိုက်ပါလား... ”
“ မဖြုတ်ချင်ဘူးဗျာ.... ”
“ ဟ ... ခင်များတောင် လုပ်နိုင်သေးလို့ လား၊ သူများကို လျှောက်လက်ညှိုး ထိုးနေတယ် ”
“ အထွန်း ..၊ ဒီလို မြင်လို့  မရဘူးဗျ၊ ကျွန်တော်က အပြင်မှာ ဘယ်လိုပဲ ပေါက်ကရ လုပ်နေပေမယ့် ၊ စာ ကို
ရေးတဲ့ အခါမှာတော့  အမှန်ပဲ ရေးရမယ်လို့ မြင်တယ်၊ ကိုယ်က မမှန်သေးပေမယ့်  မှန်တာကို ဖတ်မိလို့ 
ဖတ်မိတဲ့ အတိုင်းပဲ ရေးတာပါ .. ”
“ ခင်များတော့  .. မေးအငေါ့  ခံ ရတော့ မယ်.. ”
“ မှန်တာရေးလို့  ငေါ့ ရင်လည်း ငေါ့ ပလေ့ စေတော့  အထွန်းရေ့  .. ”
“ ......... ”
“ ဆက်ဖတ်စမ်းပါအုံးဗျာ... ကျေးဇူးပြုပြီး ... ”

............................................................................................................................................

ဖြစ်နေသော အရာအားလုံး ပျက်ပြောက်နေပါသည်ဆိုသည့် နေရာတွင် အထက်က ပြောခဲ့ သော အချိန်များ
လည်း ပါဝင်ပါသည်။ ပြက္ခဒိန်တွေ တစ်အုပ်ပြီး၊ တစ်အုပ် လဲလာပေမယ့် အော် တစ်နှစ်ကုန်ပြန်ပေါ့ ၊ သင်္ကြန်
ရောက်ပြန်ပေါ့ ၊ ဟက်ပီးနယူးရီးယား အော်ရပြန်ပေါ့  ... သည်လောက်ဖြင့်သာ အသိအမှတ်ပြုပြီး သည့် ထက်
ပိုပြီး မတွေးကြ၊ မသိချင်ကြ၊ မှန်ကြည့် ၍ လှ ကောင်းတုံး၊ ချော ကောင်းတုံး ။

ကျွန်တော်ပင်လျှင် ထိုနေ့ က ဒယ်အိုးဆရာတော်၏ တရားပွဲမှ အပြန် ညအိပ်ယာဝင်ခါနီး ရေချိုးဘို့  ရေချိုးခန်း
ဝင်ရင်း နံရံကပ်မှန်ပေါ်ရှိ ကိုယ့် ရုပ်ရည်ကို ကြည့် မိပြီး သည်ရုပ်သည်ရည်ဖြင့် မွေးပေးခဲ့ သော ကျွန်တော့် အမေ
ကို ကျေးဇူးတွေတင်နေမိသည်။ ကြည့် ပျော်ရှု့ ပျော်ပဲကိုး ..။ ပီတိတို့ မဆုံးခင်မှာပဲ ဘုန်းဘုန်း၏ “ ကဲ .. ယောဂီ
တို့ ရေ..၊ ယောဂီတို့  တစ်နေ့ ထက်တစ်နေ့  အိုလာသလား ပျိုလာသလား ” ဟု အလစ်အငိုက် အဖြေခက်သွား
သည့် မေးခွန်းကို ပြန်တွေးမိခဲ့ ပါ၏။ တွေးမှ သိ ကြပါလိမ့် မည်။ ကိုယ့် ရဲ့ အသားအရည်တို့ သည် ဟိုး လူမမယ်
ခလေးဘဝ သုံးလေးငါးနှစ်က သွေးရောင်လေးလွှမ်း၍ ပြည့် ပြည့် ဖောင်းဖောင်း ပါးပြင်လေးမျိုး ရှိသေးရဲ့ လား..။

