Sunday, January 9, 2011

တောမှ အထွက် ထောင်သို့  အဝင် ( ၃ )

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော သယံဇာတ တွင်းထွက်ပစ္စည်းတို့  အလကားနေရင်းထွက်နေသည့် ကြားကဆင်းရဲ
တွင်းနက်သည်ထက်နက်သွားပြီး အရှေ့ တောင်အာရှမှာပင် ဖွံ့ ဖြိုးမှုအနိမ့် ဆုံးတိုင်းပြည်ဖြစ်ခဲ့ ရသည့်  မြန်မာ
ပြည်မှ လူငယ်များအတွက် သည်ဝတ္ထုလေးကို တင်မိနေပါသည်။ သည်ဝတ္ထုလေးကို အပိုင်း(၃) ဟု အခုမှ တပ်
ဖြစ်တော့ သည်။ ဘာဖြစ်လို့ ဆို ကျွန်တော်ရိုက်ရင်းဖတ်၊ ဖတ်ရင်းရိုက်နှင့် ရှည်နေသည့်  ဝတ္ထုကို အပိုင်းလေး
တွေ ဖြတ်ထုပ်နေရင်းက တဖြည်းဖြည်းစဉ်းစားလာမိ၍ ဖြစ်ပါသည်။ ဝင်ဖတ်မိသော ဝါသနာတူ စာဖတ်သူများ၏
ရှားပါးလှသော အချိန်တို့ ကိုလည်း စာနာ မိပါသောကြောင့်  တတ်နိုင်သမျှ ခပ်တိုတိုလေးများနှင့်  ခပ်စိတ်စိတ်
တင်ဖြစ်အောင်ကြိုးစားပါမည်.. ဟု ။



ဝမ်းဖိုးဂိတ်။

ရှေ့ မှကားများကိုစစ်ဆေးပြီး၊ တစ်စီးပြီး တစ်စီး ရှေ့ သို့ တိုးသွားရသည်။ ကျွန်တော်တို့ စီးလာသည့်  ကား
အလှည့် ကိုရောက်လာခဲ့ ၏။ ကားစပယ်ယာက တံခါးဖွင့် ပေးသဖြင့် ရဲတစ်ဦးကားပေါ်တက်လာသည်ကို တွေ့ 
ရသည်။ ကျွန်တော်ထိုင်နေသည်က အလယ်ပိုင်းဆိုတော့  ရှေ့ မှခရီးသည်များအားမှတ်ပုံတင်တောင်းယူစစ်ဆေး
နေသည်ကိုလှန်းမြင်နေရသည်။ သွားပြီဟုတွေးမိပေမယ့်  ဟန်မပျက်ဆက်ထိုင်ရင်း အပြင်သို့ ငေးကြည့် နေ
လိုက်သည်။ ကျွန်တော့်ဆီ ရောက်လာသဖြင့်ရဲက မေးလာပြီ။ ကျွန်တော်က ခေါင်းခါတော့ “ ခွန်ဗမာ ” ဟု သူက
ထပ်မေးသည်။ ကျွန်တော်ခေါင်းညိတ်လိုက်တော့  သူက သူနှင့်လိုက်ခဲ့ ရန် ခေါ်သဖြင့် ကျွန်တော်ထိုင်ခုံမှ ထ
လာခဲ့ ရတော့ သည်။ ကားပေါ်မှ ခရီးသည်များ ကျွန်တော့် ကို ဝိုင်းကြည့်နေကြသည်။

