Sunday, December 26, 2010

ထောက်တည်ရာလေး ...

တရားတစ်ပုဒ်ကို ယနေ့ အချိန်တိုင်အောင် အစမှအဆုံးပြီးဆုံးသွားသည်အထိ ဘယ်တုံးကမှ မနာခဲ့ ဘူးပဲ ကုန်
လွန်သွားခဲ့ ပြီးသော အချိန်တွေကို ပြန်လည်သတိရမိပါသည်ဟု အသက်ရှုလိုက်တိုင်း( ၄ )မှာ ကျွန်တော်ရေး
ခဲ့ မိပါသည်။

ရထားခဲ့ သောလူ့ ဘဝ၏ အချိန်တွေကို ဟိုရောင်ရောင်၊ဒီရောင်ရောင်ဖြင့်  ကုန်ဆုံးဖြတ်ကျော်လာခဲ့ သည်မှာလဲ
တနေ့ က ရောက်ခဲ့ ပြန်သောခရစ္စမတ်နေ့ လိုပဲ၊ ကမ္ဘာ့ နှစ်သစ်ကူးနေ့ ၊ မြန်မာ့ နှစ်သစ်ကူးအတာင်္ကြန်နေ့ 
စ သည် နေ့ တွေဖြင့်  ယနေ့ အချိန်အထိ မရေတွက်နိုင်အောင်ရှိနေခဲ့ ပါပြီ။ နောင်လဲ ရှိနေအုံးမည်ဖြစ်ပါသည်။

တနှစ်မှတစ်နှစ်သို့  ဗြုန်းကနဲ ကူးပြောင်းသွားသည့် အခါတိုင်း သူများပျော်လို့  ကိုယ်ပါဘုမသိ၊ဘမသိရောပျော်
လိုက်မိတတ်သလို၊ သူများက ဆွေးပြီဆိုလျင်လည်း ကိုယ်ကပါရောပြီးဆွေးနေတတ်ခဲ့ ပါသည်။

တစ်ရွက်ပြီးတစ်ရွက် လွင့် ကြွေမြေ ခ ခဲ့ ရသော ပြက္ခဒိန်စာရွက်များလိုပဲ ၊ ကုန်လွန်ခဲ့ ရပြီးသော ကိုယ့် အတိတ်
က အချိန်တွေအားလုံးကို ပြန်ပြောင်းမျှော်တွေးကြည့် မိပြန်တော့  လေရူးတို့ ဝှေ့ လိုက်တိုင်း မြေပြင်မှာ တလူး
လူး တလိမ့် လိမ့်  လွင့် ပျံနေတတ်သည့် ရော်ရွက်ဝါတွေလို ကာရံတို့ မဲ့ နေတတ်ပြန်ပါသည်။

အော်... ကာရံတို့ မဲ့ နေခဲ့ ပါလား..။
ဘဝ ကိုကာရံမဲ့ ကာ အဓိပ္ပါယ်မဲ့ စွာ ကုန်ဆုံးနေခဲ့ သလိုပါလား ဟုလည်းတွေးမိပြန်ပါသည်။
ရှေ့ က အသက်ရှုလိုက်တိုင်း ပို့ (စ)လေးတွင် မမြင်နိုင်သော၊ သတိမပြုနိုင်သော အချိန်တို့ ၏ ရွေ့ လျားကုန်
ပျောက်နေမှုတို့ ကို ပေါ်လွင်နေစေရန် ရှေ့ ရေကို နောက်ရေတို့ က တွန်းသွားနေသည့်  ဧရာဝတီမြစ်ရေတို့ 
နှင့် လည်းကောင်း၊ လင်းနေတတ်သည့် မီးသီးမီးချောင်းတို့ နှင့်လည်းကောင်း ခိုင်းနှိုင်းဆွေးနွေးမိခဲ့ ပါသည်။
ရီမုကွန်ထရိုးလေးနှိပ်လိုက်ရုံနှင့်  တီဗီဖန်သားပြင်ပေါ်မှာ ရောင်စုံရုပ်သံတို့  ပေါ်လာရပုံကိုလဲ ကြားဘူးခဲ့ 
သလောက်ထည့် သွင်းတင်ပြမိခဲ့ ပါသည်။


ကုန်သွားတယ်ဆိုတော့ လဲ ၊ ဘယ်လောက်ကျန်နေပါသေးသလဲ ဆိုတဲ့  မေးခွန်းတစ်ခုကိုတော့  ရင်ဆိုင်ရအုံး
တော့ မှာပဲ ဖြစ်ပါသည်။

ကိုယ်နဲ့ မဆိုင်သလို၊ မဆိုင်သေးသလို ၊ မသိချင်ရောင်ဆောင်လို့ ၊ ကျော်သွားလို့  ရသည့် မေးခွန်းတစ်ခုလို
တော့ မဟုတ်နိုင်ဟုလည်းထင်ပါသည်။

ကျွန်တော်နာခဲ့ ဘူးသည့် တရားတစ်ပုဒ်ထဲကလိုပဲ ကိုကျော်သူကလဲ “ သူ ” တွက်ချက်ပြခဲ့ ဘူးပါပြီ။
လူတစ်ယောက်ရဲ့  သက်တန်းကို ခုနှစ်ဆယ်တန်းအနေနှင့် သတ်မှတ်ကြည့် ပါ။ ထိုခုနှစ်ဆယ်တန်းသော
သက်တန်းထဲမှ နှစ်၊လ၊ရက်တို့ ကို ဖွဲ့ ၍ မိမိ ကုန်လွန်အောင်နေခဲ့ ပြီးသော အချိန်တို့ ကို ကျန်နေအုံးမဲ့ 
ကိုယ်နေရအုံးမည်လို့  ထင်ရတဲ့ ထို အသက်ခုနှစ်ဆယ်ထဲမှပင် ထုပ်နှုတ်ကြည့် စေချင်ပါသည်။ဖတ်ရင်းနဲ့ 
လက်တွေ့ လေး လုပ်ကြည့် စေချင်ပါသည်။
ဘယ်လောက်ကျန်နေသေးပါသလဲ။
ကျန်သောအချိန်တို့ ကို ထပ်ပြီး သေးငယ်သွားအောင်၊ အသေးစိပ်သွားအောင် ရက် တို့ မှတဆင့်  နာရီ၊မိနစ်
စက္ကန့် တို့ အထိ ထပ်ဖွဲ့  လိုက်စေချင်ပါသည်။

အဖြေတစ်ခုတော့ ထွက်လာမှာသေချာပါသည်။
ကိုယ်ရလိုက်သည့် ကိုယ့် ရဲ့ ဝေစုကလေး ၊ ကိုယ် ချစ်ခင်ဖက်တွယ်နေခဲ့ ရသော၊ ပျော်ပိုက်စွဲမက်ခဲ့ ရပါသော
သံယောဇဉ်ရောင်စုံတို့ ဖြင့်  လိမ်းကျံ နေခဲ့ မိရပါသောလူ့ လောကကြီးတွင် တကယ်ပဲ နေရပါအုံးမည်ဟု
အထင်ရှိနေနိုင်သော ကိန်းဂဏန်းအရေအတွက်ကလေးများပဲမဟုတ်ပါလားလို့ ။
ခပ်ရဲရဲပဲ တွက်ကြည့် ကြစေချင်လှပါသည်။ ကိုယ့် ဘဝ အချိန်ရဲ့  ကျန်အုံးမဲ့  ဝေစုကလေးလေ..။
အဖြေထွက်သည့် အချိန်ကစ၍ စက္ကန့်  လေးသောအချိန်ကလေးများဖြင့်  နောက်ထပ်အကြာကြီး၊ အများကြီး
ရှိနေပါအုံးမည်ဟု ထင်နေရသောအချိန်တို့ ကို စ တင်ဝါးမျို ၊ ကွယ်ပျောက်နေတော့ မှာ ဖြစ်တာကိုလည်း
သတိပြုစေချင်လှပါသည်။

တကယ်တော့  “ အချိန် ” ဆိုတာကလဲ ကျွန်တော်တို့  လူသားတွေပဲ တီထွင် သတ်မှတ်ခဲ့ တာမဟုတ်ပါလား ။
လူမျိုးတိုင်းမှာတော့  ကိုယ့်လူမျိုးထုံးတန်းအစဉ်အလာနှင့်  သုံးနေသည့်  ပြက္ခဒိန်ရာသီတွေ သတ်သတ်မှတ်
မှတ်ရှိနေကြတာပဲဖြစ်ပါသည်။

အင်္ဂလိပ်လူမျိုးတို့ ကသာ ကမ္ဘာကို နယ်ချဲ့  လွှမ်းမိုးနိုင်ခဲ့ သောကြောင့် သာအင်္ဂလိပ်စနစ်ပြက္ခဒိန် အချိန်၊နာရီ
တို့ ကို တကမ္ဘာလုံးက “ စံ ” အဖြစ်၊ လက္ခံ ကျင့် သုံးနေကြခြင်းဖြစ်ပါသည်။

ကျွန်တော်လက္ခံထားတာကတော့  လူတွေ တီထွင်လို့ မရတာ၊ ဖန်တီးလို့ မရတာ “ ကုန်ဆုံးနေခြင်း”၊ “ ကုန်ခန်း
ကွယ်ပျောက်နေခြင်း ” ၊ “ ဘယ်တော့ မှ မမြဲခြင်း ” ၊ “ မြဲမနေနိုင်ခြင်း ” တို့ ပဲ ဖြစ်ပါသည်ဟု။

ကျွန်တော်တို့  လောကကြီးတစ်ခုလုံးတွင်“ အရာရာမတည်မြဲခြင်း ” တစ်ခုပဲရှိနေပေမဲ့ အဲ့ ဒီတစ်ခုထဲရှိနေတာကို
ကျွန်တော်တို့ က မမြင်မိခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အင်းလေ.. အားလုံးက ပညတ်ချက်တွေကြားထဲမှာပဲ တကယ့် အရှိသဘောတွေ၊ ပရမတ် သဘောတွေ ကွယ်
ပျောက်နေခဲ့ ရခြင်းပဲမဟုတ်လား..။

တနေ့ ...
ကျွန်တော်တို့  ဝေစုလေးကုန်သွားလို့ ..၊
ကိုယ့်ရဲ့  ဘဝအချိန်လေးကုန်သွားလို့ ..၊
ကိုယ်တွက်ချက်ထားခဲ့ တဲ့  ကိန်းဂဏန်းလေးတွေ ကုန်သွားလို့ ..၊
ဘဝ ရဲ့  နေဝင်ချိန်ရောက်လာလို့  ကျွန်တော်တို့  တွယ်တာနေခဲ့ မိတဲ့  သည်လောကကြီးထဲက
ကိုယ်တစ်ယောက်ထဲပဲ ပြန်ထွက်သွားခဲ့ ရရင် ..၊
ကိုယ်က ကိုယ်ချစ်ခဲ့ တဲ့ သည်လောကကြီးအတွက် ဘာတွေ ထားခဲ့ နိုင်မလဲ...၊

ကိုယ်ကရော သည်လောကကြီးထဲက ဘာတွေယူသွားခဲ့ နိုင်မလဲ ....၊
ဒိထက်ပိုပြီး ကိုယ်တစ်ယောက်ထဲ ဘယ်သောင်၊ ဘယ်ကမ်းဆိုက်ရပါအုံးမလဲ....၊
အော်... တကယ်တော့  ဝင်လာတုံးကလဲ တစ်ယောက်ထဲ..၊
ပြန်ထွက်သွားရတော့ လဲတစ်ယောက်ထဲပါပဲ...၊
ကိုယ်ရခဲ့ တဲ့  သည်ဘဝလေးကိုရော တကယ်ပဲ ကျေနပ်ခဲ့ ပါရဲ့ လား ..၊
သည်ဘဝမှာ ချစ်ခဲ့ ရသူတွေနှင့်ရော ... နောက်ဘဝ၊ နောင်ဘဝ တွေမှာ စုံနိုင်ပါအုံးတော့ မလား..။


သည်ပို့ (စ)လေးကို ခပ်သော့ သော့ လေးရေးနေရင်းက ၊ ကီးဘုတ်ပေါ် ရိုက်နေမိသော ကျွန်တော့်လက်ချောင်း
လေးတွေ ဆက်မဖေါ်ချင်တော့  ၊ဆက်မလှုပ်ချင်တော့ လောက်အောင် အေး၍အောင့် လာသလို ဖြစ်လာရပါ
သည်။ရေခဲတုံးတွေ ကိုင်လာရသလိုပါပဲ။ ပိတ်ထားတာကြာနေသော အဲယားကွန်းမှ အခန်းအပူချိန်ကိုလှန်းကြည့်
လိုက်တော့  ဆယ့် နှစ်ပဲ ရှိပါတော့ သည်။ သည်အတိုင်းဆို အပြင်မှာ တစ်ဆယ်လောက်ပဲရှိမည်ထင်ပါသည်။
ရင်ထဲမှာနွေးချင်ပေမဲ့  အပြင်မှာရှိနေသောအအေးတို့ က ကျွန်တော့် အပေါ် ပြိုဆင်းလာသလိုပါ ..။

သည်နှစ်ဆောင်းကတော့  ဆွေ့  ဆွေ့ ခုန်ရလောက်အောင် အေးပါသည်။
မိုးလေးကလဲ တစွေစွေ ဆိုတော့ တစ်ချက်ချက် ကြက်သီးတို့ တောင် ထ မိရပါသည်။
ခေါင်းစွတ်တွေ ၊ ခြေအိပ်၊လက်အိပ်တွေ ဝတ်ရပါတော့ သည်။
ပူသောတိုင်းပြည်မှ လာရသူပီပီ ၊ ရာသီ ကြမ်း ကိုရင်ဆိုင်ဘို့  ပြင်ရပါတော့ မည်။
သည်တစ်ညလဲ အိပ်ပျော်အောင်ကြိုးစားရပါအုံးမည်။
ရေးလက်စပို့ (စ)လေးကို နောက်ဆုံးအကြိမ်အဖြစ် ပြန်ဖတ်ကြည့်နေမိသည်။
စာတွေပြန်စစ်နေတုံး ထက်အောက်ဘယ်ညာရွှေ့ နေရသည့် မော့ (စ)လေးကိုတောင် ရွှေ့ နေဘို့  ခက်လာရ
ပါသည်။ အေးလာလို့ ပါပဲ..။

ဘာပဲပြောပြော သိပ်မကြာခင်ရက်အတွင်းမှာပဲ နှစ်တစ်နှစ်သို့  ကူးပြောင်းရပါတော့ မည်။
နောက်ဆုံးနာရီ၊မိနစ်၊စက္ကန့် လေးတွေမှတဆင့် လူတွေသတ်မှတ်ထားသော နောက်ထပ်တစ်နှစ်၊ နှစ်သစ်တစ်ခု
သို့  ကူးပြောင်းပါတော့ မည်။ သည်ဘက်နှစ်က အဟောင်းတွေက ရော်ရွက်တွေလိုပဲ ကျန်ခဲ့ ရပေအုံးတော့ မည်။

နှစ်သာကူးခဲ့ ပေမဲ့  သည်နှစ်လဲ ဆောက်တည်ရာတို့  ရ နိုင်ဖွယ်မမြင်မိတော့ 
ထောက်တည်ရာလေးတစ်ခုရအောင် “ အသက်ရှု ” ဘို့  ကြိုးစားကြည့် ရပါအုံးမည်.. လို့  ။

......................................................................................................................................

