Monday, March 29, 2010

“ ပိုး ” ဖြစ်ခဲ့ သော“ ကြိုး”

အွန်လိုင်း ပေါ်မှာ ဘလော့ ကာ တစ်ယောက်စ နှစ်ယောက်စ နှင့်  စကား ပြောဖြစ်တော့  စာရေးခြင်း
အကြောင်းပဲ ရောက်သွားဖြစ်ခဲ့ ပါသည်။
ကျွန်တော်က ကိုယ် ကြားခဲ့  ဘူးသည့်  ဆရာ သော်တာဆွေ ၏ “ စာ ဆိုတာ ရေးချင်တိုင်း၊ ရေးလို့  မရဘူးကွ ၊
ရေးချင်မှ ရေးလို့ ရပါတယ် ” ဟု ဆိုသော စကား တစ်ခွန်း နှင့်  ကိုယ့် ရှေ့ က စီနီယာ ဘလော့ ကာ တို့ ကို
ဆရာလုပ် ပြီး ပြော မိခဲ့ ပါသည်။

ဒါတင်လား ဆိုတော့ မက သေးပါ။
“ ကျွန်တော့်  အထင်... ရသ စာပေ က ပိုခက်လိမ့် မယ်ထင်တယ်နော် ၊ ဘာဖြစ်လို့ ဆို သုတ စာပေလို
ကိုယ် သိထားတဲ့ အတိုင်း အရင်း အတိုင်းပဲ “ ဒဲ့ ” ရေးပြလို့  မဖြစ်ပဲ စာ ဖတ်သူ ထိခိုက် အောင် ဖွဲ့ ရ၊ တန်ဆာ
ဆင်ရသေး တာကိုးဗျ၊ ကိုယ် ကိုယ်တိုင် ပဲ ထိခိုက် ခံစား ရမှ သူများ ကိုလည်း ထိခိုက် တော့ မှာပေါ့ နော် ”
စ သဖြင့်  တတ် ရောင်ကား လျှောက်ပြော လိုက်ပြီးမှ ကိုယ့် ဖာကိုယ် မလုံမလဲ တစ်ယောက်ထဲ ကြိတ် ပြုံး
လိုက် ခဲ့ မိပါသည်။

ဘာကြောင့်  ထိုစကား လေးကို ကျွန်တော့်  နှုတ်မှ မမေ့  စတန်း ခဏ ခဏ ရွတ် နေမိ ပါသနည်း ဆိုရပါသော်
တွေးစရာပါသည့်  ဆရာ ကြီး၏ သူပြောချင် လိုက်သော သဘော လေးကို အလွန်ပဲ ကျွန်တော် နှစ်ခြိုက် မိ
နေသောကြောင့်  ဖြစ်ပါသည်။

အထူးသဖြင့်  စာ ရေးနေရရင် ၊ စာရေး ရတာလေး ကိုပဲ “ ပိုး ” တစ်ခု ဝင်နေသလို ဖြစ်နေသော ကျွန်တော့် 
လို ကောင် အတွက် ကွက်တိ ဖြစ်နေလို့ ပါပဲ ။

“ ပိုး ” တဲ့  ..။
ဟုတ်ပါသည်။
“ ပိုး ” တော့  ကျွန်တော့် မှာ ရှိတာ သေချာ ပါသည်။
ရှိလို့ သာ စာလေးတွေ၊ ပို့ (စ) လေးတွေ ကို ဟုတ်တာတွေရော၊ မဟုတ် တာတွေ ရော လက်တည့်  စမ်း၍
တစ်ပုဒ် ပြီး တစ်ပုဒ် ရေး တင် နေမိတာ ဖြစ်ပါသည်။