ရဲက သန့် စင်ဆီ ဆက်မသွားတော့ ။ ကျွန်တော့် အားတစ်ယောက်ထဲလားဟု လက်ညှိုးထောင်၍ မေးနေစဉ်
သန့် စင်ပါ ကားပေါ်က ဆင်းလာတော့ သည်။ ရဲက သန့် စင်ကိုအံ့ သြ စွာကြည့် နေသည်။ သန့် စင်က ထိုင်း
စကားဖြင့်  ဝင်ရှင်းပြသည်။
“ သူ ကျွန်တော့်အကိုပါ၊ ကျွန်တော်ခေါ်လို့ လိုက်လာတာ ” ဟု။
ရဲက ခေါင်းညိတ်ပြီးအရာရှိထံ ခေါ်သွားသည်။ ထို့ နောက်ကျွန်တော်တို့ နှစ်ဦးအား ရဲအရာရှိက စစ်ချက်ယူပါ
တော့ သည်။ ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို သန့် စင်ကပင် ဒိုင်ခံစစ်ချက်ပေး၍ တစ်ခဏအတွင်းမှာ
ပင် စာရွက်နှစ်ရွက်၌ လက်ဗွေနှိပ်လိုက်တော့ သည်။ လက်ဗွေနှိပ်ပြီးသည်နှင့်နားနားနေနေ နေခွင့် ပြုသည်။
စခန်းအတွင်းမှာ ထမင်းကြွေးပြီး သန့် ရှင်းရေး လုပ်ခိုင်းသည်။
အချုပ်ခန်းရှိပေမယ့်  ကျွန်တော်တို့ ကို အပြင်မှာပဲထားပြီး လက်တိုလက်တောင်း ခိုင်းကြသည်။တကယ်အဖမ်း
ခံရပြီဆိုပေမယ့်  စိတ်က ကြောက်စိတ်မရှိလှ။ စိတ်သက်သာအောင်နေဖို့ သာ တွေးနေဖြစ်တော့ သည်။
“ အရင်က ကြုံဘူးလားသန့် စင် ”
“ ဟင့်အင်း၊ ဒါပထမဆုံးပဲ ”
“ ဘာလို့ ဆင်းလာတာလဲကွာ ၊ ငါ့ ဘာသာခံမှာပေါ့ ၊ အဓိပ္ပာယ်မရှိဘူး ”
ကျွန်တော့်ကို သန့် စင်က ပြုံးပြီးကြည့် နေသည်။ ညီအကိုဆိုသည့် သွေးမဟုတ်လား။ ကျွန်တော်တစ်ယောက်
ထဲဆိုလျှင် တစ်ခွန်းမှ မပြောတတ်မဆိုတတ်သဖြင့် ရိုက်နှက်ခံရကောင်း ခံရနိုင်သည်။ သန့် စင်ကို ကျေးဇူးတင်
မိသလို ကိုယ့်ကိုယ်ကိုလည်း ရှက်နေမိပါသည်။

ညနေလေးနာရီခွဲတော့  ရဲစခန်းသို့ ရောက်လာခဲ့ ကြသည်။
စခန်းနားရောက်ခါနီးမှ လက်ထိပ်ခတ်သည်။ ရဲစခန်းမှာ လက်ဗွေထပ်နှိပ်ရသည်။ ရှာဖွေခံရသည်။
ဓါတ်ပုံရိုက်သည်။ ပြီးမှ အချုပ်တွင်းသို့  ဝင်ခဲ့ ရ၏။

အချုပ်ထဲရောက်တော့  အားငယ်စိတ် စ ဝင်လာတော့ သည်။
အချုပ်ထဲမှာ မူဆလင်လူကြီးတစ်ဦးနှင့်  ထိုင်းအချုပ်သားတစ်ဦးသာရှိ၏။ အမျိုးသမီးတစ်ဦးနှင့် ပတ်သက်၍
အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ထိုင်းလူငယ်မှာ သူ၏ ဒရိုင်ဘာဖြစ်ကြောင်း၊ သူ့ အမှုမှာ မကြာခင်လွတ်မည်ဖြစ်
ကြောင်း၊ ကျွန်တော်တို့ အမှုမှာ ဘာမှမပြောပလောက်ကြောင်း၊ အလွန်ဆုံးရက်လေးဆယ်သာ ထောင်ကျနိုင်
ကြောင်း ၊ အားမငယ်စေလိုကြောင်း ပြောပြသည်။ သူ ဒီနိုင်ငံမှာနေတာ ဆယ်နှစ်ကျော်နေပြီမို့  သူပြောတာ
တွေကို နားထောင်ရင်း ဗဟုသုတများတိုးလာခဲ့ သည်။

