Tuesday, December 29, 2009

အိမ်မက်စေတမန် ( ၂ )

ပင်လယ်ကြီးပေါ်ရှိ အုန့် မှိုင်းနေသော တိမ်ထုကြီးက တဖြည်းဖြည်း နိမ့် ဆင်းလာသလို ဖြစ်လာပါသည်။
မိုး တို့  ရွာချင်လာသလိုပါ။ တဝေါဝေါ တိုက်ခတ်နေသော လေထု ထဲတွင် မိုးငွေ့ ပါသော ရနံ့  တို့ ကိုပါ ရှု ရှိုက်
လာရပါသည်။

ကျွန်တော်တို့ လည်း ကား ဆီသို့  ပြန်လှည့်  လာကြပါသည်။
နောက်ဖက်တွင်တော့  ဒေါသ တကြီး ထကြွနေသော ပင်လယ်ကြီး ကျန်ခဲ့ ပါတော့ သည်။
ကား စ ထွက်တော့  ကားရှေ့  လေကာမှန်တွင် မိုးမှုန် မိုးစ လေးတွေ လာမှန်နေပါတော့ သည်။

“ကောက်စုကုန်း ” ဟု ခေါ်သော မဆုံးနိုင်အောင်ကို ရှည်လျားလွန်း သည့်  နှစ်ထပ် အမြန် လမ်းမကြီး အတိုင်း
မြို့ ထဲ ပြန်ဝင် လာတော့ အောက်ဖက် ဘေးဝဲယာရှိ မြို့ ပြ ရပ်ကွက်တွေအားလုံး ၏ အရှိန်ညီးညီး တောက်ပ
လျက် ရှိသော မီးအလင်းရောင် တို့ ကြောင့်  ကောင်းကင်တစ်ခွင်လုံး လင်းလဲ့  ဝင်းပ နေပါတော့ သည်။
ကား က အရှိန် နှင့်  သွားနေရင်းက ဖြည်းဖြည်းချင်း အရှိန်ရော့  ရပ်တန့် သွားပါသည်။ နှစ်ထပ် အမြန်လမ်းမကြီး
ကား တွေပိတ်ပြန်ပါပြီ။

ဝန်းကျင်၏ ရောင်စုံ မီးရောင်တို့ ကို ငေးမိနေရင်း အမိမြန်မာပြည် ကို ဝေဟင် မှ လေယာဉ်ခရီးစဉ်ဖြင့်  ပြန်ဝင်
ခဲ့ ရသည့်  မြင်ကွင်း တို့ ကို ပြန်မြင်ရောင်လာနေမိတော့ သည်။

မုတ္တမ ကွေ့  စ ရောက်လာသည်နှင့်  လေယာဉ်ကြီးက တဖြည်းဖြည်းချင်းပဲ နိမ့် ဆင်း စပြု လာတော့ သည်။
လဲလျောင်းနေသော နတ်သမီး လေးနှင့် တူ သည့်  ကျွန်တော်တို့  မြေ ပေါ်ကိုပါ။ ခဏ ကြာလာတော့  ပဲခူး မြို့ 
ကို လှန်းမြင်ရပြန်ပါသည်။ ကျယ်ပြော ပြန့် ပြူး နေသော လည်ကွင်းတွေ၊ နောက် ဖြောင့် တန်းနေသော ကား
လမ်း မကြီးများ ၊ သစ်ပင် အုပ်များ ကို ကွဲကွဲ ပြားပြား မြင်လာ ရသော အချိန် တွင်တော့  “ အင်းစိန် ထောင် ”
ကြီး ကို ဦးစွာ မြင်လိုက်ရပါတော့ သည်။ ရန်ကုန် အဝင်က ထောင်နှင့်  စ သလိုပါ။

သစ်ပင် သစ်တော အုပ်တို့ က ခပ်စိမ်းစိမ်း ဖြင့်  လတ်ဆတ်၊လန်းဆန်း စွာပဲ မြင်ရသလောက် အင်းစိန်ထောင်
ကြီးကတော့  အပေါ်က ကြည့် ကြည့် ၊ ဘေးက ဘယ်က ပဲ ကြည့် ကြည့်  နီညို ညစ်ညစ် နှင့် ရင်ထဲမှာ အုံ့ မှိုင်း
ညှိုးနွမ်းစွာ ကျပ်ကျပ်တည်းတည်း ကိုပဲ မြင်နေရပါသည်။

