Tuesday, September 8, 2009

ငယ်ဘဝအစိတ်အပိုင်းများ ( ၆ )

ကားခေါင်းခန်းထဲတွင် ပက်လက်လှန်လှဲလိုက်ရင်း ပိုပို့ အိပ်ခန်းလိုက်ကာ တဖြတ်ဖြတ်လွင့် နေသည့် ကြားမှ
သူ့ ကို မမြင်ချင်ရောင်ဆောင်ပြီး စောင့် ကြည့် နေမိပါသည်။ ထိုညက မီးမလာခဲ့ ပါ။ သူ့ ခန်းစီးနောက်မှ
ဖယောင်းတိုင်မီးရောင်တလှုပ်လှုပ်လေးနှင့်  သူလေး၏ အရိပ်လေးကိုပါမြင်နေရပြန်ပါသည်။သူစာကြည့် 
နေတာပါ။ သူက ရှစ်တန်းကျောင်းသူ၊ ကျွန်တော်က နတ်မောက် စက်မှုကျောင်း ပထမနှစ် စတက်ခါစလေ။
ခဏကြာတော့  သူလိုက်ကာလှပ်လိုက်၍ ခေါင်းပြူထွက်လာပြီး ဇီးထုပ်ကိုထောင်ပြနေသည်။ ကျွန်တော်လည်း
အပြင်ထွက်ပြီး သူလှန်းပစ်ပေးသော ဇီးထုပ်ကိုဖမ်းယူလိုက်သည်။ကားဘေးနားရောက်နေသော ပေါက်ကြီးတို့ 
အုပ်စုနှင့် တွေ့ တော့  ပိုပို့ ဇီးထုပ်လေးလက်လွှဲပေးလိုက်ရတော့ သည်။နို့  မဟုတ်ပါက ဒီကောင်တွေ ပွဲဖျက်
တော့ မည်။ငပွေးအုပ်စုနှင့်  ကျွန်တော်တို့ တိုက်ရှေ့ ရှိ ပင်လယ်ကဗွီးပင်ကြီးအောက်ခုံတန်းလျားပေါ်တွင်
ဆိုင်းထီးဆိုင်၏ ရေဒီယို ကမာရွတ် တစ်ပုတ်ဆိုပြီးသည့်  အချိန်တွင်တော့  ပိုပိုတို့ အိပ်ခန်းက ဖယောင်းတိုင်
မီးကလေးညိမ်းသွာ့းသည်။ ပေါက်ကြီးတို့ လည်း ကျွန်တော့် ကို နှုတ်ဆက်၍ လူစုခွဲသွားကြတော့ သည်။
ရန်ကင်းတစ်မြို့ လုံးမှောင်နေသည်။ ချစ်သူလဲ အိပ်သွားပြီ။ ကျွန်တော်တစ်ယောက်ထည်း ငေါင်းစင်းစင်းကျန်
ခဲ့ သည်။ဒီတစ်ခါ ကားခေါင်းထဲဝင်ပြီး ပက်လက်လှန်လိုက်တော့  ဝင်းပနေသောလမင်းကြီးကို မြင်နေရပါ
တော့ သည်။ကောင်စီရုံးရှေ့ မှ အောင်နက်တို့ အုပ်စု၏ စူးစူးဝါးဝါးစွဲအူလိုက်သံက အမှောင်ထုအောက် အိပ်မော
ကျသွားသော တစ်ရန်ကင်းလုံးကို နူတ်ဆက်လိုက်သလိုဖြစ်နေတော့ သည်လေ။