ရေးချင်သလို စွတ် ရေး နေရင်းနဲ့ ပဲ တစ်ခါတစ်လေ စဉ်းစား မိ မိ နေတာက မည်သည့်  စံ ၊ မည်သည့်  ဘောင်
များမှ မရှိသည့်  အလွန်ပဲ လွတ်လပ် လှပါသော အွန်လိုင်း ကြီး ပေါ်ကို ကိုယ့်  ရဲ့  အကြိမ် ကြိမ် မှားနေ သေး
သော စာလုံးပေါင်းများ ဖြင့် မဖြစ် စလောက် စာ လေး တွေ ကို ခလုတ် လေး တစ်ချက် နိုပ်လိုက်ရုံ နဲ့  လေလှိုင်း
ထဲ ချက်ခြင်းပြန့် နှံ့ သွားပြီး ချစ်စရာကောင်းသော ပုံနှိပ် စာလုံး ဝိုင်းဝိုင်း ကလေးများနှင့်  ကိုယ့်  ကမောက်
ကမ စာ မူ လေးကို ပြန်ဖတ် ခွင့်  ရနေ ချိန်မှာတော့  ကျွန်တော် တို့  တိုင်းပြည်မှာ “ စာ ” ကို “ စာ ” နှင့်  တူ
အောင်ပဲ “ စံ နှုန်း ” တွေ ၊ စည်းကမ်းတွေ ၊ ဘောင် တွေ ကြား ထဲမှာ ပဲ ဆင်းဆင်း ရဲရဲ ကြိုး ကြိုးစားစား ရေး
နေရရှာသော ကျွန်တော်တို့ ၏ နောင်တော် ညီတော် စာရေးဆရာ မောင်နှမ များကို လေးစား လာပြီး ဦးညွှတ်
ချင်စိတ် တွေ တဖွားဖွား ပဲ ပေါ် ပေါက် လာခဲ့ ရပါသည်။

သူတို့ နှင့်  ကျွန်တော်က စာ ကို ရေးနေတာခြင်းတော့  တူပါ၏
မတူ တာက ရေးသည့် အားနှင့်  ရေးသည့်  “ သဘာ ” ပါပဲ။
သူ တို့ က အပုဒ် တိုင်းမှာ “ စာ ” နှင့်  တူ နေ သလောက် ကျွန်တော့် မှာ တော့  ယနေ့  အချိန်ထိ မတူ
နိုင်သေးတာပါ ။

တစ်ခုတော့  ရေးတေးတေး အဖြေ တစ်ခု ရလာမိပါသည်။
သူ တို့ ကို အားကျ လျှင်၊ သူတို့ ကို လေးစား ပါလျှင် သူ တို့ နှင့်  မတူ နိုင်သေးသော်လည်း သူ တို့  ရေးနေသလို
“ စာ ” နှင့်  တူအောင် ရေးဘို့ ပါပဲလို့  ။

လွယ်လွယ် ရလို့  လွယ်လွယ် ရေး နေပေမဲ့  တကယ်တကယ် ကျတော့  မတူ သေး တာကို တူ အောင် ရေး
နေဘို့  ဖြစ်ပါသည်။

ထို ပေတံ ကြီး နှင့်  ကိုယ့် ဖာ ကိုယ် တိုင်း နေမိပြန် တော့  ရေးရမှာကို တွန့်  လာပြီး တင် ဘို့  လက်က နှေး နှေး
လာရတော့ သည်။ အော်.... ကိုယ်က မပြည့်  သေး တာကိုး .... လို့ ။

....................................................................................................................

တောင်တောင် အီအီ လျှောက် တွေး နေမိရင်း မွန်းကျပ် လာ ၍ ကွန်ပြူ တာ ရှေ့ မှ ခွာ ထွက်လာရင်း
အိမ်ရှေ့  ဝါးရံ တာလေး ဘက် ကို ထွက်လာခဲ့ မိတော့  အပြင်မှာ မှောင်စ ပြု ပြီ ဖြစ်သည်။
ရှေ့ ဘက်ရှိ စက်မှု ကျောင်း လွှတ်ချိန်လဲ ဖြစ်နေသော ကြောင့်  အောက်ဖက် လမ်းမ ကြီးဝယ် မော်တော်ဆိုင်
ကယ်တွေ ၊ ကားကြီးငယ် မျိုးစုံ တွေ နှင့်  ကျောင်းသူ ကျောင်းသား တွေပါ လမ်းနှစ်ဖက် လုံးကို လျှံကျ နေပါ
တော့ သည်။