ထိုအထဲမှာ... “အမှားတရား ” များဖြင့်  ကျူးလွန်မိသလောက် အချိန်များများ နေနေရသူများ ရှိနေသလို၊
“အမှန် တရား ” များကို များများစားစား ဖြင့်  အထူးမြင် ခဲ့ မိသလောက် ကျယ်ကျယ် လောင်လောင် ထူးထူး
ခြားခြား လှုပ်နှိုး မိခဲ့ သူများလဲ အများအပြားရှိနေကြပါသည်။ အနာဂတ် ရွှေပြည်တော်ကြီး အတွက် မက်နေခဲ့ 
သော အမြဲ မက်ချင်နေသော အိပ်မက်များထဲတွင် အမှန်တရား အတွက် မှားယွင်းနေစွာ၊ မတူမတန်စွာနဲ့ ပဲ
တန်ဘိုးရှိလွန်းသော ဘဝရဲ့  ဘယ်တော့ မှ ပြန်မရတော့ သော အချိန်များကို ရက်ရက်ရောရော ပေးဆပ်နေ
သူတွေအတွက်လဲ ပါ ပါသည်။ ယ္ခုတော့  အမှန်တရား တို့ က နံရံ လေးဘက် ကြားတွင် ကွယ်ပျောက် နေရပြီ။

ညဘက် လေယာဉ်ကြီး မင်္ဂလာဒုံ လေဆိပ်ကို ဝဲ ဆင်းလာပြီ ဆိုရင်ဖြင့်  မှောင်ထဲမှာပဲ ထွန်းထားသည့်  မီးရောင်
တို့ က မှုန်ကုတ်ကုတ်၊ မှိန်တိန်တိန် နှင့် ၊ တွေ့ လိုက်ရသည့်  လူတွေကလဲ မလန်းနေသလိုပါ။ အိမ်သားတို့ ကို
မတွေ့ ရမှီ ယူနီဖောင်းအပြာဝတ် လေဆိပ် လုပ်သားတို့  ကိုယ့် အထုပ်ကို သူ့ ထက်ငါ အရင် လာလုလိုက်တာ
မြင်လိုက်ရကတဲက စောစော က အင်းစိန်ထောင်ကြီးကို ဝေဟင်က ဖူး လိုက်ရသလို ကျပ်တည်းမှုမျိုး ရင်မှာ
ဖြစ်ထွန်းလာရတော့ သည်။

လေဆိပ်အပြင်လမ်းမပေါ်ရောက်တော့ လည်း ကိုယ့် ကိုယ်ကို မရဲတော့ သလို၊ အမှောင်ထဲပဲ တိုးဝင်လာနေရ
သလိုမျိုး ဖြစ်သွားရပါသည်။ လင်းနေသည့် မီးရောင်တို့ က နီကျင်ကျင်ဖြင့်  ဟိုတစ်ကွက်၊သည်တစ်ကွက်ဖြင့် ပါ။
ဖျော့ တော့ သော အလင်းရောင်တို့ အောက်မှာ မကြည့် ပဲ မြင်နေနိုင်တာကတော့  မြင်ကွင်း အပြည့် ဖြင့် 
အင်းစိန်ထောင် အရောင်ကဲ့ သို့  အနီရောင် ဒို့ တာဝန်အရေးသုံးပါး ကဲ့ သို့ သော မြေဆိုက် ဆိုင်းဘုတ်ကြီးများ
ပါပေ။

ထို အလွန်ပဲ ဖတ်လို့ ကောင်းသော ဆိုင်းဘုတ်ကြီးများကို ကျော်၍ ကြည့် လိုက်တိုင်း မလန်းသော မှောင်သော
ဝန်းကျင်ကို မြင်မြင်နေရသောကြောင့်  သည်နိုင်ငံ၏ ပင်လယ်ကမ်းခြေ တလျှောက် ထောင်မတ်ဆိုက်ထူထား
သော ဖြူ စွတ်စွတ် ဖြင့်  အလွန်မြင့် မားသော“Wind Power System ” ပန်ကာဒလက်တိုင်ကြီးများကို
သတိရမိပြန်ပါသည်။ အလကား ရသည့် လေ၊ လေ ထဲက လေ တို့ ဖြင့် အလင်းစွမ်းအင်၊ ပါဝါ စွမ်းအင် တို့ ဖြင့် 
တစ်မြို့ လုံး ထိန်ထိန်ညီးနေအောင် ထွန်းရရုံမက စက်မှုလုပ်ငန်း များပါ လည်ပတ် သုံးစွဲ နေကြပါသည်။