သန့် စင်က ဘာမှ အပူအပင်မရှိ။ အချုပ်ခန်းတံခါးဝမှာ တီဗွီ သွားထိုင်ကြည့် နေသည်။ ဆေးလိပ်ပင် ဖွာနေ
လိုက်သည်။ တာဝန်ကျရဲအား Channel ( 7 ) ပြောင်းပေးရန်ပင် တောင်းဆိုလိုက်သေးသည်။ ရဲက Channel(7)
သို့  ပြောင်းပေး၏။ ဆေးလိပ်ကိုတော့  အထဲမှာဝင်သောက်ရန် လှန်းပြောသည်။ အရာရှိတွေ့ သွားလျှင် သူ
တာဝန်မကင်းဖြစ်မည် တဲ့ ။

ညနေရောက်တော့  ထမင်းလာပို့ သည်။ မူဆလင်ကြီးက သူ့ အိမ်မှ လာပို့ သော ထမင်းဟင်းများလည်း ခွဲပေး
သည်၊ အချုပ်မှ ပေးသောထမင်းကိုလည်း ကျွန်တော်တို့ ကိုကျွေးသည်။ ဆေးလိပ်လဲ ကြိုက်သလောက်သောက်
ခွင့် ပြု၏။ သူတို့  အချုပ်ကျနေသည့်  ၂လတာ ကာလအတွင်း ထပ်မံရောက်ရှိလာသည့်  အချုပ်သားမှာ
ကျွန်တော်တို့  နှစ်ဦးသာရှိသည်ဟုပြောသည်။ ထိုအခါမှပင်ကံဆိုးမှုကို တွေးမိတော့ ၏။ လွန်ခဲ့ သော ၂လမှစ၍
ယနေ့ အထိ ဝမ်းဖိုးဂိတ်တွင်အဖမ်းခံရသောမြန်မာဟူ၍ ကျွန်တော်တို့  နှစ်ဦးသာရှိနေသည်ကိုး။

စားသောက်ပြီးချိန်တွင် ညအိပ်ချိန်အထိ သူ့ အကြောင်းကိုယ့် အကြောင်းပြောဖြစ်ကြသည်။ အထူးသဖြင့်သန့် စင်
ပြောသည့်  ဘန်ကောက်မြို့ ကြီးအကြောင်းကို မူဆလင်ကြီးကပါ စိတ်ဝင်တစားနားထောင်၏။ သူလည်း
ဘန်ကောက်မြို့ ကို မကျွမ်းကျင်ကြောင်းဝန်ခံသည်။ ကျွန်တော့် အတွေးထဲတွင်တော့  သန့် စင်ပြောဘူးသည့် 
လုပ်အားခကိုသာ တွက်ချက်နေဖြစ်သည်။