ကွန်ပြူ တာလေးရှေ့ က ဆိတ်ညိမ် နေသလောက် အပြင်ဘက် သည်ဝါးရံတာ လေးကတော့  အောက်ဖက်
လမ်းမကြီး၏ ဘလောင်စူ နေသော အသံ တို့ ကြောင့်  တုန်ခါ နေသရောင် ပါ။

လေစိမ်း တို့ ကလဲ အတင်း ထိုးတိုက် နေတော့  မချမ်းမိသေးသော်လည်း အေးတော့  အေး လာပါသည်။

အောက်ဖက် ငုံ့  ကြည့် မိတော့  မြေညီ ထပ် တည့် တည့်  တွင် ရောင်းချနေသော အဆာပြေ စားသည့် 
ကြက်ကြော် ဆိုင် ကို ကျောင်းသူ ကျောင်းသား တို့  နှင့်  ဝိုင်းအုံ လျက် တွေ့ နေရပါသည်။ ထိုကြက်ကြော် ဆိုင်
ကလေး၏ အိုးကင်းပူ ညှော်နံ့  က အိပ်မပျော်သော ည များတွင် ကျွန်တော့်  အခန်းထဲ အတင်း ထိုးတက် ဝင်
ရောက် နေရာ ယူ လာလေ့  ရှိပါသည်။

အစ တုံးက တော့  ညှော် ညှော် နေသည့်  အနံ့  လေး ဖြစ်သော်လည်း နောက်တော့ လဲ မျှော် မျှော် နေရသည့် 
ရနံ့  လေးတစ်ခု ဖြစ်ဖြစ် လာရပါတော့ သည်။ ကျွတ်ကျွတ်ကလေးနှင့်  စားကောင်းတော့ လဲကိုယ်က ကြိုက်လို့ 
ဖြစ်ပါသည်။

အောက်ကို ငုံ့ ကြည့်  နေမိရင်းက လမ်းတစ်ဖက် တွင် ဦးဂေါင်း ပြောင်ပြောင် နှင့်  အဖိုးကြီး တစ်ယောက် လမ်း
ကူးရန် ချိန်ဆ နေတာကို တွေ့ လိုက်ရပါသည်။အသက် အားဖြင့်  ရှစ်ဆယ် လောက်တော့ ရှိနိုင်ပါသည်။
နားထင် နှစ်ဖက် ရှိ သူ့ ဆံစ တွေက ဖွေးဖွေး ဖြူ နေသလောက် ၊ သူ့  နဖူးကတော့  မှောင်စ ပျိုးချိန်မှာတောင်
လမ်းမီး ရောင်တို့ ကြောင့်  တပြောင်ပြောင် ဖြစ်နေရပါသည်။

သူ လမ်းလျှောက်တော့ လည်း သူ့  ဒူးနှစ်ဖက်က သိပ်ကွေးလို့ မကောင်း တော့ ဟန် တူပါသည်။
လက်ကိုင် တောင်ဝှေး ကိုပဲ တုံတုံ ချိချိ အားပြု ထားရရှာပါသည်။

သူ ဘာကြောင့်  လမ်းဖြတ် မကူး သေးတာပါလိမ့် လို့  စူးစမ်း ကြည့် မိတော့  လမ်းတစ်ခြမ်းလုံး အပြည့် 
လျှောက်သွားနေသော ကျောင်းသား တန်းကြီးကို ကျော်ပြီး ဟိုး အဝေးက မီးပွိုင့် ဆီကို လှန်းလှန်း မျှော်
ကြည့် နေတာကို တွေ့ လိုက်ရပါတော့ သည်။

.....................................................................................................

( ဆက်ရေးပါအုံးမည်။ )

10 comments:

kiki said...