ကျွန်တော်တို့  မြန်မာပြည်ဝယ် နိုင်ငံခြားသား ဘောလုံးသမား များကိုတောင် ခေါ်ယူ သုံးစွဲ နေနိုင်သည့်  အလွန်
ပဲချမ်းသာ နေသော ဘောလုံးကလပ်ပိုင်ရှင် စီးပွားရေး လုပ်ငန်း ရှင်ကြီးများ အများရှိနေကြပါပြီ။ တစ်ခါပဲ အကုန်
ခံလိုက်ရုံနှင့်  အခါခါနှင့်  တစ်သက်လုံးပဲ အကျိုးရှိမည့် ၊ ခုနှစ်ရက် သားသမီး တို့  ထမင်းစားနိုင်တော့ မည့် 
သည် " Wind Power" စနစ်လေးကို ထို ပုဂ္ဂိုလ်ကြီးများ က တကယ်ပဲ လုပ်နိုင်ပါလိမ့် မည်လို့ ။

ကျွန်တော်တို့  မြန်မာ ပြည်မှာ သဘာဝ အရင်းအမြစ် များ များစွာပဲ ရှိနေပါသည်။
ပုဂံ ဘုရားတို့ ကို မျက်စေ့ တို့ မှိတ်၍ လက်အုပ်ချီ ဝှေ့ ယမ်း ဖူးမျှော်လိုက်တိုင်း မလွဲနိုင်အောင် လက်ညှိုးထိုးမလွဲ
အောင်ကို စေတီ ပုထိုး တို့  များပြားသလို၊ မျက်စေ့  မှိတ်၍ ပြောချင်သည့်  တွင်းထွက်ကို ပြောကြည့် ပါလေ။
တစ်နေရာရာမှာတော့  ရှိနေမှာ အသေချာပါပေ။ “ရွှေ” တောင်မှ ရေထဲက အလိုအလျောက် ထွက်ထွက် နေ
အောင်ကို အလွန်ပဲ ထူးဆန်းလွန်းသည့်  ကမ္ဘာ့  ဘယ်နေရာမှာမှ ဆင်တူ မရှိနိုင်တော့ သည့်  ကျွန်တော်တို့ 
မြေ ကတော့  ယ္ခု အလွန်ထူးဆန်းစွာပဲ ဆင်းရဲ လို့ နေပါတော့ သည်။

လုပ်နိုင်သည့်  လူ့ စွမ်းအား အရင်း၊အမြစ် များ ရှိနေပါလျှက်နှင့်  အရွယ်ကောင်းသော လူငယ်လူရွယ်များ ကမ္ဘာ
အနှံ့ အပြားမှာ ပုံစံ မျိုးစုံဖြင့်  သူ့ ကျွန်ဖြစ်နေကြရပါသည်။ ဘဝတွေ အချိန်တွေ ရင်းနှီး နေရရင်း မိသားစုတွေကို
ခွဲခွာနေကြရပါသည်။ နှမြောစရာ ကောင်းပါဘိခြင်း။

အမှန်တရား ကိုတော့  သက်ဆိုင်နေကြသူတွေ၊ ကိုယ့် ဖာသာကိုယ် တာဝန် ခံယူ နေကြသူတွေ အနေဖြင့် 
အသေချာပဲ ရဲ ရင့် စွာ ရင်ဆိုင် ရှာဖွေ ကြဘို့  လိုပြီ ထင်ပါသည်။ ကိုယ်က မှန်တယ် ထင်လို့  လုပ်ခဲ့ ၊စ ခဲ့ ကြပေ
မဲ့  အချိန်က အမှန်အမှား ကို ရှင်းလင်း စွာပဲ ပြဆိုနေခဲ့ ပြီးပါပြီ။ မှားသည့်  လမ်းကို လျှောက်မိနေလျှင်တော့ 
အချိန်နှင့်  အမျှ အတိုင်းအဆ မဲ့ စွာဖြင့် ဆုံးရှုံးနစ်နာ စေမှာ သေချာပါသည်။ တကယ်ပဲ တိုင်းပြည်ကို ချစ်တတ်
ပါသည် ဆိုပါလျှင် တစ်ရက်၊တစ်စက္ကန့် လေးမျှ တိုင်းပြည်ကြီးကို နောက်ထပ်မနစ်မွန်းအောင်လုပ်သင့် ပါသည်။