( ဖတ်မိ၍ ကျွန်တော်ကြိုက်မိသွားသော စာအုပ်တစ်အုပ်မှ စာစုလေးများကို မကြာခင် ပြန်လည်ကူးယူဖေါ်
ပြချင်ပါသည်။ အနယ်နယ်အရပ်ရပ်သို့  ကစင့် ကလျား ရောက်နေရသော ညီအကိုမောင်နှမများကိုလည်း
ကိုယ်စားပြုမည်ဟု ထင်မိပါသည်။ )







Sunday, December 19, 2010

ဆယ်မိနစ်ကလေး..

အသက်ရှုလိုက်တိုင်း ( ၃ ) မှာ ကြည့် လို့ မထွက်၊ သိ ဘို့ ကိုတောင်ခက်လွန်းလှပြီး သိပ်မြန်လွန်းနေသော
ကြောင့်  ကြာနေရပါသည်ဟု ထင်နေရသည့် အချိန်တို့ ၏ သဘောကို အနှေးပြကွက်များလို တထစ်ချင်း၊တဆစ်
ချင်း ခွဲ ဆန့် ထုပ်၍ ဆွေးနွေးမိခဲ့ ပါသည်။

သညိပို့ (စ)လေးက အသက်ရှုလိုက်တိုင်း ( ၄ ) ဖြစ်ပေမဲ့  ခေါင်းစဉ်လေးကြိုက်လို့  ပြောင်းမိတာဖြစ်ပါသည်။

သည်နေရာတွင် ကျွန်တော်ပြောလိုသည့် တစ်ခုကတော့  ဖြစ်လိုက်ပျက်လိုက်သဘောတွေ ၊ ဝင်လေ ထွက်လေ
တို့  မှတ်နေသည့်  အကြောင်းတွေကို ဆရာကြီးလေသံနှင့် ပင် ပြောဆိုနေမိပေမဲ့  တကယ်တော့  ကျွန်တော်
ဆိုသည့် အကောင်က ဘာကောင်မှ မဟုတ်ပါဟု တောင်းပန်စကားလေးဆိုခွင့် ပြုစေချင်ပါသည်။

ရှေ့ အပိုင်းတွေမှာ ရေးခဲ့ သလို ဘာသာရေးလင့် ကလေးတွေ ဝင်ကြည့် လေ့ လာမိရင်းမှ ဆရာတော်ကြီးများ
၏ တရားခွေတို့ ကို တစ်ပုဒ်စ၊ နှစ်ပုဒ်စ နာ မိသွားရင်း အော.. ဒီလိုတော့ လဲ တယ်ဟုတ်ပါလား .. ဟု ပီတိလေး
တွေ ဂွမ်းဆီထိလိုက်သလိုဖြစ်သွားရင်း ကြွကြွတက်တက် ဖြင့်  ရေးစရာပြတ်တုံး ရေးအုံးမှ ဟု အကြံ ရပြီး ထရေး
နေမိခြင်းပဲဖြစ်ပါသည်။

ကျွန်တော် မကြာခဏ နာ နေမိသည့်  တရားတော်များကတော့  ဘုန်းဘုန်းကြီး အရှင်ဇေယျာပဏ္ဏိတ(ပိုင်းလော့ 
ဆရာတော်) နှင့် ၊ဆရာတော် အရှင်ဇဝန ( မေတ္တာရှင် ) ရွှေပြည်သာ တို့ ပဲဖြစ်ပါသည်။ ဆရာတော်ကြီးများက
တရားဟောသည့် အခါတိုင်း သန့် ရှင်းစင်ကျယ်ပြီးအေးမြလှသောမေတ္တာ၊စေတနာ၊ မဟာဂရုဏာတို့ ဖြင့်  ဖြန့် 
ကြက်ဟောကြားလေ့ ရှိနေသောကြောင့်  လုံသောနားကြပ်အိမ်ထဲမှ ဆရာတော်ကြီးတို့ ၏အသံတို့ ဖြင့် ဆူနေ
နေသောကျွန်တော့် ရင်တွေ ငြိမ်းအေးနေခဲ့ ရပါသည်။

တစ်သက်နဲ့ တစ်ကိုယ် တရားတစ်ပုဒ်ကို စိတ်အေးအေး၊ စိတ်ရှင်းရှင်းဖြင့် ပြီးဆုံးသွားအောင် ဘယ်တော့ မှ မနာ
ခဲ့ မိပဲ ကုန်လွန်သွားခဲ့ သောအချိန်များကိုလည်း ပြန်သတိရမိလာခဲ့ ပါသည်။ အင်းလေ.. လူဆိုတာ ခလုတ်ထိမှ
အမိကို “တ” တတ်မျိုးဆိုတော့ ကျွန်တော်လဲ ထိခိုက်လာသည့် အချိန်တို့ ရောက်မှ အမိနှင့် တူသော တရားတို့ 
အနား ရောက်မယ်လုပ်မလို့  ရှိလာသေးတာပဲဟု တွေးမိပြန်ပါသည်။


ကောင်းတာလေးများတွေ့ ရ၊ သိရ ၊ ကြားရ ၊ စားရ လိုက်လျင် ကိုယ် ချစ်တဲ့ ခင်တဲ့ သူများကို အရင်ဦးဆုံးအမြဲပဲ
သတိရလိုက်တတ်သည့်  လူတိုင်းတွင်ရှိတတ်သည့် အကျင့် ကလေးကြောင့် လဲ ကျွန်တော့် ဆီ ဝင်ရောက်
ဖတ်ရှု့ နေတတ်သော လက်ချိုးရေလို့ ရသည့် ကျွန်တော်ချစ်သော လက်တစ်ဆုပ်စာပရိတ်သတ်လေးအတွက်
ကျွန်တော့်  လို တယ်ဟုတ်ပါလား.. ဟု ဖြစ်စေချင်ခဲ့ သည့် စေတနာလေးပါပဲဟု ရိုးသားစွာတော့  ဝန်ခံရဲပါ
သည် စာဖတ်နေသူများခင်များ... လို့  ။


ကျွန်တော်က အခုမှ ကြားဘူးပြီး အခုပဲ ဂရောင်ချောက်ခြား ထအော်လိုက်သလိုဖြစ်နေပေမဲ့  ကျွန်တော့် ထက်
သိပြီး ကြားပြီး လုပ်ပြီးသားသူများရှိနေခဲ့ လျင်လည်း ကျွန်တော်ရေးသမျှ အမှားများ၊ အလွဲများ၊ မလျော်မကန်
များပါနေခဲ့ သည်ရှိသော် ခွင့် လွှတ်ပေးပါရန်အတွက်တောင်းပန်ရင်းက ရေးလက်စလေးကို ဆက်ရေးခွင့် ပြုစေ
ချင်ပါသည်။

လှဲ၊နေ၊ရပ်၊သွား အနေအထားအမျိုးမျိုးဖြင့်  ရှုတာလေးကို သိ သိ ပေးလို့ ရတယ်ဆိုပေမဲ့  သတိရတုံးလေး
စက္ကန့် ပိုင်းလောက်အချိန်လေးတွေမှာ သိပေးခဲ့ နိုင်လို့  ဟုတ်သလိုလိုရှိနေခဲ့ ပြီး လုပ်ငန်းဆောင်တာတွေက
အများသားဆိုတော့ လဲ မေ့ လျော့ သွားနေသည့်  အချိန်ကများနေရသလို မြင်တွေ့  ကြားသိနေသမျှအာရုံတို့ 
နောက်သာတကောက်ကောက်လိုက်သွားနေမိကာ ဇော မျိုးစုံဖြင့်  တစ်နေကုန်သွားမိရင်း အမောတို့ နှင့် သာ
ကိုယ့် အခန်းလေးထဲ ပြန်ရောက်လာခဲ့ ရပြန်ပါသည်။

ဇောကလေး၊ အမောကလေးနှင့် ပဲ နေ့ ကလေးတစ်နေ့ ( သို့  ) ဘဝလေးတစ်ခု စုဆောင်းမိသွားခြင်း၊ နောက်
တနည်းပြောရလျင် အဆုံးသတ်သွားရပြန်ခြင်းပဲဖြစ်ပါသည်။

ကြုံသလို အသက်ရှုနေမိတော့ လဲ အာရုံတို့ က ကြုံသလိုပဲ ရောက်ရက်ခတ်ခတ်နေရပြီးအလုပ်နားရသည့် တနေ့ 
တွင် ဘုရားစင်ရှေ့ ဝယ် ကျကျနနလေးပဲ ဘုရားဝတ်ဖြည့် ၍ တရားတော်တို့ ၏ မှုလပိုင်ရှင်အစစ်ဖြစ်တော်မှု
သော ဘုရားရှင်ထံ ကျွန်တော်ရဲ့  အသက်နှင့် ခန္ဓာကိုယ်ကို ဝကွက်အပ်ရင်း ချစ်သောကြည်ညိုသောစိတ်တို့ ဖြင့် 
ဘုရားရှင်၏မျက်နှာတော်ကို တဝကြီးမော်ဖူးလိုက်ကာ အသက်ရှုခြင်းဖြစ်သော အာနာပါနကမ္မဌာန်းကို ပေး
သနားတော်မှုပါရန်တောင်းဆိုမိခဲ့ ပါသည်။

ထို့ နောက် တင်ပြင်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ရင်း ကြည့် ၍မြင်နေသော အမြင်အာရုံတို့ ကို
အရင်ဆုံးဖြတ်တောက်နိုင်ရန် မျက်လုံးနှစ်လုံးကို အသာပိတ်လိုက်ရပါသည်။

အာရုံအားလုံး၏ တံခါးဝက မြင်နေသောမျက်လုံးအစုံတို့ ပင်ဖြစ်နေပါသည်။

ကိုယ့် မျက်လုံးတွေရုတ်တရက်ပိတ်လိုက်သောကြောင့်  ကိုယ့် လောကလေးက မှောင်အတိကျသွားသော်လည်း
ဆက်လက်ကြားနေရသေးသည့် ဝန်းကျင်တစ်ခုလုံး၏အသံမျိုးစုံတို့ ကြောင့်  မှိတ်ထားမိသော မျက်ဝန်းများမှ
တဆင့်  ကိုယ့် အာရုံမှာ ပုံရိပ်များ အထပ်ထပ်ထင်လာနေပြီး မငြိမ်ချင်သေးသော ရင်ခုန်သံတို့ နှင့် အတူပဲ
ကျွန်တော့် ရင်ထဲမှာ စကားတွေပြောနေပါတော့ သည်။

အောက်ဖက်လမ်းမကြီးပေါ်မှ ကားသံတွေ ၊ လူသံတွေ ၊ မနေ့ က အလုပ်ထဲမှကိစ္စများ ၊ ညနေ ဘာဟင်းနဲ့  စားရ
ရင်ကောင်းပါ့ မလဲ .. စ တဲ့  အာရုံတွေ အစီစီ အထပ်ထပ်ပေါ်နေပေမဲ့ လဲ သတိဖြင့်  အသိစိတ်ကို ထိန်း၍ ရှု နေ
တာလေးကိုပဲ သိ သိ ပေးနေမိပါသည်။

တစ်ဘဝလုံး လွတ်ချင်တိုင်းလွတ်၍လာသော ကိုယ့် စိတ်ကလေးကို ချဉ်တိုင် တစ်ခုတွင် စ တင်ချဉ်နှောင်ခြင်းလဲ
ဖြစ်ပါသည်။

မှောင်မိုက်သွားနေသော အမြင်အာရုံတို့ မှတဆင့်  တဒိတ်ဒိတ်ခုန်နေသေးသောရင်ခုန်နေသံတို့ က ကျွန်တော့် 
နားထင်နှစ်ဖက်မှာ လာမည်ဟီးနေသလို ဖြစ်နေပါသည်။ တိပ်ဆိပ်ငြိမ်သက်ခြင်း၏ အတွေ့  များကို ပထမဦးဆုံး
စတင်တွေ့  ရှိခြင်းလဲ ဖြစ်မည်ထင်ပါသည်။နှလုံးခုန်နေသံတို့ ကိုတောင် ပြန်ကြားမိနေသလိုပါပဲ။

ကျွန်တော့် ဘဝမှာ သည်လိုငြိမ်သက်သွားခြင်းကို ဘယ်တုံးကမှ မတွေ့ ခဲ့ ဘူးတာကတော့  အမှန်ပဲဖြစ်ပါသည်။

ဝင်လေ ထွက်လေတို့ ဖြင့်  အသက်ရှုနေသေးတာကို သတိလေးကပ်ကပ်ပြီး သိသိပေးနေရင်းက မမြင်ရတော့ 
ပေမဲ့  ကြားနေရသေးသောအာရုံမျိုးစုံတို့ ကြောင့်  “ လုပ်ရအုံးမယ်၊ ရအုံးမယ် ... ” ဆိုသည့်  တစ်သက်လုံးပဲ မပြီး
ဆုံးနိုင်သေးသောခေါင်းစဉ်တွေအစီအရီပေါ်လာပြီး ပိတ်သောမျက်လုံးတို့  ပွင့် လာအောင်၊ ငြိမ်၍ထိုင်နေမိသော
ကျွန်တော့် ခန္ဓာကိုယ်ကြီးကို ချက်ခြင်းလှုပ်ရမ်းပြီး ခုန်ထ လာအောင် မသိစိတ်တို့ က အတင်းလှုံ့ ဆော်လာပါ
တော့ သည်။

ကိုယ်ကျင်လည်ခဲ့ ရာ ဘဝတလျှောက်လုံး၊ တသံသယာတလျှောက်လုံး စွဲစွဲလန်းလန်း တွယ်တွယ်တာတာနှင့် 
အရောင်မျိုးစုံလှသော “ သံယောဇဉ် ” မျိုးစုံတို့ ဖြင့်  လိမ်းကြံနေမိခဲ့ သော သည်လိုအာရုံတွေကို အခုတစ်ထိုင်
ထဲနှင့် တော့  ရုတ်ချဉ်းဖြတ်လို့ မရစကောင်းဟု ကျွန်တော်တော့  ထင်မိပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်မိမှတော့  ရသလောက်ဆက်တိုးကြည့် ဦးမယ်ဟု စိတ်ကို တင်း ထားပြီး ရှုမှတ်နေတာ
လေးကို သတိလေး လွင့် မသွားအောင် ဆက်ကပ်ထားနေတုံးမှာပဲ ကိုယ့် စိတ်ထဲမှာ အတွေးမျိုးစုံတို့ ဖြင့်  ပုံတွေ
ဆက်တိုက်ဖေါ်နေမိပါတော့ သည်။

မထိုင်လိုက်မီလေးတင်နောက်ဆုံးလုပ်ခဲ့ မိသည့် အာရုံပုံရိပ်တွေ၊ မနက်က ဖြစ်ပြီးလုပ်ပြီးသွားသောကိစ္စတွေ၊
နောက်မကြာခင်လုပ်ရအုံးမည့်  အာရုံတွေ ၊ မိုင်ပေါင်းများစွာဝေးကွာလွန်းနေသောနေရာတို့ မှ ပုံရိပ်တွေအပြင်
ကိုယ့် အနီးအနားမှာပဲရှိနေသောပုံရိပ်တွေ အိုစုံလို့ ပါပဲ ၊ ထိုမရေတွက်နိုင်တော့ လောက်အောင်များပြားလွန်း
သောအာရုံပုံရိပ်များနှင့်  ကျွန်တော့် ရင်ထဲမှာ စကားတွေပြောနေလိုက်တာလေ..။

ရှုနေဆဲ ၊ ထုပ်နေဆဲမှာပဲ ထိုအာရုံပုံရိပ်တွေကလည်း အတွဲလိုက်ကြီးလိုက်လိုက်ပါနေသလိုပါပဲ။
စိတ်တွေ ၊ အာရုံတွေကို ပထမဆုံး စ တင် သတိပြုမိခြင်းလဲ ဖြစ်မည်ထင်ပါသည်။ အမြဲတန်းနစ်မွန်းနေရသည့် 
သံယောဇဉ်အာရုံတို့ မှ ကိုယ်က ပထမဆုံး ကုန်း ထပစ်ဖို့ ၊ ရုန်း ထပစ်ဖို့  ကြိုးစား ကြည့် မိတာကိုး ..။

နာမည်ကျော် “ GHOST ” ရုပ်ရှင်ထဲကလို ကိုယ့် ကိုယ်မှ ခွာ၍ ကိုယ့် ကိုယ်ကို ပြန်ကြည့် မိခြင်းလဲ ဖြစ်မည်ဟု
တွေးလိုက်မိပါသည်။

အော်... စေးကပ်လွန်းသော သံယောဇဉ်ပင်လယ်ကြီးထဲမှာ ကမ်းမမြင်၊ လမ်းမမြင် ကူးခတ်နေသော ကျွန်တော့် 
ကို မြင်လိုက်ရပေမဲ့ ထိုပင်လယ်ကြီးကိုပဲ မလွန်ဆန်နိုင်ခဲ့ သောကြောင့်  ထိုနေ့ က ကျွန်တော်အဆောတလျင်ပဲ
“ ထိုင် ” နေခြင်းမှ “ ထ ” လိုက်မိခဲ့ ရပါတော့ သည်။

ရတော့ ရခဲ့ မိပါသည်။
ဆယ်မိနစ်ကလေးသောအချိန်ကလေးမျှသာပဲဖြစ်ပါသည်။
ကျွန်တော့် ဘဝရဲ့  ပထမဦးဆုံးသော“ အချိန်ထူး ” ကလေးလဲဖြစ်ခဲ့ ပါသည်။
မနိုင်လို့  ရှုံး သွားသလို ဖြစ်ခဲ့ ပေမဲ့ ထိုဆယ်မိနစ်လေးသောအချိန်တို့ မှာပဲ ကျွန်တော့် ရင်ခုန်သံတို့ ကို
အတော်အတန်ထိန်းချုပ်ထားနိုင်ခဲ့ ပါတော့ သည်။ ကိုယ်တွေ့  လေးပါပဲ။
ငြိမ်းအေးသွားခြင်းနှင့်  မငြိမ်းအေးသေးခြင်းကို “ လှစ် ” ကနဲ တွေ့  လိုက်မိသလို ဖြစ်ပါသည်။
ရှု တာလေးကို သတိလေးကပ်၍ သိသိ ပေးလိုက်နိုင်သောကြောင့်  ကျွန်တော့် ရင်ဝယ်သိသာစွာငြိမ်ခဲ့ ရပြီး
ပြန်ထုပ်နေမိသော အမြဲနွေးသည့် လေတို့ ပါ အေးနေခဲ့ ရပါတော့ သည်။ ထိုနေ့ ကလေးကပါပဲ...။

..................................................................................................................................





Sunday, December 12, 2010

အသက်ရှု လိုက်တိုင်း .... ( ၃ )

အသက်ရှုပါ ဟု ကျွန်တော် အပိုင်း( ၁ ) နှင့်  ( ၂ ) တွင် အခါခါပဲ ပြောမိခဲ့ ပါသည်။
အသက်ရှုနေသည့် အချိန်နှင့် အမျှပဲ ကိုယ် တစ်နေ့ တာကျင်လည်နေရသော ဝန်းကျင်တို့ မှ အမျိုးမျိုးသော
အာရုံတို့ ကြောင့်  နေ့ လေးတစ်နေ့  ဘဝလေးတစ်ခု ကုန်ဆုံးသွားတိုင်း ကိုယ့် စိတ်ဘဝင် ကလေးကတော့ 
အမြဲတန်းညစ်နွမ်း ပင်ပန်းနေခဲ့ ရသည်ဆိုတာကိုလည်း ဆွေးနွေးခဲ့ မိပါသည်။ တငွေ့ ငွေ့  သော မီးအိုးကလေး
ကို ရင်ဝယ်ဆွဲချိတ်မိနေရင်းက ကိုယ့် ဘဝရဲ့  ဘယ်တော့ မှ ပြန်မရနိုင်တော့ သည့်  ဘဝနာရီ၊ ဘဝ အချိန်များကို
အမှုမဲ့  ဖြတ်ကျော်လာနေပြီး ဘဝရဲ့  နေဝင်ချိန်ကိုတောင် တဖြည်းဖြည်းရောက်ရှိလာကြပြီဟု မြင်မိပါသည်။

ဘယ်တော့ မှ အနိုင်မရခဲ့ ဘူးသော လောကကြီး ထဲမှာ အရွယ်အမျိုးမျိုးသော ကျွန်တော်တို့ က ပုံသန္တန်မျိုးစုံဖြင့် 
အမှုမဲ့ အမှတ်မဲ့  ဖြတ်ကျော်မိနေရင်း လျင်မြန်စွာကုန်ဆုံးနေသော ၊ ပျောက်ဆုံးသွားနေသော အချိန်နာရီတို့ ကို
လည်း သတိမပြုမိပဲ ရှိနေကြပါသည်။

သည်နေရာမှာတော့  ကျွန်တော်နာယူမှတ်သားခဲ့ မိသော အလွန်မြန်လွန်းနေသောကြောင့် အကြာကြီး ပါ ၊
မပျောက်တော့ ပဲ မြဲ နေတုံး ၊ ရှိနေတုံးပါ ပဲ ဆိုသည့် “ သဘော ” လေး တစ်ခုကို ထည့် သွင်းဆွေးနွေးကြည့် ချင်
ပါသည်။

မီးသီး ၊ မီးချောင်း တို့ ကို ခလုပ်ကလေးနှိပ်လိုက်ရုံမျှဖြင့်  အမြဲတန်းလင်းနေပါသည်ဟု အမြင်အားဖြင့် အထင်မှား
ရှိလိုက်နိုင်သော်လည်း အတွင်းထဲရှိတန်စတင်နန်းကြိုးတို့ တွင် သိပ္ပံသဘောအရ မတူညီသော အဖို၊အမဓါတ်
သဘောတို့  အကြိမ်ကြိမ် တွန်းကန် ဖြစ်ပျက်လာပြီးမှအမြဲ တန်း နေရသည့်  အလင်းတန်းကြီး ဖြစ်ပေါ်နေရသလို၊
အမြဲပဲ တငေးငေးနှင့်  ကြည့် နေခဲ့ မိသော တီဗွီ ဖန်သားပြင်ပေါ်ဝယ် ရောင်စုံလွန်းသော ရုပ်သံတို့  ထွက်ပေါ်လာ
ရသည်မှာလည်း တစ်စက္ကန့် လေးအတွင်းမှာပင် မတူညီသော မော်လီကျူးဒြဗ်အမှုံတို့  သူတို့ အချင်းချင်း အကြိမ်
ပေါင်းသိန်းသန်းမကအောင် ရိုက်ခတ်လိုက်ရခြင်းကြောင့်  ဖြစ်ပေါ်လာရသည်ဟု မှတ်သားထားမိပါသည်။

မတူညီသောသဘောတွေ ရိုက်ခတ်နေရသောကြောင့်  အကြိမ်ကြိမ်ပဲ မော်လီကျူးအဟောင်းတို့  ပျက်စီးပျောက်
ကွယ်သွားရသည့် တစ်ချိန်ထဲမှာပဲ အသစ်သစ်သောမော်လီကျူးအသစ်တို့ သည်လည်း တပြိုင်နက်ထဲ အစား
ထိုး ဖြစ်ပေါ်သွားရသည့်  ဖြစ်စဉ် အားလုံးတို့ သည် မျက်စေ့ တမှိတ် ၊ လျှပ်တပြက် အတွင်းကလေးမှာပဲ ဖြစ်ပေါ်
ခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အမြဲမပြတ်ပဲ နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ ဖြတ်သန်းစီးစင်းနေသည့်  “ ဧရာဝတီမြစ်ကြီး ” နှင့် ခိုင်းနှိုင်း
ထားသော ဥပမာတစ်ခုကိုလည်း မှတ်မိနေပါသေးသည်။ တသွင်သွင်စီးစင်းနေသောမြစ်ရေတွေကို အမှတ်မဲ့ 
ကြည့်လျင်တော့  မြစ်ရေတွေက စဉ်ဆက်မပြတ်ပဲ အမြဲပြည့် နေ၊ ရှိနေသလို၊ မြဲ နေသလို ထင်ရ မြင်ရပေမဲ့ 
ဒိထက်များ မြစ်ပြင်ထဲကို စူးစူးစိုက်စိုက် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျင်ဖြင့်  “ ရှေ့  ရေ ကို၊ နောက်ရေ က တွန်း
သွားနေတဲ့  အရှိသဘော တွေ ပဲ ” မြင်လာရမည်ဖြစ်ပါသည်။

မြစ်ရေထဲကို ခြေရာ တစ်ခါပဲ ချလို့ ရပါမယ် ဟူသော စကားပုံတစ်ခုကိုလည်းအမှတ်ရမိလာပါသည်။
ပထမဆုံးချလိုက်မိသည့်  ကိုယ့်ခြေရာက ချသည့် နေရာတွင်ပဲ မရှိတော့ တဲ့ သဘော တစ်ခုကို ပြောချင်တာဟု
လည်း ထင်မိပါသည်။


လျင်မြန်စွာပဲ ဖြစ်ပျက်ပြောင်းလဲနေတတ်သော သဘောကို ကျွန်တော်တို့  သာမန်မျက်စေ့ ဖြင့်  အလျင်မှီအောင်
လိုက်မကြည့် နေနိုင်ပေမဲ့  တကယ့် အစစ်အမှန် “ သဘော ” လေးကိုတော့  အရှိအတိုင်း မှတ်ယူရမည်ပဲဖြစ်ပါ
သည်။ ငြင်းလို့ မရသည့်  တကယ့်  အရှိသဘော ပါဟုလည်း ဆင်ခြင်မိပါသည်။

အရှိသဘော ... တဲ့ ။
သိပ်အရေးကြီး နေပါသည် ။
ထိုမျက်စိတမှိတ် လျှပ်တစ်ပျက်အတွင်းမှာကိုပဲ တရွရွ တမွမွ ဖြင့်  အဟောင်းအဟောင်းတို့  ချုပ်ညိမ်း၍ အသစ်
အသစ်တို့  ထပ်ပြန်တလဲလဲ အစားထိုးနေသည့် အချိန်တွေ ၊ရုပ်ဝတ္ထုတွေ ကနေတဆင့်  မိမိရဲ့  ခန္ဓာအိမ်ကြီး
ထဲရှိ အသွေး၊အသား ဆဲလ် အမှုန်တွေ ရုပ်ကလတ်စည်းတွေ အထိ တဆင့် ပြီးတဆင့်  ဆွဲယူထိုးဖောက်ပြီး ခံစား
ကြည့် လိုက်စေချင်ပါသည်။

အဟောင်းအဟောင်းတို့  အမြဲ ကုန်ဆုံးပျောက်ကွယ်နေသလောက် အသစ်အသစ်တို့ ဖြင့်  အမြဲအစားထိုးဖြစ်
တည်နေသော မမြဲသည့် သဘောတရားတို့ နှင့် သာ ဖြစ်တည်နေရသည့်  မြဲ သည်ဟု ထင်နေရသည့်  ကျွန်တော်
တို့  ခန္ဓာ အိမ်တွေမဟုတ်ပါလား လို့ ။

ကျွန်တော်တို့  အရွယ်ရောက်လာသည့် အချိန်မှစ၍ ယနေ့ အချိန်အထိ ကျင်လည်နေခဲ့ ရသော ဗုဒ္ဓဘာသာ
အသိုင်းအဝိုင်းကြီးထဲမှာ နီးနီးတစ်မျိုး၊ ဝေးဝေး တစ်မျိုး၊ တိုးတိုးတစ်မျိုး ၊ကျယ်ကျယ်တစ်မျိုး ကြားကြားနေခဲ့ ရ
သော ဆရာတော်ကြီးများ အာပေါက်အောင် အကြိမ်ကြိမ် သင်ကြားနေသော “ ဖြစ်ပြီးတဲ့  အရာတိုင်း ပျက်နေ
ရသော ဖြစ်ပျက် ” ဆိုသည့် တကယ့် အရှိသဘော ကိုဖြင့်  အထက်က တင်ပြခဲ့ သည့်  မြန်လွန်းသောကြောင့် 
ကြာနေ ၊ မြဲနေရပါသည် ဆိုသည့်  သဘောတရားတို့ နှင့် သာ နှိုင်းယှဉ်လက္ခံ လို့ ရပါသည်ဟု ပြောကြည့် ချင်
ပါသည် ။

အရင်တုံးကတော့  ကြားဘူးနားဝရှိနေသည့် “ ဖြစ်ပျက် ” ဆိုသည့်  ဝေါဟာရကို ကျွန်တော်လုံးဝ နားမလည်နိုင်
အောင်ကိုဖြစ်နေခဲ့ ရပါသည်။ ကျွန်တော့် ဘိုးဘွားမိဘတွေအားလုံးက အစဉ်အဆက် ဗုဒ္ဓဘာသာဝင်များပဲဖြစ်ခဲ့ 
၍သာ ကျွန်တော်က မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်နေရုံမျှပဲဆိုတော့ လဲ ဗုဒ္ဓစာပေ၊ ဗုဒ္ဓဘာသာ၏
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်သဘောတရားတွေ ၊ ကျင့် စဉ်တွေနှင့်  နီးနီးကလေးဖြစ်နေပေမဲ့  အမြဲ ဝေးဝေး မှာ
သာရှိနေခဲ့ ရပါသည်။

ယ္ခုတော့  မိတ်ဆွေတစ်ချို့  ဆီမှ ရရှိလိုက်သော ဘာသာရေး “ လင့် ”ကလေးများကို တဖြည်းဖြည်းဝင်ရောက်
နာယူ ဆင်ခြင်မိလာရင်းမှ တစ်သက်လုံးမှာမှ လုံးဝ နားမလည်ခဲ့ ဘူးသော “ ဖြစ်ပြီးတိုင်းပျက်နေသည့် ဖြစ်ပျက်
သဘော ” လေးတွေကို သဘောပေါက်သလိုလို ရှိလာခဲ့ ပါသည်။ ခု ချိန်ထိ “ သလိုလို ” အဆင့် ပဲ ဆိုတာကို
တော့ ရိုးသားစွာပဲ ဝန်ခံ လိုက်ပါသည်။


ကျွန်တော်တို့ လိုသာမန်ပုထုစဉ်တို့ အနေနှင့် တော့  ထိုကဲ့ သို့  မိနစ်စက္ကန့် မပြတ်၊ မျက်စေ့ တမှိတ် လျှပ်တပြက်
အတွင်းကလေးမှာတောင် မမြဲနိုင်အောင်ပဲ ကိုယ့် ခန္ဓာအိမ်ကြီး တစ်ခုလုံး ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို ဘယ်
လိုနည်းနဲ့ မှ မမြင်နိုင်ပေမဲ့ “ ဗုဒ္ဓ ” ရှာပေးခဲ့ သော ဘယ်တော့ မှ မပြောင်းလဲ ၊ မမှားယွင်းနိုင်သည့်  ထာဝရအမှန်
တရားကိုတော့  နားလည်နှလုံးသွင်းထားသင့် ပါသည်။

ဘုရားရှင်မြင်သလိုမမြင်နိုင်ပေမဲ့ လဲ ဘုရားရှင်က သူမြင်တာတွေအားလုံးကို အရှိအတိုင်းပဲ ဟောကြားထားခဲ့ 
တာတွေ ဖြစ်သောကြောင့်  ဗုဒ္ဓ ရဲ့  သာသနာကို ကိုးကွယ်နေကြတဲ့ ကျွန်တော်တို့ အားလုံးက အကြွင်းမဲ့ ယုံ
ကြည်လက္ခံရမည်ပဲ ဖြစ်ပါသည်။

လူပိန်းတွေးဖြင့်  တကယ်ပဲ မကုန်တော့ ပါဘူး ၊ မြဲ နေတုံးပါပဲကွာ ဟု ဆိုလျင် ကျွန်တော်တို့  အခု ဘယ်အရွယ်
ရောက်နေခဲ့ ကြ ပြီ လဲ လို့ ။ ငယ် သူတွေ ကြားထဲမှာ ကိုယ်ပါ မေ့ မေ့ လျော့ လျော့ နှင့်  ရောငယ်နေမိတာပဲ
မဟုတ်ပါလား လို့ ။

စ ထားမိသည့်  အသက်ရှုသည့် ကိစ္စကို ပြန်ဆက်ကြည့် ပါမည်။
၁၀ယောက်မှာ ရှစ်ယောက်ကတော့  ကိုယ်အသက်ရှုနေတာကို မသိမိပဲ၊ အမှုမဲ့  အမှတ်မဲ့  နေ နေမိကြမှာပဲဖြစ်
ပါသည်။ အဲ .. ကိုးယောက်လောက်လဲ ဖြစ်နိုင်သလို အဲ့ ဒီ ကိုးရောက်မှာ ကျွန်တော်လည်း ပါနေတာပါပဲ ။

ဘယ်လို “ သိ ” ရပါ့ မလဲ ..။
ဟိုလို ဒီလိုမဟုတ်ပါ ။ ရိုးရိုးရှင်းရှင်းကလေးပါပဲ ။
ရှုလိုက်သောကြောင့်  နှာသီးအဝတို့ မှတဆင့်  တွန်းတိုက် တိုးဝင်သွားသော “ ဝင်လေ ” နှင့်  ၊ ကိုယ့် ခန္ဓာကိုယ်
အတွင်းမှ ပြန်တက်လာပြီး နှာသီးဝကလေးတွေကိုပဲ ပြန်လည်ပွတ်တိုက် ထိုးထွက်သွားသော “ ထွက်လေ ” တို့ 
ကို သတိလေး အသာကပ်ကြည့်ပြီး သိ သိ ပေးနေတာကလေးပဲ ဖြစ်ပါသည်။

“သိပေးကြည့် ကြပါဗျာ...” သိပ်လွယ်တဲ့ အလုပ်ကလေးပါပဲ။
အခုပြောနေ၊ ရေးနေ ၊ ဖတ်နေ၊ လုပ်နေ၊ ကိုင်နေရင်းပဲ ချက်ခြင်းလက်တွေ့  လုပ်ကြည့် လိုက်လို့ ရပါသည်။
မယုံကြည်စိတ်၊ မခံချင်စိတ်၊ အထင်မကြီးချင်သည့် စိတ်ကလေးဖြင့်  စမ်းကြည့်  လိုက်စေချင်လှပါသည်။

သီးသန့် အနေနှင့် မဟုတ်ပဲ လှဲ၊နေ၊ရပ်၊သွား အနေအထား အားလုံးလုပ်လို့ ရသည့်  အကျင့် ကလေးဖြစ်နေသော
ကြောင့်  မျက်စေ့  မှိတ်လိုက်စရာမလိုပါ။ သတိလေးနှင့်  သိပေးရုံပဲ ဖြစ်ပါသည်။ စိတ်ထဲကလဲ လိုက်ဆိုနေစရာ
မလိုသလို ကိုယ့် နှာခေါင်းကိုလည်း ငုံ့  ကြည့် နေစရာ မလိုပါ လို့ ။

လုပ်ရောလုပ်ကြည့် မှာလား ဟု မေးချင်ပါသည်။

ကြုံရင်ကြုံသလို ၊ သတိရလျင် ရ သလို၊ စက္ကန့်  လေးသောအချိန်ကလေးတွေကို တဖြည်းဖြည်းအကျင့် လုပ်၍
မိနစ်ကလေးတွေ မှ တဆင့်  ဖြည်းဖြည်းချင်း လေ့ ကျင့် တက်ယူ သွားလို့ ရပါသည်။

ထိုကဲ့ သို့  ရှုလိုက်တာလေးများကို သတိပြုမိ၊ သတိရမိနေသည့်  အလွန်သေးငယ်သော အချိန်ကလေးတွေ
အတွင်းမှာပင် ကိုယ့် ရင်ကို တစပ်စပ် ရိုက်ခတ်လာနေသော အာရုံ မျိုးစုံတို့ ကတော့  ကိုယ်နဲ့  မဆိုင်လိုက်
သလို ဖြစ်နေတတ်ပြီး ကိုယ့် ရင်ဝယ်လဲ နဲနဲလေး ငြိမ်သွားသလို ဖြစ်နေတတ်မှာ အသေချာပဲ ဖြစ်ပါသည်။

ထိုသို့  အသက်ရှုနေမိသော တစ်ခဏလေးအတွင်းဝယ် တစ်သက်လုံး၊ တစ်သံသယာလုံးက ပွက်ပွက်ဆူလာနေ
ခဲ့ ရသော ကိုယ့် ရင်ဂျိုင့် ကလေးက ရုတ်ချဉ်းငြိမ်ပြီး အေး လာတာ ၊ အေး သွားတာကို ချက်ခြင်းပဲ သိ ရှိ၊ ခံစားမိ
မှာ အသေချာပါပဲ ဟု ကျွန်တော်ပြောရဲပါသည်။

ရင်ထဲမှာလဲ အေးသွားတော့  ပြန်ထုပ်လိုက်မိသော “ ထွက်လေ ” တို့ လည်း ၊ “ အေး ” သွားတော့ တာပဲ ဖြစ်
ပါသည်။

တကယ်လို့ သာ ......
ပြောခဲ့ ဘူးသည့်  မြန်လွန်းနေသော အချိန်တို့ အတိုင်း သာ ယ္ခု လို အသက်ရှုနည်းလေးများကို ကိုယ်က သတိ တရများ ထူထောင်နေမိနိုင်ရင်တော့  ဘယ်လောက်များ အေးနေလိုက်မလဲလို့ ။
သတိရတိုင်းသာ အသက်ရှုနေတတ်လျင် ၊ အသက်ရှုနေတတ်သမျှကာလ ပတ်လုံးလဲ ဝန်းကျင်က ကိုယ့် ကို
စိုးမိုးလာနေသည့်  အာရုံ တို့ ကို ဆင်ဆာဖြတ်တောက်လက္ခံ နေပြီးသားဖြစ်နေမှာ အသေအချာဖြစ်ပါသည်။

အသက်ရှုနေသမျှလဲ အမြဲကုန်ပျောက်နေတတ်သောသဘောလေးတွေကို ဆင်ခြင်နေနိုင်မည်ဆိုလျင် အချိန်
နှင့် အမျှပဲ အရောင်အသွေးတို့ စုံလင်စွာပြောင်းလဲနေတတ်သော အာရုံပေါင်းစုံတို့  ဖွဲ့ စည်းထားသည့် လောက
ကြီးကိုပါ တုန်လှုပ်ခြင်းအလျင်းမရှိပဲ တဖြည်းဖြည်းရင်ဆိုင်လာမိနေပါမည်ဟု ထင်မိပါသည်။

လောကကြီးရဲ့  လွှမ်းမိုးချယ်လှယ်မှုအောက်ကစတင် ကင်းလွတ်လာနေပြီး ဘယ်တော့ မှ အနိုင်မရခဲ့ ပဲ သူ့ သ
ဘောအတိုင်း သူဖြစ်နေသောလောကကြီးကို အနိုင်ယူနိုင်တော့ မည့်  လမ်းစ ပေါ်သို့ လည်း ခြေအစုံ ချမိ တော့ 
မှာဖြစ်ပါသည်။

တစ်စက္ကန့် လေးရဲ့  ဆယ်ပုံတစ်ပုံလေးမျှတောင်မှ မြဲမနေနိုင်သည့်  ကျွန်တော်တို့  ခန္ဓာအိမ်ကြီးတွေပေါ်မှာသာ
ရှုနေတာလေးကို သိ သိ ပေးနေသည့်  အသက်ရှုနည်းလေးကိုများ စက္ကန်ပေါင်းများစွာပဲ နေ့ စဉ် ထူထောင်နေ
နိုင်ကြရင်ဖြင့်  ......... ။

......................................................................................................................

( ဆက်ပါအုံးမည် )











Sunday, December 5, 2010

အသက်ရှု လိုက်တိုင်း .... ( ၂ )

တနေကုန်သွားအောင် ဝန်းကျင်တစ်ခုလုံးရဲ့  အာရုံ မျိုးစုံ တို့ ကို ဆင်ဆာဖြတ်တောက်ခြင်းမရှိပဲ အစိမ်း
သက်သက်နှင့် ဖွဲ့ စည်းလက်ခံ လာမိခဲ့ တဲ့ အတွက်လဲ ကိုယ့် နှလုံးအိမ်တစ်ခုလုံး ပွက်ပွက်ဆူ နေခဲ့ ရပြီး
ကိုယ့် ရဲ့  ရင်ဂျိုင့် ထဲမှာလဲ တငွေ့ ငွေ့  တမြိုက်မြိုက်နဲ့  လောင်ကျွမ်းနေရတယ်ဆိုတာကို သေသေချာချာလေး
ခံစားကြည့် လိုက်ရင်တော့ သိသိသာသာ သတိပြုမိလာနိုင်ပါလိမ့် မည်။

ဒါကြောင့် လည်း ကျွန်တော်အပိုင်း( ၁ )တွင်“ ပြန်ထုပ်လိုက်မိသောထွက်လေ၊ထွက်သက် တို့ က ပူနွေး နေတတ်
ပါသည်” ဟု ရေးခဲ့ မိခြင်းဖြစ်ပါသည်။

လောကကြီးရဲ့  သဘောသဘာဝကိုက ကိုယ်ဖြစ်ချင်သလို ဘယ်တော့ မှ ဖြစ်မလာတတ်ပဲ သူ့  သဘာဝအတိုင်း
ဖြစ်ပျက်ပြောင်းလဲနေတတ်လေတော့  ဘဝတစ်ခုနှင့် တူသည့်  နေ့ လေးတစ်နေ့  အတွင်းဝယ် ကိုယ်တကယ်ပဲ
အသားတင်စုဆောင်းနေခဲ့ မိတာတွေက မကျေနပ်မှု ၊ မပြည့် စုံမှု ၊ မတင်းတိမ်နိုင်မှု တွေပဲ ဖြစ်နေတာ အသေချာ
ပဲဟု ထင်မိပါသည်။

ဖြစ်ချင်တာတွေများလေလေ ဖြစ်မလာမှာ မဖြစ်မှာတို့ အတွက် ပူပန်သောက တို့  ကိုယ့် ရင်ဝယ် ဖိစီး နှိပ်စက်
လောင်ကြွမ်းရလေလေ ပါဟုလည်း မှတ်သားရဘူးပါသည်။


တစ်နေ့ တာသောအချိန်တို့  ကုန်ဆုံးလွန်မြောက်ခဲ့ ၍ ကိုယ့် နေရာ ၊ ကိုယ့် အခန်းလေးထဲ ပြန်ရောက်လာခဲ့ ပါ
သော်လည်း ၊ နေ့ လည်က ကြုံတွေ့  ခဲ့ ရသည့်  ကိုယ့် သဘောနှင့်  မတိုက်ဆိုင်၍ မကြိုက်နှစ်သက်ပဲ မုန်းတီးမိ
ခဲ့ သည့်  အာရုံတို့ ကို ပြန်သတိရမိတိုင်း မကျေနပ်ဒေါသတို့  တငွေ့ ငွေ့  ပြန်ဖြစ်နေတတ်သလို ၊ ကိုယ့် သဘော
နှင့်  တိုက်ဆိုင်ပြီး ကိုယ်ကြိုက်နှစ်သက်မိခဲ့ ရသည့်  အာရုံတို့ ကိုလည်း သတိရမိတိုင်း တရေးရေး တစ်သိမ့် 
သိမ့်  ဖြင့်  ပြန်လည်မြင်ယောင် ကြည်နူးနေမိတတ်ကြမည်ဟုလည်း ထင်မိပါသည်။

တစ်ခါတလေမှာတော့  ကိုယ့် စိတ်အစဉ်ဝယ် ဘာဆို ဘာမှ ခံစားမှု မရှိတတ်ပဲ ဝန်းကျင်အာရုံတို့ ကိုမျှ သတိ
မမှု စိတ်တို့  မရောက်ပဲ ရှိနေတတ်ပြန်ပါသည် ။ နေ့ စဉ်လုပ်နေကျလေးတွေကို အလေ့ အကျင့် အရ အစဉ်
အတိုင်း လုပ်မိနေပေမဲ့ လည်း ကိုယ့် အတွေးတွေ ကိုယ့် ရဲ့  ခံစားမှုတွေက “ ဗလာ ” လို ၊ ဟင်းလင်ပြင်ကြီးထဲ
လွင့် မြောနေတတ်သလို၊ စိတ်နဲ့  ကိုယ်နဲ့  ကပ်မနေသလိုလဲ ဖြစ်တတ်ကြမည်ဖြစ်ပါသည်။

အဲ့ ဒီလို ဗလာကျင်းနေတတ်သည့်  ဖြစ်စဉ်ကို “ မောဟ ” ဟု ခေါ်ဆိုနိုင်ကြောင်း သိရပါသည်။
မှားတာ၊ မှန်တာမျှ မသိ ဝေခွဲ ပိုင်းခြားနိုင်ခြင်းမရှိ ဖြစ်နေခြင်းလဲ ဖြစ်နိုင်ပါသည်။

လူဆိုတာကတော့  ခံစားမှု တစ်ခုခုတော့  အမြဲတန်းဖြစ်နေရှိနေရမည်ပဲမဟုတ်ပါလား ။
ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ကြေကွဲခြင်း၊ လောဘ ၊ဒေါသ တို့ ဖြစ်ရခြင်း ၊ တစ်ခါတရံမှာ ခြင်္သေ့ တစ်ကောင်
လို ရဲရင့်နေတတ်သလောက် အုန်းသီးလေး ကြွေကျလာတာကိုတောင် ကမ္ဘာပျက်တော့ မတတ် ထိတ်လန့် သွား
တတ်သည့်  ယုံငယ်လေးတစ်ကောင်လို အားငယ်၊သိမ်ငယ်စိတ်တို့  ဖြစ်ပေါ်နေခြင်း ... စ သည့်  အဆုံးမရှိ မရေ
တွက်နိုင်သော ခံစားတတ်သည့်  အာရုံ တို့ တစ်ခုခု တွင်အမြဲပဲ ပျော်ဝင်နေရမည်ဖြစ်ပါသည်။

ထိုကဲ့ သို့  ခံစားတတ်သည့် အာရုံ ၊ ခံစားလို့ ရသည့်  အာရုံ မှန်သမျှတို့ ကို ဆင်ဆာဖြတ်တောက်ခြင်းအလျင်း
မရှိ အထောမအသတ်၊ အဆုံးမရှိပဲ အစုလိုက်အပြုံလိုက် မျိုချခံစားနေမိခဲ့ သောကြောင့် လည်း နေ့ စဉ် ကိုယ့် 
ရင်ဝယ်၊ ကိုယ့် ဘဝ အချိန်တွေဝယ် စုဆောင်းမိနေတာတွေက အလျှံညီးညီး နှင့်  အမျှင်တို့ တန်းပြီး အမျှင်မပြတ်
နိုင်သည့်  အပူ တွေ ပဲ ဖြစ်သည်ဟု ထင်မိပါသည်။

မကျေနပ်မှု မကြိုက်မှုတွေကြောင့်  အလိုမကျဒေါသ အပူတွေပဲ ရှိတာပါဟု စောဒကတက်စရာရှိနေသော်လည်း
ကြိုက်ခဲ့ နှစ်သက်ခဲ့  စွဲလန်းချစ်ခင်နေခဲ့ မိသောကြောင့် လည်းကိုယ့် ရင်ဝယ် အပူတွေ ပဲ ဖွဲ့  စည်းနေခဲ့ တာပါဟု
ဆိုလိုက်လျင်ရုတ်တရက်လက်ခံလိုက်ဖို့ တော့  ခဲယဉ်းနေပါလိမ့် မည် ။

ကိုယ်နှစ်သက်မိခဲ့ တော့ လဲ နှစ်သက်စွဲလန်းမိသည့် အရာကို အကြိမ်ကြိမ်ရယူပိုင်ဆိုင်လိုမှု ၊ ထိုစွဲလန်းနေသော
အရာကို ပြန်လည် မဆုံးရှုံးရလိုမှု ၊ ကွဲကွာ ဆုံးရှုံးသွားရမှာကို အချိန်နဲ့ အမျှ အရိပ်တကြည့် ကြည့် နဲ့ ပဲ ပူပန်သော
က ရောက်နေရမှု တွေက လည်း အပူတွေ ပါပဲ ဟု ပြောလျင်မှားနှိုင်ဖွယ်မမြင်ပါ လို့ ။

ပမာဆိုရလျင် အဖြစ်များလွန်းသည့်  သမုဒယ နှောင်ကြိုးတင်းလွန်းသော ချစ်ခြင်းတစ်ခုတွင် ကိုယ်က ချစ်မိ
ခဲ့ တော့ လဲ ချစ်ရတဲ့  “ သူ ” ကို အမြဲတန်းတွေ့ နေချင်သည့် စိတ်၊ နီးနီးလေးနဲ့ တောင် လွမ်း နေတတ်သည့် 
စိတ် ၊ အမြဲ မျှော်နေတတ်သည့် စိတ်၊ သူ့  ရှေ့  ရောက်တိုင်း အလိုလို အားငယ်လာတတ်သည့်  စိတ် တို့ ကို နဲနဲ
လောက်ခံစားကြည့် မိလျင်တော့  ကိုယ့် ရင်ဝ မှာ မီးစ ကလေး လာကပ်ထားသလို “ တမျှင်မျှင် ” နှင့်  လောင်
မြိုက်နေတာကို တွေ့ ရမည်ဟု ထင်ပါသည်။

ထိုထိုသော အာရုံမျိုးစုံတို့ ကြောင့်  ကိုယ့် ရဲ့  စိတ် ကလေးက အမြဲညစ်နွမ်း ၊ ပင်ပန်းနေရသည်ကသာ များနေမှာ
အသေချာပဲ ဖြစ်ပါမည်။ “ စိတ်ထောင်းတော့  ကိုယ်ကြေ ” တဲ့ ။ တကယ်ပဲ ကြေခဲ့ ကြမည့် ၊ ကြေနေကြမည့် 
ကျွန်တော်တို့ ကိုယ် တွေ ၊ စိတ်တွေ ပါ လို့ ။ စဉ်းစားကြည့် ကြစေချင်ပါသည်။ အလိုပြည့် နေခဲ့ ရသည့်  အချိန်
တွေ ၊ အကြိမ် တွေ ဘယ်လောက် ရှိခဲ့ ၊ များနေခဲ့ လို့ ပါလဲ .. လို့ ။

တစ်ချို့ ကျတော့ လဲ အစစအရာရာ ပြေလည်ပြည့် စုံ ပြီး ၊ အရာရာမှာ အလိုကျ ပျော်ရွှင် ၊ အပျော်လွန်နေတတ်
ကြပေမဲ့  အထက်မှာ ဆွေးနွေး မိခဲ့ သလို လောကကြီးရဲ့  အပြောင်းအလဲ သဘာဝ တစ်ခုကို ၊ တကွေ့ ကွေ့ 
တွင် မမျှော်လင့် မိပဲ “ ဗြုန်း ” ကနဲ ရင်ဆိုင် လိုက်ရ သည့် အခါတွင်တော့  ထောက်တည် ဆောက်တည်ရာတို့ 
မဲ့ သွားပြီး ရောက်ရက်ခတ်ရလေတော့ သည်။ အရုပ်ကြိုးပြတ်သွားသကဲ့ သို့ ဘုန်းဘုန်းလဲကျရပါတော့ သည်။
သူ့  အတွက်ကမ္ဘာပျက်သွားရသလိုဖြစ်သွားရပါတော့ သည်။

အော်... ကျွန်တော်တို့  အားလုံးက အဆင်သင့်  မဖြစ်ခဲ့  ကြတာကိုး လို့  ...။
သူ့ သဘောအတိုင်းပဲ သူသွားနေတတ်သော လောကကြီးထဲမှာ ကျင်လည်နေရသော ကျွန်တော်တို့ ကတော့ 
ဘယ်တော့ မှ လောကကြီးကို မယှဉ်နိုင် ၊ အနိုင်မယူ နိုင်ခဲ့ သည်မှာ အခုမှ မဟုတ် ၊ ကြာညောင်းခဲ့ သော
သံသယာတစ်လျှောက်လုံးပါပဲ ဆိုတာကိုလည်း မှတ်သားခဲ့ မိပါသည်။

ဒါဆိုဘယ်လို ဆင်ဆာဖြတ်တောက်ရပါ့ မလဲ၊ ဘယ်လိုလေးများ ပြင်ထားရရင်ကောင်းပါမလဲ ဆိုတာလေးတော့
နဲနဲ ဆွေးနွေးကြည့် ချင်ပါသည်။

“ အသက်ရှုနေခြင်းဖြင့်သာလျင် ကိုယ့် ရင်ကို တစပ်စပ်ထိမှန်လာနေသော အာရုံမျိုးစုံ တို့ ကို ဆင်ဆာဖြတ်
တောက်၍ ပြင်ဆင်နေရပါမည် ” လို့ ပါပဲ ဟု။


...........................................................................................................................................


( ဆက်ပါအုံးမည် )

Monday, November 29, 2010

အသက်ရှု လိုက်တိုင်း ....

ဘလော့ ကလေးတစ်ခု လုပ်ထားမိတော့ လဲ စ စ ခြင်းတုံးကတော့  အားကောင်းမောင်းသန်ဖြင့်  ကုန်ကြမ်းတို့ 
အပြည့် ဖြင့်  ရေးနေနိုင်ခဲ့ သော်လည်း တဖြည်းဖြည်းကြာလာတဲ့ အခါကျတော့  ရေးစရာတို့  ကုန်ခန်းလာသလို
ဖြစ်လာခဲ့ ပြီး ရေးတာတွေပါ ကျိုးတို့  ကျဲတဲ ဖြစ်ဖြစ်လာခဲ့ ရပါသည်။

စစခြင်း ရေးခဲ့ မိတဲ့  စာတွေအများစုက သံယောဇဉ်တစ်ခုကိုအခြေခံမိပြီးမှ တစိုစိုနှင့်  ပဲ နာ နေ၊ လွမ်း နေ ရသည့်  စာတွေ ပဲ အများဆုံးဖြစ်နေခဲ့ ရသလို တွယ်မိ လွမ်းမိ သလောက်ရေး ၊ ရေးမိနေသလောက်လဲ တဆစ်
ဆစ်နှင့်  နာနေ လွမ်းနေ သလို လုံးလည်ချာလည် လိုက်နေခဲ့ ရင်း အချိန်တွေသာ ကုန်လွန်ခဲ့  ရပါသည်။

ဘာတွေ အဖတ်တင်ခဲ့ ပါသလဲ လို့  ကိုယ့် ကိုယ်ကို ပြန်စမ်းစစ်ကြည့် မိတော့  နာနေသည့် အလွမ်း တို့ သာ
တင်ကျန်နေသည်ကို တွေ့ ခဲ့ ရပါတော့ သည်။ တကိုယ်လုံး နာ နေသည်ဆိုပါစို့ ။ အလွမ်းနာပဲ ဖြစ်မှာပါ။

တွယ်တာမိခဲ့ တော့ လဲ ဘယ်နေရာသွားသွား ၊ သယ်သယ် မလာမိပဲ ပါ ပါ လာနေတာက “ အလွမ်း ” တွေပါပဲ ။
တကယ်တော့ “ လွမ်း ” တာနှင့် “ လေ ” တာနှင့် ကတော့  အတူတူ ပါပဲ ဟု ထင်မိခဲ့ ပါသည် လို့ ။
လွမ်းသလောက်“လေ” ၊ လေ သလောက်လွမ်း ၊ တွယ်သလောက် ဆွေး ၊ ဆွေး သလောက်တွယ် အို.... ကိုယ့် 
ဖာကိုယ် တစ်ယောက်ထဲ ရှုပ်နေတော့ တာ၊ အရှုပ်တွေလုပ်မိနေရင်း အလုပ်တွေ ရှုပ်နေတော့ တာပါ လို့ ။

လေ နေသောစိတ် တို့ ဖြင့်  တကိုယ်ရေ ခံစားချက်များကို ချန်ထားခဲ့ ချင်သည့်  အတ္တ ဆန်လွန်းသော အတွေး
တို့ ဖြင့် သာ ကိုယ့် ဘလော့ စာမျက်နှာပေါ် ကို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးတင်နေခဲ့ တော့ လဲ ကိုယ့် ဘလော့ ထဲ
ကိုယ်ပြန်ဝင်လိုက်တိုင်း အကြိမ်ကြိမ် ဖွဲ့ နွဲ့  မိနေခဲ့ သည့်  အမြဲထိုင်းမှိုင်းနေသော ရာသီ အဖွဲ့  တွေ လိုပဲ
တစိုစိုနှင့်  မလန်း သလို ဖြစ်နေတာကို ကိုယ့် ဖာကိုယ် သတိပြု မိလာခဲ့ ပါသည်။

ကျွန်တော့ ဘလော့ ထဲ ဝင်ရောက်လာခဲ့ မိသော စာဖတ်သူတွေကိုလည်း အားနာလာမိခဲ့ ရပါသည်။
ကိုယ်ဘာတွေ ပေးနေခဲ့ မိပါသလဲ .. လို့ ။
တကယ်တော့  ကိုယ့် ခံစားချက်တွေကို ကိုယ့် ပရိတ်သတ်အား အတင်းဖတ်ခိုင်းနေသလို ဖြစ်နေခဲ့ သည်
မဟုတ်ပါလား ။

ဒါကြောင့် မို့  ကျွန်တော်လည်း တစိုစိုနာနေမည့်  ထိုထိုစာများအစား အလိုလိုပါနေမည့်  စာများကိုသာ
ကြိုးစားရေးဖွဲ့ ပါတော့ မည် ဟုဆိုပြီး အောက်တွင်ဖေါ် ပြထားသော စာ လေးများကို အစဉ်လိုက်ကြိုးစားရေးဖွဲ့ 
လာခဲ့ မိပါသည်။

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ( အခန်းဆက် )
အို့ ဟိုး ... ဒါကြောင့် ကိုး ...
သူ ( သို့ ) ကိုကျော်သူ
ချစ်တတ်ကြရဲ့ လား
မဗေဒါ(သို့ )....
မျှော်လင့် လျက်ပါ ...

အထက် ဖေါ်ပြပါ ပို့ (စ)လေးတွေက တကိုယ်ရေ ခံစားချက်များကို တတ်နိုင်သလောက်ရှင်းထုပ်ပြီးမှ ရေးခဲ့ မိ
သော စာ စုကလေးများဖြစ်ပါသည်။

အပြုသဘောရောက်အောင်ကြိုးစားရေးတော့ လဲ ယိမ်းယိုင်ချင်နေသောကိုယ့် ကို အတိမ်းမခံနိုင်အောင် အရင်
ကြိုးစား ပြုပြင်ခဲ့ ရပါသည်။

ချစ်တတ်ကြရဲ့ လား အကြောင်းလေးရေးပြီးတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ အမေစု ပြန်လွတ်လာတော့  ကျွန်တော်
လည်းအများနည်းတူ ပျော်ရွှင်မြူးတူးစွာဖြင့်  အမေစု အကြောင်းတွေ ဝင်ရေးနေမိခဲ့ ပြန်ပါသည်။

တတ်နိုင်သလောက်တော့ လဲ ကိုယ့် အမြင်လေးတွေ အထင်ကလေးတွေ ကိုယ်ပေးချင်တာလေးတွေကို ကြိုးစား
ပန်းစား ရေးဖွဲ့  နေခဲ့ ရင်း ကိုယ့် ကိုယ်လဲ ကျေနပ်နေခဲ့ မိရပါသည်။ ကိုယ့် စာတွေ ကိုယ်အကြိမ်ကြိမ်ပြန်ဖတ်နေ
မိရင်းပေါ့ လေ ..၊ အင်း ရူးနေတာလဲ ဖြစ်မှာပါ နော်။ ဘာပဲ ပြောပြော ကျွန်တော်တို့ ဘုရားက လူတွေ အားလုံး
ဟာ တစ်မျိုးမျိုးတော့  ရူးနေတဲ့ သူ တွေ ပါ လို့  မိန့့်တော်မှုခဲ့ ဘူးထားတာကိုး လို့  ။

အဲ့ ဒီတော့  အမေစု သတင်းလေးတွေ လိုက်ကြည့် နေလိုက် ၊ ရ ထားသည့်  ဘာသာရေး “ လင့် ” ကလေးတွေ
ဝင် ဝင် ကြည့် နေလိုက်နှင့်  ပဲ နားထောင်ခဲ့ မိသည့်  တရားခွေတွေထဲက ကိုယ်သိလိုက်မိသည့်  သဘောလေး
တွေကို ပြန်ဖြန့် ပေးလို့ ရရင် သိပ်ကောင်းမှာပဲ ဟု စဉ်းစားလာခဲ့ မိပါတော့ သည် လို့  ။

ကျွန်တော် ပထမဦးဆုံးရေးကြည့် ချင်တာကတော့  အသက်ရှုနေတဲ့  အကြောင်းလေးပဲ ဖြစ်နေပါသည်။

ဟင်.. အသက်ရှုတာကိုများ ရိုးမယ်ဖွဲ့  ပြီး စာတတန်ပေတတန်ရေးအုံးမယ်တဲ့ ။
ကြောင်သွားပြန်ပြီ တစ်ယောက် .. ဟု ပြောလာလျင်လဲ ကျေကျေနပ်နပ် ခံ ရမည်ဖြစ်ပါသည်။
ကိုကျော်သူ့  ပို့ (စ)လေး ရေးခဲ့ တုံးကလဲ သည်လိုပဲ ကြောင်ခဲ့ ဘူးတာပဲလေ ။
ကဲ ခပ်ကြောင်ကြောင်နဲ့ ပဲ ဆက်ရေးပါရစေ.. လို့ ။

ကျွန်တော်တို့ အားလုံးတို့ သည် နေ့ စဉ် မိုးစင်စင်လင်း၍ အိပ်ယာနိုးနိုးခြင်း မျက်စေ့ နှစ်လုံး ပွင့် လိုက်ပြီဆိုသည်
နှင့်  အပြင်လောကကြီး၏ မြင်တာ၊တွေ့ တာ၊ ကြားတာ၊ အနံ့ အရသာ စသော အာရုံမျိုးစုံတို့  ချက်ခြင်းပဲ ကိုယ့် 
ခန္ဓာအိမ်ကြီးထဲ တိုးဝင်ပူးကပ်မိပြီး သံပါတ်ပေးလိုက်သည့်  စက်ရုပ်တစ်ရုပ်လိုပဲ တစ်ကိုယ်လုံးရှိ အကြောတွေပါ
တောင့်တင်းသွားရသလို ဘယ်တော့ မှလဲ မပြီးဆုံးနိုင်တော့ သည့် “ လုပ်ရအုံးမယ် ” “ ..... ရအုံးမယ် ” ဆိုသော ကိစ္စတွေအတွက် “ စတန်းဘိုင် ” အနေအထားဖြင့်  တနေ့ တာခရီးကို အစပြုရပြန်ပါသည်။

ကျွန်တော်ဆို.. အိပ်ချင်မူးတူးနှင့်  ဆူဆူလောင်လောင်တုန်ရီ မြည်ဟီးနေသောစားပွဲတင်နာရီကို မဖွင့် ချင်သေး
သောမျက်လုံးတို့ ဖြင့် အမြဲပဲ မရဲတရဲ ချောင်းကြည့် နေခဲ့ မိတာလဲ ယနေ့ ထက်တိုင်ဖြစ်နေပါသည်။

ဒါပေမဲ့  ပြောခဲ့ သလို အကြောတို့ တော့  ဆန့် ထုပ်ရပြန်ပါသည်။ အစပြုရတော့ မည့်  တစ်ဘဝခရီး၊ တစ်နေ့ တာ
ခရီးကိုပါ။ ကျွန်တော်ကတော့  နေ့ တစ်နေ့  ကို ဘဝလေးတစ်ခုနှင့်  ခိုင်းနှိုင်းကြည့် တာကို သဘောကျမိပါသည်။
ဘာဖြစ်လို့ ဆို တစ်နေ့ တစ်ခါအိပ်ရသည်ဆိုတော့  တစ်ခါအိပ်တာကို တစ်ခါသေသေနေသည့်  “အသေလေး”
နှင့် တူနေပါသည်ဟု နာ ခဲ့ ရဘူးနေလို့ ပါပဲ။


အိပ်စက်ခြင်းဆိုတာကတော့  အာရုံမျိုးစုံ၊ဇောမျိုးစုံ၊အမောမျိုးစုံတို့ ဖြင့်  ပင်ပန်းနွမ်းနယ်လာသော ခန္ဓာအိမ်
ကြီး၏ တောင်းဆိုလာမှုကြောင့်  ကိုယ့် အာရုံကြောအားလုံး တုန့် ဆိုင်း ပြီး အိပ်မောကျသွားနေသော်လည်း နောက်ဆုံးကျန်နေသေးတာကတော့  ဖားဖို တစ်ခုလိုရင်အစုံ လှုပ်ခုန်နေအောင် “ ရှု ”နေသေးသည့် ဝင်လေ
ထွက်လေကလေးတွေပဲဖြစ်ပါသည်။ ထိုထို ရှုနေသေးသော လေကလးတွေကိုလည်း တနည်းအားဖြင့် ဝင်သက်
ထွက်သက်ဟုလည်း ခေါ်ဆိုနှိုင်ကြပါသေးသည် တဲ့ ။

“ ဝင်သက်ကလေး ” ကိုရှိုက်သွင်းပြီး “ ထွက်သက်ကလေး ” ကို ပြန် ထုပ်၍ အိပ်မောကျနေတာကို အသေလေး
ဟု ခေါ်ဆိုနိုင်လျင် ၊ “ ထွက်သက်ကလေး ” ကိုရှိုက်ထုပ်ပြီး၊ “ ဝင်သက်ကလေး ” ကို ပြန်မရှုသွင်းတော့ ပဲ ဝင်လေ
ထွက်လေတို့ ရပ်ဆိုင်းအိပ်မောကျသွားလျင်တော့  အသေကြီး ဟုသာ ပြောလို့ ရမည်ဖြစ်ပါသည်။

အသက်ရှုထုပ်အိပ်မောကျနေသမျှကာလပတ်လုံး မြင်တာ၊ ကြားတာ စသော အပြင်လောကအာရုံတို့  နှင့် ခေတ္တ
အဆက်ပြတ်၍ သေသလိုမျိုးဖြစ်နေသော်လည်း ကျွန်တော်တို့ သာမန်လူများအနေနှင့်  တော်တန်ရုံ ခံစားမသိ
နိုင်သေးသည့်  “ ဘဝင်စိတ် ” ကလေးတော့  ကိုယ့်  ခန္ဓာအိမ်ကြီးမှာအမြဲ ကိန်းအောင်းနေတုံးပဲဆိုတာကိုတော့ 
နာယူမှတ်သားမိခဲ့ ပါသည်။ နာနေတုံးကတော့  ဘုန်းဘုန်း၏ အသံတို့ က လုံနေသော နားကြပ်ထဲမှ ကိုယ့် နား
စည်ထဲကို အေးစိမ့် ပြတ်သားစွာပဲ ကြည်ညိုဖွယ် တစိမ့် စိမ့်  ဝင်ရောက်နေတုံးမို့  ဟုတ်သလိုလို ရှိနေသော်
လည်း တရားပွဲပြီးလို့  နားကြပ်လဲ ဖြုတ်ရော ထို “ ဘဝင်စိတ် ” ကို သိ သလိုလိုနှင့်  မသိခဲ့ တာပါ ဆိုတာကို
ကိုယ့် ဖာကိုယ် သတိပြုမိခဲ့ ရပါတော့ သည်။


ပြန်စဉ်းစားကြည့်မိတော့ လဲ ကိုယ် အမှုမဲ့  ဖြတ်သန်းနေမိသော ဘဝအချိန်ကြီးက သိပ်ကြာညောင်းနေသလို၊
ဘယ်တော့ မှလဲ မကုန်နိုင်တော့ ပဲ နောက်ထပ်လဲ အများကြီး ရှိနေသေးသလို ထင်နေရပေမဲ့  တကယ်ပဲ
ထဲထဲဝင်ဝင် တွေးကြည့် မိရင်တော့  ထိုအကြာကြီးဆိုသည့်  “ အချိန်ကြီး ” က ၊ “ ခဏလေး ” ဆိုသည့် 
“ အချိန်ကလေး ” များဖြင့်  အကြိမ်ကြိမ် ပေါင်းစပ် ဖွဲ့  စည်း ထားသည်ကိုတွေ့  ရမည် ဖြစ်ပါသည်။

ဒြပ်ပေါင်းတစ်ခုကို အစိပ်စိပ်အမွှာမွှာ ထပ်မံ ခွဲစိပ်လိုက်သလိုမျိုးပဲ “ အချိန်ကြီး ” ဖြစ်သည့် “ ဘဝကြီး ” ကို
ကိုယ့် လက်ဖဝါးပေါ် တင်၍ အသေအချာ အစိပ်စိပ်အမွှာမွှာ ခွဲစိပ်ကြည့် လိုက်လျင် ပါဝင် ဖွဲ့ စည်းထားသည့် 
ဒြပ်စင်ကလေးများနှင့် တူသည့် “ အချိန်လေး ” ၊ “ ခဏကလေး ” ပေါင်းများစွာ ကိုတွေ့  ရမည်ဖြစ်ပါသည်။

ခဏကလေးတွေနှင့်  ဖွဲ့ စည်းထားသည့်  အချိန်ကြီးတွေ ဖြစ်နေ၍လည်း ကိုယ့် ဘဝ ကြီးရဲ့  ငယ်ဘဝတွေ ဖြတ်
သန်းပြီးခဲ့ သော ကာလတွေကို ဘယ်အချိန်ပဲ ပြန်တွေး ကြည့် နေပစေ ..၊ မနေ့ တစ်နေ့ ကလို အမြဲ လတ်ဆတ်
လန်းဆန်းနေတုံးပဲ မဟုတ်ပါလားလို့  ..။

မရှိတော့ သော ပျောက်ဆုံးသွားခဲ့ သော အတွေ့  များကို အခုပဲ အမိအရ ပြန်တွေး ခံစားလိုက်မိပေမဲ့  အားလုံးက
တော့  ပြီးဆုံးသွားခဲ့ ပြီပဲဖြစ်ပါသည်။ အခုတွေးလိုက်လို့  တွယ်တာစွဲလန်းမှုတွေကြောင့်  အခုပေါ် လာပေမဲ့ လဲ
အဖြစ်တို့ က ဟိုးအတိတ်မှာပဲ ပျောက်ခဲ့ ရပြီး အသစ်ထပ်တွေးလိုက်လို့  အသစ်ခံစားလိုက်ရခြင်းပဲ ဖြစ်ပါသည်။


ပြန်မရတော့  ၊ မရှိတော့ ပေမဲ့ လည်း တစ်ချို့  အရာတွေကျတော့  အသက်ရှု လိုက်တိုင်းတောင် သတိရနေရပါ
သည် လို့  တင်စားပြောနေကြရပြန်ပါသည်။ ရှုသွင်းနေမိသော ဝင်သက်တို့ နှင့် အတူ တောင့်တ စွဲလန်းနေမိ
သော အာရုံ တို့ ကိုပါ ခန္ဓာအိမ်ကြီးထဲ မျိုချနေမိတော့ လဲ ပြန်ထုပ်လိုက်မိတဲ့  ထွက်သက်တို့ ၊ ထွက်လေ တို့ ကပါ
ရေနွေးငွေ့  တွေလို အမြဲပူနွေးနေတတ်တော့ ပါ လို့ ။


.....................................................................................................................................


( ဆက်ပါအုံးမည် )



Saturday, November 20, 2010

မျှော်လင့်လျက်ပါ ...

ကျွန်းနိုင်ငံဆိုတော့ လည်း ရာသီအပြောင်းအလဲ သိပ်မြန်လွန်းတတ်သလို မှန်းဆပေးသည့်  မိုးလေဝသခန့် မှန်း
သတင်းများကလည်း ပေးလာသည့် ရာခိုင်နှုန်းများအတိုင်း ကွက်တိ ဖြစ်နေအောင်ကိုမှန်နေတတ်ပါသည်။
ပညာရှင်များကလည်း သူတို့  ထုပ်ပြန်နေသည့် သတင်းတိုင်းအတွက် အမြဲတာဝန်ယူနေလေ့ ရှိပါသည်။

ယနေ့  ခန့် မှန်းချက်ကတော့  ရွာရန်ရာခိုင်နှုန်း လေးဆယ်ဟုပြောထားသောကြောင့်  အေးစိမ့် တတ်သော
ဆောင်းရာသီမို့  ဝန်းကျင်တစ်ခုလုံး အုံ့ မှိုင်းနေပြီး ခဲသားရောင်တိမ်ခိုး၊ တိမ်ငွေ့  တို့ က ပြာမှိုင်းနေသော တောင်
ထွတ်တို့ ထိပ်ကို တဖြည်းဖြည်းချင်းပဲ ဖုံးအုပ် ပွတ်တိုက် သွားနေ၍ တောင်ကြော၊ တောင်ကြားတို့ ဆီမှတောင်ခိုး၊ မြူခိုး တို့ က ကျွန်တော်တို့  စကားပြောလိုက်တိုင်း ထိုးထွက်နေတတ်သော အာခိုး ၊ အာငွေ့ တွေလို ကြည့်နေရင်း ပဲ တရိပ်ရိပ် ထိုးတက်လျက်ရှိပါတော့ သည်။

မိုးမှုန်တို့ ကလည်း ညင်သာစွာ တိုက်ခတ်လာသော လေနုအေးတို့ နှင့် အတူ မျောပါကျဆင်းလာနေသော
ကြောင့်  ကျွန်တော့် နားနှစ်ဖက်နှင့် ပါးပြင်တစ်ခုလုံး စိုစွတ်စွတ်ဖြင့်  စိမ့်  အေးနေပါတော့ သည်။

“ ဒီနေ့  မိုးရွာနိုင်သလား ကိုကျော်... ”
“ မရွာပါဘူးဗျာ.. လေးဆယ်ပဲ ရှိပါတယ် .. ”
ဆောက်လက်စ ဆယ့် ခုနှစ်ထပ်တိုက်အပြင်ဘက်တွင် ကပ်ရက် တပ်ဆင်ထားသော လုပ်ငန်းသုံး ဓါတ်လှေကား
ပေါ်သို့  တက်တက်ချင်းလှန်းမေးလာသော“ ပုလင်းဖင်” ကို ကျွန်တော်က ပြန်ဖြေ လိုက်တာဖြစ်ပါသည်။
( အဆိုပါ ပုလင်းဖင်မှာ ကျွန်တော်ရေးခဲ့ ဘူးသော“ ကြယ်ကလေး ” ပို့ (စ) ထဲမှ အရပ်ပုပု ၊ စုတ်ချွန်းချွန်းသော
ကျွန်တော့် ထက်အလွန်ပုသော မိန်းခလေး တစ်ယောက်ဖြစ်ပြီး ၊ ယ္ခု လုပ်ငန်းသုံး ဓါတ်လှေကားကို သူ ပဲ မောင်း
နေခြင်းဖြစ်ပါသည်။ ကွန်ပြူတာ ကို အလွန်အကျွံ သုံးသောကြောင့် လည်း တရိပ်ရိပ်တိုးလာသော ဒီဂရီ တို့ ဖြင့် 
သူ့ မျက်မှန်က ပုလင်းတစ်လုံးရဲ့  ဖင် လိုပဲ ထူပိန်းနေခြင်းဖြစ်ပါသည်။ ခင်မင်လွန်းနေသောကြောင့် လည်း ဒီလို
ခေါ်နေတာကို သူ ခွင့်ပြု ထားတာဖြစ်ပါသည်။ )

“ မနေ့  က အမေစုအတွက် ကျွန်တော် မဗေဒါ နာမည်နဲ့  ပို့ (စ) တစ်ပုဒ် တင်လိုက်ဖြစ်တယ်လေ ”
“ အင်း ..”
“ ဘယ်လို သဘောရလဲ ”
“ မဆိုးပါဘူး .. တင်စားတာလေး .. ”
“ ဝမ်းမသာဘူးလား .. ”
“ ဟာ.. ဘာလို့  ဝမ်းမသာရမှာလဲ ..၊ ဒါပေမဲ့  ဝေါ် က နိုင်ငံရေး စိတ်မဝင်စားပါဘူး ..”
ဗမာစကားဖြင့် ပဲ တတွတ်တွတ် ပြောလာနေသော ကျွန်တော်တို့  နှစ်ယောက်ကို ဘေးမှ ကိုတရုပ်ကြီးများက
ခဏတော့  စောင်းငဲ့  လှည့်  ကြည့်  လာကြပါသည်။ အားလုံးကတော့  ကျွန်တော့် နှစ်ယောက်ကို မြန်မာပြည်
ပေါက်တရုပ်နွယ်ဖွား မောင်နှမ နှစ်ယောက်အဖြစ် သိ ထားကြပါသည်။
“ အဲ့ ဒါပဲဗျ ... ၊ ကျွန်တော်ပြောချင်တာ .. ”
“ ကိုကျော်နော်..၊ စောစောစီးစီး လာမငြင်းချင်နဲ့  .. ၊ ကိုယ်လဲ ဘာမှ တတ်နိုင်တာမဟုတ်ဖဲနဲ့ .. ”
“ ဟေ့  .. ဟေ့  ..၊ မင်းတို့ နှစ်ယောက် ဘယ်လိုလဲကွ ၊ ဆူ လှချဉ်လား .. ”
အပေါက်ဝ မှ အလုပ်ကြပ် ကိုအားချန်က လှန်းဟန့်  လာပါတော့ သည်။
“ မင်းတို့  ဗမာလို ဘာတွေ ပြောနေတာလဲ .. ” သူ က ဆက်မေးလာပါသည်။
“ ဒေါ်အောင်ဆန်းစုကြည် အကြောင်း..... ”
“ အား.... သိပြီ ၊ မနေ့ က ဒို့ သတင်းမှာပါလာတယ်ကွ ၊ သိပ်တော် တာပဲ ..၊ မင်းတို့ အစိုးရက သူ့ ကို
မသုံးတတ်တာ နာ တာပဲ .. ” တဲ့ ။
“ ဟုတ် .. ” ကျွန်တော် သည်လောက်ပဲ ဖြေလိုက်နိုင်ပါသည်။

သည်နိုင်ငံကတော့  တရုပ်နိုင်ငံ တစ်ခု ဖြစ်နေပေမဲ့ “ တ လူ့ ” ခေါ် ပြည်ကြီးတရုပ်တို့ နှင့် တော့ အမြင်တွေ ၊ ခံယူ
ချက်တွေ ကွာလွန်း ပါသည်။ စနစ် က ဒီမိုကရေစီ စစ်စစ် ကို ကျင့် သုံးနေ သောကြောင့်  ပါပဲ ။ ကျွန်တော်တို့ က
ဆင်းရဲလွန်းသောတိုင်းပြည်မှ လာကြရသူများဖြစ်နေ၍ ရောက်လေရာမှာ မျက်နှာငယ်နေကြရသော်လည်း “ဒေါ်အောင်ဆန်းစုကြည် ” ၏ဂုဏ်ပုဒ်တို့ ကြောင့်  ငယ် သည့် မျက်နှာတို့  ပြန်မော် ကြရပြန်ပါသည်။
ပြောရင်း ဆိုရင်း ဆယ့် ခြောက်ထပ်သို့  ရောက်လာပါတော့ သည်။
“ ထမင်းစားချိန် ဘယ်မှာ ရှိမလဲ ... ”
ကျွန်တော် ပုလင်းဖင်ကို လှည့် မေးလိုက်ဖြစ်ပါသည်။
“ တစ်ထပ်မှာ .. ”
“ အိုကေ... ဘိုင် ..”
သူ့  ကို နှုတ်ဆက်၍ ဓါတ်လှေကားထဲမှ ကျွန်တော်ထွက်ခဲ့ တော့ သည်။
အတွေး စ တို့ ကတော့ မရပ်သေးပါ ။

..................................................................................

“ နိုင်ငံရေး ကို စိတ်မဝင်စားပါဘူး ” ဟူသော ပုလင်းဖင်ပြောသွားသည့် စကားကို ကျွန်တော် အကြေ အလည်
စဉ်းစားနေမိတာ တစ်နေ့ လုံးပဲ ဖြစ်ပါသည်။ သူ့ လို လူမျိုးတွေ ဘယ်လောက်များနေပြီလဲ ၊ သူတို့ ကိုလည်း အပစ်
ပြောလို့ မရ ဟုလည်းထင်ပါသည်။ သူ ပြောခဲ့ သလို ကိုယ်က ဘာလုပ်နိုင်မှာမို့ လို့ လဲ .. တဲ့  ။ ဒါလဲ ဟုတ်နေပြန်
ပါသည်။ ကျွန်တော်တို့ မမွေးခင်ကတဲက အာဏာရှင်စနစ်ကြီး စ ခဲ့ တာမဟုတ်လား ။ အခု ဆယ်စုနှစ်ဘယ်နှစ်ခု
ရှိခဲ့ ပြီလဲ ။ သာသနာ သာ ကောင်းကောင်းမထွန်းကားခဲ့ ပေမဲ့  အာဏာကတော့  ငွားငွားစွင့် စွင့်  ပဲ ထွန်းကား
အရှိန်ရ လို့ နေပါပြီ။ သာသနာရဲ့ အထက်မှာ အာဏာ က ပွင့် နေတော့ တာပါ ။

ဥပဒေတို့ အထက်မှာ အာဏာရှင်တို့  ထိုင်နေကြသောကြောင့်  ထုပ်သမျှသောဥပဒေအားလုံးတို့ သည် သူတို့ 
အလိုရှိသလို သရေကွင်းတစ်ပင်ကဲ့ သို့  အတိုး၊အလျှော့ ၊ အကျဉ်းအကျယ် လုပ်နေနိုင်ပါသည်။
သည်လို ဒီမိုကရေစီနိုင်ငံတို့ တွင်တော့  ဥပဒေအထက်တွင် ဘယ်သူမှ မရှိနိုင်ပါလေ ။
နိုင်ငံတော်သမ္မတသည်ပင်လျင် ပြည်သူ့ ဝန်ထမ်းတစ်ယောက်ဖြစ်လို့ နေပါတော့ သည်။

“ ဘာလုပ်နိုင်မှာမို့ လို့ လဲ ..” တဲ့  ။
သည်စကားလေးကိုလည်း ကျွန်တော် ဖြေဘို့  ရုတ်တရက် အဖြေရှာမရ ဖြစ်နေရပြန်ပါသည်။
ဒါဆို သူ့ ရင်ထဲမှာ လုပ်ချင်တာ ၊လုပ်နိုင်ချင်တာ ရှိနေလို့  သည်လို စိတ်ပျက်စကား ပြောလာတာပဲ ဖြစ်မည်ဟု
မြင်လာမိပြန်သည်။ လုပ်ချင် ၊ ဖြစ်ချင်တာတွေ မဖြစ်နိုင်၊ မလုပ်နိုင် လို့  သည်လို လက်မှိုင်ချစကား ၊ စိတ်ပျက်
စကားတို့  ပြော ထွက်လာတာ ပါလို့ လည်း ကျွန်တော် တွေးရင်းမြင်လာပါတော့ သည်။

ဒါဆို သူ့ ရင်ထဲမှာ နိုင်ငံ၏ အရေး တော့ ရှိနေမှာ အသေချာ ပါဟု တဆင့် တက် တွေး မိပြန်ပါသည်။
ဟုတ်သည်လေ ..၊ နိုင်ငံ အတွင်းမှာ နေထိုင်ကြသူ နိုင်ငံသားတိုင်း၏အရေးကို “ နိုင်ငံရေး ” ဟု ခေါ်တွင်နေတာ
မဟုတ်လား .. လို့  ။

အမေစုကလည်း သူ လွတ်လွတ်ချင်းပဲ ပြည်သူတွေကို မချင့်မရဲ ပြောခဲ့ ပါသေးသည်။ လတ်လတ်ဆတ်ဆတ်
ကြီးပါပဲ။

“ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး လို့  ပြောနေကြတဲ့ သူတွေဟာ ၊ တကယ်တော့  နိုင်ငံရေးကို တကယ်နား
မလည်လို့  ပါပဲ ”
“ ကိုယ့် မီးဖိုချောင်ကလေးထဲမှာ ထမင်း၊ ဟင်း ချက်နေတာက လဲ နိုင်ငံရေးပါပဲ ၊ ဘာဖြစ်လို့  ဆို နေ့ စဉ် ရ တာ
လေးနဲ့ ပဲ လောက်ငှ အောင် ချက်နေရတာလဲ နိုင်ငံရေးပါပဲ ”
“ ကျန်းမာရေး ကလဲ နိုင်ငံရေးပဲ ၊ ပညာရေးကလဲ နိုင်ငံရေး ပဲ ” တဲ့  လေ ။
အမေစုပြောခဲ့ သည့်  အဲဒီ့ ရဲရဲတောက်မိန့် ခွန်းများကို ထမင်းစားချိန်ကျ ကျွန်တော် ပုလင်းဖင်ကို အသေအချာ
ပြောရပါတော့ မည်။

..................................................................................


အာဏာရှင်စနစ်တို့  ထွန်းကားနေသောမြေတို့ တွင် နိုင်ငံရေးတို့  မထွန်းကားတတ်ဟု ကျွန်တော်မြင်ပါသည်။
အမှန်တရားတို့  နိုင်ငံရေးတို့  ကွယ်ပျောက်နေအောင် မလုပ်ရဲ တော့ လောက်အောင်၊ မလုပ်နိုင်အောင်လည်း
နည်းလမ်းပေါင်းစုံတို့ ဖြင့်  နှိပ်ကွတ် ထားတတ်ပါသည်။ သတင်းတို့  နှေးကွေး နေတတ်သလို၊ သတင်းမှန်တို့ 
လည်း မပေါ်တတ် ပါလေ။

အာဏာရှင်စနစ်နှင့်  နိုင်ငံရေး ဆိုတာက ပြဒါး နှင့်  သံ လိုပဲ ဘယ်လိုမှ ရောမရအောင် တစ်လမ်း စီ ဖြစ်နေလို့ 
ပါပဲ ။

အခုတော့  “ အမေစု ” က ၊ သူ့ မိသားစု တစ်ခုလုံး ၊ သူ့ ဘဝ တစ်ခုလုံးကို အစတေးခံပြီး အမှောင်ထဲမှာ နစ်မွန်း
နေသော မြန်မာပြည်သူတွေကို ဆွဲတင်ဘို့  အပြင်မှာ ရောက်နေတုံး ၊ နေနေရတုံး အချိန်လေး အတွင်းမှာပဲ ကြိုး
စားနေပြန်ပါပြီ ။ ကျွန်တော်တို့  မလုပ်တတ်သည့်  ၊ မလုပ်နိုင်သည့် ၊ မလုပ်ရဲသည့်  “ နိုင်ငံရေး ” ကိုပါပဲ ။

သူ့  ကို စာ ပြီး နာ ကြည့် မိပြန်တော့ လည်း မွန်းကြပ် လာမိပြန်ပါသည်။
သူ့  လို ကိုယ်မှ မလုပ်နိုင်ခဲ့ တာကိုး .. လို့  ။

လိုချင်ကြသည့်  “ ဒီမိုကရေစီ” ကတော့  လူတိုင်း လွတ်လပ်သည့် အခွင့် အရေး အပြည့် ရှိနေပေမဲ့  အလုပ် တော့  လုပ်ကြရမည့်  စနစ် ကြီးဖြစ်ပါသည်။ လုပ်သမှ ခါး ကြိုးနေအောင်ကို လုပ်ရ ပါမည် ဆိုတာကို သည်လို
နိုင်ငံ တွင်ရောက်နေသော ကျွန်တော်တို့ က အသိဆုံး ဖြစ်ပါသည်။

ဒီမိုကရေစီ ထွန်းကားနေသောမြေ တို့ တွင် အချောင်သမားတို့ အတွက် နေရာ တို့  မရှိတတ်ပါ ။
မှန်သောလူသာ မှန်သော နေရာကို ရ ရ ၊ ရောက်ရ ပါမည်။ တကယ်ပဲ လုပ်မှ တကယ် ရမည်ဖြစ်ပါသည်။

အာဏာရှင်စနစ်တို့ တွင်တော့  အချောင်သမားတို့  နေရာကောင်းတွေ ရနေတတ်ပါသည်။
စီးပွားရေးကလည်း အာဏာရှင်ဆန်ဆန် ပြိုင်ဘက်ကင်းနေသည့်  စီးပွားရေး စနစ်ဖြစ်နေတတ်ပါသည်။
အာဏာရှင်တို့ နှင့်  ပြေလည်နေသမျှကာလတ်ပတ်လုံး ထို စီးပွားရေးသမားတို့ သာ အကြေအလည် ဖြစ်ထွန်းနေ
မည် ဖြစ်ပါသည်။

အခုတော့  ညောင်မြစ်ကြီး လို နှစ်ပေါင်းများစွာ အမြစ်တွယ်ခိုင်မာလာသော စနစ်ကြီးကို ဖြိုလှဲဘို့ အတွက် ၊ ရေ ဆန် မှာ အမျောမခံ ပဲ အန်တု ဆန်တက်နေသည့်  ဗေဒါလေးလို အမေစုက ရှေ့  မှ ဦးဆောင် ကြိုးစား ရုန်းကန်
ပြနေ ပြန်ပါပြီ။

“ .......... ”
စကားတို့  ဆုံးသွားတော့  ပုလင်းဖင်မှ သက်ပြင်းချပါတော့ သည်။
“ ဒါဆို အမေစု ပြန်အဖမ်းခံရရင်ဘယ်လိုလုပ်မလဲ ကော်ကျို...”
“ ဟင်.... ”
သူ က စကားကြီးစကားကျယ် ပြောနေသော ကျွန်တော့် ကို နောက်ပြောင်ခေါ်ဆိုလိုက်ပေမဲ့  ကျွန်တော်မပြုံးနိုင်
ခဲ့ ပါ။ ပြန်မဖြေလိုက်နိုင်သော သူ့  မေးခွန်း လေး ကြောင့် ပါပဲ ။
“ ကဲပါ ကိုကျော်ရယ်..၊ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ တော့ ၊ သူ့  အချိန်တန်တော့  ဖြစ်လာလိမ့် မယ် ”
“ ဘာလဲ ..၊ ပျော်ပျော်ပဲနေပါ လို့  ပြောအုံးမလို့ မဟုတ်လား ” လို့  ပြောတော့  သူ ရယ်လေသည်။

အပြင်ဘက်မှ လေအေးတို့ က ကျွန်တော်တို့  နှစ်ယောက်ထိုင်နေရာဆီသို့  တသောသော တိုးဝင်လာနေတော့ 
ကျွန်တော်လည်း လမ်းမဘက်ကိုသာ ငေးကြည့် နေလိုက်မိပါသည်။
ခန့် မှန်းထားသော လေးဆယ်ရာခိုင်နှုန်း ဆိုသည့်  မိုး က တကယ့် ကိုမှန်လွန်းပါသည်။
မိုးတို့  မှုန်မှုန်သာ ကျ ဆင်းနေသောကြောင့်  ဘယ်သူ မှ မိုးကာ ဝတ်ဖို့  မလိုကြပါလေ။
အချမ်းပြေ ဝတ်လာသည့်  ခေါင်းစွတ်အနွေးထည် တို့ နှင့် သာ လုံလောက်နေကြပါတော့ သည်။

ကျွန်တော်တို့  နိုင်ငံတွင်လည်း အခုလို တိကျသော ခန့် မှန်းချက်များ ထုပ်နိုင်လျင် သိပ်ကောင်းမှာပဲ ဟု တွေးမိ
ပါသည်။ တိုင်းပြည်ရဲ့  အချေအနေ ၊ အမေစု ရဲ့  အချေအနေ ၊ နိုင်ငံရေး ရဲ့  အချေအနေ တွေလေ .... ။
နှစ်ယောက်သား အပြင်ကို ကြည့်နေရင်း အအေးတို့  ပို လာသလိုဖြစ်လာပါသည်။ သည်အအေးလေးတွေကို
ကျွန်တော်တို့  မြေ ကို ရွှေ့  လို့ ရလျင်ရွှေ့  လိုက်ချင်ပါတော့ သည် လို့  ။


အမေစု ဘယ်လောက်လုပ်ခွင့်ရပါ့ မလဲ ..။
တွေးကြည့် မိတော့  စိုးရိမ်စရာ အပြည့် ပါပဲ ။
ဘာမဆိုလဲ သူ့  အတွက်ဖြစ်လာနိုင်သည် မဟုတ်လား ။
ဒါကြောင့်မို့ လို့ လေ .. ကျွန်တော်ကတော့  ...၊
အား လဲ ပေးနေပါမည် ။
ဆု လဲ တောင်းနေပါမည်။
မျှော်လဲ မျှော်လင့် လျက်ပါ ဗေဒါဆီ သို့ ပါ ပဲ လို့ ......... ။

............................................................................................................












Sunday, November 14, 2010

မဗေဒါ ( သို့ )....

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီတဲ့  ။

သတင်းက တော်လည်းမည်သံ လိုပြန့် နှံ့  တှုန်ဟီးသွားပါသည်။ ကမ္ဘာအနှံ့  ၊နေရာအနှံ့  ၊ ပြည်မြန်မာတွင်တော့ 
အတိုင်းထက်အလွန်ပဲ ဆိုပါတော့ ။ ဖေ့ (စ)ဘုတ်ပေါ်တွင်ရောက်နေတုံး မိတ်ဆွေတစ်ယောက် တင်လိုက်သော
လင့် ကလေးကို ဝင်ကြည့် မိရာမှ ၊ တဆင့် ပြီးတဆင့် လင့် ချင်းချိတ်၍ နာရီနှင့်အမျှ တက်တက် လာနေသော
သတင်းများကို ဝင်ဝင်ကြည့် မိနေရင်း မျက်တောင်ခတ်ဖို့ ကိုတောင် မေ့ လျော့ နေမိပါတော့ သည်။

သတင်းဝက်ဆိုက်တစ်ခုထဲတွင် ရေနံချောင်းမြို့ သား လူရွယ်ယောင်္ကျားတစ်ယောက်က အမေစု လွတ်လာပြီ
ဆိုသော သတင်း ကြား၍ ချုံးပွဲချ ငိုရပါသည်ဟု ဖတ်လိုက်ရသောအခါတွင်တော့  ကျွန်တော်ပါ ဖတ်နေရင်း
စာလုံးတို့ တောင် မပီပြင်၊ ဝိုးတဝါး ဖြစ်ခဲ့ ရပါသည်။ ကျွန်တော့ ရင်ဝယ် နွေး လာသလို ပါပဲ။ ဆို့  လာသော
ရင် ဖြင့် ပဲ ဆက်ဖတ်နေဖြစ်ပါတော့ သည်။

တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်တွင် လုံခြုံရေး တပ်သားများက အတားအဆီးအကွယ်အကာများကို တစ်ထပ်
ချင်းဖြုတ်သွားပြီး လမ်းပိတ်ထားသော သံပိုက်လုံးမောင်းတံကြီးကို မ ဖွင့် ပေးလိုက်လျင်ပဲ အချိန်ကြာမြင့် စွာ
စောင့်ဆိုင်းနေရသော လူထုကြီးလည်း ဝမ်းသာကြည်နူးစွာဖြင့် အမေစုအိမ်ရှိရာဖက်သို့  အတင်းတိုးခွေ့  ပြေး
ဝင်သွားသည့်  ဗီဒီယို ခွေကို ကြည့် နေမိရင်း ကျွန်တော်ပါ သူတို့ နှင့်  အတူ ရောပါ သွားရပါတော့ သည်။
အော်... ၁၆ နှစ်ကြာအောင် အမေနှင့်  ခွဲ ခဲ့ ကြရတာကိုး... လို့  ။

၁၉၈၉ခုနှစ် ဂျူလိုင်လ ၄ ရက်နေ့ မှာ သူ့ ကို နောက်ဆုံးတွေ့  လိုက်ရပြီးကတဲက အကြိမ်ကြိမ် အကျယ်ချုပ်ဖြင့် 
နေခဲ့ ရသည်မှာ ယနေ့  ၂၀၁၀ ပြည့်၊ နိုဝင်ဘာလ ၁၃ ရက် အထိ ရေတွက်ကြည့်လျင် နှစ်ပေါင်း ၁၆ နှစ် ကျော်
ကြာမြင့်ခဲ့ ရပါသည်။ လူထုကြားမှ သူ ပျောက်ကွယ်နေခဲ့ ရသလို၊ ပြည်သူ လူထုကြီးလဲ သူမရှိပဲ မျက်နှာငယ်ငယ်
အားငယ်စိတ်များ နှင့်ပင် သည် ၁၆ နှစ်ခရီးကို ဆက်ခဲ့ ရပါသည်။်

လှောင်ဂျိုင့် ထဲက ငှက်ကလေးတစ်ကောင်လိုပဲ ၁၆ နှစ်ကျော်ကြာသွားလောက်အောင် သူချစ်ခင်တွယ်တာ
သံယောဇဉ်ကြီးခဲ့ ရသည့်  သူ့ မိသားစုလေးကို စွန့် ခွာပြီး ၊ သူ့ အိမ်အိုလေးထဲမှာပဲ နေခဲရသည့် အကျယ်ချုပ် အချ ခံရသော အကြိမ်များကို ကျွန်တော်ဖတ်မိသလောက်ပြန်တင်ပြချင်ပါသည်။

ပထမအကြိမ် ----- ၁၉၈၉ခု၊ ဇူလိုင်လ ၂၀ ရက်မှ ၊ ၁၉၉၅ခု၊ ဇူလိုင်လ ၁၀ ရက် ။
ဒုတိယအကြိမ် ----- ၂၀၀၀ခု၊ စက်တင်ဘာ ၂ ရက်မှ ၊ ၂၀၀၀ ခု ၊ စက်တင်ဘာ ၁၄ ရက် ။
တပ်တိယအကြိမ်--- ၂၀၀၀ခု၊ စက်တင်ဘာ ၂၂ ရက်မှ ၊ ၂၀၀၂ ခု၊ မေလ ၆ ရက် ။
စတ္ထုထအကြိမ် ---- ၂၀၀၃ ခု၊ မေလ ၃၀ ရက်မှ ၊ ၂၀၁၀ ခု ၊နိုဝင်ဘာလ ၁၃ရက် ။

အထက်ဖေါ်ပြပါရက်စွဲများကတော့  ကျွန်တော်တို့  မြန်မာပြည်ကြီး မိုးမှောင်ကျနေသော ရက်စွဲများပဲဖြစ်ပါသည်။

ကျွန်တော်တို့  အမိမြေကြီးကတော့  အမှန်တရားတို့  ဆိပ်သုန်းနေခဲ့ သည်မှာ ကြာမြင့် ခဲ့ ပါပြီ။ ဆယ်စုနှစ်ပေါင်း
များစွာပါပဲ။ မှန်တဲ့ တရားတို့  ဆိပ်သုန်းရာနေရာမှာ ၊ မှန်တာကိုပြောတဲ့  လုပ်တဲ့  သူ တို့  ကျဆုံး၊ ပျောက်ဆုံး နေ
ခဲ့ သည်မှာလည်း ကြာမြင့် ခဲ့ ပါပြီ လို့ ။

အခုတော့  ပြည်သူတွေ ကြားထဲမှာ အမေစု ပြန်ပေါ်လာပြီ ဖြစ်ပါသည်။
ဆိတ်သုန်းနေသောအမှန်တရားတို့ လည်း တိမ်ဖုံးနေရာမှ ပြန်ပေါ်လာသလို လင်းလက်လာတော့ မည်ဖြစ်ပါ၏
ပြည်သူတွေရဲ့  မျှော်လင့် ချက် ကလေး ၊ ပြည်သူတွေ ရဲ့  နှလုံးသည်းပွတ်ကလေး ဟုဆိုလျင်လဲ မှားအံ့  မထင်ပါ။

သည်နေရာမှာ မေတ္တာတရား ဆိုတာကို ပြောရမလိုဖြစ်ပါသည်။ ရောင်ပြန်ဟပ်တတ်သည့်  သဘော ဟုဆိုချင်
ပါသည်။ “ သူ ” က ပြည်သူတစ်ရပ်လုံးကို သူ့ ဖေဖေ ဗိုလ်ချုပ်အောင်ဆန်းလို ၊ တကယ်ပဲ အေးမြ စစ်မှန်သည့် 
မေတ္တာထားတတ်သူမို့  ပြည်သူတစ်ရပ်လုံးကလည်း “ သူ့  ” ကို ပြန်ပြီး မေတ္တာ ထားမိနေတာပဲ ဖြစ်ပါသည်။
သူ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ပြည်သူတွေ မျက်စေ့  ထဲမှာတော့  သူ မှ သူ ဖြစ်လို့ နေတာပဲ ဖြစ်ပါသည်။

“ သူ ” အကျယ်ချုပ်မှ ၊ စတင်လွတ်မြောက်သည့်  နေ့  ညနေတွင် ဗေဒါရောင် ဝမ်းဆက်ကလေးကို မြန်မာ
ဆန်ဆန်ကလေးပဲ ရွေးချယ်ဝတ်ဆင်ခဲ့ တာကို သတိပြုမိခဲ့ ပါသည်။ ( အမေစုကတော့  အမြဲတန်းဗမာဆန်နေ
တော့ တာပဲ ဖြစ်ပါသည်။) “ သူ့  ” ဆံထုံးလေးဘေးတွင်လည်း လူထုထဲမှ ကမ်းလိုက်သော အဖြူရောင်နှင့် အနီ
ရောင်ပန်းနှစ်ပွင့် ကို ဖူးဖူးလေး ပန်ထားသည်ကိုပါ မြင်မိခဲ့ ပါသည်။

မျက်စေ့ တဆုံးသော လူပင်လယ်ကြီးကို သူ့ ခြံတံခါးနောက်မှ မျှော်ကြည့် မိနေရင်း၊ ရုတ်တရက် သူ စကားမပြော
နိုင်သလို ဖြစ်နေခဲ့ ပါသည်။ ဘယ်လောက်ပဲ ကြာကြာ ၊ လူထုကြီးကတော့  ဘယ်တော့ မှ စိမ်းသွားမှာ
မဟုတ်သလို ၊ ၁၆ နှစ်လုံးလုံးလဲ မမေ့ နိုင်သော အိမ်မက်များဖြင့်  “ သူ့  ” ကို မျှော်လင့် နေခဲ့ ကြတာပဲဖြစ်သည်။

ဗမာတစ်ပြည်လုံးတွင်တော့  ပြည်သူတစ်ရပ်လုံးက အိမ်မှာ စားစရာမရှိရင်နေပါစေတော့  ၊ နေ့ စဉ်ပဲ အမေစု
ဘယ်သွားမလဲ ၊ ဘာပြောမလဲ ၊ ဘာလုပ်မလဲ ဆိုတာပဲ စောင့် မျှော်နေကြတော့ မှာ ဖြစ်ပါသည်။ ထူးမခြားနားပဲ
ပြီးဆုံးသွားသည့် ရွေးကောက်ပွဲ နှင့်ဆန့် ကျင်ဘက်ကြီးလဲ ဖြစ်လို့ နေပါပြီ လို့  ။

ကျွန်တော့ အထင်တော့  ယနေ့  မြန်မာပြည်ကြီးတွင် မုန်တိုင်းတစ်ခု အစပြုနေပြီဟုထင်ပါသည်။
ကြားကြသည့် အတိုင်းပဲ နယ်စပ်တိုက်ပွဲ များ ပြန် စ နေ ကြပြီ ဖြစ်ပါသည်။
ဗမာ ဗမာချင်း ၊ မြန်မာပြည်သားချင်း ပြန်လည် တိုက်ခိုက်ကြမည့်  တိုက်ပွဲတွေပဲ ဖြစ်ပါသည်။
ပြည်သူများလဲ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရပါသည်။
ထိုတိုက်ပွဲ များက လွတ်လပ်ရေး ကြေညာပြီးကတဲက သေနပ်သံ တို့  စ ခဲ့  သည်မှာ ယနေ့  အချိန်အထိ
ဆိုတော့  အဖြေ တစ်ခုတော့  ရှိနေ၊ ရှာနေရတော့ မှာ ဖြစ်ပါသည်။ တိုင်းပြည်ကြီးလဲ အခွံ ပဲ ကျန်သွားပါတော့ 
သည်။ ထိုအဖြေက အမေစု ဆီမှာ ရှိမည်ဖြစ်ပါသည်။

ဆရာမြတ်ထန်၏ နုသောတိုင်းပြည် ဝယ် မုန်တိုင်းက ထန်ချင်နေပါပြီလို့ ။
အမေစုက ဗေဒါရောင်လေးဝတ်ပြီးထွက်လာတော့  “ မဗေဒါ ” သီချင်းကလေးကို ပဲ သွားသတိရမိပါသည်။
ထိုသီချင်းကလေးဖြင့် ကျွန်တော်တို့  ပုခက်ထဲတွင် အိပ်ခဲ့ ကြဘူးမည်ဖြစ်ပါသည်။
သီချင်းရဲ့  နောက်ဆုံးအပိုဒ်ကလေးထဲကအတိုင်း ...
“ ဗေဒါပြန် အံ ကိုခဲ .. ပန်း ပန်လျက် ပဲ..... ”
ရေဆန်ကို ဆန်တက်နေသော ကျွန်တော်တို့  ချစ်သော အမေစု ကို သူ ရွေးချယ်ခဲ့ သော အရောင်ဖြစ်သည့် 
ဗေဒါပန်းကလေးနှင့်ပဲ သည်ပို့ (စ) လေးတွင် ခဏလောက်တော့  ခိုင်းနှိုင်း ကြည့် ချင်ပါသည်။
ဘာဖြစ်လို့ ဆို အမေစု လုပ်နိုင်လိမ့် မည်ဟု ထင်လို့ ပါပဲ ။
အမေစုမှ တပါး ....... ။
မဗေဒါ မှ လွဲ၍ ......။

( သည်စာစုလေးကို မိတ်ဆွေ ဘလော့ကာတစ်ယောက်နှင့်  တိုင်ပင်ပြီး ရေးခဲ့ မိပါသည်၊ လောလောဆယ်
ဝမ်းသာလွန်းနေတော့ လဲ ဘာရေးရမှန်းမသိ၊ အမေစုကို ပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုချင်နေတာလဲ ပါနေ
တာကြောင့်  ခပ်လောလောလေးပဲ ရေးလိုက်မိလို့  မှားတာရှိခဲ့ ရင်လဲ ဝန်တာမိ ပါပဲ လို့  ။ )

..................................................................................................................................


( အချေအနေပေးလျင် ဆက်ကြည့် ပါအုံးမည် )