ဘာပိုးအကြောင်းပြော မလို့  ကြက်ကြော် တွေပါ ရောပါလာတာပါလိမ့် နော် ။။
စာ ပိုး ကတော့ .. ရေးချင်တဲ့စာ နဲ့ ဖတ်ချင်တဲ့ စာ တွေ ရှိလိမ့်မယ်ထင်တယ် ..
အင်တာနက်ကြီး လွယ်လွယ်ရတော့ .. လွယ်ကူအဆင်ပြေစွာနဲ့  ရင်ဖွင့်နိုင် တော့ ..
ဆက်သာရေးပါ ..
လမ်းဆုံးရင် ရွာတွေ့ မယ်လေ.
အဲ့ဒီအခါကျမှ ဘာပိုးနဲ့ ဘာကြိုး လည်း ကွဲပြားတော့မယ် ..
(သံယောဇဉ်ကြိုး ဖြစ်ဖို့  များ နေတယ်နော် .. ဟဲဟဲ.. ဗေဒင်တွက်ကြည့်တာ ပါ .. )

မြတ်မွန် said...

ပိုး... ပိုး..သိပ်ကို မလွယ်တဲ့ ရောဂါပိုးပါပဲ..။
ဖတ်ဖူးတဲ့ စာအုပ်ထဲမှာတော့ စာရေးဆရာကောင်း တစ်ယောက်ဖြစ်ချင်ရင်
ရေးနေဖို့ပဲလိုတယ်တဲ့ အကိုရ..
များများရေးပေါ့ ။ ရေးရင်းနဲ့ လေ့လာ နောက်တော့ ကျွမ်းကျင်လာမယ် ထင်တယ်။
ဘယ်အရာမဆို ပြင်းပြတဲ့ စိတ်တစ်ခုပဲ လိုတယ်လို့ ထင်တယ် အကိုရေ..။ မွန်လည်း လေ့လာနေဆဲပါ။
အားပေးလျှက်ပါ အကိုရေ..။

မြစ်ကျိုးအင်း said...

ဘာတွေကို အဖိုးကြီး မျှော်နေပါလိမ့်

ကျွန်တော်တောင် မတွေ့လိုက်ဘူး

အနော် said...

အကိုအဖြူလေးရေ တခါတလေတော့လဲ စကားပြောချင်တဲ့အခါ စကားလုံးတွေ ထုတ်ဖော်ချင်လာတဲ့အခါမှာ မတူတဲ့ လူတွေကြားမှာ ကိုယ်ပြောချင်သမျှ ချပြလို့ မရတဲ့အခါတွေရှိတယ်.. အဲ့ဒီအခါ ရင်ဖွင့်ရင်း စာတွေ ချရေးဖြစ်တယ်.. အဲ့ဒီစာတွေဟာ ရသလား သုတလား ဘာလား ညာလား ကိုယ့်ကိုယ်ကို မဝေခွဲတတ်ပါဘူး.. ရင်ထဲမှာ မွန်းကျပ်လာရင် ဒါမှမဟုတ် ပြောချင်တဲ့စကားလုံးတွေကို ပြောပြစရာလူမရှိတဲ့အခါမျိုးမှာ ရေးဖြစ်တာပဲ.. ပိုးတစ်မျိုးပဲ ဖြစ်မယ်ထင်ရဲ့..
အင်တာနက်ဆိုတာကလဲ လစဉ်ကြေးပေးရင်း ၂၄ နာရီ သုံးဖြစ်နေတော့ ဘလော့လေးမှာ ကိုယ့်စိတ်ကြိုက်စာလေးတွေ ချရေးဖြစ်နေတော့တာပါပဲ.. အကိုလဲ စာတွေ အများကြီးရေး အများကြီးတွေး အကိုရေ.. စာရေးနေတာ လူတွေနဲ့ စကားပြောရတာထက်တော့ အဆင်ပြေတယ် ထင်မိတာပဲဗျာ :)

Flower said...

ကိုအဖြူလေး ပြောခဲ့သလိုဘဲလေ
ရေးချင်စိတ်ရှိဖို့သာလိုပါတယ်..ဆို...
ရေးရင်းနဲ့ မှားတာလေးတွေတွေ့လာသလို
ရေးရင်းနဲ့ အထာလေးတွေကျလာမှာပေါ့
ငါရေးတာမှားနေမလားဆိုတဲ့ စိတ်နဲ့
တစ်ဖြေးဖြေး စာရေးကျဲလာတာတော့ မဖြစ်သင့်ဘူးမဟုတ်လား...
စာရေးတယ်ဆိုတာ ကိုယ်တိုင်ကလည်း နှစ်ခြိုက် ခံစားမိဦးမှလေ.. ကိုယ်နှစ်ခြိုက်မိတယ်ဆိုရင်တော့ ရေးသာရေးပါလေ..
ပိုးကနေ ကြိုးဖြစ်လာမှာ သေချာတယ်မဟုတ်လား..

လင်းကြယ်ဖြူ said...

ဘယ်အလုပ်မဆို ထပ်ခါထပ်ခါ လေ့လာပြုကျင့်ခြင်းအားဖြင့် ပါရမီ ဆိုတာ ဖြစ် လာရစမြဲ
လို့ ကြားဖူးပါတယ်..ကိုယ့်အိပ်မက်ကို အကောင်အထည် ရအောင်ဖော်နိုင်ပါစေ...
"Never give up on what you really want to do. The person with big dreams is more powerful than one with all the facts."....ဆိုတာလေးဖတ်ဖူး
ပြီး သဘောကျလို့ မျှဝေခံစားကြည့်ပါရစေခင်ဗျာ....
................................

ဇာတ်လမ်းကတော့ အရှိန်တက်နေပြီ..အဖိုးအို က ဘာဆက်လုပ်မှာလဲ ..ဘာဆက်ဖြစ်မှာလဲ??
ဆက်လက်အားပေးနေပါတယ်....
ပျော်ပါစေ
*.*.*

ဏီလင်းညို said...

ဖြူဖြူရေ....
(ခေါ်လို့ကောင်းလိုက်တာ......း))
ဒီလိုပဲ...ကိုယ်ခံစားရတာကိုရေးနေကြတာပါပဲလေ....။
တချို့က ကဗျာ၊ တချို့က အက်ဆေး၊ တချို့က ၀တ္တုတိုရှည် စသဖြင့်ပေါ့...။
ရေးသာရေးစမ်းပါဗျာ.......။
(ကျွန်တော်ကတော့ အပျော်တမ်းစာရေးနေတဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားလိုက်တယ်...။ အဲ့ဒီအတွေးက လွပ်လပ်စေတယ်...။ ဒါပေမယ့် လာဖတ်တဲ့မောင်နှမတွေအတွက် ကြိုးစားရေးတာပေါ့နော့်ဗျ.....း))
အဖိုးကြီးအကြောင်းဆက်ပါဦးဗျ....။
ခင်မင်တဲ့
ဏီလင်းညို

ချိုကျ said...

မပြည့်ဝသေးတာကိုသိတဲ့အတွက် ဘောင်ဘင်မခတ် တော့ဘူးပေါ့နော်။ ကောင်းမွန်တဲ့ အသိတရားတစ်ခု ပေါ့နော်။ အဖိုးကြီးအကြောင်းဆက်ပါဦးဗျ။ မျှော်နေမယ်။

ညလင်းအိမ် said...

အဖိုးကြီး ဘာများမျှော်နေသလဲ ...
စိတ်တောင်ဝင်စားလာပြီဗျို့ ....

shwezinu said...

ကိုအဖြူလေး စိတ်ဝင်စားနေပါပြီ ဆက်လက်မျှော်လင့်နေပါမယ်..

ခင်တဲ့
ရွှေစင်

ပိုး ဆိုတာ ကြောက်စရာကောင်းပေမဲ့ တချို့ပိုးတွေကတော့ ကောင်းစေတာတွေအများကြီး ရှိပါတယ်
မျှော်နေမယ်