ဆိုတော့ ကာ ... ကျွန်တော်တို့ ရဲ့  ကျန်နေနိုင်သေးသော အချိန်လက်ကျန်တွေကို တွက်ချက်ရပါတော့ မည်။
လူ့ ဘဝမှာ ကိုယ့် ဘာသာရဲ့  အနှစ်ကို မရှာမဖွေပဲ အချိန်တွေဖြုန်းနေခဲ့ တာ ဘယ်လောက်ရှိခဲ့ ပြီလဲ လို့ ။ ကိုယ်
ကရော ဘယ်လောက်ထိတောင် ၊ ဘယ်အနှစ်ဘယ်နှစ်ဆယ်ထိအောင် ရှိနေပါအုံးမည်လဲလို့  ။ ကိုယ့်ကိုယ်ကို
ရော အာမခံ ရဲပါသလား လို့ ။ တစ်ခုမဟုတ်တစ်ခု ဖြစ်လာနေပြီမဟုတ်ပါလားလို့ ။ အမြဲတန်း ဖြစ်နေပါတယ်၊
မြဲနေပါတယ်လို့  ထင်နေမိခဲ့ သော ပျက်ခြင်းရဲ့  “ အစ ” တွေကို သည်အရွယ်တွေတွင် စလိုးမိုးရှင်းပြကွက်များ
ဖြင့် မြင်နေရပြီမဟုတ်ပါလားလို့  ။

စာစကားဖြင့်  ပြောရလျှင် ရုပ်ဓါတ်တွေက “ တစ် ” ဆိုသော စက္ကန့် လေးအတွင်းမှာပင် ကုဋ္ဋေငါးထောင်ရှစ်ရာ
ရှစ်ဆယ်ကျော် ဖြစ်၍ ပျက်နေကြပြီး၊ နာမ်ဓါတ်တွေကတော့  ကုဋ္ဋေတစ်သိန်းကျော် ဖြစ်ပြီးပျက်နေကြပါသည်။
ကျွန်တော်တို့ ဥာဏ်ဖြင့်  မမြင်နိုင်သည့် “ ပရမတ် ” သဘောပဲဖြစ်ပါသည်။ ဒါဆို ဘာဖြစ်လို့  ကျွန်တော်တို့ 
အသက်ဆက်ရှင်နေကြရပါသလဲ... ဆိုလျှင် ၊ ထပ်ပြန်တလဲလဲ အစားထိုးနေလို့ ပဲ ဖြစ်ပါသည်။ ရုပ်ဓါတ်၊နာမ်ဓါတ်
တို့  အစားမထိုးနိုင်တော့ သော တစ်နေ့ ဝယ် ကျွန်တော်တို့ ခန္ဓာကြီး အပြီးတိုင် ချုပ်ငြိမ်း၍ သေဆုံးခြင်းသို့ 
ရောက်ရပါတော့ မည်တဲ့ ။

ဖြစ်ပျက်၏သဘော၊ ပရမတ်သဘောကို ကျွန်တော်တို့  ကိုင်တွယ်ကြည့် လို့ မရနိုင်ပါ။ ဥာဏ်ဖြင့် သာ
ကြည့် ရပါမည်။ ကျွန်တော်တို့  ကိုင်ကြည့် လို့ ရနေသည်မှာ ပညတ်ဖြစ်သော “ လူ ” ဟု၊ ခေါ်ရန် ပညတ်ထား
သော “ လူကောင်ကြီး ” သာဖြစ်ပါ၏။
ဥပမာပေးထားသည်မှာ ... တီဗွီဖန်သားပြင်ပေါ်မှ လှုပ်ရှားမှုန်ဝါးနေသော ရောင်စုံ အစက်အပျောက် အရုပ်များ
ကို ကိုင်တွယ်၍မရပေမယ့်  တီဗွီဖန်သားပြင်ကိုတော့  ကိုင်တွယ်၍ ရ နေခြင်းပဲဖြစ်ပါ၏။
ဆိုလိုသည်မှာ “ ပရမတ် ” တို့ ကို ကိုင်တွယ်၍မရနိုင်ပဲ ၊ “ ပညတ် ” တို့ ကိုသာလျှင် ကိုင်တွယ်၍ ရနိုင်သည်ဟု
ဆိုလိုခြင်း ဖြစ်ပါ၏။
လောကဝယ် ပရမတ် ( အရှိတရား ) က စိတ်၊ စေတစ်သိပ်၊ ရုပ် ၊ နိဗ္ဗာန် ဟူ၍ လေးမျိုးပဲ ရှိပါသည်။ ထိုလေးမျိုးမှ
လွဲ၍ ကျန်သည့် အရာအားလုံးသည် မရှိတရား “ ပညတ် ” များသာဖြစ်ပါသည်။
တနည်း ထပ်ရှင်းထားသည်မှာ သိတာမှန်သမျှ ပရမတ်၊ မသိတာမှန်သမျှ ပညတ် ဟု မှတ်ယူနိုင်ကြောင်းပါပဲ။