ပိုပိုနှင့် ကျွန်တော်က ငယ်ရည်းစားလို့ ပြောရအောင်လည်း.... အင်း.. မကျ၊တကျပေါ့ လေ။တစ်တိုက်ထည်း
အပေါ်ထပ်အောက်ထပ် ငယ်ငယ်ထဲကအတူနေလာကြတော့ လဲ သူငယ်ချင်းအုပ်စုထဲတွင် အခင်ဆုံးဖြစ်နေ
ခဲ့ ရပါတယ်ပေါ့ ဗျာ။မိဘခြင်းကလဲ ရင်းနိုးနေကြတော့  တစ်အိမ်နဲ့ တစ်အိမ် စားအိမ်သောက်အိမ်ဖြစ်နေကြ
သည်ဆိုပါတော့ ။ မူလတန်းအရွယ်၊အလယ်တန်းရောက်လာသည်အထိ ခင်နေသည့် စာလုံးကို ရ ပင်းစသတ်
နှင့်  ချစ်လိုက်သည့်  အဆင့် ထိ ကျွန်တော် မပြောင်းဖြစ်ခဲ့ မိ။ပြောင်းဖြစ်လာသည့်  ပထမဆင့် ကတော့ အူတို
တတ်လာသည့် အဆင့် က စလာသည် ကိုတော့ မှတ်မိခဲ့ ပါသည်။
ထိုအချိန်တုံးက နှစ်စဉ်နှစ်တိုင်း ရန်ကင်းကျိက္ကဆံကွင်း တွင်ပြည်ထောင်စုနေ့ လူထုအခန်းအနားကြီးတွေကို
အကြီးအကျယ်ကျင်းပလေ့ ရှိခဲ့ ပါသည်။ အဲဒီနှစ်က ထုပ်ဝေခဲ့ သော ပြည်ထောင်စုနေ့  ပို့ စကဒ်တွင် ပိုပိုက
မျက်နှာဖုံးမယ်အဖြစ် ရန်ကုန်တိုင်းကိုယ်စားပြုဖေါ်ပြခံခဲ့ ရသည်မှစခဲ့ ပါသည်။ ငယ်ငယ်လေးထဲက ကစားဖေါ်
က ရပ်ကွက်ထဲမှာထင်ပေါ်လာတော့  အမြဲတန်းပဲစိုးရိမ်နေခဲ့ တော့ သည်။သူကျောင်းသွားနေရင် မပူရ။
ကျောင်းကားနှင့် သွားပြီး၊မိန်းခလေးကျောင်းမှာတက်ရလို့ လေ။ကျောင်းက ရန်ကုန်ဆေးရုံကြီးရှေ့ က
လ.သာ(၁)လေ။ညနေ သူကျောင်းကပြန်ရင်ပူရပြီ။ ပိုပို တို့ က ဂွတ္တလစ်ရပ်ကွက်( ရန်ကင်းစင်တာရှေ့ )တွင်
" သုံးရာသီ " လဘက်ရည်ဆိုင်ဖွင့် ထားသည်။အရင်စောရောက်ရောက်နေတတ်သော ကျွန်တော့် ကို သူ့ 
အမေက ကျောင်းကားအလာကို သွားသွားကြိုခိုင်းတတ်သည်။ " နင့် ညီမ " တဲ့ ၊သူ့ အမေက။ဒီလိုဆိုတော့ 
လဲ ကျွန်တော့် ညီမလေးပေါ့ လေ။ ခက်နေတာက လဘက်ရည်ဆိုင်တွေရှေ့ ဖြတ်ဖြတ်၊ လမ်းတွေထဲ ဝင်ဝင်
ပို့ ပို့ ကို ဟိုငတိကကြည့် ၊ ဒီငတိကကြည့်  ဖြစ်ဖြစ်လာတော့ ဘယ်လိုကြီးမှန်းမသိပေါ့ ဗျာ။

သူကလည်း ကျွန်တော့် ကို ဘယ်သူကဘယ်တုံးက စကားလိုက်ပြောတာ၊ ဘယ်သူကဖြင့်  စာအတင်းလိုက်
ပေးနေတာ.. ၊ ဘာညာ စသည်ဖြင့်  အမြဲတန်းတိုင်နေတတ်သည်လေ။

အဲဒီတုံးကကျွန်တော်စာရေးဆရာရောင်ရောင်၊နိုင်ငံရေးသမားရောင်ရောင်၊ဟိုရောင်ရောင်ဒီရောင်ရောင်ပေါ့ ဗျာ။
ဖတ်သည့် စာတွေက ငြိမ်းကျော်၊သုမောင်၊မောင်ဝဏ၊သာဓု၊မောင်သာရ၊ တို့ ကို ထွက်သမျှ မလွတ်တန်းလိုက်
ဖတ်နေတတ်သည်။ နိုင်ငံရေးဘက်တွင်တော့  "သခင်သန်းထွန်း၏နောက်ဆုံးနေ့ များ" စာအုပ် အနီရောင်ထူထူ
ကြီးကို ဂျိုင်းကြားက မချတတ်၊ထီးကောက်ရှည်ကြီး ပခုံး မှာချိတ်၊ ဆေးပေါ့ လိပ်ကို လက်ကြားညှပ် နဲ့ ။ ဖြစ်နေ
တာလေ။ သခင်သန်းထွန်းစာအုပ်ဖတ်ပြီးကတဲက ကျွန်တော် ဘုံဝါဒ ကိုလက်မခံနိုင်ခဲ့ ပါ။ ကြိုးစားရင်ကြိုးစား
သလောက် ခံစားခွင့် ရှိရမယ်ပေါ့ ဗျာ။ တဖက်ကလည်း အထက်ပါအချစ်ဝတ္ထုများကို ဖတ်ရင်း၊ဇာတ်ကောင်တွေ
ရဲ့  လွှမ်းမိုးမှုကိုခံယူနေမိသည်ပေါ့ ။ဆိုကြပါဆို့ ။ ပိုပိုနဲ့ ပတ်သက်ရင် ကျွန်တော်က ဥယျာဉ်မှုးပေါ့ ။
သူငယ်ချင်းတွေက ပြောတော့  ကောက်ရိုးပုံစောင့် တဲ့ ခွေးတဲ့ ။ ဘယ်လိုပဲ သူတို့ ပြောနေနေ၊ စာအုပ်ထူကြီး
တစ်ဖက်၊ထီးကောက်ကြီးတစ်ဖက်၊ဆေးပေါ့ လိပ်တစ်လိပ်နှင့် နေ့ စဉ် နွားရေကူးနေသည့်  မျက် နှာနှင့် 
ပိုပို့ ကိုကြိုနေမိ၊စောင့် ရှောက်နေမိသည်ပေါ့ ဗျာ။

" တဘုန်း..ဘုန်း.." နှင့်  ကားမှန်ကို ထုရိုက်နေသံကြားရတော့ မှ၊ မျက်လုံးဖွင့် ကြည့် မိတော့  မှန်ကို ရိုက်နေ
သော အဖေ့ ကို မြင်လိုက်ရသည်။ကားတခါးကို ကပြာကယာဖွင့် ပေးလိုက်မိသည်။ အဖေ့ နောက်မှာပေါက်ကြီး
တို့ အုပ်စု၊ မျက်နှာတွေဖြီးစပ်စပ်နှင့် ၊ ဘာတွေဖြစ်နေတာလဲ ဆိုပြီး ကားအောက်ကိုဆင်းချလိုက်မိတော့ 
ပျော့ စိစို စွတ်နေသော အမှိုက်များကိုနင်းမိရက်သားဖြစ်နေတော့ သည်။
ညက ကျီးမနိုးပွဲလေ၊ ပေါက်ကြီးတို့ က ဥယျာဉ်မှုး ဘဝမှာ မွှန်ထူနေသော ကျွန်တော့ ကို ပညာပေးချင်လွန်း၍
ကျွန်တော်အိပ်စောင့် နေသော ကားကို အမှိုက်ပုံထဲသို့  တွန်းပို့ ထိုးထည့် ထားခြင်းဖြစ်ပါသည်။
အဖေ့ ရဲ့  နရင်းတစ်ချက်ရိုက်ခြင်းကို ခံခဲ့ ရပြန်ပါသည်။ အချစ်ရဲ့  ချိုမြိန်တဲ့ အရသာတဲ့ ။ကားကို ဝိုင်းတွန်းပေး
ရင်း ပေါက်ကြီးက ကပ်ပြောလိုက်တာပါ။