လူထုက အကျပ်အတည်း မျိုးစုံ ကို ကိုယ့် ဖာ ကိုယ်ပဲ ဖြေရှင်းနေရပါသည်။
မီးမလာတော့  ဖယောင်းတိုင်တို့  မီးစက်ကလေးတနိုင်ဝယ်လို့ ။
ရှာလို့  မလောက် စားလို့ မလောက်တော့  အပြင်ထွက်လို့ ၊ ရှိတာလေးတွေပဲ ရောင်းချ ပေါင်နှံ လို့ ....။
ဆိုင်ကယ်လေးတောင် မစီးရ၊စီးခွင့်  မရှိရှာကြတော့  တစ်ခြမ်းစောင်းပြီး ပွင့် ထွက်လုမတတ် ဘတ်(စ)ကားအို
ကြီး များကို စိတ်ရှည်ရှည်နှင့်  စောင့် စီးလို့ ။

ပြန်မြင်ရောင်မိပါသေးသည်လေ..။
အိမ်မက် ထဲမှာပါပဲ။
အလုပ်က အပြန်မှာ တစ်ခြမ်းစောင်း နေတဲ့  ဘတ်(စ)ကားကြီးမှာ လူတွေက တစ်ပြွတ်ကြီး တွဲလောင်းကြီး
လမ်းပေါ် ထွက်ကျနေတာလေ။ အဲလို အချိန်များ ဆိုတော့  ကျောမွဲ ခြင်းရိုင်းပင်းနေကြတာ။ တစ်ယောက်လက်
တစ်ယောက် ဖမ်းဆုတ် ဆွဲကိုင်ရင်းပါ။ တစ်ယောက်ခြေ တစ်ယောက်နင်း ထားမိကြပေမဲ့  စိတ် ဆိုးဘို့  သတိ
မရကြ၊ သတိ ရနေတာက အိမ်ကို ဘေးမသီပဲ ပြန်ရောက်ဖို့ ပါလေ။

..........................................................................................................................................

( ဆက်ရန် )

5 comments:

ညီညီ said...

တစ်ကယ်ကောင်းတဲ့ အရေးအသားနဲ့ အမှန်တရားတွေ မီးမောင်းထိုးနေသလိုပါပဲ.။ အိမ်မက်စေတမန် နောက်ဆက်တွဲများစွာ မျှော်လင့်နေပါသည်.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

thawzin said...