ငွေကိုတော့  အိမ်မက်များပင် မက်လိုက်သေး၏။
ကားနီနီလေးပေါ်မှာ ရည်းစားလေးကိုတင်ပြီး ချစ်စကားတွေပြောကြသည်။
ကျွန်တော်၏ ကြွယ်ဝမှုကို အားလုံးဝမ်းပန်းတသာဂုဏ်ပြုကြသည်။ မိဘမောင်နှမများအကြား မော်ကြွားနိုင်
သည်။ အစုံစုံသော အိမ်မက်များမှ လန့် နိုးလာမှပင်တွေဝေသွားတော့ ၏။ အချုပ်ထဲရောက်နေပါလား။
ထောင်ထဲ ရောက်ရအုံးမှာပါလား။ နယ်စပ်ပြန်ပို့ ခံရအုံးမှာပါလားဟု။ သည်လိုဆိုလျှင်စိတ်ကူးတွေ၊ အိမ်မက်တွေ
ပျက်တော့ မှာပေါ့  .. ဟင့် အင်းမပျက်စေရပါ။ သေရင်သေပါစေ။ ဘယ်တော့ မှ နောက်မဆုတ်။ သန့် စင်တို့ 
ပြောပုံအရဆိုလျှင် နယ်စပ်ပို့ လည်း ပြန်ဝင်လို့ ရသည်တဲ့ ။ ယောက်ကျားပဲ ရအောင်ဝင်ရမှာပေါ့ ။

အတွေးများဖြင့် ရှုပ်ထွေးရင်း မိုးလင်းခဲ့ ပါသည်။ အားငယ်စိတ်ကတော့  ဖိစီးနေဆဲပါ။ ဘေးနှစ်ဖက်ကို အကဲခတ်
ကြည့် တော့  အားလုံးအိမ်မောကျနေဆဲ။ အချုပ်ခန်းဆိုသည်မှာလည်း တိတ်ဆိတ်ခြင်း၊ အေးစက်မှောင်မဲခြင်း၊
အထီးကျန်စေခြင်းများ ပြည့် နှက်နေသဖြင့်  စိတ်အားငယ်မိပြန်သည်။ အိပ်ပျော်နေလျှင် အကောင်းသားဟု
တွေးမိပြီး ပြန်အိပ်ရန်ကြိုးစားပေမယ့်  မအောင်မြင်တော့ ပါ။

“ အစင်၊ အထွေး၊.... အော့ မာ ”
အချုပ်ခန်းဝမှ ရဲတစ်ဦးကလှန်းခေါ်သည်။ သန့် စင်က ရေချိုးနေရင်း ကျွန်တော့် ကို အပြင်က ခေါ်နေကြောင်းလှန်းအော်သည်။ ကျွန်တော်ထွက်သွားပြီး သန့် စင်လည်းရေစိုလျှက်ပင်ထွက်လာခဲ့ ၏။ ရဲက
သန့် စင်နှင့် စကားပြောကြပြီး လက်ထိပ်ခတ်ရန်ပြင်၍ ကျွန်တော်ပါအတူ လက်ထိပ်အခတ်ခံရန် လက်ကမ်း
ပေးလိုက်၏။

ရဲက ကျွန်တော့် အားကြည့် ၍ “ အထွေး ” ဟုခေါ်သဖြင့်  သန့် စင်က ခေါင်းဝင်ညိတ်ပြသည်။ သူတို့ တိုင်းပြည်မှာ
နာမည်ရှေ့ ၌ “ အ ” တပ်ခေါ်ကြသည်။ မောင်ဖြူဆိုလျှင် “ အဖြူ ”၊မောင်နီ ဆိုလျှင် “ အနီ ” ဟု “ အ ” သံကို
ခပ်ဆွဲဆွဲလေး လုပ်ပြီးခေါ်ကြသည်။

“ ဘယ်သွားရမှာလဲ သန့် စင် ”
“ တရားရုံး သွားရမယ်၊ ဟိုမှာ အမိန့် ချမှာ ”
လက်ထိပ်ခတ်ပြီးတော့  ရဲက အချုပ်ခန်းတံခါးဖွင့် ပေးပြီး ထွက်ခဲ့ ရန်ပြောသည်။
ထို့ နောက်ကားပေါ်တင်ပြီး တရားရုံးသို့ မောင်းလာခဲ့ သည်။ တရားရုံးရောက်တော့  အချုပ်ခန်းဝတွင် နာမည်
စာရင်းပေးကာ ကျွန်တော်တို့ ကို အချုပ်ထဲ သွင်းထားလိုက်သည်။

တရားရုံးအချုပ်ဆိုတော့  သားသားနားနားရှိလှ၏။ ရေလောင်းအိမ်သာ နှစ်ခုပါပြီး၊ အလင်းရောင်လဲ လုံလောက်
သည်။ အခင်းကိုကြမ်းခင်းထားသည်။ ကျွန်တော်တို့ ရောက်ပြီး သိပ်မကြာခင်မှာပင် ခြေကျင်းဝတ်များ၊ ထောင်
ဝတ်စုံများဖြင့်  ထောင်မှလာသော အကျဉ်းသားများရောက်လာကြသည်။ ကိုယ့် လို အဖမ်းခံရသူတွေတွေ့ ထား
မှ ကိုယ်လိုပါလားဟု တစ်နည်းစိတ်သက်သာသွားသည်။ မှန်တာပြောရလျှင် ပျော်သလိုပင်ဖြစ်သွားသေးသည်။
တစ်ဦးနှင့် တစ်ဦး ဖြစ်စဉ်များကို ပြောကြသည်။ မွန်ကြီးတစ်ဦးက မေးလာသည်။
“ အသက်က အရေးကြီးတယ်၊ နင်တို့ အသက် ဘယ်လောက်ပြောထားလဲ ”
“ နှစ်ဆယ်စီ ”
“ ဘာလို့  နှစ်ဆယ်ပြောရတာလဲ ”
သူက ကျွန်တော်တို့  အမှန်အတိုင်းပြောခဲ့ သည်ကို အပစ်တင်သည်။
“ ဘာဖြစ်လို့ လဲ ”
“ ဆယ့် ရှစ်နှစ်အောက်ဆို အပစ်ပေါ့ တယ် ”
မတတ်နိုင်တော့ ပါ။ အမှုတွဲမှာ နှစ်ယောက်စလုံး အသက်နှစ်ဆယ်ဟု ပေးထားခဲ့ ပြီးပြီ။ ကြိုသိခဲ့ ရရင်တော့ 
လျှော့ ပြောမှာပေါ့ ။
“ ထောင်ကလွှတ်ရင်၊ တစ်ခါတည်းလွှတ်ပေးသလား ”
“ မဟုတ်ဘူး၊ ရဲစခန်းကို ပို့ တယ်၊ ပြီးမှ နယ်စပ်ပို့ တဲ့  အချုပ်ကိုပို့ ၊ အဲ့ ဒီကမှ တစ်ဆင့် နယ်စပ်ကို ပို့ ပေးတာ၊
ကားခတော့  ပေးရတယ် ”
“ ကားခမရှိရင်ရော ”
“ မပို့ ပေးဘူး ”
တော်တော်စိတ်မောသွားသည်။ သန့် စင်လည်း ရွှင်ပြပြ မရှိတော့ ။ ငေးငိုင်ပြီ။ လက်ထဲမှာ ဘတ်သုံးရာကျော်
တော့ ရှိသေးသည်။ ထိုငွေက မကြာခင်ကုန်သွားမှာကို ငြင်းစရာမလို။ ထောင်ထဲရောက်လျှင် ဈေးဝယ်စားနိုင်
သည်ကိုကြားခဲ့ ပြီးပြီကိုး။ မွန်ကြီးက ကျွန်တော်တို့ ကို အားပေးသည်။
“ ဘာဖြစ်သလဲလေ၊ အချုပ်ထဲရောက်တော့  အလုပ်လုပ်လိုက်ပေါ့ ၊ ပိုက်ဆံရမှာပေါ့  ”
ကျွန်တော်ခေါင်းညိတ်ရုံမှတပါး ဘာမှ မပြောမိတော့ ပါ ။

မှတ်ချက် ။ ။ ဆရာမန် ( တောင်လုံးပြန် ) ၏။ ဝတ္ထု ဖြစ်ပါသည်။

......................................................................................................................

( ဆက်ရန် )

7 comments:

sosegado said...

ယ ပက်လက် ရုန်းကန်ရတာတွေ့ရ ကြုံရတာတွေက စိတ်ဝင်စားမိပါတယ်။ ဝထ္ထုထဲက သန့်စင်၏စိတ်ဓါတ်ကိုလည်း ချီးကျုးမိပါသည်။

kiki said...

သူများနိုင်ငံက အချုပ်ခန်းနဲ့  အချုပ်သားတွေ နေရထိုင်ရတာ မှ လူနဲ့ တူသေးတယ် ။တီဗွီကြည့်လိုက် ၊ ဆေးလိပ်သောက်လိုက်နဲ့ တယ်နိပ်ပါလား နော်။
တို့ ရွှေပြည်ကြီးနဲ့တော့ မနှိုင်းလိုတော့ပါဘူး ...

( အဖြူလေး.. ဆိုတာ လည်း..“အ” ကို ရှေ့ မှာ ထဲ့ခေါ်ထားတာလား ??? )

ခင်တဲ့
မကိ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအဖြူလေးရေ
ဖတ်သွားပါပြီနော်..
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ရွှေမြန်မာတွေရဲ့ မျက်နှာငယ်ရတဲ့ဘ၀ကို ကြားရမြင်ရ ဖတ်ရတာ စိတ်ဆင်းရဲမိပါတယ်. ဂုဏ်ယူဝင့်ကြွားရတဲ့ဘ၀မျိုး အမြန်ဆုံး ပြန်ရောက်ချင်ပါတယ်..

လရိပ်အိမ် said...

တစ်ခါထဲ ဖတ်ပြီး + မန့်သွား၏။
မအား၍မလာနိုင်ပါ ၊ အခွင့်ရတုန်းလာပြီဖတ်တာပါ။
စာမေးပွဲလဲ ရှိနေလို့ပါ။
ခုလိုပြန်လည်ဖော်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော်မဖတ်ရသေးပါ။
ကျွန်တော် ဗဟုသုတမကြွယ်ဝပါ ၊ " ခဲ " ဆိုတာ ဘာကိုဆိုလိုတာပါလဲ ?
ခေါင်းစဉ်ကို ကိုယ်တိုင်ပေးထားတာလား ၊ မူရင်းစာအုပ်ထဲက အတိုင်းလား။ ခေါင်းစဉ်လေးကို သဘောကျလို့ပါ။

SHWE ZIN U said...

အဖြူလေး ရေ

ဖတ်သွားပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

ဒါကြောင့် ကိုဖြူက အဖြူလေး ဆိုတဲ့ နာမည်ကို ရွေးထားတာကိုး။ အရှေ့မှာ အ ပါအောင်ပေါ့လေ။ ကိုယ့်တွေ့များလား :P

( ဟို့ကတည်းက ဖတ်ပြီးပြီ မန့်ဖို့ အချိန် မရလိုက်လို့ အခုမှ ထပ်လာဖတ်ရင်း မန့်သွားတာ )

blackcoffee said...

အလုပ်ကလေး နဲနဲရှုပ်နေလို့ လာမဖတ်ဖြစ်ဘူး အစ်ကိုရေ။ ခုမှ အတိုးနဲ့ အရင်းပေါင်းပြီး လာဖတ်သွားတယ်။ ဝတ္ထုလေးက ကျွန်တော်တို့ အတွက် အတွေ့ အကြုံဆန်းလေးမို့ လားမသိဘူး။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော်က ဒါမျိုးတွေကို စိတ်ဝင်စားတယ်လေ။ မလေးမှာတုန်းက အောက်လမ်းကနေ အသွားအပြန်လုပ်နေတဲ့ သူတွေကို ဒီလို သတင်းတွေ မေးရတာ အမော... ခုတော့ ဒါလေးကို ထပ်ဖတ်ပြီး လေ့လာရတာပေါ့။