" ဟေ့ ကောင်..ငကျော်ရေ့ .. ဖြစ်နေတာကမင်းပါ၊ မင်းသူ့ ကိုကြိုက်နေပြီ၊တစ်နေ့  သူများနောက်ပါမှာပဲ၊အဲဒီ
လိုလုပ်နေရင်.." ပိုပိုတို့  သုံးရာသီဆိုင်တွင်ထိုင်ရင်း ပေါက်ကြီးကပြောတာဖြစ်သည်။သူကပြောရင်း ဆိုင်ထဲ
လှန်းဝင်လာသော အောင်အောင် ဆိုသော ချာတိတ်တစ်ကောင်ကို မေးငေါ့ ပြပါသည်။
သူ့ ကို မနေ့ ညက လက်ဖက်ရည်ဆိုင်အပြန် လမ်းတွင် ဂုတ်ဆွဲ၍ ထိုးပစ်ဖို့  ကျွန်တော်လုပ်မိပါသည်။
ပိုပို့  လွယ်အိပ်ထဲ ရည်းစားစာထည့် ပေးလိုက်၍ပါ။ ပေါက်ကြီးတို့ အုပ်စု အဆွဲကောင်း၍ ပြသနာမတက်ခဲ့ ခြင်း
ဖြစ်ပါသည်။ သူက ခင်ဗျားကြီးကောက်ရိုးပုံစောင့် နေတာ၊ဟုပြောခဲ့ သည်။ပေါက်ကြီးက ကျွန်တော့် လက်ကိုဆွဲ
ထားရင်း မင်းလဲယှဉ်ပြိုင်ခွင့် ရှိတယ်လေကွာ ဟုပြောသည်။
ထင်လင်းကလည်း အကြမ်းပန်းကန်တွေကို ကျင်း၍ ရေနွေးတွေ အငွေ့ တထောင်းထောင်းထနေအောင် လိုက်
ဖြည့် ပေးနေရင်းက " ဟေ့ ရောင်.. မင်းနဲ့  ပိုပိုက ဘာလဲကွ၊ ရည်းစားလား၊တစ်ယောက်နဲ့ တစ်ယောက်ရော
နားလည်မှုတွေရထားပြီလား၊သူ့ ကို မင်းဘယ်လောက် ပိုင်နေလို့ လဲ " ဟု လှန်းပြောနေသည်။
ကျွန်တော် ဂျိုးသိန်း ဆေးပေါ့ လိပ်ကို အဆုပ်ထဲ ပြည့် သွားအောင် ရှိုက်ဖြည့် လိုက်ရင်းက သူတို့  တင်ပြနေ
သော အကြောင်းအရာ တွေကို စဉ်းစားနေမိသည်။ဟုတ်တယ်၊ ငါသူ့ ကိုချစ်နေမိပါပြီ ဟု၊ အချစ်က သိပ်ထူး
ဆန်းလွန်းပါ၏ နေ့ တိုင်း တွေ့ နေရတာတောင် နီးနီးလေးနှင့်  သတိရနေတတ်တာကိုပါ။အစအနောက် သန်
လွန်းသော ကျွန်တော့် ကို အမြဲတန်း မျက်စောင်းလှန်ထိုးနေတတ်သော ပိုပို့ မျက်နှာလေးကို အကွင်းလိုက်
အဆုပ်လိုက် တလိမ့် လိမ့်  တက်သွားသော ဆေးလိပ်ခိုးတွေကြားထဲမှာ မြင်ရောင်လာနေမိပါသည်။ပေါက်
ကြီး တစ်ခါပြောခဲ့ သည့်  သူက မင်းကိုကြိုက်နေတယ်လို့  မင်းကထင်နေတာပါ.. ဆိုသည့်  စကားစုကိုလဲ
ရင် မဆိုင်ချင်သေးပါ။ ဒီလကုန်ရင်တော့  ဖွင့် ပြောတော့ မည်ဟု ဆုံးဖြတ်လိုက်မိပါသည်။ သူ့ ကို ငယ်ငယ်
ထဲက ချစ်နေခဲ့ ပါသည်ဆိုတာကို ပြောနိုင်ရန်၊အားမွေး၍ စကားလုံးတို့  အပြေပြစ်ဆုံး၊အလှဆုံး တို့ ရွေးရန်
အချိန်ယူလိုက်ခြင်းပါ။

သည်နေ့ ကတော့  လကုန်သည့် နေ့ ဖြစ်ပါတော့ သည်။ လကုန်ဆိုတော့  လခထုပ်ကြသည့် နေ့ ၊ အဖေက
အမေ့ ကို လခအပ်မည့် နေ့ ၊နောက် ကျွန်တော် စတိုင်ပင်ထုပ်သည့် နေ့ ( ထိုစဉ်က စက်မှုကျောင်းတွင်
ဝန်ထန်းသားသမီး၊ ချို့ တဲ့ ကြောင်း ခိုင်လုံပါက တစ်လ ထောက်ပံ့ ကြေး ၅၀ ကျပ်ခန့် ကျောင်းမှ လစဉ်ထုပ်
ပေးလေ့ ရှိပါသည်၊)၊နောက် တစ်ခုက... ကျွန်တော် အုံ့ ပုံးချစ်ခဲ့ ရသော၊ကျွန်တော်က ရည်းစားအဖြစ် တဖက်
သတ်သတ်မှတ်ခဲ့ မိသော ပို့ ပို့ ကို ဖွင့် ပြောတော့ မည့် နေ့ လဲဖြစ်သည်လေ။

အစီအစဉ်လေးကတော့  သူ့ ကို ကျောင်းသွားကြိုရင်း ထုပ်လာခဲ့ သည့်  စတိုင်ပင်လေးနှင့်  ၁၂လုံးတန်းထိပ်
က ပုဇွန်ခွက်ကျော်ဆိုင်ခေါ်သွားပြီး ရယ်စရာတို့  ပြောရင်း၊ချစ်တဲ့ အကြောင်းလေးပါဖွင့် ပြောလိုက်ဖို့ ပါပဲ။

ဒီနေ့ ကျမှ မိုးလေးက တဖြိုက်နှစ်ဖြိုက်၊ကျလာပါသည်။ ဖြောက်ဆိပ်မိုးလေးပါ။ သူ့ မောင်၏ ဒီမျက်နှာလေးကို
ချစ်တာ ဆိုတဲ့ ဝတ္ထုကလဲ ထွက်ထွက်ခြင်းမို့  ဆိုင်မှ ဝင်ယူလာခဲ့ မိသည်။ ဝတ္ထုစာအုပ်လေးဂျိုင်းကြားညှပ်၊
ထီးကောက်ကြီးကို လက်နှစ်ဖက်နှင့်  ကျစ်ကျစ်ပါအောင် ကိုင်ဆောင်းရင်းက မိုးဖွဲတွေကြားထဲမှာပဲ ပိုပိုတို့ 
ကျောင်းကား အလာကို ရပ်ဆောင့် နေမိပါသည်။ မိုးအေးထဲမှာပင် ကျွန်တော့် လက်ဖဝါးတွေ ချွေးထွက်
နေသလိုဖြစ်နေသည်။
ပလက်ဖောင်းနှင့်  ကပ်ရပ်နေမိသဖြင့်  ကားတွေနင်းသွားသောဗွက်ရေတို့  စင်မည်စိုးသောကြောင့်  နောက်
ဖက်ကို ကိုယ်ရို့ ၍အဆုတ်၊ ပိုပို တို့ ကျောင်းကား ထိုးဆိုက်လာတော့ သည်။ ခါတိုင်းနှင့် မတူသောကျွန်တော့် 
ရင်က စ ခုန်ပါတော့ သည်။ ရင်ခုန်နေတာတို့ မရပ်ခင်....
ထို.. ခဏမှာပေါ့ ဗျာ..။
လှန်းမြင်နေရသော ရန်ကင်းသ.မ ဆိုင်ထဲမှ ဘယ်အချိန်က ရောက်နှင့် နေမှန်းမသိသော သကောင့် သားလေး
အောင်အောင်က ခေါက်ထီး တစ်ချောင်းနှင့်  ပြေးထွက်လာပြီး ဆင်းလာသော ပို့ ပို့ ကို ထီးမိုး၍ ကြိုလိုက်
ပါတော့ သည်ခင်ဗျား..။

ကျွန်တော်လေ..... ဘာဖြစ်သွားသနည်း လို့ .. မမေးပါနှင့် တော့ ဗျာ။ စာနာကြည့် ကြပါကုန်တော့ ။
လက်ဖဝါးတို့ က ထွက်နေသော ချွေးတို့ က တစ်ကိုယ်လုံး ပြန့် နုံ့ လို့ သွားတော့ သည်။
သူတို့ က လှည့် အထွက် ကြောင်တောင်တောင်ရပ်နေမိသော ကျွန်တော်နှင့်  မျက်နှာခြင်းဆိုင်မိကြတော့ 
ပိုပိုက အမြဲတန်းပြုံးနေသောအရင်းအနီုးဆုံး အပြုံးနှင့် လှန်းပြုံးပြလိုက်ပေမဲ့ ကျွန်တော် ပြန်မတုံ့ ပြန်မိတော့ ပါ။

မိုးရေထဲမှာ ခေါက်ထီးတစ်ချောင်းကို နှစ်ယောက်သား ခပ်ငိုက်ငိုက်ဆောင်း၍ ကျွန်တော့် ရှေ့ မှဖြတ်ထွက်သွား
ကြတော့  ကျောင်းစိမ်းထမီ၊အင်္ကျီအဖြူလက်ရှည်လေးနှင့်  ပန်းပွားလွယ်အိပ်အဝါလေးကိုပွေ့ ပိုက်ထားသော
ကျွန်တော် ငယ်ငယ်ထဲက ချစ်ခဲ့ ရသူလေးကို သကောင့် သား၊အောင်အောင်လေးက သူ့ လက်လေးကို ပိုပို့ 
ပုခုံးပေါ်တင်လို့ လေ။

ဒီတစ်ခါတော့  နွားရေကူးသည့် မျက်နှာနှင့်  ထွက်သွားသူမှာ ကျွန်တော်မဟုတ်တော့ ပါပရိတ်သတ်ကြီးခင်ဗျား။

တစ်ခါဘူးမှ မသောက်ခဲ့ ဘူးသည့်  ဘီအီး ကို ကျွန်တော်တစ်ယောက်ထဲ သောက်နေသည်မှာ တစ်လုံးခွဲကျော်
နေပြီ။ ဂွတ္တလစ်က ကိုမုတ်ဆိပ်ရဲ့  ဘုံဆိုင်လေးမှာပါပဲ။ ချစ်သူကို ကြွေးဘို့  ထုပ်လာခဲ့ သည့်  စတိုင်ပင်လေးက
ကိုမုတ်ဆိပ်ဆိုင်မှာပဲ သုံးဆွဲဖို့  ဖြစ်လာတော့  ပေါက်ကြီးနှင့် ၊ထင်လင်းတို့ က ပျော်ရွှင်စွာ လိုက်လာကြပေမဲ့ 
ဒီကောင်တွေ အမျှော်အမြင်ကြီးစွာပဲ ကျွနတော့် ကို တွဲရန် ချိုသောက်နေခဲ့ ကြသည်။နှစ်ယောက်ပေါင်းမှ တစ်
လုံးခွဲပါ။
ကိုမုတ်ဆိပ်က ဆိုင်သိမ်းတော့ မှာဖြစ်သောကြောင့်  အမြီးတို့ ကို ပိုထည့် ပေးခဲ့ ပေမဲ့  ကျွန်တော်တို့ မစားနိုင်
တော့ ပါ။ဒီညလဲ မီးပျက်နေပြန်သောကြောင့်  ကိုမုတ်ဆိပ်က ရေနံဆီမီးခွက်တစ်ခု ချထားပေးထားသဖြင့် 
မီးဇာ ကျွမ်းလောင်နေသော မီးခိုးမှိုင်းတို့ က ကျွန်တော့် မျက်နှာကို လာဟတ်နေတော့ သည်။
ယူလာခဲ့ မိသော ဒီမျက်နှာလေးကို ချစ်တာ ဆိုတဲ့  စာအုပ်ကိုလဲ ကျွန်တော်မဖတ်ဖြစ်ပဲ ကိုမုတ်ဆိတ်က ဖတ်
ပြီးသွား၍ ကျွန်တော့် ကို လှန်းပေးနေသည်။

အပြန်တွင်တော့  ပေါက်ကြီးနှင့် ထင်လင်းကို ကျွန်တော်တွဲခိုရင်း မှောင်မိုက်နေသော ရပ်ကွက်ထဲမှာ သီချင်း
တစ်ပုဒ်အော်ညီးလာခဲ့ မိပါသည်။ ဂျေညီညီရဲ့ သီချင်းလေ..၊ " တစ်ယောက်ထဲ.... လမ်းလျှောက်လာရင်း......
ရှေ့ က လာနေတဲ့ ကား...အာ..ဟား..ဟာ၊ လုံးလုံးကိုမမြင်လိုက်ဘူး..၊တစ်ကယ့် ကို၊ တိုက်မိ မလိုလိုဖြစ်သွား
ဖြစ်သွား..ဟာ..၊ပေါက်ကြီးက နှာသံဖြင့်  " ဟေ့ ရောင်.. ဖြစ်မှာပေါ့ ကွ၊ မီးမှ မလာပဲ " ဟုဖြတ်နောက်သည်။
ဆက်ဆိုမိပြန်သည်။လောင်မြိုက်နေတာတွေ သက်သာလာအောင်ပါ။
" လေ ထဲ.... မင်းရဲ့ ကိုယ်၊ ရနံ့ လေးအေဟေး..တွေ၊ စီးစင်းနေသလိုပဲ..အယ်ဟဲအယ်..အချစ်ရယ်၊အသက်ရှု
လိုက်တိုင်း၊ တကယ့် ကို၊သတိရနေတယ်..အချစ်ရယ်..။ ဒီအပိုဒ်ရောက်လာတော့  တိုက်ရှေ့  ရောက်လာပြီ။

ယောက်ကျားလေးဆိုတာ၊စုံအောင် အတွေ့ အကြုံတွေကိုရှာရမယ်၊ ရလာမဲ့  အတွေ့ အကြုံတွေမှာလဲ နစ်မြော
မသွားအောင်ကြိုးစားရမယ် လို့  တစ်ခါထဲ၊တစ်ကြိမ်ထဲ ဆုံးမခဲ့ ဘူးသော အဖေ့ ကို သတိရလိုက်၍ ကိုယ်ရှိန်
သတ်လိုက်မိပေမဲ့  အိမ်ကိုတော့  မပြန်ချင်တော့ ပါ။ အပေါ်မော့ ကြည့် မိတော့  ကျွန်တော်တို့  အိမ်မှာ
ဖယောင်းတိုင်မီးလေး ထွန်းထားတာကို တွေ့ ရသည်။အဖေတို့ ၊အမေတို့  ကျွန်တော့် ကို မှောင်ထဲမှ ကြည့် 
နေမှာ သေချာပါသည်။

ကျွန်တော်တို့  သုံးယောက်သား ကောင်စီရုံးဖက်ထွက်လာတော့  အောင်နက်က ပြေး၍ထွက်လာပြီး ကျွန်တော့် 
ခြေထောက်ကို တရှုံ့ ရှုံ့  လာနမ်းတော့ သည်။ သူကတော့ တွေးပါမည်၊ဒီညတော့  အဖေါ်ရပြီဟု။ မင်းကမှ
ငါ့ အပေါ် သစ္စာရှိပါလား အောင်နက်ရယ် ဟု စိတ်ထဲ ရေရွတ်မိရင်း ကောင်စီရုံးရှေ့ က စားပွဲပေါ်မှာပဲ ကျွန်တော်
ဖလက်ပြပါတော့ သည်။

( ဇာတ်သိမ်း )

မနက် အဖေမနိုးခင်၊ အဖေ ဘုရားမရှိခိုးခင် အိမ်ပေါ်တက်၍ တံခါးခေါက်တော့  ဘယ်အချိန်ထဲက စောင့် နေမှန်း
မသိသော အမေက လာဖွင့် ပေးပါတော့ သည်။ ပြီးတော့ " ဖျန်း.... " ကနဲ၊ကျွန်တော့် ပါးကို ရိုက်ပါတော့ သည်။
မိန်းမတစ်ယောက်အတွက်နဲ့  မျက်ရည်ကျ၊ အရက်သောက်တာ ငါတို့ အမျိုးထဲမှာ မရှိဘူးဟဲ့ .. ငကျော်ရဲ့  ဟု
ပြောပါသည်။
သေချာတာကတော့ .. ကျွန်တော် တကယ်ပဲ ချစ်တတ်ခဲ့ ပါပြီ၊ အချစ်ကို ချစ်တတ်သည့်  အချိန်တွင်ပဲ အချစ်က
အနားမှာမရှိတော့ ။
သံယောဇဉ်တို့ ဖြင့်  တည်ဆောက်ခဲ့  မိသော အချစ်ကို အတင်း မျိုချ ဖျောက်ဖျက်ရသည်မှာ သွားတော့ မည့် 
စည်း ကို အောင့် ထားရသကဲ့ သို့ ၊ ထွက်တော့ မည့်  ဝမ်းကို ညှစ်ချုပ်ထားရသကဲ့ သို့  ဟု ထင်မိပါကြောင်းဖြင့် ။
...................................................................................................................................................
( ပြီးသွားပါပြီ )

7 comments:

ရွှေ ယွန်း ဝါ said...

နံပတ် တစ် ကွ

ရွှေ ယွန်း ဝါ said...

အသည်းကွဲခဲ့သကိုး

kiki said...

သွားတော့မည့် "စည်း" က .. ဘာလဲ .. ခြံစည်းရိုးနားမှာ ဆီးသွားပေါက်တာလား လို့  ... :)

ပိုပိုလေး နဲ့ဝေးတော့ ချိုချိုလေး နဲ့ တွေ့ မှာပေါ့နော် ။
ရီးစားကွဲ မဟုတ်သေးတာတောင် ဘီအီး နဲ့ အဖေါ်လုပ်တယ် ဆိုတော့ လွန်တာပေါ့ ကွယ် ...
အမေရိုက် တာ တောင် နဲသေး တာ .. ဟိဟိ ..

ကျီးမနိုးပွဲ ဆော့တာလေးတွေ ရီစရာ နော် ..တချို့ ဆို အိမ်နံပတ်ပြားတွေ ပြောင်းတပ်ထားတာ ။အမှိုက်မပုံ ရဆိုတဲ့ ဆိုင်းဘုတ်ကြီး ကိုယ့်ခြံရှေ့  လာစိုက်ထားကြတာ ...ပျော်စရာကြီး ...

ဒေါ်ကြည်စိန် မုန့် ဟင်းခါး လေး လွမ်းသကွယ် ...

ခင်တဲ့
မကိ

ခြေလှမ်းသစ် said...

ပထမဦးဆုံး ချစ်ခဲ့ဖူးတဲ့ အချစ်က ဒီလိုပဲ ခံစားရတယ် ထင်တယ် ... ဒီဝတ္ထုလေး တိုက်ဆိုင်မှုရှိတယ်ဗျ ... ကိုယ်မဖွင့်ပြောရဲဘဲ ပိုးလို ဥခဲ့မိလို့ သူများဦးသွားထင်တယ် ... ဘာပဲဖြစ်ဖြစ်ပါ ဒီဝတ္ထုလေးကို စုပြီး စာအုပ်လေးတအုပ်လုပ်ထားပါနော် ဖတ်လို့ အရမ်းကောင်းလို့ဗျ..

thawzin said...

ကျွန်တော့်သူငယ်ချင်းတစ်ယောက် က သူငယ်ချင်းတစ်ယောက်ကို နာမည်ပျက်ပေးတယ်ဗျာ “မောင်ကျန်” တဲ့။ ကျန်စစ်မင်းတော့မဟုတ်ဘူး သူချစ်သူက စေ့စပ်သွားလို့ဗျာ....... ကိုဖြူလေးကတော့ မောင်ကျန်မဟုတ်ဘူး “ကျန်ရစ်” ပေါ့ဗျာ နောက်တာနော်
ခင်မင်လျက်

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်..ချစ်တိုင်းလည်းမညား..စကားကိုသာ
တီးတိုးရေရွတ်မိကာ..ကိုယ့်နှလုံးသားအသည်းအိမ်မှာ
အချစ်များစွာ.....ဟူ၍
သီချင်းလေးကိုသာ အကြိမ်ကြိမ်အော်ဆိုနေတော့ပေါ့ဗျာ..
အချိန်က ကုစား...ပေးမှာပါ...
ပျော်ပါစေ ဘော်ဒါရေ

အနော် said...

ကိုအဖြူလေးရဲ့ ရည်းစားဦးဇာတ်လမ်းလေးက ဖတ်ရတာ ရင်နင့်စရာပါပဲ
ဖူးစာဆိုတာ ဦးရာလူတဲ့ အကိုရ
စဉ်းစားလွန်းတော့လဲ ကျန်ရစ်ဖြစ်ခဲ့ရတာပေါ့ ဟိဟိ
သံယောဇဉ်တို့ ဖြင့်  တည်ဆောက်ခဲ့  မိသော အချစ်ကို အတင်း မျိုချ ဖျောက်ဖျက်ရသည်မှာ သွားတော့ မည့် 
စည်း ကို အောင့် ထားရသကဲ့ သို့ ၊ ထွက်တော့ မည့်  ဝမ်းကို ညှစ်ချုပ်ထားရသကဲ့ သို့  ဟု ထင်မိပါကြောင်းဖြင့် ။
ပေးထားတဲ့ ဥပမာကို ဖတ်ပီး အပေါ်က ရင်နင့်ခဲ့သမျှ အီလည်လည်ကြီးဖြစ်သွားကြောင်း ဟီးဟီး