Post ကို ဖတ်ပြီးပြီးထင်နေတာ... ဟီးဟီး...
ကျွန်တော်အရင်ကဆို တစ်ရက်တကြိမ်နှုန်းနဲ့ ဘလော့ဖွင့်လည်တယ်။ အခုတလော လည်တောာ့ဘူး။ အလုပ်တွေများနေလို့၊ ဟဲဟဲ..။ နှစ်သစ်မှာ မူးနေသေးလားဗျ၊။ မမူးပဲထူးကဲစွာ တရားတွေများ နာနေမလားလို့ပါ။
အင်း...
ရေးထားတဲ့ ပိုစ်အကြောင်းလေးက အဖွဲ့အနွဲများတော့ ဆိုလိုတဲ့အဓိပ္ပါယ်ကို ဖုံးကွယ်ထားသလိုပဲ၊ တကယ်တော့ ဒါက နိုင်ငံရေးပို့စ်ကြီးမှန်း သိပါတယ်။ ပတ်ဝန်းကျင်နဲ့ယှဉ်လိုက်ရင် အမိမြန်မာပြည်ကြီး အရမ်းဆင်းရဲတာပဲ။ ဒါကလဲ ယှဉ်ခွင့်ရှိလို့လေ။ ယှဉ်ခွင့်မရှိတဲ့ ပြည်သူအများစုတော့ ဆင်းရဲသလား ချမ်းသလား သူတို့ရဲစိတ်ခံစားချက်ပေါ် မူတည်ပါတယ်။ ထမင်းရည်ပူသောက်နေရမယ့် စိတ်ချမ်းသာ ကိုယ်ကျန်းမာနေတဲ့သူတွေအတွက်တော့ ဆင်းရဲလို့ မခေါ်နိုင်ပါဘူး။
ဟုတ်တော့လဲဟုတ်တယ်။ ဘာာတွေလုပ်နေကြလို ဒီလိုကျန်ခဲ့သလဲလို့ စဉ်းစားမိတယ်။ အစွန်းတွေ လွတ်ကင်းစွာနဲ့ပေါ့လေ။ မြန်မာလူမျိုးတွေ စိတ်ထားအရမ်းညံ့တယ်ဗျ။ မနာလို ၀န်တိုစိတ်တွေ တအားများကြတယ်။ ဒါကြောင့် ဆင်းရဲတာ။ ဒါကြောင့်လဲ ကပ်ဘေးဆိုက်ပြီး လူတွေသေတာပေါ့။ နောင်လဲ ဖြစ်နေအုံးမယ်ထင်ပါတယ်။ စိတ်ထားတွေက မကောင်းကြဘူးလေ။ တယောက်နဲ့ တယောက် ပုတ်ခတ်တဲ့ စကားတွေပဲ ပြောနေကြတာလေ။ ဘယ်တိုးတတ်နိုင်ပါ့မလဲ။ ပြောလဲ ပြောချင်စရာပေါ့လေ။ သေချာပြန်တွေးကြည့် တပိုင်တနိုင်နဲ့ စိတ်ကောင်းလေးမွေးပြီး ကူညီနိုင်တဲ့ တဖတ်တလမ်းကပဲ ပါဝင်ဖို့ပဲ စိတ်ကူးတော့တယ်။ ဒါပဲဗျာ။
ဘာတွေ ရေးခဲ့မှန်းလဲ မသိဘူးနော်
ပျော်ရွှင်ပါစေဗျာ

မြစ်ကျိုးအင်း said...

ပေါက်ကွဲသံစဉ်

kiki said...

ကိုယ့်ရွာ အဝင် ဂိတ်က တမူဆန်းလို့ မပူစမ်းပါနဲ့ ..း))

အမှန်တရားကို နံကြားမှာ ရှာရတော့မယ် ...
(နံကြား= ထောင် နံရံ ရဲ့ အခြားတဖက်) ။

ဘော်လုံးကန်တာ ကျန်းမာရေးအတွက်ပါ ။
ဘောပွဲကြည့်တာ မျောက်ပွဲ ထက် ပိုကောင်းလို့ နေမှာပါ ။

သယံဇာတ ဆိုတာ တို့ ရွာသားတွေနဲ့ ဘာမှ မဆိုင် သလိုပဲ နော် ။
ဒါတို့ ပြေ ၊ဒါတို့ မြေ ၊ တို့ မဆိုင်တဲ့ မြေ ။ ဟေဟေဟေ ..
အိပ်မက်ထဲမှာ ဆိုနေတဲ့ သီချင်း ဗျိုးးးးး

( ဪ... မေ့လို့  ...
ကိုသော်ဇင် တယောက်လည်း ထမင်းရေသောက်ပြီး စိတ်ချမ်းသာစွာ နေနိုင်ပါစေ သတည်း....) မုဒိတာ ပွားပေးလိုက်ပါတယ် ။

ရေနွေးကြမ်း said...

ကိုဖြူလေးက အရမ်းအရေးအသားကောင်းတယ်ဗျာ...ကိုယ်ပြောချင်တာတွေကိုစကားလုံးလေးတွေ ရွေးပြီးပြောသွားတယ်နော်။မထင်မှတ်ပဲ ခံစားချက်တွေ လာတူနေလို့ဖတ်ရတာ အရမ်းအရသာရှိတယ်။ကျနော်မွေးနေ့ပွဲလေးကိုလည်း လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ...