Tuesday, October 27, 2009

ရေတွင်းကလေး ( ဒုတိယ )

ကျွန်တော်တို့ အဖွားအိမ်က နတ်မှော်လမ်းမကြီးပေါ်ရှိ တာကလေးရပ်ကွက် မှာဖြစ်ပါသည်။
တာ ကို အစွဲပြုပြီး တာကလေးဟု ခေါ်နေသော်လည်း ကျော်ရသည့် တာကတော့ မသေးပဲကြီး၍ မြင့် ပါသည်။
ချက်ကြီးကားတို့  လူဝိတ်၊ကုန်ဝိတ် အပြည့် နှင့်  မီးခိုးတို့ မဲပြီး ငယ်သံပါအောင် အော်ပြီး၊တအိအိ တရွေ့ရွေ့ တက်
နေရချိန်တွင် ကိုစပယ်ယာတို့ က ဂျမ်းတုံးကြီးကိုင်ပြီး ကားနောက်မှီးမှ တကောက်ကောက် ပြေးလိုက်၍ တက်ရ
ကျော်ရသော တာကုန်းကြီးဖြစ်ပါသည်။

ချက်ကြီး တို့ တောင်၊ ငယ်သံပါအောင် အံကြိတ်၍ တက်ရသော ထိုတာကုန်းကို ငတိုးတို့ ၏ ချက်ကလေးဖြစ်
သည့်  " ချစ်ရအောင် " ဆိုက္ကားလေးကရောတဲ့ ..၊ ဆင်း တွန်းရတာပေါ့ နော်။ ချစ်ရအောင် ကို တွန်းဖို့ ရှေ့ကထိုင်
လာသော ငတိုး က ယောင်္ကျားပီပီ စွေ့ ကနဲ ခုန်ဆင်းလိုက်တော့  ဆိုက္ကားခမျာ မချိမဆန့် ပတပ်ရပ်လိုက်ရသလို
ဦးထောင်ရရှာလေတော့ ရာ နောက်က အခန့် သားထိုင်လိုက်လာသော ဂျီးဒေါ်ကြီးမှ ဟဲ့ .. ပလုပ်တုပ်..ဘာညာ
စသည်... ဖြင့်  အစုံ တုပ် ပါလေတော့ သည်။( အစုံသုပ်မဟုတ်ပါ )
သည်တော့ လဲ ငတိုးနှင့် ဆိုက္ကားဆရာတို့ တောင်းပန်၍ မနဲပြန်ဖိရပါသည်။ ဒေါ်ကြီးကို မဟုတ်၊ ချစ်ရအောင်ကိုပါ။


တအိအိတွန်းလာရသလောက် ကုန်းထိပ်ရောက်ပြန်တော့  ထိုးဆိုက်ဆင်းဖို့  ပြင်ရပြန်တော့ သည်။
ဆိုက္ကားဆရာကတော့  သူ့ အလှည့် လေ၊ ပိုင်းလော့ မျက်နှာပေးနှင့် ဆိုက္ကားကို အသာလေးတွန်းပြီး ခုန်တက်
လိုက် တော့ သည်။ ကုန်ဝိတ်၊လူဝိတ် အပြည့် နှင့်  ထိုးဆင်းလာသော ဆိုက္ကားရှေ့မှာ ထိုင်လိုက်လာရသော
ငတိုး တစ်ယောက် ဆိုက္ကား နံ နှစ်ဖက်ကို အတင်းဆုပ်ကိုင်မိရင်း ထိုင်ထားသောဖင် မကြွ မိအောင် သတိထား
ရတော့ သည်။ ခွေးတစ်ကောင်၊ ခလေးတစ်ကောင် မျှ ကုန်းဆင်းတာလမ်းပေါ် ထွက်ပြေးမလာဖို့ လဲ သူ ကပျာပဲ
ဆုတောင်းလိုက်မိနေသည်။ ချစ်ရအောင်၏ ခြေမနှင့်  ဘရိတ်ကြိုးကို ညှပ်၍ ဆွဲ ရသည့် ဘရိတ် စနစ်ကို
ကြောက်လို့ ပါလေ။

မကုန်သေးသော ဆိုက္ကားအရှိန်အတိုင်း ကျောက်တော်ကြီးဘုရားကိုကျော်ပြီး အတန်ငယ်ပဲ ဆက်သွားလိုက်
သည်နှင့်  ငတိုးတို့ ရဲ့ အဖွားအိမ်ကို ရောက်ပါတော့ သည်။

ငတိုး တို့  အဖွားအိမ်ဝင်းရှေ့ တွင် ငတိုးရဲ့ အဒေါ် အပျိုကြီး ဒေါ်ဘေဘီ ဖွင့် ထားသည့် ကွမ်းယာဆိုင်ကလေးရှိပြီး
ဆိုင်ကလေးရဲ့  ဘေးတွင် အရိပ်ကောင်းလွန်းသော ဗန်ဒါပင်ကြီး တစ်ပင်လဲရှိနေပြန်ပါသည်။ ငယ်စဉ် ငတိုးနှင့် 
ဖွားဖက်တော် ခွေးကလေးငဖြူတို့ သေးအပြိုင်ကော့ ပန်းခဲ့ သောအပင်လေးဖြစ်ပါသည်။ မြေဆီကောင်းလို့ ထင်။
အခုတော့  မော့ ကြည့် နေရသည့် အရိပ်ရ အပင်ကြီး ဖြစ်နေတော့ သည်။

လမ်းမပေါ်မှ အဖွားတို့ အိမ်ရှေ့ကို ဆိုက္ကားအရှိန်နှင့်  ဝဲ ဆင်းလိုက်သည်နှင့်  ကွမ်းအစ်ထဲ ကွမ်းသီးလုံးများညှပ်
ထည့် နေသော ငတိုး ကြီးတော် ဒေါ်ဘေဘီက မျက်မှန်ဂိုင်းပေါ်မှ မျက်လုံးတို့  လှန်ကြည့် လိုက်ရင်း
" ဟယ်... ငတိုး လာတယ် အမေရေ့  .... ဟဲ့ .. အပြုံးရေ.. မောင်တင့် ဝေ၊ မိကြူ ...." စသဖြင့်  ပွဲဆူအောင်
ထ အော်ပါတော့ သည်။

တောနယ်တို့  ထုံးစံအတိုင်း ရန်ကုန်သား၊ရန်ကုန်သူတို့  ဆင်းလာကြပြီ ဆိုလျှင် စူးစူးစမ်းစမ်း သိချင်၊မြင်ချင်ကြ
ပေသည်။ဖြူသလား၊ မဲသလားပေါ့ လေ။ ဖြူ နေတာကတော့  သေချာပါသည်။ ဖုံတွေကြောင့် ပါ။
လမ်း တစ်ဖက်ခြမ်းရှိ ရေတွင်း ထဲမှ အပျို တစ်သိုက် တို့  အကြည့် က ဦးစွာရောက်ရှိလာတော့ သည်။
ပြီးတော့  အိမ်ဝိုင်းထဲမှ " ဝုန်း " ကနဲ ထိုးဟောင် လိုက်သူက ငဖြူ ပါ၊ ကြီးဒေါ်၏ အော်သံကြောင့်  ရှေ့လက်
နှစ်ခြောင်းပေါ် မေးလေးတင်ပြီး ဇရက်မင်းစည်းစိမ်အပြည့် ခံစားနေရာမှ အလန့် ထညက် ထ ဟောင်တတ်သည့် 
အကျင့် ကတော့  ငယ်ငယ်က အတိုင်းပါပဲ။ ပြီးမှ ဘယ်သူ၊ဘယ်ဝါ ဇာတ်ရည် လည်သွားတော့ မှ ဇက်ကလေးပု
၍ လျှာတစ်လစ်ကလေးနှင့်  သူ့ အမွှေးဖွားများကို ဘယ်ညာ လှုပ်ရန်းပြီး တဇာတ်ဇာတ် ခါထုပ် မျက်နှာချိုသွေး
တတ်သည်မှာလည်း ဟိုး..အရင်က အတိုင်းပါပဲလေ ။

အရင်ကအတိုင်းရှိနေသေးတာကလဲ အိမ်မကြီးတံစက်မြိတ် ညာဖက်ခြမ်းရှိသဲနုနု၊မြက်နုနုတို့ ခင်းထားသည့် 
သောက်ရေအိုးစင်လေးပါ။ အရင်အတိုင်းမဖြစ်တော့ သည်က ငတိုးရဲ့ အဖွား ၊ ပက်လက်ကုလားထိုင်ပေါ်မှာပဲ
အချိန်ကုန်လွန်နေရပြီး လူတွဲနှင့် ပဲ လျှောက်နေရခြင်းပါ။

ငတိုး ငယ်စဉ် အလည်တန်းကျောင်းသားဘဝက ဦးလေးတွေ၊အဒေါ်တွေ တာလမ်းကြီးကို ဖြတ်ကူးပြီး အိမ်ရှေ့ 
စွန်ပျံ ဆေးလိပ်ခုံရှိ ရေတွင်း မှ အိမ်သုံးရန်အတွက် ထန်းပိုးကိုယ်စီ၊ရေပုံးကိုယ်စီဖြင့်  အလှည့် ကျ ထမ်းဖြည့် ခဲ့ 
ကြရသည်။ ထိုစဉ်က ငတိုး တတ်နိုင်သည်က အိမ်တံစက်မြိတ်မှ စောင့် ၍ အဒေါ်တွေ၊ဦးလေးတွေ ထမ်းလာ
သည့် ရေပုံးအချို့ ကို မနိုင့် တနိုင် ဆွဲယူပြီး ရေအိုးစဉ်ပေါ်ရှိ ရေအိုးသုံးလုံးကို ကူဖြည့် ရခြင်းဖြစ်ပါသည်။

မနိုင့် တနိုင် ဆိုတော့ လဲ ၊ ဖိတ်တဝက်၊ စင်တဝက်ပေါ့ လေ ။ တဝက်တွေများလို့  အိုးထဲတော့ နဲနဲရောက်ပါ၏
တွင်းရေခတ်တိုင်း အများဆုံး အတွဲများသည်က ငတိုးနှင့်  သူ့ ဦးလေး ကိုတင့် ဝေပါ။ ကျော်ဟိန်း၊ဇော်ဇော် တို့ 
လျှန်းလျှန်းတောက်နေချိန်က သူလဲ ကျော်ဟိန်းရူးရူးနေခဲ့ သူပါလေ။ တူဝရီး ဆိုသော်လည်း သူတို့ နှစ်ယောက်
က သူငယ်ချင်းလိုပါပဲ။

ဦးလေးလုပ်သူက တာလမ်းမကြီးကို အခေါက်ခေါက်၊အခါခါ ဖြတ်ကူးပြီး လျှာထွက်မတတ် တွင်းရေ ကို ခတ်ပေး
သလောက် ငတိုး တစ်ယောက်ကလည်း သောက်ရေအိုး သုံးလုံးကို ဖိတ်တဝက်၊စင်တဝက်ဖြင့်  တကိုယ်လုံး
ရွှဲရွှဲစိုပြီး တစ်နွေကုန်လုနီးပါးဖြည့် နေပေမဲ့  ဦးလေးဖြစ်သူက တစ်ချက်ကလေးမှ မညီးရှာပါ။ ဘာကြောင့် လဲဆို
ရေတွင်းကလေးမှာ သူ့ ရည်းစား အမာရီ ရှိနေလို့ ပါပဲ။

ငတိုး ဦးလေးက အမာရီ့  ကို ချစ်တဲ့ အကြောင်းလေး ပြောမလို့ ပါ ဆိုပြီး နေ့ တိုင်းရေတွင်းကလေးမှာ ချိန်းပြီး
ရေခတ်နေကြပေမဲ့  ကျော်ဟိန်းအိုင်တင်နှင့်  ချစ်တဲ့ အကြောင်းပြောဖို့ ခွင့် တောင်းပြီး တနွေသာကုန်သွားရော။
မပြောဖြစ်ခဲ့ သည့်  ဦးလေးကို ငတိုး နားမလည်ခဲ့ ပေမဲ့  အားတော့ ကျနေခဲ့ တာအမှန်ပါ။

ဒီလိုပဲ နေ့ စဉ် တူဝရီးနှစ်ယောက် တာကလေး လမ်းမကြီးကို ချောင်းဖြစ်သွားအောင် ရေဆွဲ၊ရေခတ်ခြင်း အလုပ်
ကို အဖွားရဲ့  အအော်၊ အဟန့် တို့ နဲ့ ပဲ ပြီးဆုံးနေခဲ့ ရတာပါ။

ဦးလေးကို အားကျတော့  ဦးလေးခြေရာနင်းဖို့  ငတိုးကြိုးစားပါတော့ သည်။
ဝါသနာတူလာတော့  မှန်လုကြရပါတော့ သည်။ ဦးလေးနဲ့ လေ။ အဖွားအိမ်က မှန်ကိုပါ။ မှန်တင်ခုံက တင်ပြင်
ခွေထိုင်ပြီး ကျောက်ပြင်တင်၍ သွေးလိမ်းရသည့်  မှန်တင်ခုံပါ။ မှန်က ငိုက်လို့ ၊လှန်လို့ ရပါသည်။ ကိုယ်လုံး
ပေါ်ချင်ရင်တော့  မတ်တတ်ထ နောက်နဲနဲ လျှောက်ပြီး လှည့် ကြည့် ရပါသည်။

အဒေါ် လေးယောက်က ရှေ့ မှ သနပ်ခါးကိုယ်စီသွေးပြီး တို့ ဖတ် ဖြင့် တဖုန်းဖုန်း၊တဖတ်ဖတ် အသီးသီးရိုက်သွား
ခဲ့ ကြ၍ မှန်တင်ခုံရှိမှန်ပေါ်တွင် သနပ်ခါးစက်တို့ အမြဲတန်းပေပွနေတတ်သဖြင့် ငတိုးက အမြဲ ပြောင်နေအောင်
ရေပတ်ပြန်တိုက်ရပါသည်။ ဦးလေးကတော့  ရေတွင်းကလေးကို အချိန်မှီ ကျော်ဟိန်းနှင့် တူအောင် သွားဖို့ 
မှန်ကြည့် ပြီး လေ့ ကျင့် နေရသောကြောင့်  မအားဖြစ်နေရသည်လေ။ ငတိုးကတော့  သူ့ ကို မပြောတော့ ပါ။
သူများအတွက် ပါရမီဖြည့် ပေးမှ ကိုယ့် အတွက် ပါရမီတွေ ပြည့် လာတော့ မှာမဟုတ်လားလို့ ။

ငတိုးချိန်မည့်  ပစ်မှတ်က " အသွဲ့ " ပါ။ သူနှင့် ဘယ်တော့ မှ မတည့် သည့်  အသွဲ့ ပါ။
နေရာကလည်း ဦးလေးနှင့်  ကော်ပီ စွဲထားသည့် နေရာ..၊
ရေတွင်းကလေးပါပဲ...။

...........................................................................................................................................................

( ဆက်ရန် )

9 comments:

kiki said...

ငတိုးက ဦးလေးနဲ့ အပြိုင် သနပ်ခါးလိမ်း ။ နောက်ပိုးလည်း ပိုးတတ် နေပြီလား ။
အဒေါ်လေးယောက် ဖွခဲ့တဲ့ ကျောက်ပြင် နဲ့ ညစ်ပတ်နေတဲ့ မှန်တင်ခုံ ကို ပြန်သန့်ရှင်းရေး လုပ်ပေးတယ် ဆိုတော့ ပြုံးမိသေးတယ် ။
အိမ်က အမေ့ မှန်တင်ခုံ အိုလေးကို သတိရမိတယ် လေ ။ ဆိုက်ကား ဘရိတ်က ဘာလို့  ခြေနဲ့ ဆွဲ ညှပ်ရတာလဲ ဟင် ။
ဇာတ်လမ်းမှာ ခုထိ မင်းသမီး ထွက်မလာသေးဘူးလား ။
မျှော်နေတယ် ဗျိုးးး ။

thawzin said...

ရွာသားတွေရဲ့ ဓလေ့တွေကို ဦးစားပေးထားတာပဲနော်။ ဇတ်လိုက်တွေများလိုက်တာ။ တရုတ်သိုင်းစာစဉ်ဖတ်ရသလိုပဲ။ မှတ်ရာများတယ်။ ဆက်ရေးဗျို့ ဆက်ဖတ်ဖို့ အားပေးနေပါတယ်။

ahphyulay said...

ခြေမနဲ့ ညှပ်ပြီးညှစ်ဖိချပြီးဖမ်းတာကနောက်ဘရိတ်ပါ။သူတို့ 
က အဲဒီဘရိတ်လေးပြင်ဘို့ တောင် အကြောင်းအမျိုးမျိုးရှိပြီးမပြင်
နိုင်ဖြစ်နေတတ်ကြတယ်လေ။ဘားတန်းအောက်မှာ နောက်ဘရိတ်ကြိုး
ရှိနေတယ်။

မြစ်ကျိုးအင်း said...

ဇာတ်လမ်းပြီးခါနီးမှပဲ ဇာတ်က ပိုချောသွားသလို အစပ်အဆက်မိလာတော့တယ်....။

နေရာကောင်းမှာလည်း ဖြတ်ထားနိင်တယ်

အဖြူလေးရေ ကျားယို

မြစ်ကျိုးအင်း said...

ထုံစံအတိုင်းပေါ့ ဆက်ရန် မျှော်နေမယ်

မြစ်ကျိုးအင်း said...

အတိုးကို သနပ်ခါးလူးပေးခိုင်းဘို့ ညောင်ရမ်းကို ပြောအုံးမှပဲ .....။

အဲဒီညတော့ သတိထားအိပ်နော်

လင်းကြယ်ဖြူ said...

သနပ်ခါးကို ထူထူလိမ်းပြီး လရောင်အောက်မှာ ထိုင်ခိုင်းထားရင် မြင်ရသူ အဖို့...
အင်း....ပျော်စရာပဲနော..

ဖြူတုတ်လေး said...

နယ်သရုပ်ကိုဖော်ထားတာ အရမ်းပီပါတယ်။ ဖြူတုတ်တို့ မုံရွာကမ်းနားမှာလည်း မြင်းလှည်းတွေ ဆိုက်ကားတွေနဲ့ရှုပ်နေတာ ဒီစာထဲကအတိုင်းပဲ။ ဆက်ရန် မျှော်နေမယ်နော်။

m said...

ဇာတ်လမ်းလေး စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။
အဖြူရောင်စာလုံးတွေလည်း ဖတ်ရတာ ပိုအဆင်ပြေလာသလိုပဲ။ စိတ်ထင်လို့လားတော့ မသိဘူး။

အားပေးလျက်