ထို့ ကြောင့်  “ ဝိပဿနာ” အလုပ်သည် အမတန် ခက်ခဲ သိမ်မွေ့ သည့် အလျောက် ဥာဏ်ထက်မြက်သည့် သူ
များမှသာလျှင် အချိန်တိုတိုအတွင်း သိနားလည် နိုင်မည်ဟု ဆိုထားသောကြောင့်  ကျွန်တော့်လို ဥာဏ်ရည်
အလွန် နဲ နေသူအဖို့  ယနေ့  အချိန်ထိ ဖြစ်သမျှတို့ က ပျက်မနေနိုင်ခြင်းပဲ ဖြစ်ပါသည်။ ထို့ ကြောင့် မအားသည့် 
အချိန်တွင် စာမရေးနိုင်သလို အားသည့် အချိန်တွင် ရှိထားသော ဘုန်းဘုန်းတို့ ၏ တရားတွေပဲ နာဖို့  ကြိုးစား
မိတော့ သည်။ ဒါတောင်မှ .. လုပ်စရာတွေ ပေါ်လာလို့  ပြီးဆုံးသွားအောင်နာခဲ့ မိသည့်  အချိန်က ခပ်နည်းနည်း။

နောက်အရေးကြီးအချက်တစ်ခုမှာ အပျက်တွေ ရှု့ ဖို့ ၊ သေနည်း ပြင်ဖို့  “ ဒိဋ္ဌိ ” ပျောက်အောင် ၊ တွေးသည့် 
မြင်သည့် ၊ ရှု့ သည့် နည်းကိုလည်း ဘုန်းဘုန်းက အကျယ် ဟောထားပြန်ပါသည်။ ကျော်ကျော်ဆိုသော
ကျွန်တော်သည် အလုပ်စခန်း ( တွေးသည့်အချိန် ) ၌ ကျော်ကျော်ဟူသော ပညတ်ကို ခွာ ချသည့် တွေးပုံ၊ တွေး
နည်း ပဲ ဖြစ်သည်။ အမတန် သဘောကျဖွယ်ဖြစ်ပါ၏။

အမှန်ကတော့  ဝိပဿနာ ဟူသည် မလိုချင်အောင်ပဲ တွေးမှ ကျင့် မှ လိုချင်တာ ကို ရမည့် အလုပ်ဟု
ကျွန်တော့် ဥာဏ်ကလေး တစ်ထွာတစ်မိုက်ဖြင့်  ထင်မိပါတော့ သည်။

“ ဟင် .. ပြီးသွားပြီလား ”
“ အလုပ်တစ်ဖက်နဲ့ ဗျာ...၊ ရေး ရတာ အိပ်ချိန်ရော့ သွားရင် အလုပ်ထဲကျ လုပ်လို့ မကောင်းဘူး၊ အခု အလုပ်ပူ
နေလို့  မတင်တာ အတော်ကြာနေပြီ၊ ဇွတ်ရေး ရတာ...”
“ ဒါဆို ဆက်ရန်ပေါ့  ဖြစ်၊ ပျက် ( ၄ ) ပေါ့ နော... ”
“ အင်း ...”
“ ကျွန်တော်တော့  ပေါက်သလိုလိုနဲ့  မပေါက်ဖူး ကိုကျော်ရေ့  ... ”
“ ဟားဟား.. ကျွန်တော်လည်း ရေးသာနေတာပါ ၊ အခုချိန်ထိ ပျက်သလိုလိုနဲ့  ဖြစ်နေတုံး.... ”
“ ဒါဆို ဘယ်တော့  ... ”
“ အလုပ်ပေါ် မူတည်တယ်၊ နားရက် တင်မယ်.”
“ ကြားရက်ရော... ”
“ ဆရာမာန့် ဟာပဲ ရသလောက်ရေးသွားမယ် ”
“ အင်းလေ .. ဖြစ်ပျက်က အန္တရာယ် ရှိတယ် အမှားမခံ တော့  ဖြေးဖြေး ရေးပါ ”
“ အင်းပါ ”

...................................................................................................................


( ဆက်ရန် )